"ဦးနှောက်ဖောက်စားခံရတဲ့ကျွန်တော်တို့မြန်မာလူမျိုး"
ဒီနေ့sanctuary of truthကပြန်အလာမှာတော့ ဝမ်းနည်းစိတ်တွေ အားမရမှူတွေ ဒေါသထွက်မှူတွေ နဲ့ပါ။အဓိကthailandကိုအလည်လာတဲ့ရည်ရွယ်ချက်ကယိုးဒယားလူ မျိုးတွေရဲ့အံ့မခန်းသစ်သားပ န်းပုအနုအရွ အပျောက်အမွန်းတွေ နဲ့ခြယ်မှူန်းထားတယ်ဆိုတဲ့ဒီsanctuary of truthကို စိတ်ဝင်စားလွန်းလို့ ကမ္ဘာပေါ်မှာဒီလောက်အထိအံ့မခန်းတော်လွန်းတဲ့လူမျိုးပန်းပုပညာရှင်တွေရဲ့လုပ်ငန်းခွင် ကိုလေ့လာဖို့သက်သက်လာခဲ့တာပါ။bangk okကနေ ဘတ်၃၅၀၀ လောက်ပေးပြီး အဲ့ဒီကိုသွားရပါတယ်။အဲ့ဒီအေ ရာက်မှာဝင်ကြေးဘတ်၅၀၀ပေးရပါ တယ်။ဒီလိုလာကြတဲ့တိုးရစ်တွေ တစ်နေ့ကိုအယောက်သုံးလေးငါးရာအနဲဆုံးရှိပါသတဲ့။ယိုးဒယား တွေရဲ့နိုင်ငံခြားဝင်ငွေရှာ ပုံဟာအတုယူစရာပါ။
၂နာရီခွဲလောက်ကားစီးအပြီးမှာတော့အုတ်တံတိုင်းအဖြူမြင့် မြင့်ကာရံထားတဲ့လက်မှတ်ရောင်းဌာနမှာလက်မှတ်ဝယ်ရပါတယ်။အဲ့ဒီကနေတောလမ်းအတိုင်းဆက်သွားပြီးတောအုပ်အလွန်မှာ ပင်လယ်ကမ်းခြေထဲကခန့်ညားစွာ ထိုးထွက်နေတဲ့ကျောင်းဆောင်ြ ကီးကိုမြင်ရပါပြီ။လက်ရာမြှောက်လွန်းတဲ့ယိုးဒယားပန်းပုပ ညာရှင်တွေကိုမြင်ချင်ဇောနဲ့ ကျောင်းဆောင်ကိုပြေးအသွား ကြားလိုက်ရတဲ့ဗမာစကားသံတွေေ ကြာင့်တော်အံ့သြမိသွားပါတယ် ။ပန်းပုထုနေသူ အမျိုသား အမျိုးသမီးပန်းပုဆရာ ဆရာမများအားလုံးဟာ မြန်မာလူမျိုးတွေဖြစ်နေပြီး ကိုမျှော်လင့်တကြီးမြင်ချင် နေတဲ့ ပညာရှင်တွေဟာ ကိုယ်ထင်နေသလိုယိုးဒယားလူမျိုးတွေမဟုတ်ဘဲမြန်မာလူမျိုးတွေဖြစ်နေပါတယ်။ဒါ့ထက်ရင်နာစရာကောင်းတာကတော့ ဒီအဆောက်အဦးကြီးမှာသုံးတဲ့ သစ်တွေအကုန်လုံးဟာမြန်မာနို င်ငံကပါဘဲတဲ့ဗျာ။ကျွန်တော်ခ နလေးမှင်သက်မိသွားတဲ့နောက်မှာတော့ ယူကြုံးမရမှူတွေ ဝမ်းနည်းမှူတွေ နှမြှောတသမှူတွေအပြည့်နဲ့ပါ ။ကိုယ့်နိုင်ငံက ပညာရှင်တွေရယ် ကိုယ့်နိုင်ငံက သဘာဝသယံဇာတတွေရယ် ကိုတခြားနိုင်ငံကပေါပေါပဲပဲ သုံးစွဲပြီးနိုင်ငံခြားငွေအ မြှောက်အမြားရနေချိန်မှာတော့  ကိုယ့်နိုင်ငံက ပညာရှင်တွေကတော့ အားငယ်စွာနဲ့သူများနိုင်ငံမှာဘယ်လိုအလုပ်လုပ်နေရလဲဆိုတာတွေးရင်း ရင်ထဲမှာဆို့ဆို့နင့်နင့်နဲ့ ပြန်လာခဲ့ရပါတော့တယ်။
Credit: hein koko
ဒီနေ့sanctuary of truthကပြန်အလာမှာတော့ ဝမ်းနည်းစိတ်တွေ အားမရမှူတွေ ဒေါသထွက်မှူတွေ နဲ့ပါ။အဓိကthailandကိုအလည်လ
၂နာရီခွဲလောက်ကားစီးအပြီးမှ
Credit: hein koko

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။