M Saw Tun was feeling silly with Mein Saw Tun at Meiktila University.
တူရကီက ဟက်ကာတွေ ခေါင်းချင်းဆိုင်ကုန်လေပြီ ... သူတို့က အနီးကပ် Hack မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ မြန်မာပြည်ကိုပါရောက်နေကြတာ ...
သတင်းလည်းစုံစမ်းရင်း Hack လည်း Hack ရင်း တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ ...
တူရကီခေါင်းဆောင်က စမေးတယ်ရန်ကုန်ရောက်တော့
"ဟေ့ကောင်တွေ Hack ဖို့ အင်တာနက်လိုင်းတော့လိုပြီ ဘယ်လိုင်းသုံးမလည်း .."
ဘယ်သူမှ မြန်မာစာမတတ်ပေမယ့် သတင်းဖတ်ဖူးတဲ့ငတိပါတယ်လေ ...
"ဒီမှာဖုန်းကဒ်ဝယ်လို့ရတယ် ၁၅၀၀ ပဲတဲ့"
"လုပ် ချကွာ ဝယ်လာခဲ့"
"ဘယ်လိုင်းသုံးမှာတုန်း ၃ မျိုးရှိတယ် MPT ရယ် Telenor ရယ် Ooredoo ရယ် .."
"ဟေ့ကောင် သုံးကဒ်လုံး ဝယ်ခဲ့ ဘယ်သူကလိုင်းကောင်းမလည်း ငါလည်းမသိဘူး ဘေလ်ပါ ၁သောင်း ဖိုးဝယ်ခဲ့ ...."
"Yes Boss"
မကြာမှီ ဖုန်းကဒ်သုံးကဒ်ကိုင်ပြီးပြန်လာပြီ ..
"MPT နဲ့ထည့်ပြီး အရင်အင်တာနက်ဖွင့်လိုက်ဟျောင့်"
"Yes Boss"
"ရပြီ လိုင်းတက်ပြီကွ မဆိုးဘူး 4G မိသားပဲ ... ဟေ့ကောင်တွေ စတော့ ..."
"ဟုတ်ကဲ့ ..."
"ဆရာကြီး Google တောင်မတက်ဘူးဖြစ်နေတယ် ... "
"ဘာကွ 4G လေကွာ ... "
"ဟုတ်တယ်ဗျ ထူးဆန်းတယ် Google တောင်မတက်ဘူး ..."
"ကြာတယ်ကွာ Ooredoo ထည့် .."
"Yes Boss "
"ဘယ်လိုလည်း တက်လား ... "
"အဝိုင်းလေးတော့ လည်နေတာပဲဗျ ... "
ကြာတော့ တူရကီ ဟက်ကာတွေ စိတ်ညစ်လာပြီ ..
"ဟေ့ကောင် အချိန်မရဘူး နေ့တစ်ဝက်ကျိုးနေပြီ ... အထက်ကလည်းမေးနေပြီ ဘာမှမရသေးရင် အထောင်းခံရတော့မယ် လုပ်ကွာ နောက်တစ်ကဒ်ထည့် တယ်လီနောဆိုတာ"
"Yes sir"
"ဟာ တက်ပြီ လိုင်းမဆိုးဘူးဟ အမြန် Hack တော့ ...
တယ်လီနောက လိုင်းကောင်းပြီလေ ပျော်ပြီပေါ့"
၁မိနစ်တောင်မကြာလိုက် ..
လူကြီးမင်းလက်ကျန်ငွေမလုံလောက်ပါသဖြင့် ထပ်မံဖြည့်သွင်းပေးပါ ဆိုပြီး မက်စေ့ရောက်လာရော ...
တူရကီတွေ ငိုပြီလေ ...
"ခုနကမှ တစ်သောင်းတောင်ထည့်ထားတာကို ငါနိုးမတွေ ဂျင်းထည့်တယ် ..."
"ဟုတ်ပါ့ဆရာရယ် ခုနကမှဘေလ်ထည့်တယ် ခုစစ်တော့ ကုန်ပြီ ... ငလူးမ တူရကီကလာတယ်ဆိုပြီး မြန်မာဖုန်းတေ ဂျင်းထည့်တာ .. မကျေဘူး .."
"မငိုပါနဲ့ ဆရာကြီး ခုနကလိုင်းမိတုန်းလေး ကျွန်တော် အချက်အလက် ၃ ခုခိုးလာနိုင်တယ် ..."
"ဟာ ဝမ်းသာစရာပဲ အနဲဆုံး ၃ ခုလောက်ရနည်းလား ..."
"ဒါပေါ့ဗျ ... ဒါပေမယ့် ဘာတွေလည်းတော့မသိဘူး ဖတ်ကြည့်ပါလား ..."
La Phat Yay Phoe 3000
Site Kar Kha 500
Hta Min Sar 2000 တဲ့ သုံးခုတွေ့လိုက်တယ်
"ဟာ ဒါသူတို့နိုင်ငံရဲ့ လက်နက်စာရင်းတွေဖြစ်ရမယ် ... La Phat Yay Phoe ဆိုတာ ဘယ်လက်နက်လည်းတော့မသိဘူး လက်နက်ကြီးဖြစ်မယ် ... ၃ထောင် တောင်ပိုင်ထားတာ ... တူရကီရောက်ရင် ဘာသာပြန်နဲ့ ဒီကုဒ်ကို ပြန်ခိုင်းမယ် ..."
"အခုရတာယူပြီးလစ်စို့ ... " ဆိုပြီး တူရကီတို့ မြန်မာနိုင်ငံရဲ့ အရေးကြီး ဒေတာ အချက်အလက် သုံးကြောင်းကို ရယူသွားနိုင်လေပြီ ...
ဒီလို သုံးခုလောက်ပဲ ယူသွားနိုင်အောင် တံတိုင်းသဖွယ် ကာကွယ်ပေးခဲ့တဲ့ ဖုန်းလိုင်း ၃ ခုရဲ့ စွမ်းဆောင်ရည်ကလည်း ချီးကျူးစရာပဲလေ ...
အခုလောက်ဆို အရေးကြီး Data ၃ခုကို Code တွေ ဖတ်နေလောက်ရောပေါ့ ...
Credit to Aung Phone

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။