Khant Naing added 8 new photos.
Wheel Chair ပေါ်က ဘဝတစ်ခု
====================
အမေရိကန်လွတ်လပ်ရေးနေ့
ဇူလိုင် ၄ ရက်နေ့မှာ မွေးဖွားတဲ့..
Ron Kovic ဆိုတဲ့ လူငယ်လေးဟာ...
အထက်တန်းကျောင်း ပြီးချိန်မှာ
အမေရိကန်စစ်တပ်ကို ဝင်ရောက်အမှုထမ်းခဲ့ပြီး
မရင်းတပ် တပ်ကြပ်အဖြစ် ဗီယက်နမ်စစ်ပွဲမှာ
ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့တယ်..
..
သူဟာ ဗီယက်နမ်စစ်မြေပြင်ကို လေးကြိမ်မြောက် ရောက်ရှိချိန် သူ့တပ်ခွဲဟာ..ရွာတစ်ရွာအနီးမှာ
နာမည်ကျော် ဗီယက်ကောင်းပျောက်ကျားတပ်ဖွဲ့တစ်ဖွဲ့ရဲ့ အလစ်တိုက်ခိုက်ခြင်းကို ခံရတယ်..
..
..
ကျည်ဆန်တစ်တောင့်ဟာ
သူ့ရဲ့ညာဖက်ခြေထောက်ကို ထိမှန်ခဲ့ပြီး..
နောက်တစ်ထောင့်ဟာ...ညာဖက်ပုခုံးကတစ်ဆင့်..
အဆုတ်တခြမ်းကို ဖျက်စီးပြီး ကျောရိုးကို ဖဲ့သွားခဲ့တယ်..
..
လဲကျနေတဲ့သူ့ကို ဆွဲယူကယ်တင်ဖို့ ကြိုးစားတဲ့
စစ်သည်တစ်ယောက်ဟာ သူ့အနားမှာပဲ ကျဆုံးသွားပြီး
နောက်စစ်သည်တစ်ဦးကတော့ကျည်ကွယ်ရာကို
ဆွဲထုတ်သွားနိုင်ခဲ့တယ်...
..
..
တချိန်မှာ သူပြန်ကြားမိတာက..
အဲဒီစစ်သည်လည်း ကျဆုံးသွားတယ်ဆိုတာပါပဲ..
...
..
Kovic ဟာ အဆင့်ဆင့် ဆေးကုသမှုတွေ ခံယူပြီးတဲ့အခါ
တပ်က အငြိမ်းစားရခဲ့တယ်..
သူဟာ ကျောရိုးနဲ့ခြေထောက်
ထိခိုက်မှုရှိထားလို့
ချိုင်းထောက်သုံးလို့မရတဲ့အတွက်..
တစ်သက်လုံး wheel chair အသုံးပြုရသူဖြစ်သွားပါတယ်...
..
..
နိုင်ငံတော်က သူ့ကို ကြေးကြယ်စင်တံဆိပ်နဲ့
တိုက်ပွဲဝင် သူရဲကောင်းဆု ချီးမြှင့်ခဲ့တယ်
ထိုက်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့
သက်သာချောင်ချိမှုတွေ ရရှိခံစားရတယ်..
...
...
...
ဒါပေမဲ့ Kovic ဟာ...
နှစ်အနည်းငယ်အကြာမှာ...
ကမ္ဘာကျော် ဗီယက်နမ်စစ်ဆန့်ကျင်ရေးသမား
ဖြစ်လာခဲ့တယ်...
..
..
စစ်တပ်က အငြိမ်းစားယူပြီး မကြာခင်မှာ...ဗီယက်နမ်စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ
မကြာခဏ ဦးဆောင်ပါဝင်ခဲ့သလို
၁၂ ကြိမ် တိုင်တိုင် အဖမ်းဆီးခံခဲ့ရတယ်..
အချုပ်ခန်းထဲက wheel Chair ပေါ်မှာ ရက်ပေါင်းများစွာ
ငုတ်တုတ်မိုးလင်းခဲ့တယ်...
..
..
Kovic ဟာ သူ့လိုပဲ ဗီယက်နမ်စစ်ပြန်တွေကို ဦးဆောင်ပြီး ဗီယက်နမ်စစ်ပွဲ ရပ်ဆိုင်းပေဖို့ ဦးဆောင်တောင်းဆိုခဲ့တယ်..စစ်ပွဲရဲ့ အနိဌာရုံတွေ
ဆိုးကျိုးတွေကို ကျောင်းသား နဲ့ ပြည်သူတွေကို ဟောပြောစည်းရုံးလှုပ်ရှားခဲ့တယ်..
..
..
ပြည်တွင်းထောက်ခံမှု မရရှိတော့တဲ့အတွက်...
၁၉၇၅ ခုနှစ်မှာ အမေရိကန်ဟာ
တပ်တွေရုတ်သိမ်းပေးခဲ့ရပြီး
ဗီယက်နမ်စစ်ပွဲကို နစ်နာမှုများစွာနဲ့ရပ်ဆိုင်းခဲ့ရတယ်..
..
..
Kovic ဟာ ၁၉၇၆ ခုနှစ်မှာ
Born on the Forth of July ဆိုတဲ့
သူ့ရဲ့ အတ္ထုပတ္တိစာအုပ်ကို ထုတ်ဝေခဲ့တယ်...
.
.
အဲဒီ စာအုပ်ဟာ အရောင်းရဆုံးစာအုပ်စာရင်းထဲပါဝင်ခဲ့တယ်..
..
၁၉၈၉ ခုနှစ်မှာ ကမ္ဘာကျော်ဒါရိုက်တာ အော်လီဗာစတုန်းက
မင်းသားတွမ်ခရုစ် နဲ့ ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးခဲ့ရာမှာ
ရုပ်ရှင်ထူးချွန်ဆုတွေချီးမြှင့်ခြင်းခံရခဲ့ပြီး ကမ္ဘာကျော် ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားအဖြစ် နာမည်ကျော်ခဲ့တယ်..
...
..
ဒေါ်လာ ၁၄ သန်းအကုန်ကျခံရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားဟာ...
ကမ္ဘာမှာ ဝင်ငွေ ဒေါ်လာ ၁၆၁ သန်းရရှိခဲ့တဲ့ ဇာတ်ကားတစ်ခု ဖြစ်ခဲ့တယ်..
..
..
Kovic ဟာ...
ယနေ့အချိန်မှာ အသက် ၇၀ အရွယ်ရှိပြီး
စာရေး စာဖတ် ပန်းချီဆွဲခြင်းနဲ့ ပန်းဥယျာဉ်ပျိုးထောင်ခြင်းတွေနဲ့
တစ်ဦးတည်း အေးချမ်းစွာ နေထိုင်လျက်ရှိပါတယ်...
..
..
=================
တစ်နေ့က
တရားသောစစ်ကို ထောက်ခံပါတယ်ဆိုတဲ့
Wheel Chair ပေါ်က ဘဝ တွေကို တွေ့ရလို့
ယခုအတ္ထုပတ္တိကို မျှဝေခြင်းဖြစ်ပါတယ်..
...
...
မည်သူမဆို Share နိုင်ပါတယ်.
...
Yan Aung
Source Wiki..
.
ပုံညွှန်းစာများထည့်ထားပါတယ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။