Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 15, 2017

#အကောင်းမြင်စိတ်မွေးပါ

#အကောင်းမြင်စိတ်မွေးပါ
၂၀၁၄ ခုနှစ် ဘရာဇီးနိုင်ငံ ရီယိုဒေဂျနေးရိုးမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တစ်ခုမှာပါ။ ပြိုင်ပွဲနေ့မတိုင်မီ တစ်ရက်အလိုမှာ မက္ကစီကိုနိုင်ငံအသင်းရဲ့ မန်နေဂျာက လေ့ကျင့်ခန်းဆင်းနေတဲ့ သူ့ဘောလုံးသမားတွေကို ဘောလုံးကွင်းစပ်မှာ စုခိုင်းလိုက်ပြီး အခုလို ပြောလိုက်တယ်။

“ငါတို့အသင်းဟာ မနက်ဖြန်မှာ ကန်ရမယ့် ဘရာဇီးအသင်းကို နိုင်မှာပါ။ ဘာလို့လဲဆိုတော့ ငါတို့အသင်းဟာ လေ့ကျင့်မှုတွေကို အကြိမ်ကြိမ် လုပ်ထားပြီးပြီ။ ဘယ်လိုကစားကွက်နဲ့ ကစားရမယ်ဆိုတာလည်း ငါတို့ အကြိမ်ကြိမ် ဇာတ်တိုက် ပြင်ဆင်ထားလို့ ကျင့်သားရနေပြီ။ မင်းတို့ အားလုံး မခိုမကပ်ဘဲ အစွမ်းကုန် ညှစ်ထုတ်ကစားကြမယ်ဆိုရင် နိုင်ကိုနိုင်မယ်ကွာ။ ဘရာဇီးသင်းဟာ ပွဲတိုင်းနိုင်တဲ့ အသင်း မဟုတ်ပါဘူး။ ဒီတော့ မနက်ဖြန် မင်းတို့ အကောင်းဆုံး ကြိုးစားကစားရင်း မက္ကစီကိုနိုင်ငံအတွက် ဂုဏ်ဆောင်သူတွေ ဖြစ်လိုက်ကြစမ်းပါ”
နောက်နေ့ ကစားတဲ့ အိမ်ရှင်ဘရာဇီးသင်းနဲ့ သူ့ထက် ဖီဖါဘောလုံးအဆင့်မှာအများကြီးနိမ့်ကျတဲ့ မက္ကစီကိုအသင်းတို့ရဲ့ အဖြေဟာ ဘာဖြစ်ခဲ့သွားခဲ့တယ် ထင်ပါသလဲ။ ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။ ဘောလုံးပွဲကြည့်သူတွေ အများစုက ဘရာဇီးဟာ မက္ကစီကိုအသင်းကို အနည်းဆုံး ၃ ဂိုးပြတ်နိုင်မယ် ထင်ထားခဲ့ကြတယ်။ ဒါပေမဲ့ မက္ကစီကိုအသင်းဟာ ဘာဖြစ်လို့ အင်အားကြီးတဲ့ ဘရာဇီးကို သူ့အိမ်ကွင်းမှာ မရှုံးရတာလဲ။ သူတို့ရဲ့အကောင်းမြင်စိတ်ကြောင့်ပါ။
တကယ်လို့သာ မက္ကစီကိုသင်း မန်နေဂျာက သူ့ဘောလုံးသမားတွေကို စောစောက စကားတွေအစား အခုလို ပြောခဲ့မယ်ဆိုရင် အဲဒီပွဲအခြေအနေ ဘာဖြစ်သွားမယ် ထင်သလဲ။
“မင်းတို့ သိကြတဲ့အတိုင်းပဲ ဘရာဇီးသင်းဟာ ကမ္ဘာ့ဘောလုံးအဆင့်ထိပ်ဆုံး ၃ သင်းထဲမှာ ရှိတယ်။ ငါတို့အသင်းက သူ့အောက်မှာ အဆင့်တော်တော် နိမ့်နိမ့်မှာ ရှိနေတယ်။ မနက်ဖြန်မှာ ကစားရမယ့်ကွင်းကလည်း သူတို့အိမ်ကွင်း။ လာကြည့်မယ့် သိန်းချီနီးပါးပရိသတ်ထဲက အားလုံးနီးပါးကလည်း သူတို့ဘရာဇီးသင်းကို အားပေးကြမှာ။ ငါတို့ ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် မနက်ဖြန်ပွဲမှာ ခံစစ်ကစားကြကွာ။ အရေးကြီးတာက ဂိုးမျာများ မပေးရဖို့ပဲ”
အဖြေကို သေချာ မပြောနိုင်ပေမယ့် သေချာတာတစ်ခုကတော့ ဘောလုံးသမားတွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုနည်းသွားပြီး ပွဲမှာ ရေကုန်ရေခမ်း ကစားကြတော့မှာ မဟုတ်သလို ရလာဒ်လည်း ကောင်းမှာ မဟုတ်ပါဘူး။ ဘာကြောင့် အဲဒီလို ဖြစ်သွားရမှာလဲ။ မန်နေဂျာက သူတို့ကို မကောင်းမြင်စိတ်ဖြစ်အောင် လှုံဆော်လိုက်နိုင်တာကိုး။ ဒါပေမဲ့ မက်စီကိုမန်နေဂျာက အဲဒီလို မလုပ်ခဲ့ပါဘူး။
အကောင်းမြင်စိတ်ရှိသူဟာ အရာရာကို အကောင်းမြင်တတ်တယ်။ အခက်အခဲ ဒုက္ခနဲ့ တွေ့ရင်လည်း စိတ်တည်ငြိမ်အေးချမ်းလို့ ကျော်လွှားနိုင်တယ်။ အကောင်းမြင်စိတ်မရှိသူဟာ အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါ -
“ငါ လုပ်နေတာ ကျရှုံးတော့မှာပဲ”
“ငါ ဖြစ်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”
“ငါ တစ်သက်လုံး ကြီးပွားချမ်းသာမယ့်ကောင် မဟုတ်ဘူး”
ဆိုတဲ့ စိတ်ပျက်အားငယ်တဲ့ အတွေးတွေ ခေါင်းထဲ ပေါ်လာလိမ့်မယ်။ အဲဒီ ပေါ်လာတဲ့ အတွေးတွေဟာ အားကြီးလာရင် သင်လုပ်နေတဲ့ သင်ကြိုးစားနေတဲ့ အရာတွေကို လက်လျှော့ရပ်ဆိုင်းစေလိမ့်မယ်။ လူအတော်များများဟာ အဲဒီမကောင်းမြင်စိတ်ကြောင့် သူတို့ဘဝမှာ လိုချင်တာ ဖြစ်ချင်တာတွေကို ရအောင်မလုပ်နိုင်ခဲ့ဘူးဆိုတဲ့ အချက်ကို မသိရှာကြတာ အလွန်ဝမ်းနည်းစရာ ကောင်းလှပါတယ်။ ဒါကြောင့်မို့လည်း သူတို့ဟာ သူများတွေကျတော့ အောင်မြင်ပြီး ငါတို့ကျတော့ မအောင်မြင်ပါလားလို့ ငြီးတွားရင်း ကံကိုပဲ အပြစ်ပုံချကြတယ်။ အမှန်က သူတို့ရဲ့ မကောင်းမြင်စိတ်ဓါတ်ကြောင့် မအောင်မြင်တာကို မသိရှာကြဘူး။
ဒါကြောင့် မိမိလုပ်နေတဲ့ အလုပ်ကို အောင်မြင်ရမယ်ဆိုတဲ့ အကောင်းမြင်စိတ် အမြဲရှိနေအောင် လေ့ကျင့်ပေးပါ။ ဒါဟာ အောင်မြင်ကြီးပွားသူတွေတွေ လုပ်လေ့ရှိတဲ့ အလေ့အကျင့်တစ်ခုပါ။
ဗန်းမော်သိန်းဖေ
၁၅-၀၁-၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။