Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 19, 2016

အသည်းကွဲ ဒဿန

အသည်းကွဲ ဒဿန
----------------
ဂရိဒဿနိကဗေဒပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေငေးမောနေသော လူငယ်တစ်ဦးကိုမြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။
.
လူငယ်.....
ကျွန်တော် အသည်းကွဲနေပါတယ်။
.
ဆိုကရေးတီး....
အော်...ဒါကဖြစ်တတ်ပါတယ်။ အသည်းကွဲလို့ နာကျင်တာမခံစားရဘူးဆိုရင် ချစ်ခဲ့တာ အရသာမရှိသလိုဘဲ။ ဒါပေမယ့်....လူလေးက ဘာဖြစ်လို့ ဒီအသည်းကွဲတဲ့ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီးခံစားနေရသလဲ...
.
လူငယ်....
လက်ထဲရောက်လာတဲ့ စပျစ်သီးကိုပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့ ဆုံးရှုံးမှုဝေဒနာကို လူငယ်မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ...
.
ဆိုကရေးတီး.....
ပစ်လိုက်ရပြီဆိုလည်း ပစ်လိုက်ရပြီပေါ့။ ဘာဖြစ်လို့ ရှေ့ဆက်မလျောက်တာလဲ၊ ဒီထက်ပိုချိုတဲ့ စပျစ်သီးတွေအများကြီးပါ။
.
လူငယ်......
ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန်လှည့်လာမဲ့နေ့ကို ကျွန်တော် စောင့်နေတာပါ။
.
ဆိုကရေးတီး.....
တကယ်လို့ ဒီလိုနေ့မျိုး လုံးဝရောက်မလာခဲ့ဘူးဆိုရင် တခြားတစ်ယောက်လက်ထဲ သူပါသွားတာကိုပဲ လူလေးကြည့်နေရလိမ့်မယ်။
.
လူငယ်......
ကျွန်တော့်ကိုယ်ကျွန်တော် အဆုံးစီရင်ပြီး သူ့ကိုချစ်တဲ့အကြောင်း သက်သေပြမှာပေါ့။
.
ဆိုကရေးတီး.....
ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလည်း ဆုံးရှုံးမယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို လူလေးခံစားရလိမ့်မယ်။
.
လူငယ်....
ဒါဆို သူ့ဘဝပျက်အောင်လုပ်မယ်။ ကျွန်တော်မရတာကို သူတစ်ပါးလည်း မရစေချင်ဘူး။
.
ဆိုကရေးတီး......
ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။
.
လူငယ်....
ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် သူ့ကိုအရမ်းချစ်တယ်။
.
ဆိုကရေးတီး......တကယ် အရမ်းချစ်လား....
.
လူငယ်....တကယ်။
.
ဆိုကရေးတီး....ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....
.
လူငယ်..... ဒါပေါ့...ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။
.
ဆိုကရေးတီး...........
တကယ်လို့...လူလေးကိုခွဲသွားတာက သူ့အတွက် ပျော်ရွှင်ခြင်းလို့ သူထင်ခဲ့ရင်ကော...
.
လူငယ်.....
မဖြစ်နိုင်တာ...ကျွန်တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့ အရင်က သူပြောခဲ့ဖူးတယ်။
.
ဆိုကရေးတီး......
အဲတာက အရင်က...ပြီးခဲ့ပြီလေ။ ခုတော့ သူက ဒီလိုမထင်တော့ဘူးလေ။
.
လူငယ်....သဘောက ကျွန်တော့်ကိုသူလိမ်ခဲ့တာပေါ့။
.
ဆိုကရေးတီး.....
ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက လူလေးနဲ့အတူ ချစ်နေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့ သစ္စာမရှိတော့ဘူး။ မချစ်တော့ဘဲနဲ့ ချစ်ချင်ဟန်ဆောင်ပြီး လူလေးနဲ့ သူအတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊ သားသမီးတွေ မွေးမယ် ဒါကမှ တကယ့်လိမ်ညာတယ်လို့ခေါ်တယ်။
.
လူငယ်....
သူ့ကို နစ်နစ်ကာကာချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့အချစ်တွေ အလဟဿ ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...
.
ဆိုကရေးတီး......
မဟုတ်ဘူး...လူလေးရဲ့အချစ်တွေ အလဟဿ မဖြစ်ခဲ့ပါဘူး။ အလျော်ဆိုတာ အချစ်မှာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလေးရဲ့ အချစ်တွေ သူ့ကိုပေးဆပ်နေတဲ့အချိန်မှာ သူကလည်း သူ့အချစ်ကို လူလေးအတွက် ပေးဆပ်နေတယ်။ သူ့ကို ပျော်ရွှင်စေခဲ့သလို လူလေးကိုလည်း သူက ပျော်ရွှင်စေခဲ့တယ်။
.
လူငယ်.......
ဒါပေမယ့်...အခု ကျွန်တော့်ကို သူကမချစ်တော့ဘူး။ ကျွန်တော်က သူ့ကို ချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။
.
ဆိုကရေးတီး......
ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက လူလေးချစ်တဲ့ သူ့အတွက် မတရားဘူး။ သူ့ကိုချစ်တာဟာ လူလေးရဲ့ အခွင့်အရေး ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာက သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေးကိုပဲ မျှော်ကိုးပြီး သူတစ်ပါးရဲ့ လွတ်လပ်တဲ့အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။ ဒါမှ မတရားတာ ...ဘယ်လောက် ကိုယ်ချင်းစာစိတ် မရှိလိုက်သလဲ...
.
လူငယ်......
ခင်ဗျားပြောပုံနည်းအရဆိုရင် နောက်ဆုံးတော့ အရာအားလုံးဟာ ကျွန်တော့်အမှားတွေပေါ့။
.
ဆိုကရေးတီး......
ဟုတ်တယ်...စတာနဲ့ လူလေးမှားခဲ့ပြီ။ တကယ်လို့ ကိုယ်ကသူ့ကို ပျော်ရွှင်ခြင်းတွေပေးနိုင်ခဲ့ရင် ကိုယ့်ကို သူခွဲသွားမှာမဟုတ်ဘူး။ ပျော်ရွှင်ခြင်းနဲ့ ကင်းကွာချင်တဲ့လူ မရှိဘူး...ဒါကိုတော့ မှတ်ထားပါ။
.
လူငယ်.......
ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ....
ကျွန်တော့်အသည်းနှလုံး အချစ်တွေအားလုံးပုံပေးလိုက်တာတောင် သူက မလုံလောက်လို့လား၊ သူဘာကြောင့် ကျွန်တော့်ကို ခွဲသွားရသလဲ....၊ ဒါဟာ ရက်စက်တယ်လို့ မထင်ဘူးလား...၊
.
ဆိုကရေးတီး.........
ရက်စက်တယ်။ ဒီလို ရက်စက်တဲ့လူတစ်ယောက်ရဲ့ စက်ကွင်းကလွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ်မဟုတ်လား.. လူလေး
.
လူငယ်.....
ပျော်ရမယ်...ဟုတ်လား.. မဖြစ်နိုင်တာ.....ဘာပဲပြောပြော ကျွန်တော်ဟာ အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုယ်ကိုယ်ညံ့တယ်လို့ ခံစားမိတယ်ဗျာ။
.
ဆိုကရေးတီး.........
မဖြစ်နိုင်တာ...လူငယ်တွေရဲ့စိတ်မှာ ကြီးမြတ်တာပဲရှိသင့်တယ်။ ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက စွန့်ပစ်ခံရတိုင်း မကောင်းလို့ မဟုတ်ဘူး။
.
လူငယ်....ဒါ ဘာအဓိပ္ပာယ်လဲ....
.
ဆိုကရေးတီး.....
တစ်ခါက ဆိုင်တစ်ဆိုင်မှာ တန်ဖိုးကြီးတဲ့ဝတ်စုံတစ်စုံကို ကျွန်တော်တွေ့ခဲ့တယ်။ လိုချင်တာလည်း အရမ်းပဲ။ ရောင်းတဲ့လူက ကျွန်တော့်ကို ယူမလား မယူဘူးလားတဲ့။ ကျွန်တော် ဘာပြန်ပြောလိုက်သလဲ သိလား.. အဝတ်စက ညံ့လွန်းတယ် မယူဘူးလို့။ တကယ်တော့ ကျွန်တော့် အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိလို့။ လူလေးက အဲဒီ အစွန့်ခံဝတ်စုံလိုပါပဲ။
.
လူငယ်........
ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့် နှမြောဖို့ကောင်းတာက ဒီအသည်းကွဲတဲ့ဝေဒနာထဲကနေ ကျွန်တော်ကို ခင်ဗျား ဆွဲမထုတ်နိုင်ခဲ့ဘူး။
.
ဆိုကရေးတီး......
ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်းမရှိခဲ့လို့ ကျွန်တော်ဝမ်းနည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့လူတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။
.
လူငယ်.... အဲဒီအစွမ်းရှိတဲ့လူက ဘယ်သူလဲ....
.
ဆိုကရေးတီး......
အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့အကြီးမားဆုံးသော လမ်းညွှန်ဆရာပဲ။ အသည်းကွဲဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့ လူတွေကို ကျွန်တော်မြင်ဖူးတယ်။ အချိန်က သူတို့ခံစားရတာတွေကို ကုစားပေးလိုက်တယ်။ နောက်ပြီး လူတွေကို အသစ်တစ်ဖန် ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့ထိုက်တန်တဲ့ ရွေးချယ်မှုတွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။
.
လူငယ်.....
ဒီလိုဖြစ်လာမယ့်နေ့ကို ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်ဘယ်ကနေ ခြေလမ်းစလှမ်းရမလဲ...
.
ဆိုကရေးတီး.....
ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့လူကို အရင်ဆုံးကျေးဇူးတင်ပါ။ တောင်းဆုပြုပါ။
.
လူငယ်....ဘာဖြစ်လို့လဲ....
.
ဆိုကရေးတီး......
သူက ကိုယ့်ကို သစ္စာတွေပေးခဲ့လို့ပဲ။ ကိုယ့်ကို အသစ်တစ်ဖန် ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို သူကပေးခဲ့လို့ပါပဲ။

--------------

If you love someone, let it be and set him/her free, if he/she comes back to you, it's meant to be.
.
တရုတ်သတင်းစာ တစ်စောင်မှာ ဖတ်မိတာလေးကို ဘာသာပြန်ထားပါတယ်။

#NineNineSaNay နိုင်းနိုင်းစနေ (Sunday, April 01, 2007)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။