သိန်း မြင့် added 4 new photos.
Death of Marilyn
---------------------
Marilyn Monroe ဟာ 1950 ပြည့်နှစ်လွန်ကာလက အလွန်ထင်ရှားကျော်ကြားတဲ့ မင်းသမီးတစ်ဦးပါ။
သူမကို June 1, 1926 မှာ မွေးဖွားခဲ့ပီး los angeles မြို့သူစစ်စစ်ဖြစ်ပါတယ်။
သူမ မိခင်က အိမ်ထောင်ဆက်များခဲ့ပီး အဲ့ဒီကြားထဲမှာ မွေးဖွားခဲ့လို့ သူမဖခင် ဘယ်သူလဲဆိုတာတောင် သိခွင့်မရခဲ့ပါဘူး။ ငယ်ဘ၀မှာ မွေးစားမိဘအိမ်တွေ မိဘမဲ့ဂေဟာတွေမှာ ကြီးပြင်းလာခဲ့ရပါတယ်။
သူမဟာအစပိုင်းမှာ photo model အဖြစ်စတင်ခဲ့ပေမဲ့ နောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေမှာ ဇာတ်ရံဖြစ်ခဲ့ပါတယ်။
သရုပ်ဆောင် ကောင်းလို့နာမည်ကြီးတာမဟုတ်ပဲ လှပတဲ့ရုပ်ရည်ရယ် လိင်ဆွဲဆောင်မှုပြင်းတဲ့ ဟန်ပန်အမူအရာတို့ကြောင့် ပုရိသတို့ သဲသဲလှုပ်ဖြစ်ခဲ့တာပါ။
တကယ်တော့ သူမဟာ သရုပ်ဆောင်မကောင်းရုံတင်မက ရိုက်ကူးရေးမှာပါ ဒိုင်ယာလော့ အမြဲမေ့တတ်သူ Scene တခုကို ထပ်ခါထပ်ခါ ပြန်ပြန်သရုပ်ဆောင်ရလေ့ရှိသူလဲ ဖြစ်ပါတယ်။
ဒါပေမဲ့သူမရဲ့ရုပ်ရှင်ဇာတ်ကားတွေဟာ သူ့ခေတ်သူ့အခါက ၀င်ငွေစံချိန်အမြဲချိုးရလောက်အောင် ပေါက်ခဲ့ပါတယ်။
ပထမအိမ်ထောင်နဲ့ အသက် ၁၆ နှစ်မှာ လက်ထပ်ခဲ့ပီး အသက် ၂၀ မှာကွာရှင်းခဲ့ပါတယ်။
အသက် ၂၈မှာ ဒုတိယအိမ်ထောင် ထပ်ပြုခဲ့ပီး တစ်နှစ်အကြာမှာပဲ ကွာရှင်းခဲ့ပြန်ပါတယ်။
အသက် ၃၀ မှာတစ်ခါ တတိယအိမ်ထောင်ထပ်ပြုခဲ့ပီး ၅နှစ်အကြာ ( 1961 ) မှာ ကွာရှင်းခဲ့ပြန်ပါတယ်။
အိမ်ထောင် ၃ ဆက်ကျခဲ့ဖူးတဲ့အပြင် ရုပ်ရှင်မင်းသားတွေနဲ့ရော သူ့ဆရာဝန်နဲ့ရော အဆိုတော် elvis presley နဲ့ရော သမ္မတ John .F. Kennedy နဲ့ရော သမ္မတညီ Robert Kennedy နဲ့ရော မလွတ်ကင်းခဲ့ပါဘူး။
-_-
သူမဟာ ၂ခါတိုင်တိုင် ကိုယ့်ဟာကိုယ်သေကြောင်းကြံစည်ခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ငယ်ငယ်က လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရမှုတွေ အိမ်ထောင်၃ဆက်ကျဖူးခဲ့တာတွေ ဖခင်ဘယ်သူမှန်းမသိ ဖြစ်ခဲ့ဖူးတာတွေ သရုပ်ဆောင်ဘ၀မှာ ကိုယ့်ဟာကိုယ်စိတ်တိုင်းမကျမှုတွေ အောင်မြင်မှုဒဏ်တွေ စိတ်ကျမှုတွေပေါင်းစပ်ခံစားနေခဲ့ရတဲ့ Marilyn Monroe ကို August 5, 1962 မှာ los angeles က သူ့အိပ်ခန်းထဲမှာ သေဆုံးနေတာကို တွေ့ရပါတော့တယ်။
ကိုယ့်ဟာကိုယ် စိတ်ငြိမ်ဆေး အလွန်အကျွံသောက်ပီး သတ်သေသွားခဲ့တယ်လို့ ယူဆရပီး ကွယ်လွန်ချိန်မှာ အသက် ၃၆ နှစ်သာ ရှိပါသေးတယ်။
သူ့အခန်းထဲက အိပ်ရာပေါ်မှာ ၀တ်လစ်စလစ် သေဆုံးနေတာပါ။လက်ထဲမှာလဲ ဖုန်းခွက်ကို ကိုင်ထားပါသေးတယ်။
ပြင်ပ ဒဏ်ရာဘာတစ်ခုမှ မရှိပါဘူး။
ပြသနာက ဒီကစပါတယ်။
Monroe ရဲ့ သတ်သေမှုမှာ သံသယ ဖြစ်စရာအပြည့်ပါ။
သူ့အလောင်းဘေးမှာ စိတ်ငြိမ်ဆေး ဘူးအလွတ်ကို တွေ့ရပီး အလောင်းကို ရင်ခွဲကြည့်ရာမှာလဲ သူမဟာ စိတ်ငြိမ်ဆေး အလုံး ၄၀ လောက်သောက်မိလို့ OVERDOSE ဖြစ်ပီး သေတာလို့ကောက်ချက်ချထားပါတယ်။
အလောင်းကို ရင်ခွဲကြည့်ရာမှာ သူမရဲ့သွေးထဲမှာ chloral hydrate 8mg% နဲ့ စိတ်ငြိမ်ဆေး 4.5 mg% တွေ့ရပါတယ်။ အသည်းမှာလဲ စိတ်ငြိမ်ဆေး 13mg% တွေ့ရပြန်ပါတယ်။ ဒီ၂မျိုးကြောင့် Overdose ဖြစ်ပီး သူမသေဆုံးခဲ့တာပါ။
အခန်းထဲကတွေ့ရတဲ့ စိတ်ငြိမ်ဆေး ဘူးအလွတ်ကလဲ တင်းကြပ်စွာ ပိတ်ထားပြန်ပါတယ်။
ဆေးသောက်ပီး ကိုယ့်ကိုယ်ကို သတ်သေမဲ့လူဟာ ဆေးတွေကိုသောက်ပီးရင် ဘူးအလွတ်ကို ဘယ်သူမှ တကူးတက ပြန်ပိတ်လေ့မရှိပါဘူး။
နောက်ပီးထူးခြားတာက Monroe ရဲ့အခန်းထဲမှာ ဘာရေခွက် ရေဘူးမှ မရှိနေတာပါ။ စိတ်ငြိမ်ဆေး အလုံး ၄၀ ကို ဒီအတိုင်း မြိုချလိုက်တာဖြစ်နိုင်ပါ့မလား။
စစ်ဆေးမှုတွေမှာ သူ့သူငယ်ချင်းတွေရဲ့ ထွက်ဆိုမှုအရတော့ Monroe ဟာ ဘာဆေးသောက်သောက် ရေမပါပဲ မသောက်နိုင်ပါဘူး။ဆေးတစ်လုံးမြိုကျဖို့တောင် ရေအများကြီးသောက်လေ့ရှိတဲ့ လူမျိုးပါလို့ ထွက်ဆိုကြပါတယ်။
အလောင်းကို ရင်ခွဲကြည့်ရာမှာလဲ အစာအိမ်ထဲမှာ ဘာဆေးတောင့် မှမတွေ့ရပြန်ပါဘူး။ ပုံမှန်သေကြောင်းကြံစည်မှုတွေမှာ ဆေး အလုံး ၄၀ လောက်ကို ရေနဲ့ မြိုချထားရင်တောင် ရင်ခွဲတဲ့အခါ အနည်းအကျဉ်းကျန်နေတာပါ။
ခုက ဘာရေမှမပါပဲ ဆေးအလုံး ၄၀ သောက်တာတောင် အစာအိမ်ထဲမှာ ဘာမှကို မကျန်ပါဘူး။
ဒါဆိုရင် သူမတကယ် စိတ်ငြိမ်ဆေး အလွန်အကျွံသောက်ကာ OVERDOSE ဖြစ်ပီး သတ်သေသွားတာ ဟုတ်ပါရဲ့လား။ခန္ဓာကိုယ်ထဲကို ဆေးထိုးခံလိုက်ရပီး အသတ်ခံလိုက်ရတာလား။
Monroe ရဲ့ ၀မ်းနဲ့ စအိုက အရည်တချို့ကို ဓာတ်ခွဲကြည့်ရာမှာတော့ အဲ့အရည်ထဲမှာ chloral hydrate တချို့ပျော်ဝင်နေတာကို တွေ့ရပြန်ပါတယ်။
သူမရဲ့ဆရာဝန်ကတော့ monroe အတွက် chloral hydrate ပါတဲ့ ၀မ်းချူဆေးတောင့်တွေ ပေးထားပါတယ်လို့ ထွက်ဆိုပါတယ်။
မှုခင်းဆရာဝန်တချို့ကတော့ monroe က အပ်နဲ့ ဆေးထိုးသတ်ခံထားရတာမဟုတ်ပဲ စအိုကတဆင့် ဆေးထိုးသွင်းခံလိုက်ရတာလို့ယူဆကြပါတယ်။
ဒါဟာ အစာအိမ်ထဲမှာ ဘာဆေးတောင့်မှမတွေ့ ခန္ဓာကိုယ်မှာ ဘာ အပ်ပေါက်ရာမှမတွေ့ပဲ စိတ်ငြိမ်ဆေး အလွန်အကျွံသောက်ပီး သတ်သေတယ်ဆိုတဲ့ အချက်ရဲ့ အခိုင်မာဆုံးသော ဖြေရှင်းချက်ပါ။
နောက်တစ်ချက်က အချိန်ပါ။
သူ့အိမ်က အိမ်ဖော်မလေး Eunice Murray ဟာ ညသန်းခေါင်မှာ တခုခု ထူးခြားသလို ခံစားရပီး နိုးလာပါတယ်တဲ့။
Monroe အခန်းကို ကြည့်လိုက်တော့ အခန်းတံခါးထဲကနေ မီးရောင်အချို့တွေ့နေရပီး တံခါးလဲ LOCK ချထားပါတယ်။
တံခါးခေါက်ကြည့်ပေမဲ့ တုံ့ပြန်သံမကြားရတာကြောင့် Monroe ရဲ့ စိတ်ရောဂါကုဆရာဝန် Ralph Greenson ကိုခေါ်လိုက်ပါတယ် ( အဲ့ဆရာဝန်နဲ့ Monroe နဲ့လဲ မလွတ်ကင်းပါဘူး )
Dr.Greenson က အခန်းပြူတင်းပေါက် ကို ချိုးဖျက်ဝင်ရောက်ရာမှာ ကုတင်ပေါ်က Monroe ရဲ့ ခန္ဓာကိုယ်ကို တွေ့ရပါတော့တယ်။
သူဟာ ချက်ချင်းပဲ Monroe ရဲ့မိသားစု ဆရာဝန် Dr. Hyman Engelberg ကိုဖုန်းခေါ်ပြန်ပါတယ်။ Dr.Engelberg က စစ်ဆေးပီး သေဆုံးကြောင်း အတည်ပြုပေးခဲ့ပါတယ်။အဲ့အချိန်က မနက် ၃ နာရီ ၅၀ မှာပါ။
မနက် ၄နာရီ ၂၅ မိနစ်ကျမှ ရဲစခန်းက အကြောင်းကြားတဲ့ ဖုန်း လက်ခံရရှိတာပါ။ ကိုယ့်ဟာကိုယ် သတ်သေသွားတဲ့ မင်းသမီးအလောင်းကို သိသိချင်း ရဲဌာနကို သတင်းမပို့ပဲ မိနစ် ၃၀ ကျော်လောက် သူတို့ ၃ယောက် ဘာလုပ်နေတာလဲ။
ရဲစခန်းက သတင်းရရချင်း အခင်းဖြစ်ပွားရာကို ပထမဆုံးရောက်ရှိသူက ရဲအရာရှိ Jack Clemmonsပါ။
သူဟာ အလောင်းကို မြင်မြင်ချင်း ခြေရာလက်ရာပျက်ကာ နေရာရွေ့ခံထားရတာကို သတိပြုမိပါတယ်။
မသင်္ကာစရာကောင်းတာက အိမ်ဖော် Eunice Murray ပါ။
ရဲအရာရှိ Clemmons ရောက်သွားချိန်မှာသူမက အိမ်ရဲ့တခြားအခန်းတစ်ခန်းကို ကြမ်းတိုက်နေပါတယ်။
ဘယ်အိမ်ဖော်က ကိုယ့်အိမ်ရှင် သတ်သေသွားချိန်မှာ ကြမ်းတိုက် အိမ်အလုပ် လုပ်နေတာမျိုး ကြားဖူးကြပါသလဲ။
အလောင်းကို ရင်ခွဲကြည့်ရာမှာတော့ အလောင်းက ည 9:30 pm နဲ့ 11:30 pm ကြားကတည်းက သေဆုံးပီးသားဆိုတာ တွေ့ရပြန်ပါတယ်။
အဲ့လို တွေ့ရတာနဲ့တပြိုင်နက် အိမ်ဖော် Eunice Murray ရဲ့ထွက်ဆိုချက်က ပြောင်းသွားပြန်ပါတယ်။ သူမဟာ ညသန်းခေါင်မှာ အိပ်ရာဝင်ခဲ့ပီး မနက် ၃နာရီထိုးမှ Monroe အခန်းကို သွားခေါက်တာပါလို့ ပြောင်းလဲထွက်ဆိုခဲ့ပြန်ပါတယ်။
ထပ်ထူးခြားတာက Monroe ရဲ့ Agent Arthur Jacobs နဲ့ သူ့ဇနီးလောင်း Natalie Trundy တို့ ဂီတဖျော်ဖြေပွဲကြည့်နေတုံး monroe ရဲ့ရှေ့နေ Mickey Rudin က သူတို့ဆီ monroe သေပီ ဖြစ်ကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။ အဲ့အချိန်က ည ၁၁ ခွဲပဲရှိပါသေးတယ်။ Dr.Engelberg က စစ်ဆေးပီး သေဆုံးကြောင်း အတည်ပြုပေးခဲ့တဲ့ အချိန်က မနက် ၃ နာရီ ၅၀ မှာပါ။
အလောင်းကို စတွေ့ခဲ့တဲ့ ဆရာဝန် ၂ယောက်နဲ့ အိမ်ဖော် ပြောတဲ့ အချိန်ထက် ၄ နာရီလောက်စောပီး monroe သေဆုံးကြောင်း ဘာလို့ သူ့ရှေ့နေက ကြိုသိနေရတာလဲ။
official news တွေအရ Robert Kennedy ဟာ monroe သေဆုံးချိန်မှာ san Francisco မြို့မှာရှိနေတယ်လို့ အလီဘိုင် ပြထားပါတယ်။
ဒါပေမဲ့ monroe မသေမှီနေ့ နေ့လည်ခင်းမှာ Robert Kennedy ကို သူ့ကိုယ်ပိုင် ရဟတ်ယာဉ်နဲ့ los angeles မြို့ 20th Century Fox studio 14 ထပ်က ရဟတ်ယာဉ်ကွင်းမှာတွေ့ခဲ့တယ်လို့ မျက်မြင်သက်သေအချို့က ဆိုပါတယ်။
သူဟာ သူ့ဝမ်းကွဲညီ Peter Lawford ရဲ့ကားနဲ့ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
Monroe အိမ်နားက Beverly Hills မီးပွိုင့်မှာ အဲ့ကား မီးပွိုင့်မိနေတုံး ရဲသား Lynn Franklin က သူတို့ ၂ယောက်ကို ကားထဲမှာအသေအချာမြင်တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။
ကားထဲမှာ သူတို့နဲ့အတူ လူတစ်ယောက်ကိုပါ မြင်တွေ့ခဲ့ပါသေးတယ်တဲ့။ နောက်ပိုင်း ရဲသားကို ပြန်စစ်ကြည့်တဲ့အခါ အဲ့ပါလာတဲ့ လူက အလောင်းကို ပထမဆုံးမြင်တွေ့သူဖြစ်ခဲ့တဲ့ Monroe ရဲ့ စိတ်ရောဂါကုဆရာဝန် Ralph Greenson ပါ။
ဘာလို့ တိုက်တိုက်ဆိုင်ဆိုင် သူတို့ ၃ယောက်က monroe မသေဆုံးမှီ ညနေပိုင်းမှာ ကားတစ်စီးပေါ်အတူရှိနေခဲ့ရတာလဲ။
1985 ခုနှစ်ရောက်မှ အိမ်ဖော် Eunice Murray ရဲ့မြေး Norman Jefferies က Monroe သတ်မသေမှီညက သူ့အိမ်ကို
Robert Kennedy နဲ့ သူ့ဝမ်းကွဲအကို Peter Lawford တို့ လာရောက်ခဲ့သေးတာကို သူ့အဖွား မြင်ခဲ့ရပါတယ်လို့ ထွက်ဆိုချက်ပေးခဲ့ပါတယ်။
ကောလာဟာလတွေ အရ Monroe ဟာ Robert Kennedy နဲ့ သမ္မတ John F kennedy တို့နဲ့ဖောက်ပြန်ခဲ့တဲ့အကြောင်း အသေးစိတ်ကို သတင်းစာရှင်းလင်းပွဲလုပ်ပီး ဖွင့်ချဖို့ ကြံစည်ခဲ့လို့ လုပ်ကြံခံလိုက်ရတာလို့ ဆိုပါတယ်။
Monroe ဟာမသေမှီ red diary ဆိုတဲ့ ဒိုင်ယာရီတစ်အုပ်ရေးခဲ့ပါတယ်။ အဲ့ဒီစာအုပ်ထဲမှာ ကနေဒီညီအကိုနဲ့ သူမရဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုတွေ ၊ သမ္မတ J.F.K က သူမကို ကျူးဘားအာဏာရှင် castro ကို လုပ်ကြံဖို့ စေခိုင်းခဲ့တာတွေ ၊ သမ္မတ J.F.K နဲ့ မာဖီးယားတွေရဲ့ ပတ်သက်မှုတွေ အကုန်ပါဝင်ပါတယ်။
ဒါပေမဲ့ Red diary ဟာလဲ သူမသေဆုံးတဲ့ညမှာပဲ အစရှာမရအောင် ပျောက်ဆုံးသွားပါတော့တယ်။
1985 ခုနှစ်မှာ အိမ်ဖော် Eunice Murray ရဲ့မြေး Norman Jefferies ရဲ့ ထွက်ဆိုချက်အရ သူ့အဖွားဟာ monroe သေဆုံးတာကို မြင်ရချိန် သူ့အခန်းထဲက အံဆွဲတစ်ခုက အမွှေနှောက်ခံထားရပါတယ်တဲ့။
ပျောက်ဆုံးသွားတဲ့ red diary ကို
Robert Kennedy က ရှာဖွေတွေ့ရှိသွားခဲ့တာလား။
အိမ်ဖော် Eunice Murray ကရော သူ့ဘ၀ တလျောက်လုံး robbert kennedy အကြောင်းကို ဘာလို့ တခွန်းမှ ထွက်ဆိုချက်မပေးပဲ ထိန်ချန်ခဲ့တာလဲ။
1982 မှာ သူမအမှုကို suicide case ကနေ murdered case အဖြစ် အမှုပြန်ဖွင့်စစ်ဆေးခဲ့ပေမဲ့ ဘာမှမသင်္ကာစရာ မတွေ့ရပါဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ အမှုပြန်ပိတ်ခဲ့ပြန်ပါတယ်။
Marilyn Monroe ဟာ သတ်သေတာမဟုတ်ပဲ အသတ်ခံခဲရတာလို့ လူတော်တော်များများက ယူဆကြဆဲပါ။
ဒါပေမဲ့ ဘာလို့ ခုထိ သူမရဲ့သေဆုံးမှုကို ရှင်းရှင်းလင်းလင်းမသိရသေးတာလဲ။
အဖြေကတော့ အဲ့အချိန် သူမကို သတ်ခဲ့တယ်လို့ ယူဆရတဲ့ အသိုင်းအ၀ိုင်း တစ်ခုလုံးက အမေရိကန်အစိုးရ ကိုယ်တိုင် ဖြစ်ကောင်း ဖြစ်နိုင်လို့ပါ။
Robert Kennedy ကနေ သူ့အကို အဲ့အချိန်က သမ္မတ J.F.K အထိ ဒီကိစ္စမှာ နောက်ကွယ်က လက်မည်းကြီးအဖြစ် ပါဝင်ကောင်းပါဝင်ခဲ့လို့ပါ။
C.I.A တို့ F.B.I တို့ကပါ ဒီလုပ်ကြံမှုမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တာဖြစ်လို့ ခုထိ အဖြစ်မှန်ကို ဖုံးကွယ်ခံထားရတာလို့ ယူဆကြပါတယ်။
အမေရိကန်အစိုးရအဆက်ဆက် လျို့ဝှက် classified X-files တွေရှိပါတယ်။အဲ့ဒီ files တွေကို နှစ်ပေါင်းများစွာကြာမှ အစိုးရက ပြည်သူတွေကို အသိပေးသင့်တယ် ထင်တဲ့အချိန်မှာ မှ ဖွင့်ချ ၀န်ခံလေ့ရှိတာပါ။
တရားကို နတ်စောင့်ပါတယ်။
အလှ နတ်ဘုရားမ Marilyn Monroe ရဲ့ သေဆုံးမှုအဖြစ်မှန်ကလဲ တစ်နေ့နေ့မှာတော့ ပေါ်ကို ပေါ်လာပါလိမ့်မယ်။
<<<Legend>>>
#MMDB_Knowledges #Death_of_Marilyn #KXYT

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။