Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 16, 2016

Constipation (ဝမ်းချုပ်ခြင်း)

Constipation (ဝမ်းချုပ်ခြင်း)
=====================
နေ့စဉ် ဝမ်းမသွားခြင်းကို ဝမ်းချုပ်ခြင်းဟု မခေါ်နိုင်ပါ။ တချို့လူများတွင် နေ့စဉ်ဝမ်းသွားလေ့ ရှိသော်လည်း တချို့မှာသုံးလေးရက်မှ တခါသွားတတ်ကြသည်။ ပုံမှန်အကြိမ်ရေထက် လျှော့၍ ဝမ်းသွားခြင်း၊ ဝမ်းကုန်စင်အောင် မသွားခြင်းကို ဝမ်းချုပ်ခြင်းဟု ခေါ်ပါသည်။ ဝမ်းချုပ်လျှင် ဗိုက်အောင့်၊ နေမထိ ထိုင်မသာဖြစ်ကာ နေ့စဉ်ဘဝတွင် စိတ်အနှောင့်အယှက်
ဖြစ်စေပါသည်။
လက္ခဏာများ
-----------------
ဝမ်းချုပ်ခြင်း၏ လက္ခဏာများအနေဖြင့် ဝမ်းသွားနှုန်း ပုံမှန်အကြိမ်ရေထက်လျှော့နည်း ခြင်း၊ ဝမ်းမကုန်စင်ဟု ခံစားရခြင်း၊ ညှစ်ရခြင်း၊ မစင်တုံးများ မာကျစ်ခဲနေခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ မအီမသာဖြစ်ခြင်းနှင့် အစာစားချင်စိတ်လျှော့ကျခြင်း တို့ဖြစ်တတ်သည်။
ကလေးငယ်များတွင်မူ အစားအသောက်ပျက်ခြင်း၊ အားအင်ကုန်ခမ်း နုံးခွေခြင်း၊ ဂျီကျခြင်း (ငိုခြင်း)၊ လေလည်လျှင် သို့မဟုတ် ဝမ်းသွားလျှင် အနံ့ဆိုးခြင်း၊ ဗိုက်အောင့်ခြင်း နှင့် မအီမသာဖြစ်ခြင်းတို့ ကြုံတွေ့ရတတ်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
------------------------------------
အူမကြီးထဲတွင် မစင်အညစ်အကြေးများ ကြာရှည်စွာရှိနေပြီး ၎င်းတို့တွင်ပါလာသော ရေများကို အူမကြီးက စုပ်ယူလိုက်သောကြောင့် မစင်များခြောက်၍ မာလာပြီး ဝမ်းချုပ်ရခြင်း
ဖြစ်သည်။ ဝမ်းချုပ်ရသော အကြောင်းရင်းများစွာ ရှိသည်။
- အမျှင်ဓာတ်များများပါသော ဟင်းသီးဟင်းရွက်၊ အသီးအနှံများ အစားနည်းခြင်း၊ အစာစားချိန်နှင့် စားသောအစာများ အပြောင်းအလဲဖြစ်ခြင်း၊ အလေးသွားရာတွင် စိတ်ဖြောင့်လက်ဖြောင့်မသွားနိုင်ခြင်း၊ ဝမ်းသွားချင်သောအချိန်တွင် မသွားဘဲ ချုပ်ထားမိခြင်း၊
- လှုပ်ရှားမှုနည်းခြင်း (အထိုင်များခြင်း)၊ ရေသောက်နည်းခြင်းနှင့် ဖျားနာခြင်းတို့ကြောင့် ဝမ်းချုပ်တတ်သည်။
- ဝလွန်းသူ သို့မဟုတ် ပိန်လွန်းသူ၊ စိတ်ရှုပ်ထွေး သို့မဟုတ် စိတ်ဓာတ်ကျနေသူနှင့် စိတ်ဝေဒနာခံစားနေရသူတို့တွင်လည်း ဝမ်းချုပ်လေ့ရှိပါသည်။
- အချို့အစာကြေဆေးများ(aluminium antacid)၊ စိတ်ကျရောဂါ ပျောက်ဆေး၊ အတက်ကျဆေး၊ စိတ်ရောဂါကုဆေးများ၊ calcium နှင့် ironပါသော ဆေးများ၊ morphine နှင့် codeine တို့ကဲ့သို့သော မူးယစ်ဆေးများနှင့် ဆီးဆေးများကြောင့်လည်း ဝမ်းချုပ်တတ်သည်။
- ကိုယ်ဝန်ဆောင်များတွင်မူ ကိုယ်ဝန်လနုစဉ်တွင် ဝမ်းချုပ်လေ့ရှိကြသည်။
- တခါတရံတွင် ပုံမှန်အကြောင်းကြောင့်မဟုတ်ဘဲ အူလမ်းကြောင်းနှင့်ဆိုင်သောရောဂါများ၊ ဆီးချိုသွေးချို၊ သွေးထဲတွင် ကယ်လ်ဆီယမ်ဓာတ်များခြင်း၊ ကြွက်သားများအားနည်းခြင်း၊ ပါကစ်ဆန်ရောဂါနှင့် စအိုကွဲခြင်း စသော ရောဂါများကြောင့်လည်း ဝမ်းချုပ်နိုင်သဖြင့် အထူးဂရုပြုသင့်ပါသည်။
- ကလေးများတွင် ဝမ်းချုပ်ရခြင်းမှာ နို့အလွန်အကျွံစို့ခြင်း၊ အမျှင်ဓာတ်ပါသော အစားအစာကိုမကျွေးခြင်း၊ အိမ်သာတက်ရမှာကြောက်ခြင်း၊ cerebral palsy ကလေးများ နှင့် စအိုပေါက်မပါရှိခြင်းတို့ကြောင့်ဖြစ်သည်။
နောက်ဆက်တွဲ ပြဿနာများ
------------------------------------
ဝမ်းချုပ်ခြင်းမှာ ပုံမှန်အားဖြင့် ကျန်းမာရေးကို သိသိသာသာ မထိခိုက်စေနိုင်သော်
လည်း အချိန်ကြာမြင့်စွာ သို့မဟုတ် မကြာခဏဝမ်းချုပ်နေပါက
- အူမကြီးထဲတွင် အညစ်အကြေးများစုနေခြင်း၊
- ဝမ်းမထိန်းနိုင်ခြင်း၊
- လိပ်ခေါင်းဖြစ်ခြင်းနှင့်
- စအိုကွဲကာ သွေးယိုခြင်းတို့ ဖြစ်တတ်ပါသည်။
ရောဂါရှာဖွေခြင်း
---------------------
ဝမ်းမကြာခဏချုပ်တတ်သူများအနေဖြင့် အူလမ်းကြောင်းဆိုင်ရာရောဂါများနှင့်
နောက်ဆက်တွဲဆိုးကျိုးများကို စောစီးစွာသိရှိနိုင်ရန် ဆရာဝန်နှင့်ပြသပြီး
- စအိုမှတဆင့် အူလမ်းကြောင်းကို စမ်းသပ်ခြင်း၊
- သွေးစစ်ခြင်း၊
- ဝမ်းဗိုက်ကို ဓာတ်မှန်ရိုက်ခြင်း၊
- ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း တို့ကဲ့သို့သော လိုအပ်သော စစ်ဆေးမှုများ ခံယူသင့်ပါသည်။
ကုသခြင်း
-------------
- ဝမ်းချုပ်ခြင်းကို ကုသရာတွင် အစားအသောက်နှင့် နေထိုင်မှုပုံစံကိုပြောင်းလဲရန် အရေးကြီးဆုံး ဖြစ်သည်။
- ဆေးတမျိုးမျိုးကြောင့် ဝမ်းချုပ်ပါက သင့်ဆရာဝန်အားပြောပြပြီး သင့်တော်သောဆေးကိုပြောင်းပါ
- လိုအပ်ပါက ဝမ်းနှုတ်ဆေးများသောက်သုံးနိုင်ပါသည်။ ဝမ်းနှုတ်ဆေးအမျိုးအစားများ အနေဖြင့်
(၁) Bulk-forming laxatives ( eg.ispaghula husk, methylcellulose and sterculia) - ဤဝမ်းနှုတ်ဆေးအမျိုးအစားကို ဦးစွာသုံးသင့်သည်။ မစင်တုံးအတွင်း ရေဓါတ်ကို ရောက်စေ၍ ဝမ်းပျော့ပျော့သွားစေသည်။ ဤဆေးကိုသုံးပါက
ရေများများသောက်သင့်သည်။ အိပ်ရာဝင်ခါနီး မသောက်ရပါ။ တခါတရံတွင် သုံးလေးရက်ကြာမှ ဆေးစွမ်းပြတတ်ပါသည်။
(၂) Osmotic laxatives (eg;lactulose and macrogols)- bulk-forming laxatives သုံးပြီးသည့်တိုင် ဝမ်းမာနေလျှင် ဤဝမ်းနှုတ်ဆေးကို သုံးနိုင်သည်။ ရေများများသောက်ရန် လိုအပ်သည်။ တခါတရံ သုံးလေးရက်ကြာမှ ဆေးစွမ်းပြတတ်သည်။
(၃) Stimulant laxatives (eg; senna, bisacodyl, and sodium picosulphate) - ဝမ်းပျော့သော်လည်း ဝမ်းကျန်သည်ဟု ခံစားရပါက ဤဝမ်းနှုတ်ဆေးကို သုံးသင့်သည်။ အူလမ်းကြောင်းရှိ ကြွက်သားများကို လှုပ်ရှားစေပြီး ဝမ်းသွားမှုကိုလွယ်ကူစေသည်။
လူတစ်ဦးစီ၏ လိုအပ်ချက်အတိုင်း ဆေးတစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပို၍သုံးနိုင်ပါသည်။
ဝမ်းချုပ်ဆေးကို ရေတို အသုံးပြုရပါက ဝမ်းပုံမှန်ပြန်သွားသည်နှင့် ဝမ်းနှုတ်ဆေးကို ရပ်သင့်သည်။ ဝမ်းနှုတ်ဆေးကို ပုံမှန်အသုံးပြုနေရပါက ဆေးအရေအတွက်နှင့် အကြိမ်ရေတို့ကို တဖြည်းဖြည်းလျှော့ရမည်။
* စမျဉ်းတုံးခံခြင်းကိုကုသခြင်း
-----------------------------------
ဦးစွာ Osmotive laxative macrogol ကို ဦးစွာ သောက်ပါ။ ရက်အနည်းငယ်ကြာလျှင် Stimulant laxatives ကို သောက်ရမည်။ ဤဆေးများသောက်ပြီးသော်လည်း ထူးခြားမှုမရှိပါက စအိုအတွင်းဆေးထည့်၍ ဝမ်းချူရန်လိုအပ်သည်။
- ကိုယ်ဝန်ဆောင်မိခင်ဖြစ်ပါက Osmotive laxatives- lactulose နှင့် macrogols တို့ကိုသောက်နိုင်ပါသည်။ ဤဆေးများဖြင့် အဆင်မပြေပါက bisacodyl သို့မဟုတ် senna ကို အနည်းငယ် (low dose) သောက်သုံးနိုင်ပါသည်။ ကိုယ်ဝန် ခြောက်လကျော်လျှင် senna ကိုမသောက်သင့်ပါ။
- အဖတ် မစားသေးသောကလေးများ ဝမ်းချုပ်ပါက အစာစားပြီးတိုင်း ရေများများတိုက်ပါ။
- နို့ဘူးတိုက်သူဖြစ်ပါက နို့ဘူးကို ဖျော်ရမည့် အညွှန်းတိုင်းဖျော်ရမည်။
- အဖတ်စားသော အရွယ်ဖြစ်ပါက သစ်သီးများနှင့် သစ်သီးဖျော်ရည်များကို များများတိုက်ပါ။
- အစားအစာများပြောင်းကျွေးပြီးသည့်တိုင် ဝမ်းချုပ်နေသေးပါက ကလေးဆရာဝန်နှင့်တိုင်ပင်ပြီး Osmotive laxativesနှင့် Stimulant laxatives များကို
တိုက်ကျွေးနိုင်ပါသည်။
ကာကွယ်ခြင်း
------------------
- အမျှင်ဓာတ်များများပါသော အသီးအရွက်၊ သစ်သီးဝလံများကိုများများစားပါ။
- ရေများများသောက်ပါ။
- လေ့ကျင့်ခန်းလုပ်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။
- အလေးသွားရန် ပုံမှန်အချိန်တခု သတ်သတ်မှတ်မှတ်ထားပါ။ အလေးသွားချင်စိတ်ဖြစ်ပေါ်လာလျှင် ချုပ်မထားဘဲ ချက်ချင်းသွားပါ။
- ဝမ်းသွားလျှင် ဘိုထိုင်အိမ်သာသုံးပါက ဝမ်းသွားရလွယ်ကူစေရန် ခြေထောက်များကို ခုံပုလေးတစ်လုံးပေါ်တွင် တင်ထားပေးပါ။z
Lei
Healthcare.(ဝမ်းချုပ်ခြင်း)

- ဝမ်းသွားလျှင် ဘိုထိုင်အိမ်သာသုံးပါက ဝမ်းသွားရလွယ်ကူစေရန် ခြေထောက်များကို ခုံပုလေးတစ်လုံးပေါ်တွင် တင်ထားပေးပါ။

Healthcare.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။