စလုံးရောက် ပီအာ မြန်မာဖခင်တစ်ဦးရဲ့ ခံစားမှုကို ပြန်လည်မျှဝေပါသည်။ မိဘတိုင်း ခံစားချက်ခြင်းထပ်တူကျလိမ့် မယ်ထင်ပါတယ်။
ရှေ့တစ်ပတ်မှာ သား Eric ကျောင်းကြီးစတက်ရပါမယ် ...
Singapore ရောက် နိုင်ငံခြားသားအများစုနည်းတူ ကျွန်တော့်သားလည်း အစိုးရကျောင်းမှာ ကျောင်းတက်ခွင့်မရပါဘူး ...
ဒါဟာ မိဘတိုင်းအတွက် တကယ့် စိန်ခေါ်မှုပါပဲ ...
စဉ်းစားကြည့်ပေါ့ဗျာ ... ဒီနိုင်ငံမှာနေ ... ဒီနိုင်ငံမှာအများနည်းတူရတဲ့ လစာနဲ့ ... ဒီနိုင်ငံအတွက်အလုပ်လုပ်ပေး ... သတ်မှတ်ထားတဲ့အခွန်တွေပေးဆောင်
... ကလေးတွေကိုလည်း Nursery ကစလို့ KG တိုင်အောင် ၄နှစ်လုံးလုံး ...
သူတို့နိုင်ငံသားတွေထက် အဆမတန်များတဲ့ နှုန်းထားနဲ့ပေးပြီးကျောင်းထားခဲ့ပြီးကာမှ ... နိုင်ငံခြားသားဖြစ်နေလို့ အစိုးရကျောင်းကြီးပေးမတက်နိုင်ဘူးလို့ ငြင်းခံလိုက်ရတဲ့အချိန်မှာေ တာ့ ... မိဘတွေဟာ အစီအစဉ်သစ်တွေနဲ့ ပျာယာခတ်ရပြီပေါ့ဗျာ ...
သူ့နိုင်ငံ သူ့အစီအစဉ် ... ကိုယ်တွေဘာသွားပြောလို့ရမလဲ
... ဒီကိုလာပြီး အခြေချမိခဲ့ပြီကိုး ... ကျွန်တော့်ရဲ့ အနေအထားအရ
မြန်မာပြည်ပြန်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တဲ့အခြေအနေမို့
ဒီမှာပဲဖြစ်တဲ့နည်းနဲ့ထားဖို့ ဆုံးဖြတ်ရပါတော့တယ်ဗျာ ...
ဒါနဲ့ပဲ ... သားကိုကျောင်းထားဖို့ တစ်ခါမှစိတ်ကူးမယဉ်ဘူးတဲ့ကျောင်းကိုပဲ ရွေးရတော့တယ်ဗျာ ...
တတ်နိုင်လို့ ချမ်းသာလို့တော့မဟုတ် ... မရှိ ရှိတာလေးနဲ့ ခြစ်ချုပ်ပြီး ဒီကျောင်းကိုထားရမှာပါ ... သားကြီးကတော့ဘားမှမသိရှာ ... ကျောင်းကြီးတက်ရဖို့ ပျော်နေရှာလေရဲ့ ...
ကိုယ်တွေကသာ ကိုယ့်ဝမ်းနာ ကိုယ်သာသိမို့ ... သားကြီးကို အစဉ်မပြတ် ထောက်ပံပေးနိုင်ပါစေလို့ပဲ ဆုတောင်းရင်း ...
International School မှာ ချိတ်ထားတဲ့ နိုင်ငံပေါင်းစုံက အလံတွေထဲက ကိုယ့်မြန်မာနိုင်ငံအလံကို စေ့စေ့ကြည့်ပြီး ကမ္ဘာမကြေသီချင်းကို အံကြိတ်ပြီးတော့ ဆိုနေမိပါတော့တယ်ဗျာ ...
စလုံး Page
(စင်ကာပူနှင့်ပတ်သက်သော ဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
www.facebook.com/ SaloneCollection
ရှေ့တစ်ပတ်မှာ သား Eric ကျောင်းကြီးစတက်ရပါမယ် ...
Singapore ရောက် နိုင်ငံခြားသားအများစုနည်းတ
ဒါဟာ မိဘတိုင်းအတွက် တကယ့် စိန်ခေါ်မှုပါပဲ ...
စဉ်းစားကြည့်ပေါ့ဗျာ ... ဒီနိုင်ငံမှာနေ ... ဒီနိုင်ငံမှာအများနည်းတူရတဲ
သူ့နိုင်ငံ သူ့အစီအစဉ် ... ကိုယ်တွေဘာသွားပြောလို့ရမလဲ
ဒါနဲ့ပဲ ... သားကိုကျောင်းထားဖို့ တစ်ခါမှစိတ်ကူးမယဉ်ဘူးတဲ့ကေ
တတ်နိုင်လို့ ချမ်းသာလို့တော့မဟုတ် ... မရှိ ရှိတာလေးနဲ့ ခြစ်ချုပ်ပြီး ဒီကျောင်းကိုထားရမှာပါ ... သားကြီးကတော့ဘားမှမသိရှာ ... ကျောင်းကြီးတက်ရဖို့ ပျော်နေရှာလေရဲ့ ...
ကိုယ်တွေကသာ ကိုယ့်ဝမ်းနာ ကိုယ်သာသိမို့ ... သားကြီးကို အစဉ်မပြတ် ထောက်ပံပေးနိုင်ပါစေလို့ပဲ ဆုတောင်းရင်း ...
International School မှာ ချိတ်ထားတဲ့ နိုင်ငံပေါင်းစုံက အလံတွေထဲက ကိုယ့်မြန်မာနိုင်ငံအလံကို စေ့စေ့ကြည့်ပြီး ကမ္ဘာမကြေသီချင်းကို အံကြိတ်ပြီးတော့ ဆိုနေမိပါတော့တယ်ဗျာ ...
စလုံး Page
(စင်ကာပူနှင့်ပတ်သက်သော ဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
www.facebook.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။