ကျမကို ဖေဖေက
၂ နှစ်သမီးမှာ ကျည် ၁၃ တောင့်နဲ့
နူက်ဆက်သွားတယ်။
မေမေက လူမှန်ဖြစ်အောင်
လမ်းမှန်မှာ ချပေးခဲ့တယ်။
ကျမ အိမ်ရှင်မကောင်း မဖြစ်ပေမယ့်
ရှင်တို့က အိမ်ထောင်စုမိခင်လို့ ဆိုကြတယ်။
ကျမ ဖေဖေကို မီဖို့ ကြိုးစားရင်း
ရှင်တို့ တင်တဲ့ စံထဲ ဝင်နေတာပါ။
ကျမ ပြောခဲ့သားပဲ။
တင်းမာတာနဲ့ ခိုင်မာတာ မတူဘူးလို့
ရှင်တို့ရှေ့မှာ မားမားရပ်နိုင်ဖို့
အမေက ကြီးမားတဲ့ ခန္ဓာ ပေးမထားပါဘူး။
ရဲရင့်တဲ့ ဖေဖေ့စိတ်ဓာတ် ရိုက်သွင်းပေးခဲ့တယ်။
တကယ်ဆို
စစ်ပွဲမှာ ကျိန်စာဆိုတာထက်
ငြိမ်းချမ်းရေးရဖို့ သစ္စာဆိုတာ ကျမ ပိုကြိုက်တယ်။
မိစ္ဆာတွေကို နှင်ဖို့ သံပုံးတီးတာထက်
ပရိတ်ရွတ်တာ ပိုထိပါတယ်။
သူတို့ မသိလို့ပါ
အများအတွက် အသက်ရှင်ရတာ
သိပ်ကျေနပ်စရာကောင်းတာကို။
ဒါ ဗိုလ်ချုပ်သမီးလို့
ကလေးတွေကို မိခင် ပြောပြတာ
ကျမအတွက်တော့ သေရာပါ ပီတီစကားပဲ။
ကျမ တည်ဆောက်ချင်တာ
တစ်မိသားစု မဟုတ်ဘူး
ပြည်ထောင်စု မိသားစု။
ကျမကို ကယ်တင်ရှင်လို့ မဆိုပါနဲ့
ရှင်တို့ အတွက်တော့ အသက်ရှင်ချင်ခဲ့တယ်။
တနေ့မှာ
ဒါတို့မြေလို့ လွတ်လပ်စွာ ခရီးသွားနိုင်ချိန်
လုံခြုံတဲ့ အိမ်ကိုယ်စီမှာ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ချိန်
အကြောက်တရားတွေ ကင်းဝေးပြီး
တရားမျှတမူတွေ မြဲမြံလာတဲ့အထိ
ကျမ ရှိနေပေးမယ်။
Credit #သိမ့်သိမ့်မင်းဟန်
Daw Aung San Suu Kyi
၂ နှစ်သမီးမှာ ကျည် ၁၃ တောင့်နဲ့
နူက်ဆက်သွားတယ်။
မေမေက လူမှန်ဖြစ်အောင်
လမ်းမှန်မှာ ချပေးခဲ့တယ်။
ကျမ အိမ်ရှင်မကောင်း မဖြစ်ပေမယ့်
ရှင်တို့က အိမ်ထောင်စုမိခင်လို့ ဆိုကြတယ်။
ကျမ ဖေဖေကို မီဖို့ ကြိုးစားရင်း
ရှင်တို့ တင်တဲ့ စံထဲ ဝင်နေတာပါ။
ကျမ ပြောခဲ့သားပဲ။
တင်းမာတာနဲ့ ခိုင်မာတာ မတူဘူးလို့
ရှင်တို့ရှေ့မှာ မားမားရပ်နိုင်ဖို့
အမေက ကြီးမားတဲ့ ခန္ဓာ ပေးမထားပါဘူး။
ရဲရင့်တဲ့ ဖေဖေ့စိတ်ဓာတ် ရိုက်သွင်းပေးခဲ့တယ်။
တကယ်ဆို
စစ်ပွဲမှာ ကျိန်စာဆိုတာထက်
ငြိမ်းချမ်းရေးရဖို့ သစ္စာဆိုတာ ကျမ ပိုကြိုက်တယ်။
မိစ္ဆာတွေကို နှင်ဖို့ သံပုံးတီးတာထက်
ပရိတ်ရွတ်တာ ပိုထိပါတယ်။
သူတို့ မသိလို့ပါ
အများအတွက် အသက်ရှင်ရတာ
သိပ်ကျေနပ်စရာကောင်းတာကို။
ဒါ ဗိုလ်ချုပ်သမီးလို့
ကလေးတွေကို မိခင် ပြောပြတာ
ကျမအတွက်တော့ သေရာပါ ပီတီစကားပဲ။
ကျမ တည်ဆောက်ချင်တာ
တစ်မိသားစု မဟုတ်ဘူး
ပြည်ထောင်စု မိသားစု။
ကျမကို ကယ်တင်ရှင်လို့ မဆိုပါနဲ့
ရှင်တို့ အတွက်တော့ အသက်ရှင်ချင်ခဲ့တယ်။
တနေ့မှာ
ဒါတို့မြေလို့ လွတ်လပ်စွာ ခရီးသွားနိုင်ချိန်
လုံခြုံတဲ့ အိမ်ကိုယ်စီမှာ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ချိန်
အကြောက်တရားတွေ ကင်းဝေးပြီး
တရားမျှတမူတွေ မြဲမြံလာတဲ့အထိ
ကျမ ရှိနေပေးမယ်။
Credit #သိမ့်သိမ့်မင်းဟန်
Daw Aung San Suu Kyi
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။