တချို့က ရှက်ကြတယ် ...
ဘာကြောင့် အိန်ဂျလီနာဂျိုလီကို ခေါ်ပြီး လှိုင်သာယာက မြန်မာ့ဒုက္ခဆင်းရဲတွေသွားပြ ရတာလဲ ... တဲ့ ....
အခုလို တူရကီသမ္မတက အသည်းအသန် သနားပြနေတဲ့ ကုလားဆင်လေးတွေထက် မလျော့ပဲ ဒုက္ခရောက်နေတဲ့ မြန်မာတွေ ရှိတယ်ဆိုတာ ကမ္ဘာသိအောင် ကြိုပြောတဲ့အကြောင်း သူတို့မသိကြဘူး ...
တချို့က ကန့်ကွက်တယ်
ပြည်တွင်းရေးကို ကိုဖီအာနန်လိုလူမျိုး ဘာကြောင့် ဆွဲထည့်တာလဲတဲ့ ...
ကိုဖီအာနန်လို နှစ်ဖက်ဘာသာနဲ့လွတ်ကင်းတဲ့ ကမ္ဘာအဆင့် လူကြီးတစ်ယောက်ဟာ မာလာလာလို ဘုမသိဘမသိ ကမ္ဘာကျော်လူ့အခွင့်အရေးသမား တွေရဲ့အသံတွေကို တိမ်ဝင်သွားစေမယ်ဆိုတာ သူတို့မသိကြဘူး ...
ပထမ ပြည်တွင်းက စုံစမ်းတဲ့ ရခိုင်အစီရင်ခံစာမှာ ဒီပြဿနာဟာ အနောက်နိုင်ငံတွေအထိ ချိတ်ဆက်နေကြောင်းတွေ့ခဲ့ရတာမို့ နိုင်ငံတကာအဆင့် ထပ်မံ စုံစမ်းအဖြေရှာသင့်ကြောင်း အကြံပြုထားတာကိုလည်း သူတို့မသိကြဘူး
ကမ္ဘာက တကယ်ဖိအားတွေပေးလာချိန်မှာ ဘယ်သူမှ ခေါင်းမခံကြပေမယ့် ဘာမှ မဖန်တီးခဲ့တဲ့ သူမကိုတော့ အရင်က ကုလားအားပေးလို့ စွတ်စွဲခဲ့သမျှ အခုကျ မှတ်ပြီလားလို့ မေးငေါ့ကြပြန်တယ် ...
ဒါပေမယ့် သူမအပြုံးမပျက်ပဲ နိုင်ငံချစ်စိတ်နဲ့ ပြင်ဆင်လာခဲ့သမျှတွေက ဒီအချိန်မှာ ဘွားကနဲ ... ။
မှန်ကန်တဲ့ အကြမ်းဖက်သမားခေါင်းစဉ်ကို ရွေးတယ်
လူမျိုးရေးဘာသာရေးပဋိပက္ခပုံ စံမဖြစ်အောင် ထိန်းတယ်
ပုပ်ရဟန်းမင်းကြီးကို ဖိတ်တယ်
အိန္ဒိယက မိုဒီ ကို ဖိတ်တယ် သူ့လူမျိုးစုတွေနဲ့ တွေ့ဆုံပေးတယ်။
ဒါတွေဟာ
မြန်မာဟာ ကမ္ဘာမှာ လူမျိုးဘာသာ အသားအရောင်ခွဲခြားနေတာ မဟုတ်ဘူးဆိုတဲ့အကြောင်း ကမ္ဘာကမြင်အောင်ပြတယ်
ကျုပ်တို့နိုင်ငံမှာ ဒီပြဿနာကြီးအတွက် ဒီလို တဆင့်ခြင်းပြင်ဆင်မှုတွေ ဘယ်ခေါင်းဆောင်လုပ်နိုင်ခဲ့ လို့လဲ?
ယုတ်ညံ့တဲ့ အကြံအစည်နဲ့ ဒီလိုဖိအားမျိုး သူမအပေါ် ပိစေချင်နေသူတွေ ရှိတာသိပေမယ့် ဒါဟာ မြန်မာပြည်အတွက် နိုင်ငံတကာနဲ့ပူးပေါင်းဖြေရှင်းရမယ့်ပြဿနာဆိုတာ သူမ ကောင်းကောင်းသိတယ် .... ။
ကမ္ဘာကပါ ဖိအားပေးလာတဲ့ လက်ရှိရခိုင်အရေးဟာ နိုင်ငံချစ်သူတိုင်း ဝိုင်းဝန်းဖြေရှင်းရမယ့်ပြဿ နာပါ။
သူမ ဖြေရှင်းနေတယ် ...
ကောင်းစွာပြင်ဆင်ခြင်းနဲ့ ဖြေရှင်းဖို့ကြိုးစားနေတယ်
အရိပ်အကဲကို ကြည့်ပြီး သင်ခန်းစာတွေလည်း ယူကြရမှာဖြစ်သလို ကိုယ်တိုင်က အမုန်းမီး မပွားမိအောင်လည်း သတိထားကြရလိမ့်မယ်။
အခုအချိန်မှာတော့ ကိုမြင်တွေ့ သိမှတ်လိုက်ရတဲ့ အကြောင်းအရာတစ်ခုဟာ ကိုယ့်ရင်ထဲအမုန်းတွေ ဒေါသတွေ ဖြစ်လာစေခဲ့တယ်ဆိုရင် အဲ့ဒီအကြောင်းအရာကို သူများတွေဆီ တဆင့်ဖောက်သည်မချတာအကောင်းဆုံးပဲ။
မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်တွေကိုလည်း ကိုယ်နဲ့ဆန့်ကျင်ဘက်နေရာရော က်အောင်
တွန်းပို့မိတာမျိုး မလုပ်မိကြဖို့ ထိန်းသင့်ပါတယ်။ နိုင်ငံသားစိတ်နဲ့
သူတို့ရဲ့ နွေးထွေးလုံခြုံမှုကို အားလုံးဝိုင်းပြီး တာဝန်ခံပေးခြင်းဖြင့်
နိုင်ငံရဲ့ ပြဿနာကို အတူတကွ ပူးပေါင်းပါဝင်လာအောင်
စည်းရုံးဆွဲဆောင်သင့်ပါတယ်။
ဖေ့စဘုတ်လို ဆိုရှယ်နက်ဝပ်ပေါ်မှာတော့ အမုန်းပွားစေမယ့်ပို့စ်တွေ သတင်းအတုတွေ စသည်ဖြင့် လူ့အသိုင်းအဝိုင်း လူမျိုးစုအချင်းချင်း နိုင်ငံသားအချင်းချင်း သွေးကွဲစေမယ့်အကြောင်းအရာတွေတွေ့ရင်
အပြန်အလှန် ထိုးနှက်ချေပနေကြမယ့်အစား Report လုပ်ပြီး ရပ်တံ့အောင်
ဝိုင်းဝန်းကူညီပေးသင့်တယ်။ ကောလဟာလ ဖြန့်နေတာတွေကို ရပ်တံ့အောင်လုပ်ဖို့
နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။
တရားဥပဒေစိုးမိုးမှုရှုထောင့်
ဘာသာလူမျိုးမခွဲခြားပဲ အကြမ်းဖက်သမားကိုဆန့်ကျင်တဲ့  ရပ်တည်ချက်
ကောလဟာလ လက်မခံတဲ့ ခွဲခြားဆုံးဖြတ်နိုင်စွမ်းေ တွကပဲ ကျုပ်တို့နိုင်ငံတည်ငြိမ်မှုကို အာမခံနိုင်လိမ့်မယ်လို့ထင်တ ယ် ... ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သူတာဝန်ယူထားတဲ့အချိန်မှာ သူ့တာဝန်ကို အပီအပြင်ယူပြီး ကမ္ဘာ့ဖိအားရော မြန်မာပြည်က မသိနားမလည်သူတွေရဲ့ ဖိအားကိုပါ ရင်ဆိုင်ဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။
ကျုပ်တို့က ပြည်တွင်းအထိပဋိပက္ခတွေ ဆွဲယူတာမျိုးမလုပ်ပဲ တကယ့်အဖြေမှန်ကို ခေါင်းအေးအေးနဲ့ ဝိုင်းရှာပေးကြရင် သူမအတွက် ပိုပြီး အကူအညီရလိမ့်မယ်လို့မြင်ပါတ ယ်။
ကျုပ်ဘဝမှာ ကြုံခဲ့ရသမျှတော့
ဒေါသထွက် ပူလောင်ပြာယာခတ်ပြီး မှားခဲ့တာမျိုးပဲရှိပါတယ် ... ။
ဒေါသဟာ ပြဿနာရဲ့ အဖြေမဟုတ်သလို
အမုန်းဟာလည်း ပြဿနာရဲ့ အဖြေမဟုတ်ပါဘူး
အဖြေကိုတွေ့ဖို့ ခေါင်းအေးဖို့လိုပါတယ်။
မိတ်ဆွေများအားလုံး ခေါင်းအေးအေးထားပြီး ပြေလည်မယ့်အရေး ဝိုင်းစဉ်းစားပေးနိုင်ကြပါေ စ ဗျာ ... ။ ။
လေးစားလျှက်
အောင်ကြီး
(Cartoon credit to Han Lay)
ဘာကြောင့် အိန်ဂျလီနာဂျိုလီကို ခေါ်ပြီး လှိုင်သာယာက မြန်မာ့ဒုက္ခဆင်းရဲတွေသွားပြ
အခုလို တူရကီသမ္မတက အသည်းအသန် သနားပြနေတဲ့ ကုလားဆင်လေးတွေထက် မလျော့ပဲ ဒုက္ခရောက်နေတဲ့ မြန်မာတွေ ရှိတယ်ဆိုတာ ကမ္ဘာသိအောင် ကြိုပြောတဲ့အကြောင်း သူတို့မသိကြဘူး ...
တချို့က ကန့်ကွက်တယ်
ပြည်တွင်းရေးကို ကိုဖီအာနန်လိုလူမျိုး ဘာကြောင့် ဆွဲထည့်တာလဲတဲ့ ...
ကိုဖီအာနန်လို နှစ်ဖက်ဘာသာနဲ့လွတ်ကင်းတဲ့ ကမ္ဘာအဆင့် လူကြီးတစ်ယောက်ဟာ မာလာလာလို ဘုမသိဘမသိ ကမ္ဘာကျော်လူ့အခွင့်အရေးသမား
ပထမ ပြည်တွင်းက စုံစမ်းတဲ့ ရခိုင်အစီရင်ခံစာမှာ ဒီပြဿနာဟာ အနောက်နိုင်ငံတွေအထိ ချိတ်ဆက်နေကြောင်းတွေ့ခဲ့ရတ
ကမ္ဘာက တကယ်ဖိအားတွေပေးလာချိန်မှာ ဘယ်သူမှ ခေါင်းမခံကြပေမယ့် ဘာမှ မဖန်တီးခဲ့တဲ့ သူမကိုတော့ အရင်က ကုလားအားပေးလို့ စွတ်စွဲခဲ့သမျှ အခုကျ မှတ်ပြီလားလို့ မေးငေါ့ကြပြန်တယ် ...
ဒါပေမယ့် သူမအပြုံးမပျက်ပဲ နိုင်ငံချစ်စိတ်နဲ့ ပြင်ဆင်လာခဲ့သမျှတွေက ဒီအချိန်မှာ ဘွားကနဲ ... ။
မှန်ကန်တဲ့ အကြမ်းဖက်သမားခေါင်းစဉ်ကို ရွေးတယ်
လူမျိုးရေးဘာသာရေးပဋိပက္ခပုံ
ပုပ်ရဟန်းမင်းကြီးကို ဖိတ်တယ်
အိန္ဒိယက မိုဒီ ကို ဖိတ်တယ် သူ့လူမျိုးစုတွေနဲ့ တွေ့ဆုံပေးတယ်။
ဒါတွေဟာ
မြန်မာဟာ ကမ္ဘာမှာ လူမျိုးဘာသာ အသားအရောင်ခွဲခြားနေတာ မဟုတ်ဘူးဆိုတဲ့အကြောင်း ကမ္ဘာကမြင်အောင်ပြတယ်
ကျုပ်တို့နိုင်ငံမှာ ဒီပြဿနာကြီးအတွက် ဒီလို တဆင့်ခြင်းပြင်ဆင်မှုတွေ ဘယ်ခေါင်းဆောင်လုပ်နိုင်ခဲ့
ယုတ်ညံ့တဲ့ အကြံအစည်နဲ့ ဒီလိုဖိအားမျိုး သူမအပေါ် ပိစေချင်နေသူတွေ ရှိတာသိပေမယ့် ဒါဟာ မြန်မာပြည်အတွက် နိုင်ငံတကာနဲ့ပူးပေါင်းဖြေရ
ကမ္ဘာကပါ ဖိအားပေးလာတဲ့ လက်ရှိရခိုင်အရေးဟာ နိုင်ငံချစ်သူတိုင်း ဝိုင်းဝန်းဖြေရှင်းရမယ့်ပြဿ
သူမ ဖြေရှင်းနေတယ် ...
ကောင်းစွာပြင်ဆင်ခြင်းနဲ့ ဖြေရှင်းဖို့ကြိုးစားနေတယ်
အရိပ်အကဲကို ကြည့်ပြီး သင်ခန်းစာတွေလည်း ယူကြရမှာဖြစ်သလို ကိုယ်တိုင်က အမုန်းမီး မပွားမိအောင်လည်း သတိထားကြရလိမ့်မယ်။
အခုအချိန်မှာတော့ ကိုမြင်တွေ့ သိမှတ်လိုက်ရတဲ့ အကြောင်းအရာတစ်ခုဟာ ကိုယ့်ရင်ထဲအမုန်းတွေ ဒေါသတွေ ဖြစ်လာစေခဲ့တယ်ဆိုရင် အဲ့ဒီအကြောင်းအရာကို သူများတွေဆီ တဆင့်ဖောက်သည်မချတာအကောင်းဆ
မြန်မာနိုင်ငံသားအစ္စလာမ်ဘာသ
ဖေ့စဘုတ်လို ဆိုရှယ်နက်ဝပ်ပေါ်မှာတော့ အမုန်းပွားစေမယ့်ပို့စ်တွေ သတင်းအတုတွေ စသည်ဖြင့် လူ့အသိုင်းအဝိုင်း လူမျိုးစုအချင်းချင်း နိုင်ငံသားအချင်းချင်း သွေးကွဲစေမယ့်အကြောင်းအရာတေ
တရားဥပဒေစိုးမိုးမှုရှုထောင
ဘာသာလူမျိုးမခွဲခြားပဲ အကြမ်းဖက်သမားကိုဆန့်ကျင်တဲ
ကောလဟာလ လက်မခံတဲ့ ခွဲခြားဆုံးဖြတ်နိုင်စွမ်းေ
ဒေါ်အောင်ဆန်းစုကြည်ကတော့ သူတာဝန်ယူထားတဲ့အချိန်မှာ သူ့တာဝန်ကို အပီအပြင်ယူပြီး ကမ္ဘာ့ဖိအားရော မြန်မာပြည်က မသိနားမလည်သူတွေရဲ့ ဖိအားကိုပါ ရင်ဆိုင်ဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။
ကျုပ်တို့က ပြည်တွင်းအထိပဋိပက္ခတွေ ဆွဲယူတာမျိုးမလုပ်ပဲ တကယ့်အဖြေမှန်ကို ခေါင်းအေးအေးနဲ့ ဝိုင်းရှာပေးကြရင် သူမအတွက် ပိုပြီး အကူအညီရလိမ့်မယ်လို့မြင်ပါတ
ကျုပ်ဘဝမှာ ကြုံခဲ့ရသမျှတော့
ဒေါသထွက် ပူလောင်ပြာယာခတ်ပြီး မှားခဲ့တာမျိုးပဲရှိပါတယ် ... ။
ဒေါသဟာ ပြဿနာရဲ့ အဖြေမဟုတ်သလို
အမုန်းဟာလည်း ပြဿနာရဲ့ အဖြေမဟုတ်ပါဘူး
အဖြေကိုတွေ့ဖို့ ခေါင်းအေးဖို့လိုပါတယ်။
မိတ်ဆွေများအားလုံး ခေါင်းအေးအေးထားပြီး ပြေလည်မယ့်အရေး ဝိုင်းစဉ်းစားပေးနိုင်ကြပါေ
လေးစားလျှက်
အောင်ကြီး
(Cartoon credit to Han Lay)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။