မြိတ်မှာ လပတ်စာမေးပွဲကျလို့
အမေဆူမှာကြောက်ပြီး ကြိုးဆွဲချ သက်သေတဲ့
ဆယ်နှစ်ကျော်အရွယ် ကလေးတစ်ယောက်ရဲ့ သတင်းဖတ်ပြီး အတော်ရင်နင့်မိတယ်။
အဲ့ကိစ္စရေးရမှာက အတော်တော့ ရှော့ရှိတယ်။
မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ရိုက်သွင်းခံထားရတဲ့ကိစ္စကို ပုန်ကန်ရေးရမှာ အန္တရာယ်တော့ကြီးတယ်။
မိဘမေတ္တာနဲ့ ပက်သက်ရင် ဘာသာရေး လူမှုရေး အတွေးအခေါ်အားလုံးက ကျကျနနဘောင်ခတ်ခံရပြီးသား ဖြစ်နေတာကိုး။
အခုနောက်ပိုင်း ဆယ်စုနှစ်တွေမှာ ပညာရေးနဲ့ပက်သက်ရင် မိဘတွေရဲ့ အတွေးအမြင်တွေ အတော်လွဲလာကြတယ်။
မိဘမေတ္တာကိစ္စမပြောခင်မှာ နိုင်ငံရေးကိစ္စ ထည့်တွေးရတော့မယ်။
အဓိကက ပညာရေးစနစ်ရဲ့ စံအလွဲကြောင့် မိဘတွေရဲ့ ပညာရေးပေါ်ထားတဲ့ အတွေးအလွဲတွေ ဖြစ်လာကြတယ်။
ကိုယ့်အမြင်သက်သက်ပါ
မှားရင်လည်း မှားလိမ့်မယ်။
မြန်မာပြည်ဟာ အင်္ဂလိပ်အုပ်ချုပ်ခံကာလကထက် ပညာရေးနိမ့်ပါးလာတယ်ဆိုတာ ငြင်းမရဘူး။
အဲ့ဒီ့ခေတ်က ဘွဲ့ရတွေ BAတွေဆိုရင် ဘယ်လောက်နေရာရတယ်ဆိုတာ စာတွေထဲမယ် ဖတ်ခဲ့ဖူးတယ်။
ခြောက်တန်းခုနှစ်တန်းတက်ဖူး ရင် အင်္ဂလိပ်လို မွတ်နေအောင်ပြောတတ်နေပြီ။
အခု ဘွဲ့ရတစ်ယောက်ကို လက်ဆွဲမေးကြည့်
အင်္ဂလိပ်လို ထမင်းစားရေသောက်တောင် မပြောတတ်ဘူး။
အဲ့ဒီ့ခေတ်ကပညာရေးစနစ်က အမျိုးသမီးတွေ ပညာမသင်ရဘူး။ ငွေမရှိသူတွေ ပညာမသင်ရဘူး။
ပညာသင်ရသူတွေကလည်း တကယ်ကိုတတ်တယ်။
အဲ့စနစ်ကို ကျွန်ပညာရေးစနစ်ဆိုပြီး တော်လှန်ခဲ့ကြတာ။
အခုခေတ် ပညာရေးစနစ်ကရော
ပညာသင်ရသူတော့များပါတယ်. . .ပညာတကယ်တတ်သူကို မွေးထုတ်မပေးနိုင်ဘူး။
အရေအတွက်ပဲ ရှိတယ်။ အရည်အချင်းက မရှိတော့ဘူး။
(ကိုယ်လည်း ဒီပညာရေးစနစ်ရဲ့သားကောင် အရေအတွက်တစ်ခုပါပဲ)
အဲ့ဒီ့ခေတ်က အရေအတွက်သာ နည်းတာ
အရည်အချင်းရှိတဲ့ ကျောင်းသားလူငယ်တွေဦးဆောင် ပြီး
အမျိုးသားပညာရေးကျောင်းတွေ ထူထောင်နိုင်ခဲ့ကြတယ်။
အခုကတော့ အရေအတွက်တွေ အများကြီးရှိပါရဲ့
ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိသူတွေ မရှိတဲ့အခါ . . . .
(အရည်အချင်းဆိုလို့ ဘွဲ့လက်မှတ်တွေ လာထိုးပြကြဦးမယ်။
ကိုယ်ပြောတာ စိတ်ဓါတ်အတွေးအခေါ် အရည်အချင်းပါ)
ပညာရေးကို သင်းသတ်လိုက်တဲ့အခါ သူ့အလိုလို ကျွန်ခံလာကြလိမ့်မယ်တဲ့။
အာဏာရှင်တွေရဲ့ ကျွန်ပြုမှုနှစ်ပေါင်းများစွာမှာ ကိုလိုနီခေတ်ထက်ကို ပညာရေးစနစ်ကို နှိမ့်ချပစ်လိုက်တယ်ဆိုတာ ငြင်းမရဘူး။
အရည်အချင်းကို အဆင့်တွေနဲ့ ဆုံးဖြတ်လိုက်ကြတယ်။
ဒါကျက်ပြီး ဒါဖြေခိုင်းတယ်။ ကလေးတွေရဲ့ အတွေးအခေါ်တွေကို သင်ရိုးညွှန်းတန်းတွေ စာသင်ခန်းတွေထဲမှာပဲ ပိတ်လှောင်လိုက်ကြတယ်။
သက်မွေးဝမ်းကြောင်းပညာတွေ အရည်အချင်းမှီမမှီဆိုတာကို
ဆယ်တန်းက ဖိကျက်ပြီးရလာတဲ့အမှတ်တွေနဲ့ ပဲ ဆုံးဖြတ်လိုက်ကြတယ်။
အမှတ်များရင် လိုင်းကောင်းကောင်းရမယ်
လိုင်းကောင်းကောင်းရမှ စီးပွားရှာနိုင်မယ်
နိုင်ငံက အလုပ်အကိုင်အခွင့်အရေးနည်းပါးလွန်းတော့
အလုပ်အကိုင် ကောင်းကောင်းရမယ့်နေရာတွေမှာပဲ ပြုံတိုးနေကြတယ်။
မိဘတွေရဲ့ Mindset ကလည်း ဘယ်လိုဖြစ်လာသလဲဆိုတော့
အလုပ်အကိုင်အခွင့်အလမ်းနည်း ပါးလွန်းတဲ့ နိုင်ငံမှာ သက်မွေးပညာတွေ ရထားမှ သားသမီးအနာဂတ်ကောင်းမယ်ဆိုတဲ့ စိတ်စေတနာ။
အင်း. . . စေတနာလို့ပဲ ဆိုကြပါစို့
အဲ့စေတနာကတဆင့် သားသမီးကို ဖိအားပေးတဲ့အဆင့်တွေ
ဖြစ်လာတော့တယ်။
ကလေးတွေ ကလေးဖြစ်ခွင့်မရတော့ဘူး။
သူငယ်တန်း တစ်တန်း နှစ်တန်းမှာကတည်းက
ကျူရှင်နဲ့အိမ် ။ အိမ်နဲ့ကျောင်း လွန်းထိုးမောင်းတော့တယ်။
ကျွန်မသားက အဆင့်ဘယ်လောက်
ကျွန်မသမီးက အမှတ်ဘယ်လောက်ဆိုတဲ့ အတ္တ ပြိုင်ဆိုင်မှု ရောင်စုံအောက်မှာ ကလေးတွေရဲ့ ကလေးဘဝကို
ရက်ရက်စက်စက် တပ်ညီလက်ညီ မြေမြုပ်သဂြိင်္ုလ်ပစ်လိုက်ကြ တော့တယ်။
ဒါတွေရဲ့ အကျိုးဆက်လို့ပဲ ဆိုရမယ်။
ဒီပညာရေးစနစ်မှာ ပေါက်ဖွားလာသူတွေထဲက အများစုဟာ
(အားနာတမ်းပဲ ပြောပါရစေတော့) အများစုဟာ အတွေးအခေါ်မရှိကြတော့ဘူး။
စိတ်ဓါတ်တွေ နိမ့်ဆင်းကုန်ကြတယ်။
ကိုယ်ပိုင်တွေးတောဆင်ခြင်မှု ဘာမှမရှိဘဲ
သူများပြောတိုင်း နားယောင်တတ်တဲ့အကျင့်
သွေးထိုးတိုင်း သွေးတက်ပြီး သောက်တလွဲတွေ ထထပြောတဲ့အဆင့်ကို ထိုးဆင်းကုန်ကြတယ်။
အပြင်ဗဟုသုတ စာပေဖတ်တာ ဝါသနာပါတဲ့
လေ့လာအားကောင်းတဲ့ လူတွေလောက်ပဲ
ဆင်ခြင်တွေးတောနိုင်စွမ်းရှိကြတော့တယ်။
မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ကိုယ်သေသွားတဲ့အခါ ဘာတွေထားခဲ့ချင်သလဲ။
ကြက်တူရွေးနှုတ်တိုက်စနစ်ကနေ တစ်လတောင်မှတ်မိဖို့မလွယ်တဲ့  အလွတ်ကျက်ထားတာဖြေတဲ့ စာမေးပွဲက ရလာတဲ့အမှတ်ကို အခြေခံပြီးရတဲ့ ဝါသနာ အကျင့်နဲ့ ကိုက်ကိုက်မကိုက်ကိုက် အဲ့ဒီအမှတ်မှီတဲ့ကျောင်းမျိုးထား
ရလာတဲ့ဘဝမှာ ပျော်ပျော်မပျော်ပျော် ရေစုံမျှောနေရတဲ့ လူသားတွေ ဖြစ်စေချင်သလား။
ဒါမှမဟုတ် ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်အသိတရားနဲ့
ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ်ပိုင်ခံယူချက်နဲ့
ဘယ်လောကဓံကိုမဆို ရင်ဆိုင်ရဲတဲ့ ခိုင်ကျည်တဲ့လူသားတွေအနေနဲ့ ထားခဲ့ချင်သလား။
ဆယ်နှစ်ကျော်ကလေးငယ်တစ်ယောက်ကို
စာမကြိုးစားရင် ဘယ်လိုဒုက္ခတွေ ကြုံရမယ်
စာကြိုးစားရင် အနာဂတ်ဟာ ဘယ်လိုမျှော်လင့်စရာကောင်းေ လာက်အောင် လှပတယ်ဆိုတာမျိုးကို သင်ကြားမပေးနိုင်ဘဲ
စာမေးပွဲကျရင် အရိုက်ခံရမယ် အဆူခံရမယ်ဆိုတာမျိုးပဲ
ရိုက်သွင်းထားလို့ အခုလို အဖြစ်ဆိုးမျိုးတွေ ကြုံကြရတာ။
ပညာရေးစနစ်ကို ပြင်သင့်တယ်။
ထပ်ပြောပါမယ်
ပြင်ကို ပြင်သင့်တယ်။ ပြင်ဖို့ကြိုးစားနေတယ်လို့ ထင်ပါတယ်။
ဒီ့ထက်ပိုပြင်ဖို့ အချိန်မြန်ပြီး လွယ်ကူတာက
ပညာရေးအပေါ်မှာ ထားတဲ့ ခင်ဗျားတို့ရဲ့ စိတ်တွေပါပဲ။
ကိုယ့်သားသမီးလေးတွေရဲ့ မျက်နှာကို ကြည့်လိုက်စမ်းပါ။
ဘယ်လောက်အပြစ်ကင်းပြီး ဘယ်လောက်ချစ်စရာကောင်းသလဲ။
ဘာလို့များ ကိုယ့်ရဲ့ စေတနာအလွဲအတ္တအလွဲတွေနဲ့
ကိုယ့်တုန်းကတောင် မအောင်မြင်ခဲ့တဲ့ အိပ်မက်တွေကို ကိုယ့်သားသမီးပုခုံးပေါ် ပစ်တင်လေးလံစေရက်ကြတာလဲ။
ကလေးတွေကို ကလေးဖြစ်ခွင့်
ပေးလိုက်ကြပါလားမိဘတို့ရယ်. . . . . .
ပန်ဆယ်လို
အမေဆူမှာကြောက်ပြီး ကြိုးဆွဲချ သက်သေတဲ့
ဆယ်နှစ်ကျော်အရွယ် ကလေးတစ်ယောက်ရဲ့ သတင်းဖတ်ပြီး အတော်ရင်နင့်မိတယ်။
အဲ့ကိစ္စရေးရမှာက အတော်တော့ ရှော့ရှိတယ်။
မြန်မာ့လူမှုအသိုင်းအဝိုင်းမ
မိဘမေတ္တာနဲ့ ပက်သက်ရင် ဘာသာရေး လူမှုရေး အတွေးအခေါ်အားလုံးက ကျကျနနဘောင်ခတ်ခံရပြီးသား ဖြစ်နေတာကိုး။
အခုနောက်ပိုင်း ဆယ်စုနှစ်တွေမှာ ပညာရေးနဲ့ပက်သက်ရင် မိဘတွေရဲ့ အတွေးအမြင်တွေ အတော်လွဲလာကြတယ်။
မိဘမေတ္တာကိစ္စမပြောခင်မှာ နိုင်ငံရေးကိစ္စ ထည့်တွေးရတော့မယ်။
အဓိကက ပညာရေးစနစ်ရဲ့ စံအလွဲကြောင့် မိဘတွေရဲ့ ပညာရေးပေါ်ထားတဲ့ အတွေးအလွဲတွေ ဖြစ်လာကြတယ်။
ကိုယ့်အမြင်သက်သက်ပါ
မှားရင်လည်း မှားလိမ့်မယ်။
မြန်မာပြည်ဟာ အင်္ဂလိပ်အုပ်ချုပ်ခံကာလကထက် ပညာရေးနိမ့်ပါးလာတယ်ဆိုတာ ငြင်းမရဘူး။
အဲ့ဒီ့ခေတ်က ဘွဲ့ရတွေ BAတွေဆိုရင် ဘယ်လောက်နေရာရတယ်ဆိုတာ စာတွေထဲမယ် ဖတ်ခဲ့ဖူးတယ်။
ခြောက်တန်းခုနှစ်တန်းတက်ဖူး
အခု ဘွဲ့ရတစ်ယောက်ကို လက်ဆွဲမေးကြည့်
အင်္ဂလိပ်လို ထမင်းစားရေသောက်တောင် မပြောတတ်ဘူး။
အဲ့ဒီ့ခေတ်ကပညာရေးစနစ်က အမျိုးသမီးတွေ ပညာမသင်ရဘူး။ ငွေမရှိသူတွေ ပညာမသင်ရဘူး။
ပညာသင်ရသူတွေကလည်း တကယ်ကိုတတ်တယ်။
အဲ့စနစ်ကို ကျွန်ပညာရေးစနစ်ဆိုပြီး တော်လှန်ခဲ့ကြတာ။
အခုခေတ် ပညာရေးစနစ်ကရော
ပညာသင်ရသူတော့များပါတယ်. . .ပညာတကယ်တတ်သူကို မွေးထုတ်မပေးနိုင်ဘူး။
အရေအတွက်ပဲ ရှိတယ်။ အရည်အချင်းက မရှိတော့ဘူး။
(ကိုယ်လည်း ဒီပညာရေးစနစ်ရဲ့သားကောင် အရေအတွက်တစ်ခုပါပဲ)
အဲ့ဒီ့ခေတ်က အရေအတွက်သာ နည်းတာ
အရည်အချင်းရှိတဲ့ ကျောင်းသားလူငယ်တွေဦးဆောင်
အမျိုးသားပညာရေးကျောင်းတွေ ထူထောင်နိုင်ခဲ့ကြတယ်။
အခုကတော့ အရေအတွက်တွေ အများကြီးရှိပါရဲ့
ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိသူတွေ မရှိတဲ့အခါ . . . .
(အရည်အချင်းဆိုလို့ ဘွဲ့လက်မှတ်တွေ လာထိုးပြကြဦးမယ်။
ကိုယ်ပြောတာ စိတ်ဓါတ်အတွေးအခေါ် အရည်အချင်းပါ)
ပညာရေးကို သင်းသတ်လိုက်တဲ့အခါ သူ့အလိုလို ကျွန်ခံလာကြလိမ့်မယ်တဲ့။
အာဏာရှင်တွေရဲ့ ကျွန်ပြုမှုနှစ်ပေါင်းများစွ
အရည်အချင်းကို အဆင့်တွေနဲ့ ဆုံးဖြတ်လိုက်ကြတယ်။
ဒါကျက်ပြီး ဒါဖြေခိုင်းတယ်။ ကလေးတွေရဲ့ အတွေးအခေါ်တွေကို သင်ရိုးညွှန်းတန်းတွေ စာသင်ခန်းတွေထဲမှာပဲ ပိတ်လှောင်လိုက်ကြတယ်။
သက်မွေးဝမ်းကြောင်းပညာတွေ အရည်အချင်းမှီမမှီဆိုတာကို
ဆယ်တန်းက ဖိကျက်ပြီးရလာတဲ့အမှတ်တွေနဲ
အမှတ်များရင် လိုင်းကောင်းကောင်းရမယ်
လိုင်းကောင်းကောင်းရမှ စီးပွားရှာနိုင်မယ်
နိုင်ငံက အလုပ်အကိုင်အခွင့်အရေးနည်းပ
အလုပ်အကိုင် ကောင်းကောင်းရမယ့်နေရာတွေမှ
မိဘတွေရဲ့ Mindset ကလည်း ဘယ်လိုဖြစ်လာသလဲဆိုတော့
အလုပ်အကိုင်အခွင့်အလမ်းနည်း
အင်း. . . စေတနာလို့ပဲ ဆိုကြပါစို့
အဲ့စေတနာကတဆင့် သားသမီးကို ဖိအားပေးတဲ့အဆင့်တွေ
ဖြစ်လာတော့တယ်။
ကလေးတွေ ကလေးဖြစ်ခွင့်မရတော့ဘူး။
သူငယ်တန်း တစ်တန်း နှစ်တန်းမှာကတည်းက
ကျူရှင်နဲ့အိမ် ။ အိမ်နဲ့ကျောင်း လွန်းထိုးမောင်းတော့တယ်။
ကျွန်မသားက အဆင့်ဘယ်လောက်
ကျွန်မသမီးက အမှတ်ဘယ်လောက်ဆိုတဲ့ အတ္တ ပြိုင်ဆိုင်မှု ရောင်စုံအောက်မှာ ကလေးတွေရဲ့ ကလေးဘဝကို
ရက်ရက်စက်စက် တပ်ညီလက်ညီ မြေမြုပ်သဂြိင်္ုလ်ပစ်လိုက်ကြ
ဒါတွေရဲ့ အကျိုးဆက်လို့ပဲ ဆိုရမယ်။
ဒီပညာရေးစနစ်မှာ ပေါက်ဖွားလာသူတွေထဲက အများစုဟာ
(အားနာတမ်းပဲ ပြောပါရစေတော့) အများစုဟာ အတွေးအခေါ်မရှိကြတော့ဘူး။
စိတ်ဓါတ်တွေ နိမ့်ဆင်းကုန်ကြတယ်။
ကိုယ်ပိုင်တွေးတောဆင်ခြင်မှု
သူများပြောတိုင်း နားယောင်တတ်တဲ့အကျင့်
သွေးထိုးတိုင်း သွေးတက်ပြီး သောက်တလွဲတွေ ထထပြောတဲ့အဆင့်ကို ထိုးဆင်းကုန်ကြတယ်။
အပြင်ဗဟုသုတ စာပေဖတ်တာ ဝါသနာပါတဲ့
လေ့လာအားကောင်းတဲ့ လူတွေလောက်ပဲ
ဆင်ခြင်တွေးတောနိုင်စွမ်းရှ
မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ကိုယ်သေသွားတဲ့အခါ ဘာတွေထားခဲ့ချင်သလဲ။
ကြက်တူရွေးနှုတ်တိုက်စနစ်ကနေ
ရလာတဲ့ဘဝမှာ ပျော်ပျော်မပျော်ပျော် ရေစုံမျှောနေရတဲ့ လူသားတွေ ဖြစ်စေချင်သလား။
ဒါမှမဟုတ် ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်အသိတရားနဲ့
ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ်ပိုင်ခံယူချက်နဲ့
ဘယ်လောကဓံကိုမဆို ရင်ဆိုင်ရဲတဲ့ ခိုင်ကျည်တဲ့လူသားတွေအနေနဲ့
ဆယ်နှစ်ကျော်ကလေးငယ်တစ်ယောက
စာမကြိုးစားရင် ဘယ်လိုဒုက္ခတွေ ကြုံရမယ်
စာကြိုးစားရင် အနာဂတ်ဟာ ဘယ်လိုမျှော်လင့်စရာကောင်းေ
စာမေးပွဲကျရင် အရိုက်ခံရမယ် အဆူခံရမယ်ဆိုတာမျိုးပဲ
ရိုက်သွင်းထားလို့ အခုလို အဖြစ်ဆိုးမျိုးတွေ ကြုံကြရတာ။
ပညာရေးစနစ်ကို ပြင်သင့်တယ်။
ထပ်ပြောပါမယ်
ပြင်ကို ပြင်သင့်တယ်။ ပြင်ဖို့ကြိုးစားနေတယ်လို့ ထင်ပါတယ်။
ဒီ့ထက်ပိုပြင်ဖို့ အချိန်မြန်ပြီး လွယ်ကူတာက
ပညာရေးအပေါ်မှာ ထားတဲ့ ခင်ဗျားတို့ရဲ့ စိတ်တွေပါပဲ။
ကိုယ့်သားသမီးလေးတွေရဲ့ မျက်နှာကို ကြည့်လိုက်စမ်းပါ။
ဘယ်လောက်အပြစ်ကင်းပြီး ဘယ်လောက်ချစ်စရာကောင်းသလဲ။
ဘာလို့များ ကိုယ့်ရဲ့ စေတနာအလွဲအတ္တအလွဲတွေနဲ့
ကိုယ့်တုန်းကတောင် မအောင်မြင်ခဲ့တဲ့ အိပ်မက်တွေကို ကိုယ့်သားသမီးပုခုံးပေါ် ပစ်တင်လေးလံစေရက်ကြတာလဲ။
ကလေးတွေကို ကလေးဖြစ်ခွင့်
ပေးလိုက်ကြပါလားမိဘတို့ရယ်.
ပန်ဆယ်လို
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။