Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, August 2, 2017

အတုယူသင့်တဲ့ ဘီလျံနာကြီးတွေရဲ့ အမူအကျင့်များ


တစ်ခါတုန်းက Belarusian-American စစ်တုရင်ကစားသမားကြီး Charles. A Jaffe ပြောဖူးပါတယ်။ “ကိုယ်ရတဲ့လစာထက်စာရင် ကိုယ့်ရဲ့အမူအကျင့်တွေကပဲ ချမ်းသာကြွယ်ဝစေတာပါ။” သိပ်မအံ့သြပါနဲ့။ ချမ်းသာကြွယ်ဝတဲ့သူတော်တော်များများဆီမှာ ခြိုးခြံချွေတတ်တဲ့အကျင့်ရှိပါတယ်။ ဒီအကျင့်ကြောင့်ပဲ သူတို့ဟာ ချမ်းသာကြွယ်ဝလာတာလားမသိပါ။ သေချာတာကတော့ ဒီလိုအကျင့်မျိုးကို ကျင့်ကြံနိုင်ရင် ကိုယ့်ရဲ့ပိုင်ဆိုင်မှုတိုးလာမယ်ဆိုတာပါပဲ။

(၁) Mark Zuckerberg က ဒေါ်လာသုံးသောင်းကားကို မောင်းတယ်တဲ့။


တကယ်ဆိုရင် Zuckerberg အနေနဲ့ တစ်လကို Ferrari တစ်စီးဝယ်စီးမယ်ဆိုရင် ဝယ်စီးလို့ရတဲ့အနေအထား ပါ။ ဒါပေမယ့် Facebook ရဲ့တည်ထောင်သူကြီးကတော့ ဒေါ်လာသုံးသောင်းတန် Manual ဂီယာနဲ့ Volkswagon GTI လေးကိုပဲ စီးပါတယ်။ သူရဲ့နောက်ထပ်ချွေတာတဲ့အကြောင်းတွေ ရှိပါသေးတယ်။ အဲ့ဒါတွေ က သူရဲ့မိန်းမ Chan နဲ့အတူ ဟန်နီးမွန်းခရီးထွက်တုန်းက စားသောက်ကြတဲ့ဆိုင်က McDonald ဆိုင်ပါ။ Zuckerberg နေတဲ့အိမ်ကလည်း ၂၀၁၁ ခုနှစ်တုန်းက ဝယ်ထားတဲ့ Palo Alto က ဒေါ်လာ ၇ သန်းတန် အိမ်လေးပါ။ ဒါဟာ သူ့ဝင်ငွေနဲ့ယှဉ်ရင် တန်ဖိုးအများကြီးနည်းတဲ့အရာတွေဖြစ်ပါတယ်။

(၂) ၁၉၅၈ ခုနှစ်က ဒေါ်လာ ၃၁၅၀၀ နဲ့ဝယ်ထားတဲ့အိမ်ကလေးမှာပဲ အခုချိန်ထိနေတဲ့ Warren Buffett


Warren Buffett ဆိုတာနဲ့ ရင်းနှီးမြှုပ်နှံမှုဂုရှကြီးလို့ တော်တော်များများ သိကြမှာပါ။ Berkshire Hathaway ကုမ္ပဏီရဲ့ CEO တစ်ယောက်ဖြစ်သလို ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ပါဝင်တဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အကျယ်အဝန်း စတုရန်းပေ ၆၀၀၀ လောက်သာကျယ်ပြီး အိမ်ခန်း ၅ ခန်းသာရှိတဲ့ Omaha မှာက အိမ်လေးမှာပဲနေပါတယ်။ ဒီအိမ်လေးကလေးကို သူလုပ်ခဲ့တဲ့ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ တတိယအမြတ်ဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့လည်း ပြောခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက သူ့နဲ့ကပ်လျက်အိမ်ရဲ့ ရောင်းဈေးက ဒေါ်လာ ၂.၅ မီလီယံသာရှိတယ်လို့ သိရပါတယ်။

(၃) ၁၀ ဒေါ်လာတန် နာရီဝတ်တဲ့ Bill Gates


ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဆိုလို့ Rolex နာရီဝတ်မယ်လို့ မထင်ပါနဲ့။ သူရဲ့လက်ကောက်ဝတ်မှာ တွေ့ရတာက Casio အမျိုးအစား ၁၀ ဒေါ်လာတန်နာရီလေးပါ။ နောက်ပြီး သူဌေးကြီး Bill Gates ဟာ ညတိုင်းစား သောက်ပြီးတဲ့ပန်းကန်တွေကို ဆေးလေ့ရှိတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

(၄) အလုပ်ကိုနေ့တိုင်း အိတ်အညိုလေးနဲ့ နေ့လယ်စာထည့်လာတဲ့ Dish Network ရဲ့ CEO Charlie Ergen


နေ့လယ်စာကို အပြင်မှာစားရတာဟာ တကယ်ကို အကုန်အကျများလှပါတယ်။ ဒါကို ဝန်ထမ်းလုပ်နေတဲ့သူ တော်တော်များများလည်း သိပြီးသားဖြစ်မှာပါ။ Dish Network ကို တည်ထောင်ခဲ့တဲ့ Charlie Ergen ကတော့ အကုန်အကျသက်သာအောင် ရုံးကိုနေ့တိုင်းအညိုရောင် အိတ်ကလေးနဲ့ အိမ်ကနေ နေ့လယ်စာထည့်လာ လေ့ရှိပါတယ်။ ဒါတင်မကသေးပါဘူး။ သူနဲ့သူ့ဇနီးဟာ လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကနေထိုင်တဲ့ အိမ်ကလေးမှာပဲ အခုအချိန်ထိ နေထိုင်ပါတယ်။ မကြာသေးခင်ကလည်း သူ့ရဲ့ဝန်ထမ်းတွေကို အလုပ်ကိစ္စနဲ့ခရီးထွက်တဲ့အခါ ဟိုတယ်အခန်းကိုမျှဝေသုံးစွဲရမယ်ဆိုတဲ့ ကုမ္ပဏီပေါ်လစီအသစ်ကို ချမှတ်ခဲ့ပါတယ်။

(၅) ကိုယ့်ဘာသာကိုယ်ကားမောင်းပြီး အလုပ်လာတဲ့ မက္ကဆီကိုသူဌေးကြီး Carlos Slim


သူဌေးကြီးတော်တော်များများမှာ ကားဒရိုင်ဘာတွေရှိတတ်ပါတယ်။ ဒါပေမယ့် မက္ကဆီကို သူဌေးကြီး Carlos Slim ကတော့ သွားသွားလာလာ ကိုယ့်ဘာကိုယ်ပဲကားမောင်းသလို၊ ရုံးကိုလည်း ကိုယ်တိုင်မောင်းပြီးလာလေ့ ရှိသူပါ။ မားစီးဒီးကားအဟောင်းကိုပဲ စီးသလို၊ သူ့ပိုင်တဲ့ဆိုင်က အဝတ်အစားတွေကိုပဲ ဝတ်လေ့ရှိသူပါ။ လွန်ခဲ့ တဲ နှစ် ၄၀ လောက်ကတည်းက အိပ်ခန်း ၆ ခန်းပါ နေအိမ်လေးမှာ နေထိုင်ဆဲဖြစ်သလို အဲ့ဒီအိမ်ကလေးမှာပဲ သူ့ရဲ့ကလေးတွေကို ပြုစုပျိုးထောင်ခဲ့ပါတယ်။

(၆) ဇာတိမြို့က အုတ်အိမ်ဟောင်းလေးကနေ စီမံခန့်ခွဲတဲ့ Jim Walton



Walmart မျိုးဆက်နဲ့ အမေရိကန်က အချမ်းသာဆုံးမိသားစုဝင်တစ်ဦး ဖြစ်တဲ့ Jim Walton ဟာ သူရဲ့ဖခင်ရဲ့အ မူအကျင့်တွေ ဆက်ခံထားတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ဖခင်ကတော့ Walmart ကိုတည်ထောင်သူ Sam Walton ဖြစ်ပါတယ်။ Jim ဟာ ဒေါ်လာ ၁၆ ဘီလီယံကျော်တန်တဲ့ သူတို့မိသားစုပိုင် Arvest Bank ကို အုတ် အိမ်အဟောင်းလေးရဲ့ အပေါ်ထပ်ကနေ စီမံခန့်ခွဲပါတယ်။ ကြွယ်ဝချမ်းသာပေမယ့် Jim ဟာ Sport Type ကားတွေထက် Pickup Type ကားတွေကို မောင်းနှင်ရတာ ပိုပြီးနှစ်သက်သူဖြစ်ပါတယ်။ အခုထိလည်း သက်တမ်း ၁၅ နှစ်ကျော်နေပြီဖြစ်တဲ့ Dodge Dakota Pickup ကားလေးကို မောင်းနေတုန်းပါပဲ။

(၇) ကိုယ့်ဆံပင်ကိုယ် ညှပ်တဲ့တဲ့ ဘီလျံနာကြီး John Caudwell


ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင်၊ ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာကြီး John Caudwell ကလည်း ခြိုးခြံချွေတာ တတ်တဲ့သူ သူတစ်ယောက်ပါ။ သူ့ဆံပင်ကို သူကိုယ်တိုင်ညှပ်သလို ဈေးကြီးတဲ့ဝိုင်တွေကိုလည်း ဝယ်သောက် လေ့မရှိပါဘူး။ အင်္ကျီကိုလည်း Marks & Spencer လိုအရောင်းဆိုင်တွေကပဲ ဝယ်ပါတယ်။ Forbes နဲ့အင်တာ ဗျူးတုန်းကဆိုရင် Saville Row အမှတ်တံဆိပ်တွေကိုတောင် ဝယ်ဝတ်လေ့မရှိတဲ့သူ တစ်ယောက်လို့ပြောသွား ပါသေးတယ်။

(၈) စပိန်က ဘီလျံနာသူဌေးကြီး Amancio Ortega က သူ့ရဲ့ဝန်ထမ်းတွေနဲ့ Zara က ကန်တင်းမှာ နေ့လယ်စာ အတူတူစားလေ့ ရှိပါတယ်။


Zara စီးပွားရေးလုပ်ငန်းကို ချုပ်ကိုင်ထားတဲ့ သူဌေးကြီးက မိမိကိုယ်ကို နှိမ့်ချတတ်တဲ့သူတစ်ယောက်ပါ။ ဇနီးသည်နဲ့အတူ သိုသိုသိပ်သိပ်နေထိုင်ပြီး သူ့ရဲ့မြို့မှာရှိတဲ့ ပုံမှန်သွားနေကျကော်ဖီဆိုင်လေးကိုပဲ သွားလေ့ ရှိသူပါ။ Ortega ရဲ့ “Fast Fashion” လို့တောင်ပြောရတဲ့ အပြာရောင်ကုတ်အင်္ကျီ၊ အဖြူရောင် ရှပ် နဲ့ မီးခိုး ရောင်ဘောင်းဘီကို ဝတ်ဆင်လေ့ရှိတဲ့အပြင် သူ့ရဲ့ကုမ္ပဏီ Zara ကဝန်ထမ်းတွေနဲ့ နေ့လည်စာ အတူတူစား လေ့ရှိပါတယ်။

(၉) လက်ဖက်ရည်ထုပ်လေးတွေကို ထပ်ခါထပ်ခါပြန်သုံးလေ့ရှိတဲ့ စတန်ဖို့တက္ကသိုလ်က ပရော်ဖက်ဆာ ဘီလျံနာ David Cheriton


အစားအသောက်ဆိုတာက ပိုက်ဆံအများဆုံးဖြုန်းတဲ့အရာလို့ စတန်ဖို့တက္ကသိုလ်က ပရောဖက်ဆာ David Cheriton ကယူဆပါတယ်။ ဈေးကြီးတဲ့စားသောက်ဆိုင်တွေမှာ သွားစားတဲ့အခါကျရင် တစ်ဝက်ကိုနောက်နေ့ မှာ စားဖို့ယူသွားတတ်သူပါ။ ဇိမ်ခံကားဝယ်စီးရမယ့်အစား စက်ဘီးစီးရတာကို ပိုကြိုက်တဲ့သူဖြစ်ပါတယ်။ တ ကယ်လိုအပ်လို့ ကားမောင်းရမယ်ဆိုရင်တော့ သူ့ရဲ့ ၁၉၈၆ မော်ဒယ် Volkswagen (ဒါမှမဟုတ်) Honda ဆီ ဒင်ကား အဟောင်းလေးကို စီးလေ့ရှိသူပါ။ ပုံမှန်လေယာဉ်ကြောင်းလိုင်းနဲ့ ခရီးသွားလေ့ရှိတဲ့အပြင် ဈေးကြီးတဲ့ အဝတ်အစားတွေအစား ဂျင်းကိုနှစ်သက်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ဖက်ရည်ထုပ်လေးတွေကို လည်း ပြန်ပြန်ပြီးသုံးတတ်ပါတယ်တဲ့။

(၁၀) အိန္ဒိယနည်းပညာလောကကို သြဇာညောင်းတဲ့ သူဌေးကြီး  Azim Premji က ဝန်ထမ်းတွေ အိမ်သာစက္ကူဘယ်လောက်သုံးလဲတောင် မှတ်ထားလေ့ရှိသူပါ။


အိန္ဒိယနည်းပညာကုမ္ပဏီကြီး Wipro Ltd ရဲ့ဥက္ကဌဖြစ်သလို အိန္ဒိယနည်းပညာလောမှာ ဆယ်စုနှစ်ငါးခု လောက် အောင်မြင်မှုရနေတဲ့ Premji ကတော့ အလွန်အမင်းချွေတာတဲ့နေရာမှာ တော်တော်နာမည်ကြီး ပါတယ်။ အလုပ်ကိစ္စတွေပြီးလို့ လေဆိပ်ကနေ အိမ်ပြန်တဲ့အချိန်ကျရင် သုံးဘီးနဲ့ပြန်လေ့ရှိသလို ဟိုဟိုဒီ ဒီသွားရင်လည်း သူ့ရဲ့တပတ်ရစ် Toyota Corolla လေးနဲ့ပဲ သွားလေ့ရှိပါတယ်။ လေယာဉ်စီးရင်လည်း Economy Class ကပဲစီးလေ့ရှိတဲ့အပြင် ကြယ်ငါးပွင့်ဟိုတယ်တွေအစား Guest House မှာပဲတည်းခိုလေ့ ရှိသူပါ။
သူ့ရဲ့ကုမ္ပဏီမှာ ဝန်ထမ်းတွေ အိမ်သာစက္ကူဘယ်လောက်သုံးလဲဆိုတာ  မှတ်ထားလေ့ရှိတဲ့အပြင် ဝန်ထမ်း တွေကို ရုံးဆင်းတဲ့အချိန်ကျရင် မီးပိတ်ဖို့ အမြဲသတိပေးတတ်တဲ့သူလည်းဖြစ်ပါတယ်။
Ref: www.time.com
မင်းသုခ (အခရာ)
(www.akhayar.com)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။