ချင်းကြီး
********
ဟုတ်ကဲ့
ကျွန်တော်က ချင်းတစ်ယောက်ပါ
ဆင်းရဲမှုရဲ့ အိုင်ကွန်တစ်ခုဆိုပါတော့
ဘာတွင်းထွက်မှ မရှိပါဘူး
ဘာကျွန်းသစ်မှ မရှိပါဘူး
ဗိုလ်ချုပ်ကြီးတွေ အတွက်
အကျိုးအမြတ်မဖြစ်တဲ့ မြေဖြစ်တော့
တောင်တန်းကြီးတွေ လှပနိုင်တယ်လေ
စမ်းချောင်းကလေးတွေ ကြည်လင်နိုင်တယ်လေ
ဒါပေမဲ့…
ကျွန်တော့် ကလေးတွေရဲ့
ပညာရေးဆိုတာကတော့
ဘာပညာမှ မတတ်တဲ့ကျွန်တော်ကပဲ သင်ပေးနေရပါတယ်။
သား မင့်ဘဝရှေ့ရေးအတွက်…
အလုပ်ကြမ်းလုပ်နိုင်ရမယ်
တောင်ယာ ဘယ်နကွက် ခုတ်နိုင်ရမယ်
အဖေတို့ကို ကျွေးမွေးနိုင်တာ
ဒီတောင်ကြီးတွေပဲ ရှိတယ်သားရယ်။
ခုတ်စမ်း ရှင်းစမ်း
ဒီနှစ် ဒီနှစ်ဒီတောင်ပြီးရင်
နောက်နှစ် ဟိုတောင်ပေါ့။
ခုတ်စမ်း ရှင်းစမ်း သား…
ကျွန်တော့် ပညာအမွေတွေပေါ့။
ဘာ…ဂေဟစနစ်ဟုတ်လား…
ဒီမယ် ဆရာကြီးတွေ…
ကျွန်တော်တို့ လက်ချက်နဲ့
ဟောခနဲ ဟောခနဲ့
တောင်တန်းကြီးတွေ အကျဉ်းတန်သွားတာ
ကျွန်တော်တို့ ပျော်နေတယ်ထင်လား
လုပ်ချင်လို့ လုပ်နေတယ်ထင်လား
စီးပွားရှာဖို့ လုပ်နေတယ်ထင်လား
ရောင်းစားဖို့ လုပ်နေတယ်ထက်လား
ပိုလျံဖို့ လုပ်နေတယ်ထင်လား
ကျွန်တော်တို့ဘဝက
ကိုယ်တိုင်ဖျော်ထားတဲ့ အဆိပ်ခွက်ကိုသောက်ပြီး အသက်ရှင်နေကြရတဲ့
ဘဝတွေပါ ဆရာကြီးရယ်။
အပါယ်ခံဘဝတွေပါ။
ချင်းအလှူပွဲ…
ဦးနိုင်းလော ၁၀၀ကျပ်
ဦးကီးရှိန်း ၂၀၀ကျပ်
ဒေါ်လောင်းရ ၅၀ကျပ်
(ဟား ဟား ဟား ဟား)
မလှောင်ပါနဲ့ဗျာ
ငါးဆယ် တစ်ရာဆိုတာ
ကျွန်တော်တို့ကလေးတွေတောင်
မုန့်ဖိုး တခါမျှ မရဖူးပါဘူး။
စေတနာ အစစ်အမှန်တွေပါ။
ဟိုတလောက ရွာကို
ဗမာဆရာမလေးတစ်ယောက်
ပြောင်းလာတယ်လေ။
တစ်ပတ်မကြာပါဘူး
ပြန်ပြေးတာပါပဲ။
အဲတော့မှ စဉ်းစားမိတယ်
ကျွန်တော်တို့ရွာလေးက
ဗမာရှောင်ပြေးရွာလေးကိုး။
ဟိုးးးး အဲ့လောက် သာယာတာကိုကွာ။
ပြီးတော့ ငြီးသွားသေးတယ်…
အဲ့လောက်ဆိုးတဲ့လမ်း ကမ္ဘာမှာမရှိဘူးတဲ့
ကလေးမရယ် ငါတို့လည်း
အဲ့လောက်ပဲ ဖောက်တတ်တယ်ကွယ်။
အဲလောက်စုတ်ပြတ်နေတဲ့ကျောင်း မမြင်ဖူးဘူးတဲ့။
ကလေးမရယ် ငါတို့လည်း
အဲ့လောက်ပဲ ဆောက်တတ်တယ်ကွယ်။
အစားအသောက်က လုံးဝအဆင်မပြေဘူးတဲ့။
ကလေးမရယ် အဲ့တာ ငါတို့ရွာရဲ့
အကောင်းဆုံး အရာတွေပါကွယ်။
မင်း ငြီးတော့
မင်း ပြည်ကလူတွေက
မင်း ကို သနားစာနာကြမပေါ့။
ငါတို့ ချင်းရွာကလေးက
အရုပ်ဆိုးတာကိုး။
အဲ့တာ ဖိနှိပ်ခံရတယ်ခေါ်တယ်ဗျ။
ဗျာ…
ဖိနှိပ်ခံရတော့ ဘာလုပ်ရမှာလဲဗျာ။
တယ် ဦးချင်းကြီးနှယ်
ကျုပ်တို့ပြည်နယ်ကတော့
လက်နက်ကိုင်တော်လှန်တာပဲဗျို့။
ကွယ် တော်လှန်ရေး သမားကြီးရယ်
မင့်တို့လို တော်လှန်ဖို့
လက်နက်တွေဝယ်ဖို့
ကျောက်စိမ်းလည်း မထွက်ဘူးကွယ်။
အဖိုးတန်သစ်တွေလည်း မရှိဘူးကွယ်။
ပေါက်ဖော်ကြီးနဲ့လည်း မနီးဘူးကွယ်။
ဒါများ ချင်းကြီးရယ်
ဘိန်းစိုက်ပေါ့ဗျ။
ချင်းသူဌေးကြီးတွေ
နေ့ချင်း ညချင်း ပေါ်လာနေပီနော။
ဖွီး သွားစမ်းပါကွာ။
ကိုယ့်သွေး ကိုယ်ဖောက်သောက်နေကြတဲ့
အမျိုးယုတ်တွေ။
ဒီထက် အပြန်တရာ ဆင်းရဲချင် ဆင်းရဲပါစေ
ဒီဘိန်းကိုတော့ လုံးဝမစိုက်ဖူးဟ။
ဒါမျိုးနဲ့ ချမ်းသာလာတဲ့
ချင်းသူဌေးကြီးတွေကို ရွံလွန်းလို့ကွာ။
ဟိုကဖိပ်နှိပ်တာဆိုရင်
သူတာက ဖိသတ်တာပဲ။
ခင်ဗျားပဲ ဆင်းရဲပြီး ကျန်ရစ်ခဲ့ရလိမ့်မယ်နော်
အေး ငါက ချင်းကြီး
ဆင်းရဲချင်းဆိုတာကို
ရိုးသားစွာဖြင့် ငါဂုဏ်ယူတယ်ကွ။ ။
#ဆလိုင်းယော
********
ဟုတ်ကဲ့
ကျွန်တော်က ချင်းတစ်ယောက်ပါ
ဆင်းရဲမှုရဲ့ အိုင်ကွန်တစ်ခုဆိုပါတော့
ဘာတွင်းထွက်မှ မရှိပါဘူး
ဘာကျွန်းသစ်မှ မရှိပါဘူး
ဗိုလ်ချုပ်ကြီးတွေ အတွက်
အကျိုးအမြတ်မဖြစ်တဲ့ မြေဖြစ်တော့
တောင်တန်းကြီးတွေ လှပနိုင်တယ်လေ
စမ်းချောင်းကလေးတွေ ကြည်လင်နိုင်တယ်လေ
ဒါပေမဲ့…
ကျွန်တော့် ကလေးတွေရဲ့
ပညာရေးဆိုတာကတော့
ဘာပညာမှ မတတ်တဲ့ကျွန်တော်ကပဲ သင်ပေးနေရပါတယ်။
သား မင့်ဘဝရှေ့ရေးအတွက်…
အလုပ်ကြမ်းလုပ်နိုင်ရမယ်
တောင်ယာ ဘယ်နကွက် ခုတ်နိုင်ရမယ်
အဖေတို့ကို ကျွေးမွေးနိုင်တာ
ဒီတောင်ကြီးတွေပဲ ရှိတယ်သားရယ်။
ခုတ်စမ်း ရှင်းစမ်း
ဒီနှစ် ဒီနှစ်ဒီတောင်ပြီးရင်
နောက်နှစ် ဟိုတောင်ပေါ့။
ခုတ်စမ်း ရှင်းစမ်း သား…
ကျွန်တော့် ပညာအမွေတွေပေါ့။
ဘာ…ဂေဟစနစ်ဟုတ်လား…
ဒီမယ် ဆရာကြီးတွေ…
ကျွန်တော်တို့ လက်ချက်နဲ့
ဟောခနဲ ဟောခနဲ့
တောင်တန်းကြီးတွေ အကျဉ်းတန်သွားတာ
ကျွန်တော်တို့ ပျော်နေတယ်ထင်လား
လုပ်ချင်လို့ လုပ်နေတယ်ထင်လား
စီးပွားရှာဖို့ လုပ်နေတယ်ထင်လား
ရောင်းစားဖို့ လုပ်နေတယ်ထက်လား
ပိုလျံဖို့ လုပ်နေတယ်ထင်လား
ကျွန်တော်တို့ဘဝက
ကိုယ်တိုင်ဖျော်ထားတဲ့ အဆိပ်ခွက်ကိုသောက်ပြီး အသက်ရှင်နေကြရတဲ့
ဘဝတွေပါ ဆရာကြီးရယ်။
အပါယ်ခံဘဝတွေပါ။
ချင်းအလှူပွဲ…
ဦးနိုင်းလော ၁၀၀ကျပ်
ဦးကီးရှိန်း ၂၀၀ကျပ်
ဒေါ်လောင်းရ ၅၀ကျပ်
(ဟား ဟား ဟား ဟား)
မလှောင်ပါနဲ့ဗျာ
ငါးဆယ် တစ်ရာဆိုတာ
ကျွန်တော်တို့ကလေးတွေတောင်
မုန့်ဖိုး တခါမျှ မရဖူးပါဘူး။
စေတနာ အစစ်အမှန်တွေပါ။
ဟိုတလောက ရွာကို
ဗမာဆရာမလေးတစ်ယောက်
ပြောင်းလာတယ်လေ။
တစ်ပတ်မကြာပါဘူး
ပြန်ပြေးတာပါပဲ။
အဲတော့မှ စဉ်းစားမိတယ်
ကျွန်တော်တို့ရွာလေးက
ဗမာရှောင်ပြေးရွာလေးကိုး။
ဟိုးးးး အဲ့လောက် သာယာတာကိုကွာ။
ပြီးတော့ ငြီးသွားသေးတယ်…
အဲ့လောက်ဆိုးတဲ့လမ်း ကမ္ဘာမှာမရှိဘူးတဲ့
ကလေးမရယ် ငါတို့လည်း
အဲ့လောက်ပဲ ဖောက်တတ်တယ်ကွယ်။
အဲလောက်စုတ်ပြတ်နေတဲ့ကျောင်
ကလေးမရယ် ငါတို့လည်း
အဲ့လောက်ပဲ ဆောက်တတ်တယ်ကွယ်။
အစားအသောက်က လုံးဝအဆင်မပြေဘူးတဲ့။
ကလေးမရယ် အဲ့တာ ငါတို့ရွာရဲ့
အကောင်းဆုံး အရာတွေပါကွယ်။
မင်း ငြီးတော့
မင်း ပြည်ကလူတွေက
မင်း ကို သနားစာနာကြမပေါ့။
ငါတို့ ချင်းရွာကလေးက
အရုပ်ဆိုးတာကိုး။
အဲ့တာ ဖိနှိပ်ခံရတယ်ခေါ်တယ်ဗျ။
ဗျာ…
ဖိနှိပ်ခံရတော့ ဘာလုပ်ရမှာလဲဗျာ။
တယ် ဦးချင်းကြီးနှယ်
ကျုပ်တို့ပြည်နယ်ကတော့
လက်နက်ကိုင်တော်လှန်တာပဲဗျိ
ကွယ် တော်လှန်ရေး သမားကြီးရယ်
မင့်တို့လို တော်လှန်ဖို့
လက်နက်တွေဝယ်ဖို့
ကျောက်စိမ်းလည်း မထွက်ဘူးကွယ်။
အဖိုးတန်သစ်တွေလည်း မရှိဘူးကွယ်။
ပေါက်ဖော်ကြီးနဲ့လည်း မနီးဘူးကွယ်။
ဒါများ ချင်းကြီးရယ်
ဘိန်းစိုက်ပေါ့ဗျ။
ချင်းသူဌေးကြီးတွေ
နေ့ချင်း ညချင်း ပေါ်လာနေပီနော။
ဖွီး သွားစမ်းပါကွာ။
ကိုယ့်သွေး ကိုယ်ဖောက်သောက်နေကြတဲ့
အမျိုးယုတ်တွေ။
ဒီထက် အပြန်တရာ ဆင်းရဲချင် ဆင်းရဲပါစေ
ဒီဘိန်းကိုတော့ လုံးဝမစိုက်ဖူးဟ။
ဒါမျိုးနဲ့ ချမ်းသာလာတဲ့
ချင်းသူဌေးကြီးတွေကို ရွံလွန်းလို့ကွာ။
ဟိုကဖိပ်နှိပ်တာဆိုရင်
သူတာက ဖိသတ်တာပဲ။
ခင်ဗျားပဲ ဆင်းရဲပြီး ကျန်ရစ်ခဲ့ရလိမ့်မယ်နော်
အေး ငါက ချင်းကြီး
ဆင်းရဲချင်းဆိုတာကို
ရိုးသားစွာဖြင့် ငါဂုဏ်ယူတယ်ကွ။ ။
#ဆလိုင်းယော
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။