Chan Myae added 2 new photos.
ရခိုင်မှာ အပြစ်မဲ့တဲ့ ပြည်သူတွေ အကြမ်းဖက် သတ်ဖြတ်ခံရတာကို အပေါ်ယံ ရင်နာသလိုလို ဟန်နဲ့ အစိုးရကို သောက်ပြစ်ပြောဖို့ တစ်ကွက်ရပြီဆိုတဲ့ ဝမ်းသာလုံးဆို့နေတဲ့ လေသံ ကဖျောက်လို့မရ .. အစိုးရ ဘာလုပ်ပေးမှာလဲ ဆိုပြီး ဟုတ်တာတွေရော မဟုတ်တာတွေရော ရှယ်ပြီးဖြဲနေ တဲ့ ပုဂ္ဂိုလ်တွေ တစ်ခုလောက်မေးစမ်းပါရစေ ...
ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု တွေ ကို ပြတ်ပြတ်သားသား ချေမှုန်းဖို့ပြောထားပြီးသားဆိုတာ မေ့သွားတာလား ..
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သေနက်ကိုင်ပြီး ထွက်တိုက်စေချင်တာလား ..
ဒေါ်အောင်ဆန်းစုကြည်က အဲဒါ ခိုးဝင်ဘင်္ဂါလီ ပါ လို့ ဒီနေ့ ကြေညာရင် မနက်ဖြန် အဲဒီအကြမ်းဖက်မှုက ရပ်သွားမှာလား ..
၂၀၁၂ ခုနှစ် ကတည်းက ရခိုင်မှာ ဒီပြဿနာ စခဲ့တယ် .. အဲဒီတုန်းက အစိုးရ က အထူးအကာအကွယ်ပေးထားတာကို အခု အစိုးရ က ပြန်ရုတ်သိမ်းလိုက်လို့လား ..
ရူးချင်ယောင်ဆောင်မနေကြနဲ့ ကိုယ့်ဆရာတို့ ..
ရခိုင်အရေး မှာ မြေပြင် အကြမ်းဖက်မှုနဲ့ပတ်သက်လာရင် ပြတ်ပြတ်သား ချေမှုန်း ဖို့ လုံခြုံရေးတပ်ဖွဲ့တွေ ကို ညွှန်ကြားထားပြီးသား .. လုံခြုံရေးတပ်ဖွဲ့တွေမှာ လုပ်ပိုင်ခွင့်ရော တာဝန်ရော အပြည့်ရှိတယ် ၊ အေး ... နိုင်ငံတကာ အရေး နဲ့ နိုင်ငံရေး စစ်မျက်နှာမှာ ရခိုင် အရေး နဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည် မှာ လုပ်ပိုင်ခွင့်ရော တာဝန်ရော အပြည့်ရှိတယ် .. ဒါကြောင့် ဘယ်အပိုင်းဘယ်နေရာ က ပြဿနာလည်း ဘယ်သူ့တာဝန်လဲ ပြူးပြဲကြည့်ပြီး မှ တာဝန်ရှိသူကို ဝေဖန် ..
ပြောလိုက်ဦးမယ် .. အရင် ဒေါ်အောင်ဆန်းစုကြည် အဏာ မရခင်က ဒေါ်အောင်ဆန်းစုကြည် အာဏာရရင် ရိုဟင်ဂျာ ကို အသိအမှတ်ပြုလိမ့်မယ် ၊ နိုင်ငံသားပြုခွင့်ပေးလိမ့်မယ် ဆိုပြီး ရွေးကောက်ပွဲ အကြို နိုင်ငံရေးလုပ်ကြံဖို့ တောခြောက် ခဲ့တာလည်း ခင်ဗျားတို့ပဲ .. .. အခုတော့ တခါမှ ဒါမျိုး မပြောခဲ့ ဘူးတဲ့ သောက်ချိုးတွေ နဲ့ ..
ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချိန်ထိ ရိုဟင်ဂျာကို အသိအမှတ်မပြုခဲ့ဘူး .. ၁၉၈၂ နိုင်ငံသား ဥပဒေ ကိုမပြင်ဘူး ၊ အရင်က နိုင်ငံသား မရသင့်တဲ့သူတွေ ကို ထူးပြီး အခုမှ နိုင်ငံသားဖြစ်ခွင့် ပေးမနေဘူး ၊ဒါပေမယ့် ဒါတွေ ကို ခင်ဗျားတို့ အသိအမှတ်မပြုဘူး .. ရူးချင်ယောင်ဆောင်နေကြတယ် ..
ဒီလို ဒီအကြောင်းတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို ပြည်ပ မီဒီယာ အချို့ က အပြင်းအထန်ဝေဖန်တယ် ၊ နိုဘယ်ဆုတောင်ပြန်သိမ်းခိုင်းတဲ့လူက သိမ်းခိုင်းတယ် ၊ ကုလသမဂ္ဂ က ဖိအားပေးတယ် .. သူ့ စစ် မျက်နှာမှာ ဒီလိုတွေ ရင်ဆိုင်ကြံ့ကြံ့ ခံနေတာတောင် အသိအမှတ်မပြုတဲ့ အပြင် ကျိတ်ပြီးဝမ်းသာနေတဲ့ ခင်ဗျားတို့က ပြည်တွင်းစစ်မျက်နှာမှာ ဘယ်လို ထပ်တွယ်ရမလဲ ဆိုတာ တချိန်လုံး ချောင်းမြောင်းနေတယ် .. တကယ်တော့ ရခိုင်မှာ အခုလို သတ်ကြဖြတ်ကြ မငြိမ်မသက်ဖြစ် နေကြတာ ခင်ဗျားတို့ပျော်နေတယ် .. ရန်ကုန် မန္တလေးမှာ သပိတ်မှောက်နေတာ ခင်ဗျားတို့ အားရနေတယ် .. တုပ်ကွေးရောဂါတွေပြန့် လူတွေ ထိတ်လန့် နေတာ ၊ အပစ်အခတ်ရပ်စဲရေး ညှိနိုင်းလို့မရတာ၊ တိုင်းရင်းသားနဲ့ အဆင်မပြေဖြစ်တာ ၊ တပ် နဲ့ ရင်ကြားစေ့ရေး ပျက်ပြားမလိုဖြစ်တာ .. အားလုံး ခင်ဗျားတို့ အားရတယ် ကျေနပ်တယ် .. ပျော်ပျော်ကြီး ဖွတယ် ဖြဲတယ် .. ..., ကဲ တိုင်းပြည်မှ သတ်ကြဖျက်ကြ သေကြကျေကြ ဆူကြပူကြ ရန်လို အမုန်းပွား ပြီး စည်းလုံးညီညွတ်မှုအစည်းပြေ မှ ခင်ဗျားတို့ နိုင်ငံရေး အာသာပြေကြတယ်ဆိုရင် .. " တောကြောင်"ဆိုတဲ့ နာမည် ဟာ ခင်ဗျားတို့ အတွက်မှ မဟုတ်ရင် တခြား ဘယ်သူ့ အတွက်များ ဖြစ်ရဦးမှာလဲ .. ကိုရွှေတောကြောင်တို့ရေ ...
သီဟသွေး

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။