Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 6, 2017

" စိတ်စွမ်းအားကို သက်ဝင်ယုံကြည်ပါ "

" စိတ်စွမ်းအားကို သက်ဝင်ယုံကြည်ပါ "

ရှေးရာစုနှစ်ပေါင်းများစွာကတည်းက သိပ္ပံပညာရှင်တွေ၊ အတွေးအခေါ် ပညာရှင်ကြီး တွေက အရာရာတိုင်းကို ပြီးမြောက်အောင်မြင်စေတဲ့ ထူးခြားတဲ့ စွမ်းအင်တစ်ရပ်ရှိကြောင်း သိရှိခဲ့ကြပါတယ်။ ဒီစွမ်းအင်ဟာ စကြာဝဠာကြီးရဲ့ နေရာကွက်လပ်တိုင်းကို ထိုးဖောက်စိမ့်ဝင်ပျံ့နှံ့နိုင်တယ်လို့လည်းဆိုခဲ့ကြပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေသမျှ မြင်နေရတဲ့ အရာခပ်သိမ်းတိုင်းဟာ ဒီစွမ်းအင်ကြောင့်ဖြစ်လာကြတယ်လို့လည်းဆိုပါတယ်။
လူသားတွေနဲ့ တခြားသက်ရှိသတ္တဝါတွေအားလုံးဟာလည်း ဒီစွမ်းအင်ကြောင့်ပဲ သက်ဝင်လှုပ်ရှားသွားလာ နေကြပါတယ်။ ခန္ဓာကိုယ်ဆိုတဲ့ ရုပ်ကောင်ကြီးကိုလည်း အဲ့ဒီစွမ်းအင်ကသာ ရှင်သန်စေတာဖြစ်ပါတယ်။ အဲ့ဒီစွမ်းအင်က ရုပ်ပုံသဏ္ဍာန်တွေ မျိုးစုံအဖြစ်ပြောင်းလည်းပေးနိုင်စွမ်းလည်းရှိပါတယ်။ ဒီလိုနဲ့ပဲ လူသားတွေ၊ သက်ရှိသတ္တဝါတွေ အားလုံးကို ဖြစ်လာစေတော့တာပါပဲ။ ဒါကြောင့် သက်ရှိလူသားတွေအားလုံးရဲ့ အနှစ်သာရကတော့ စွမ်းအင်သာဖြစ်တယ်လို့ ပညာရှင်တွေ ဆိုခဲ့ကြပါတယ်။

တကယ်တော့ သူတို့ဆိုလိုခဲ့ကြတဲ့ စွမ်းအင်ဆိုတာ တခြားမဟုတ်ပါဘူး။ လောကမှာ တန်ခိုးအကြီးဆုံး၊ အရာအားလုံးရဲ့ အချုပ်ဖြစ်တဲ့ "စိတ်" ဆိုတဲ့ စွမ်းအင်တစ်ရပ် ပါပဲ။ စကြာဝဠာ ကမ္ဘာလောကကြီးတစ်ခုလုံးကို "စိတ်" ကသာ ဦးဆောင်နေတာဖြစ်တယ်လို့ ဗုဒ္ဓဘုရှားရှင်က ဟိုးရှေး ပဝေသဏီ ကတည်းက ဟောကြားတော်မူခဲ့ပြီးသားပါ။ စိတ်ဆိုတဲ့ သဘောဟာ အင်မတန် ထူးခြားဆန်းကြယ်ပါတယ်။ ထူးခြားတဲ့ စွမ်းရည် သတ္တိတွေ ကိန်းအောင်းနေတဲ့ အရာ တစ်ခုလည်းဖြစ်ပါတယ်။

အရာအားလုံးကို ပြီးမြောက်စေတဲ့၊ ထူးခြားတဲ့ တန်ခိုးသတ္တိတွေရှိနေတယ်ဆိုတဲ့ အဲ့ဒီ "စိတ်" ဆိုတဲ့ စွမ်းအင်ထူးဟာ ကျွန်တော်တို့ လူသားတွေ အားလုံးမှာ ပိုင်ဆိုင်ထားပြီးသားပါ။ ကျွန်တော်တို့အားလုံးရဲ့ ကိုယ်ထဲမှာ အဲ့ဒီ စွမ်းအင်ဆိုတာ ရှိနေပြီးသားပါ။ ဒါကြောင့် ဒီစွမ်းအင်ကို ပိုင်ဆိုင်ထားတဲ့ ဘယ်သူမဆို အရာရာ အားလုံးကို လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်တွင်းမှာ ရှိနေတဲ့ စိတ်စွမ်းအင်ကို သက်ဝင်ယုံကြည်မှုရှိပါ။ ဘာမဆို အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါ လိမ့်မယ်။

သက်ဝင်ယုံကြည်မှုဟာ အောင်မြင်မှုအတွက် အလွန်အရေးပါအရာရောက်တဲ့ အရာတစ်ခုပါပဲ။ တကယ်တော့ သက်ဝင်ယုံကြည်မှုဆိုတာ "မမြင်နိုင်တဲ့အရာကို မြင်နိုင်စွမ်းရှိခြင်း၊ မယုံနိုင်လောက်တဲ့ အရာကို ယုံနိုင်စွမ်းရှိခြင်း" ဖြစ်ပါတယ်။ အဲ့ဒီလို ယုံကြည်မှုရှိတဲ့လူတွေဟာလည်း လူအများက မဖြစ်နိုင်ဘူးလို့ ထင်ထားတာတွေကို ဖြစ်အောင်လုပ်ပြနိုင် ခဲ့ကြတဲ့ သူတွေဖြစ်လာကြပါတယ်။

စိတ်စွမ်းအင်ကို အသုံးချပြီး လူသားတွေဟာ လကမ္ဘာပေါ်ရောက်အောင် သွားနိုင်ခဲ့ကြတယ်။ ကောင်းကင်ပေါ်မှာ သွားလာနိုင်ခဲ့ကြတယ်။ ကမ္ဘာလောကကြီးကို အလင်းရောင်တွေ ဖန်ဆင်းပေးနိုင်ခဲ့ကြတယ်။ ကမ္ဘာလောကကြီးရဲ့ အံ့မခန်းတိုးတက်ပြောင်းလဲ မှုတွေမှန်သမျှကို ဖန်ဆင်းနိုင်ခဲ့ကြတယ်။ ဒါ့အပြင် လူဆင်းရဲ ဘဝမှ သန်းကြွယ်သူဌေးကြီးတွေ ဖြစ်လာအောင်၊ သာမန် အညတြဘဝမှ သြဇာတိက္ကမ ကြီးမားတဲ့ ထိပ်တန်းခေါင်းဆောင်ကြီးတွေဖြစ်လာအောင် ပြောင်းလဲပစ်နိုင်ကြတယ်။ ဒီလိုဖြစ်ရပ်ပေါင်းများစွာကို ကမ္ဘာ့သမိုင်း တစ်လျှောက်မှာ လေ့လာမြင်တွေ့ခဲ့ရမှာပါ။

ဒါကြောင့် စိတ်စွမ်းအားရဲ့ တန်ခိုးသတ္တိတွေကို သက်ဝင်ယုံကြည်ပါ။ ဒါကို လက်ခံထားနိုင်ရင် ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက် ပန်းတိုင်တွေ၊ အိပ်မက်တွေ ဘယ်လောက်ပဲကြီးမားပါစေ ဖြစ်အောင်လုပ်ဆောင်နိုင်ပါလိမ့်မယ်။
ဘယ်လောက်ပဲ ကြီးမားတဲ့ အခက်အခဲတွေ၊ ဆူးညောင့်ခလုတ်တွေ ရှိနေပါစေ အလွယ်တကူ ကျော်လွှားနိုင်ပြီး အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ စိတ်ရှိတဲ့ သူတိုင်း စွမ်းအင်တွေရှိပါတယ်၊ သတ္တိထူးတွေ ရှိကြပါတယ်။ လူသားအားလုံးမှာ စူပါ့ စူပါ အထူးစွမ်းအားတွေ ကိုယ်ထဲမှာ ကိန်းအောင်းရှိနေပြီးသားပါ။ အားလုံးဟာအတူတူပါပဲ။ ဒါပေမယ့် မတူတာက ဒီစွမ်းအင်သတ္တိတွေကို ထုတ်သုံးတဲ့သူနဲ့၊ ထုတ်မသုံးတဲ့သူ၊ အသုံးချတဲ့သူနဲ့ အသုံးမချတဲ့သူ၊ ယုံကြည်တဲ့သူနဲ့ မယုံကြည်တဲ့သူတွေကွာခြားကြတာပါပဲ။

စိတ်ကို အထူးလေ့ကျင့်ပြီး စွမ်းအင်ထုတ်ရင် စွမ်းအားဆိုတာ ထွက်ပါတယ်။ စိတ်ရဲ့ ထူးကဲတဲ့ စွမ်းအင်တွေကို အသုံးချနိုင်ပြီဆိုရင် မိမိအလိုရှိတဲ့ အောင်မြင်မှုအသီးသီးကို အမြန်ဆန်ဆုံး အကောင်အထည်ဖော်နိုင်ပါတယ်။
စိတ်ကို စွမ်းအင်တွေ ထွက်ပေါ်လာအောင် မလေ့ကျင့်မပျိုးထောင်ဘူးဆိုရင် စိတ်စွမ်းအင်တွေဟာ ငုပ်လျှိုးနေ တတ်ပါတယ်။ ထွက်ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါဆို ဒီစွမ်းအင်တွေက ဘယ်အပိုင်းမှာ ငုပ်လျှိုးနေတာလဲ ဆိုတာ သိဖို့ လိုပါတယ်။ တကယ်တော့ ဒီစွမ်းအင်တွေ၊ သတ္တိတွေ၊ တန်ခိုးတွေဟာ စိတ်ရဲ့ အတွင်း အနက်ရှိုင်းဆုံးအပိုင်းဖြစ်တဲ့ နေရာမှာ သွားရောက် ခိုအောင်းနေတတ်ပါတယ်။ ဒါကို အလွယ်ဆုံးခေါ်မယ်ဆိုရင်တော့ "မသိစိတ်"ပေါ့။

ဟုတ်ပါတယ်။ လူတိုင်းရဲ့ မသိစိတ် ထဲမှာ ထူးခြားတဲ့ စွမ်းအင်တွေ၊ တန်ခိုး သတ္တိတွေ အထူးကိန်းအောင်နေတတ် ပါတယ်။ ဒါ့အပြင် အတိတ်ကာလက လေ့လာခဲ့တာတွေ၊ သိမြင်ခဲ့တာတွေ အားလုံးဟာ မသိစိတ် အတွင်းမှာ အစုအပေါင်း အနေနဲ့ စုစည်း ကိန်းအောင်းနေတတ်ပါတယ်။ ဒီလို မသိစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ စွမ်းအင်တွေ၊ အသိပညာတွေ အသီးသီးကို လူတိုင်းက ရယူထုတ်ဖော်ကာ သုံးစွဲနိုင်တယ်လို့ သြစတြီးယန်းလူမျိုး စိတ်ကုပညာရှင် ကားလ်ယွန်း က ဆိုခဲ့ဖူး ပါတယ်။ သာမန်လူတစ်ဦးဘဝမှ ရုန်းထွက်နိုင်တဲ့ စွမ်းအားတွေနဲ့ အောင်မြင်မှုအားလုံးတို့ဟာ မသိစိတ် ရဲ့ စွမ်းအင်တွေကို အခြေခံကျကျ သုံးစွဲပြီး ရရှိခဲ့တာဖြစ်တယ်လို့ သူက ယူဆခဲ့ပါတယ်။

ဒီစွမ်းအားကို ပညာရှင်တွေအချို့က "အနန္တစွမ်းအား" "အနန္တဝိဉာဉ်တော်"လို့ သုံးပါတယ်။ မသိစိတ်အတွင်းက ဒီ "အနန္တစွမ်းအား"တွေကို ထုတ်ယူသုံးစွဲသူတွေဟာ သူတို့ရဲ့ ဘဝကို အကြီးအကျယ် အောင်မြင်စေခဲ့တယ်လို့လည်း အမေရိကန်လူမျိုး အောင်မြင်ရေးသုတေသီကြီး နပိုလီလံဟေးလ်က ကောက်ချက်ချခဲ့ပါတယ်။

ဒီစိတ်နဲ့ ဒီစွမ်းအင်တွေ၊ ဒီလို အနန္တစွမ်းအားတွေ အားလုံးဟာ လူတိုင်းအတွက် ဘယ်အချိန် ဘယ်နေရာမှာ မဆို အမြဲအသင့်ရှိနေပါတယ်။ မသိစိတ်ထဲက ဒီစွမ်းအားတွေကို ထွက်ပေါ်လာအောင် ဆွဲထုတ် တတ်ရမှာကတော့ အောင်မြင်လိုသူ လူသားအားလုံးရဲ့ တာဝန်ပါပဲ။ ဒီလို စွမ်းအားတွေကို မသိစိတ်ထဲက ထွက်လာပြီး ပြင်ပမှာ အသုံးချတတ်အောင်တော့ စိတ်ကို အထူးလေ့ကျင့် ရမှာဖြစ်ပါတယ်။

စိတ်စွမ်းအားသုံးပြီး အလုပ်လုပ်နေကျ များလာတဲ့အခါမှာ နေရာတကာတိုင်း အချိန်တိုင်းမှာ စွမ်းအားတွေ ဝန်းရံရှိနေတယ်ဆိုတဲ့ အမှန်တရားကို သတိပြုမိလာ မှာပါ။ ဒီလို သတိပြုမိလာတာနဲ့ ကိုယ့်မှာ တန်းခိုးအာနိသင်ကြီးမားတဲ့ စွမ်းရည်တွေ တစ်နေ့တခြား သိသိသာသာ တိုးပွားလာမှာ ဖြစ်ပါတယ်။ ဒီ စွမ်းရည်တွေကို ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်မှာ ထုတ်သုံးပြီး ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိအောင် စိတ်ကြိုက်လုပ်ဆောင်ရုံပါပဲ

ဒါကြောင့် သင့်စိတ်ထဲအမြဲစွဲ မှတ်သားထားရမှာက သင်နဲ့တကွ လူသားအားလုံးရဲ့ ကိုယ်တွင်းမှာ စွမ်းအင်ထူး တွေ ကိန်းအောင်နေတယ်။ ဒါကို သက်ဝင်ယုံကြည်ပြီး စိတ်စွမ်းအားအဖြစ် ထွက်ပေါ်လာအောင် လေ့ကျင့်ပျိုးထောင်နိုင်တယ်။ စိတ်စွမ်းအားက သင့်ရဲ့ အနာဂတ်အိပ်မက်တွေနဲ့ မြင်းမိုရ်တောင်လောက်ကြီးမားတဲ့ ရည်မှန်းချက်ကြီးဖြစ်နေပါစေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ အာမခံပါတယ်။ ဒီတော့ စိတ်စွမ်းအားကို ယုံကြည်အသုံးချလိုက်ပါ။ စိတ်စွမ်းအားကို သင့်ဘဝ တစ်ခုလုံး ဦးဆောင်ခွင့်ပြုလိုက်ပါ။
Let's fly together!
ဖူးကျော်ဇင် (Future Wave)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။