Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 2, 2017

အာနိုး၏အကြံပြုချက်များ


Muscleprofessor added 4 new photos.

အာနိုး၏အကြံပြုချက်များ
မောင်အိုလံပီယာ(၇)ထပ်ကွမ်းအာနိုးကိုတော့ လူတိုင်းသိပြီးသားမို့အထူးတလည် ပြောစရာလိုမယ်မထင်ပါဘူး။ ဒါပေ့မယ့် သူ ကာယဗလချန်ပီယံ တစ်ယောက်ဖြစ်လာအောင် ကြိုးစားအားထုတ်ခဲ့တာတွေကတော့ လေးစားအားကျဖွယ်ကောင်းပါတယ်။နာမည်ကျော် မောင်တစ်ယောက်မဖြစ်လာခင် ပတိဝန်းကျင်ရဲ့ ကဲ့ရဲ့ အပြစ်မြင်မှု မိသားစုရဲ့ စိတ်ပျက်ဖွယ် ပြောဆိုမှုတွေကြားက အောင်မြင်မှုရရှိအောင်ကြိုးပမ်းခဲ့ပုံတွေက အတုယူ ဖွယ်ပါ။
၁၉၇၅ ခုနှစ် မောင်အိုလံပီယာ ၆ ဆုမြောက်ရယူခဲ့ချိန်ထိ သူ့ဘ၀ရဲ့ အချိန်တော်တော်များများကို ကာယ ဗလက လွမ်းမိုးခဲ့ပါတယ်။တစ်နေ့ ၄နာရီခန့် ကာယဗလမှာ အောင်မြင်မှုရရှိဖို့ ဂျင်မ် ခန်း ထဲမှာ ချွေးတွေနဲ့ပေးဆပ်ခဲ့တယ်။အစားအသောက်၊အနေအထိုင်၊ပြင်းပြင်းထန်ထန်လေ့ကျင့်မှုတွေကနေ ဆုကြေးစား ကာယဗလပြိုင်ပွဲတွေမှာ တစ်ဆင့်ချင်းအောင်မြင်မှုတွေဆက်တိုက်ရရှိအောင် ကြိုးစားခဲ့သူ နောက်ဆုံး အမေရိကန် သမ္မတ၏ တူမ နှင့်လက်ထပ်ပြီး ကမ္ဘာကျော်ရုပ်ရှင်မင်းသားဘ၀ အမေရိကန်နိုင်ငံ၏ နိုင်ငံရေး သမားဘ၀ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှုး အစရှိတဲ့ အောင်မြင်မှု များစွာရယူနိုင်ခဲ့တဲ့ ယနေ့ထိ ပေါ်ထွက်လာတဲ့ မောင်အိုလံပီယာတွေကြားမှာ အောင်မြင်ကျော်ကြားမှုအများဆုံး ကာယဗလမောင်ဟောင်း ကြီးတစ်ဦးရဲ့ခံယူချက် ပြောစကားတစ်ချို့ကို မှတ်သားနာယူနိုင်ရန်ရေးသားပေးပါရစေ။
ကိုယ်လက်ကြံခိုင်မှုကိုမဖြစ်မနေလုပ်ပါ။
ဒီစကားကိုသာမန်လူတစ်ယောက်ပြောရင်သင်ရယ်မှာပါ။ကျွန်တော်သာ မောင်အိုလံပီယာဆုတွေမရခဲ့ရင် သင် ကျွန်တော်ပြောစကားကိုပျက်ရယ်ပြုမှာကျိမ်းသေပါ။ကိုယ်ကာယကြံ့ခိုင်အောင်လေ့ကျင့်ခြင်းသည် ကျန်းမာရေး နဲ့စိတ်ဓာတ်ကြံ့ခိုင်မှုအပြင်အသက်ရှင်ရပ်တည်ရေးအတွက် အကျိုးကျေးဇူးတွေပြုတာကို အသက်အာမခံကုမ္ပဏီ ကြီးတွေက စာရင်းဇယားတွေနဲ့တိတိကျကျတင်ပြခဲပါပြီ။စီးပွားရေးလုပ်ငန်းတွေမှာ ငွေကြေးများစွာသုံးပြီး ရင်းနှီး မြုပ်နှံသလို လုပ်ငန်းရှင်တွေအနေနဲ့လည်း ၀န်ထမ်းရဲ့ အရည်အသွေးတိုးတက်ေ၇းအတွက် လေ့ကျင့်ပြုစုပျိုး ထောင်ပေးသင့်ပါတယ်။အလုပ်သမားတစ်ယောက်ကျန်းမာရေးမကောင်းလို့လဲသွားရင် စက်ရုံ သို့မဟုတ် ကုမ္ပဏီရဲ့ အလုပ်မှာထိခိုက်နိုင်ပါတယ်။ကျန်းမာရေးပြီး ကြံ့ခိုင်မှုရှိတဲ့ ၀န်ထမ်းတွေကိုပိုင်ဆိုင်ထားတဲ့ အလုပ်ရှင်ဟာ အများထက် တပန်းသာပါတယ်။ကိုယ်ကာယကြံ့ခိုင်မှုဆိုသည်မှာ ကြိုတင်ကာကွယ်ထိန်းသိမ်းမှု တစ်မျိုးဖြစ်သည်။(Physical Fitness is a form of preventive maintenance)
ရေပေါ်ဆီမဖြစ်ပါစေနဲ့
သင်တွေ့ဖူးနေကျဖြစ်မှာပါ၊လူသစ်ကာယဗလသမား အများစုက အစပိုင်းမှာ စိတ်အားထက်သန်စွာနဲ့ ကစားကြတယ်။ဆန္ဒတွေအရမ်းပြင်းပြတတ်တယ်။ဒီလိုဖြစ်တတ်တဲ့ကာလကို ပညာရှင်တွေက ပျားရည်ဆမ်းကာလလို့ခေါ်ဆိုကြတယ်။ဒါပေ့မယ် အစမှာစိတ်အားထက်သန်မှုက ကြာရှည်မခံပါဘူး။ ကာယဗလကို လွယ်လွယ်မတွေးပါနဲ့။ကျွန်တော်တွေ့ဖူးတာတွေကို သင်လည်း ဂျင်မ် မှာ ယနေ့တွေ့နေရမှာပါ။ လူသစ်တွေက ရုံထဲဝင်လာတာနဲ့ ရှိသမျှ မြင်သမျှ အကုန်မချင်ကြတယ်။သူတို့ကြည့်ရတာ ဆုကြေးစားသမားတွေလို တက်ကြွနေတယ်။အလွန်ဆုံး နှစ်လ သုံးလနဲ့ နေ ထိတဲ့ နှင်းလို့ ကွယ်ပျောက်ကုန် ကြတယ်။ Gnitial Enthusisan လို့ခေါ်တဲ့ အစပိုင်းစိတ်အားထန်သန်မှုပေါ့။ပုံမှန်ထက်ပိုတော့ ကြွက်သားတွေနာမယ် တိုးတက်မှုနှေးလာပြီး အလေးကို စိတ်နာ ကာယဗလကို အပြစ်မြင်ပြီး လာလမ်းကို ပြန်ကြတာပေါ့။ မိတ်ဆွေသင်လည်း ရေပေါ်ဆီထဲပါနေရင် ပြုပြင်လိုက်ပါ။
ပန်းတိုင်ကိုသတ်မှတ်ပါ
ကျွန်တော်ပြောတာကိုသင်နားလည်မှာပါ။ပန်းတိုင်မရှိတဲ့အလုပ်ကို သင်မလုပ်ပါနဲ့။ကာယဗလကစားတော့ မယ်ဆိုရင် သင်ဘယ်လောက်အဆင့်ထိ တိုးတက်ချင်တာလဲ လက်ရှိပေါင်ချိန်ထက်များပြီး ကြွက်သားကျစ်လစ် လှပချင်တာလား ပြိုင်ပွဲဝင်အဆင့်လား ဘော်ဒီဝိတ် ဘယ်လောက်ထိတင်မှာလဲ ဒါတွေကို သင် သတ်မှတ်ပါ။ ပြိုင်ပွဲဝင်မယ်လို စိတ်ကူးထားရင် သင်ကိုသင် စိန်ခေါ်လိုက်ပါ။ ဒီနေ့ အာနိုး က အရင်နေ့ အာနိုးထက် ပိုကောင်းနေရမယ် ဆိုတဲ့ ကျွန်တော့်လို စိတ်ဓာတ်မျိုးထားလိုက်ပါ။ဘယ်အရာမဆို ဦးတည်ချက်ရှိရပါမယ်။
ကိုယ့်သာလျင်ကိုယ့်ပြိုင်ဘက်ပါ
ပန်းတိုင်သတ်မှတ်ပြီြး့ပီဆိုရင်စတင်အကောင်အထည်ဖော်ပါ။အလောတကြီးသွားစရာမလိုပါဘူး။ရောမမြို့ကြီးကိုတစ်နေ့တည်းနဲ့အပြီးမတည်ဆောက်နိုင်ပါဘူး။ယုန်နဲ့လိပ်ပုံပြင်လိုပေါ့ဗျာ။ဖြည်းဖြည်းမှန်မှန်နဲ့လည်းပြိုင်ပွဲကို ရောက်အောင်သွားရင်နိုင်မှာပါ။အဓိကလိုအပ်တာက ရပ်မနေဖို့ပါ။(Just story of the tortoise and the hare slow and steady wins the fitness race too)ကိုယ့်ကိုယ်ကိုပဲလေ့ကျင့်နေတယ်ဆိုတာ သင်မမေ့ပါနဲ့။ပြိုင်ပွဲ စင်မြင်ပေါ်မရောက်ခင်အချိန်ထိ သင်ပြိုင်ဘက်က သင်ကိုယ်တိုင်ပါ ဒီနေ့ထက် မနက်ဖြန်ပိုကောင်းအောင် ကြိုးစားပါ။သူတစ်ပါးကျေနပ်အောင်ကစားပေးရတာ ကာယဗလအားကစား မဟုတ်ပါဘူး။ကိုယ့်ဘာသာလက် တွေ့ကျကျလေ့ကျင့်ရေးအစီအစဉ်ဆွဲ ပန်းတိုင်ကိုသတ်မှတ် ကြိုးစားပန်းစားအားထုတ် အောင်မြင်မှုကိုရမှာပါ။
ဆေးစစ်ဖို့ကိုမမေ့ပါနဲ့
လေ့ကျင့်မှုကိုစပြီဆိုကတည်းက သင့်ရဲ့ နှလုံးအခြေအနေကောင်းမွန်ဖို့ကိုထည့်တွက်ရပါမယ်။ဆရာဝန်တစ် ယောက်ကိုချဉ်းကပ်လိုက်ပါ။လေ့ကျင့်မှုမှာခွန်အားစိုက်ထုတ်ရလေ သင့်နှလုံးကအလုပ်ပိုလေဆိုတာကို မမေ့ပါနဲ့။ဒါကြောင့် ဆရာဝန်ဆီမှာ နှလုံးကျန်းမာရေးအပြင်အခြားလိုအပ်တဲ့ စစ်ဆေးမှုကိုပြုလုပ်ခြင်းက သင့်အတွက် အလုပ်ပိုလို့မထင်ပါနဲ့။သင့်ဘ၀ အထူးသဖြင့် သင့်အသက်အန္တရာယ်အတွက်အရေးကြီး လို့ပြောတာပါ။
ကိုယ်တိုင်လည်းလေ့လာပါ
တိုးတက်မှုအတွက်စကားလုံးတွေနဲ့ပဲ ကိုင်ပေါက်မနေပါနဲ့။ လက်တွေ့အောင်မြင်ဖို့အတွက် မိမိမှာ လုံလောက်တဲ့ အသိပညာဗဟုသုတကို လေ့လာထားသင့်ပါတယ်။ ကာယဗလလေ့ကျင့်သူတစ်ယောက်အတွက် လိုအပ်တဲ့ ကာယဗလအခေါ်အဝေါ်တွေ နည်းစနစ်တွေကို အလွယ်တကူနားလည်အောင် လေ့လာထားပါ။ဒါတွေကို နားလည်ထားရင် နည်းပြနဲ့ ကိုယ့်ကြားမှာ ဆက်သွယ်မှုလွယ်ကူစေနိုင်သလို ခပ်ချာချာနည်းပြတွေရဲ့ အလွယ်တကူပြောစကားတွေကနေ ရှောင်နိုင်မှာပေါ့။ဥပမာ--Repetition – Set – Super Set –Circuit- Barbells – Dumbells –Squat-အစရှိတဲ့အခေါ်အဝေါ်တွေပေါ့။ ဒါတွေကိုသိထားရင် သင့်အတွက် အထောက်အကူပြူပါတယ်။
အပျင်းရောဂါကျော်လွားပါ
ဘယ်လောက်ပဲဝေးလံပါစေခြေတစ်လှမ်းနဲ့စရတာပါ။အလေးနဲ့လေ့ကျင့်ခြင်းပြုလုပ်ရာမှာလည်း ဒီသဘောတရားပါပဲ။စပြီးကစားဖြစ်စေမယ့်နည်းကတော့ စဖြစ်အောင် စကစားပါ။ကစားပြီ ဆိုတာနဲ့ သင့်ဘ၀မှာ အပြောင်းလဲကြီးပြောင်းလဲလာမှာပါ။လွယ်တော့မလွယ်ပါဘူး။ခက်ခဲမယ် ပင်ပန်းမယ်။သက်တောင့်သက်သာနဲ့ နေလာတဲ့ လူတစ်ယောက်ကို အလေးနဲ့စပြီး ကစားခိုင်းပြီဆိုကတည်းက စဉ်းစားကြည့်ပေါ့ဗျာ။ဒါ့အပြင် ကိုယ် ဘာရည်ရွယ်ချက်နဲ့ ကြိုးစားပြောင်းလဲမှုလုပ်နေတာလဲဆိုတာ ကိုယ့်မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေမပြောနဲ့ ကိုယ့်မိသားစုရဲ့ အားပေးမှုတောင်ရဖို့ခက်ခဲပါတယ်။( ကျွန်တော် အောင်အောင်(လှိုင်)လည်း မိသားစုနဲ့အတိုက်အခံလုပ်ပြီးကစားနေတာပါ)။ကိုယ့်အချိန်ကိုလာပြီး အသုံးချမယ့်လူတွေလည်းအများကြီး ပါ။ ကိုယ်ကနည်းနည်း တစ်ကိုယ်ကောင်းဆန်ရလိမ့်မယ် မနက်မိုးလင်းနဲ့မိုးချုပ်ကြားမှာ လေ့ကျင့်ချိန် ၄၅မိနစ်လောက်ကို မဖြစ်မနေ ဖယ်ထားပေးပါ။အချိန်ကျရင်မပျင်းပါနဲ့ မိမိကိုယ်ကိုစိန်ခေါ်လိုက်ပါ။ မင်း ဒီနေ့ ပျင်းနေရင် မင်းရဲ့ အောင်မြင်မှုမှာ တစ်ရက် နှောင့်နှေးမယ် ဆိုတဲ့အတွေးမျိုးတွေးလိုက်ပါ။
တင်ဆက်သူ
အောင်အောင် ...လှိုင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။