Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, August 5, 2017

စမ်းချောင်းလေးရဲ့ ခရီးစဉ်

စမ်းချောင်းလေးရဲ့ ခရီးစဉ်
-------
ဟိုးအမြင့် တောင်ကုန်းပေါ်ကနေ စမ်းချောင်းလေးတစ်စင်း တငြိမ့်ငြိမ့် စီးဆင်းလို့နေတယ်။ ချောင်းလေးဟာ ရွာရိုးတွေဖြတ်၊ ကွင်းပြင်ကိုဖြတ်၊ တောကြိုတောင်ကြားတွေကို ဖြတ်ရင်း နောက်ဆုံး သဲကန္တာရတစ်ခုကို ရောက်လာခဲ့တယ်။

ခြောက်သွေ့တဲ့ လွင်ပြင်ကျယ်ကြီးကို ကြည့်ပြီး စမ်းချောင်းလေးက..
“အင်း...ဒီလောက် ခက်ခဲတဲ့ လမ်းခရီးတွေ ငါဖြတ်ကျော်လာခဲ့ပြီးပြီ.... ဒီကန္တာရကိုလဲ ငါဖြတ်လို့ရမယ်ထင်တယ်” လို့ တွေးပြီး ကန္တာရကို ဖြတ်ဖို့ သူကြိုးစားလိုက်တယ်။ ဒါပေမယ့် ဖြတ်လိုက်တိုင်း ရေတွေကသဲထဲ တဖြည်းဖြည်း စိမ့်ဝင်သွားတာကို သူခံစားလိုက်မိတယ်။ ဖြတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။

“ဒါ..ငါ့ရဲ့ ကံကြမ္မာပဲလား....ရှေ့ဆက်လျောက်လို့ မရဘဲ ငါဟာ ဒီမှာတင် ပြီးဆုံးသွားတော့မလား... ဒီတစ်သက် အိပ်မက်ထဲက ပင်လယ်ကြီးဆီကို ငါအရောက် မသွားနိုင်တော့ဘူးလား... ” လို့ သူ စိတ်ပျက် ညည်းညူမိတော့တယ်။

အဲဒီအချိန်မှာ ...“ လေပြေကတောင် ဒီကန္တာရကို ဖြတ်နိုင်သေးတယ်... စမ်းချောင်းလေးလဲ ဖြတ်နိုင်ရမယ်” ကန္တာရဆီက ပြန့်လွှင့်လာတဲ့ ပဲ့တင့်သံတစ်ခုကို သူကြားလိုက်မိတယ်။

“ သူက လေဖြစ်လို့ ဖြတ်နိုင်တာ...ငါက လေမှမဟုတ်တာ” မခံချင်စိတ်နဲ့ သူ ရေရွတ်မိတယ်။

“ ငါ့မှငါဆိုတဲ့အစွဲကို လက်ကိုင်ထားသရွေ့တော့ ဒီကန္တာရကို ဘယ်တော့မှ ဖြတ်လို့ရမှာ မဟုတ်ဘူး... ငါဆိုတဲ့ မာနတွေ၊ အတ္တတွေကို စွန့်ပြီး ကိုယ့်ကို ရေခိုးရေငွေ့အဖြစ် ပြောင်းပြီး လေပြေနဲ့အတူ လိုက်ပါသွားမယ်ဆိုရင် ကိုယ်လိုရာ ခရီးကို ရောက်မှာပဲ” ကန္တာရဆီက တိုးညှင်းတဲ့အသံကို သူကြားလိုက်ပြန်တယ်။

“ ကိုယ့်ပုံစံကိုစွန့်ပြီး လေထဲမှာ ပျော်ဝင်ရမယ်...ဟုတ်လား... ငါ မလုပ်နိုင်ဘူး”

အဲဒီစကားကြားတော့ လှိုင်းကြက်ခွပ်လေးတွေ ထသွားလောက်တဲ့ အထိ သူတုန်ခါမိတယ်။ ကိုယ့်နဂိုပုံစံကို စွန့်ရမယ့် အတွေ့အကြုံမျိုး သူ့မှာ တစ်ခါမှမရှိခဲ့ဖူးတော့ ဒီလို စွန့်လိုက်တာဟာ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးတာနဲ့ တူတယ်လို့ သူထင်ခဲ့မိတယ်။

“ရေငွေ့တွေက လေပြေနဲ့အတူ ကန္တာရကို ဖြတ်သွားမယ်။ မြေပြင်ပေါ်ရောက်တာနဲ့ ရေငွေ့တွေကို အငွေ့ပျံ စေမယ်။ အဲဒီနောက် မိုးအဖြစ်နဲ့ ရွာချလိုက်မယ်။ မိုးရေတွေက တစ်စုတစည်းတည်းဖြစ်ပြီး ချောင်းအသွင်နဲ့ စီးဆင်းမယ်” ကန္တာရဆီက စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြသံကို သူကြားလိုက်ပြန်တယ်။

“ တစ်ကယ်ပဲလား... ငါဟာ နဂိုချောင်းအဖြစ်နဲ့ ပြန်စီးဆင်းနိုင်မလား” သံသယတစ်ဝက်နဲ့ သူမေးပြန်တယ်။

“ ဟုတ်တယ်လို့လဲ ပြောနိုင်တယ်....မဟုတ်ဘူးလို့လဲ ပြောနိုင်တယ်...မင်းဟာ ချောင်းပဲဖြစ်ဖြစ်၊ မမြင်နိုင်တဲ့ ရေငွေ့ပဲဖြစ်ဖြစ်... မင်းရဲ့ ပင်ကိုအတွင်းစိတ်က ဘယ်တော့မှ မပြောင်းခဲ့ဘူး။ ဒါပေမယ့် မင်းရဲ့ပင်ကိုစိတ်ထားဟာ ဘာလဲဆိုတာကို မသိခဲ့လို့ ငါဟာ ချောင်းဖြစ်တယ်ဆိုတဲ့အစွဲ မင်းမှာ ရှိနေခဲ့တာ”

အဲဒီစကားကြားတော့ သူဟာ ချောင်းမဖြစ်ခင်တုန်းက ရေငွေ့အဖြစ်နဲ့ လေထဲမှာ ပျော်ဝင်ပြီး တောင်ခါးပန်း အရောက်မှာ မိုးအဖြစ်နဲ့ ရွာချပြီး ချောင်းအသွင်နဲ့ စီးဆင်းခဲ့ရတဲ့ အဖြစ်တွေကို ရေးရေးလေး မြင်ယောင်လာမိတယ်။ နောက်ဆုံး သူဟာ ဆုံးဖြတ်ချက် ရဲရဲချပြီး လေပြေရဲ့ ရင်ခွင်ထဲ ပျော်ဝင်ပစ် လိုက်တယ်။ အဲဒီနောက် လေပြေရဲ့ ခေါ်ဆောင်ရာကို လိုက်ပါသွားခဲ့တယ်။

လူ့ဘ၀ လမ်းခရီးတစ်လျောက်မှာလည်း စမ်းချောင်းလေးလိုပဲ အခက်အခဲ အတားအဆီးတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ ကိုယ်လိုရာပန်းတိုငိဆီ ရောက်ကြရတယ်။ ရှေ့ကို ခရီးဆက်ဖို့ တစ်ခါတလေမှာ “ငါဆိုတဲ့ အစွဲ၊ အတ္တ” တွေကိုဖယ်နိုင်တဲ့ အသိဉာဏ်နဲ့ သတ္တိတွေလိုအပ်တယ်။

ဒါမှမဟုတ်.....
“ငါ့ရဲ့ နဂိုစိတ်ထားက ဘာလဲ”

“ငါ တင်းတင်းဆုပ်ကိုင်ပြီး လက်မလွတ်နိုင်တဲ့ အရာက ဘာလဲ”

“ငါ တကယ့်လိုနေတာ ဘာလဲ” လို့ တစ်ခါတလေ ကိုယ့်ကို ယ်ကိုယ် ပြန်ဆန်းစစ်ကြည့်သင့်တယ်။ ဘ၀မှာ ပုံစံ သဏ္ဍာန်တွေက တစ်ခုထဲရှိတာ မဟုတ်ပါ ဘူး... ပတ်ဝန်းကျင်ကို ပြောင်းလဲလို့ မရခဲ့ရင် ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲ ကြည့်မယ်။ ဒါပေမယ့် နဂိုရှိရင်းစွဲ ကိုယ့်ရဲ့စိတ်ဓာတ်နဲ့ စိတ်ထားကို မပြောင်းလဲသရွေ့ ကိုယ်ဟာ ကိုယ်ပါပဲ...

---
စာရေးစက ဘာသာပြန်ခဲ့တဲ့ စာတစ်ပုဒ်ပါ... တစ်နေ့က ထိုင်းကကောင်မလေးတစ်ယောက် စာအုပ်ပုံတွေ လှလှလေးရိုက်ပြီး ပို့လာပေးလို့ ဒီစာကိုသတိရပြီး ဖေ့စဘုတ်ပေါ်တင်ပါတယ်။

နိုင်းနိုင်းစနေ (Tuesday, May 08, 2007)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။