Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 1, 2016

တက်တူးထိုး ဆေးစွဲဖူးတဲ့အမျိုးသမီး သို့မဟုတ် အိန်ဂျလိနာဂျိုလီ

တက်တူးထိုး ဆေးစွဲဖူးတဲ့အမျိုးသမီး သို့မဟုတ် အိန်ဂျလိနာဂျိုလီ
---------------
အမည်းရောင်သမိုင်းကာလလွန်ပြီးတဲ့ နောက်ပိုင်းမှာ ဂျိုလီဖြစ်ပျက်ခဲ့တာတွေကိုတော့ သူ့ပရိသတ်အားလုံး သိကြပါလိမ့်မယ်။
.
ပရက်ပစ်နဲ့ ဂျိုလီတို့ အတူနေချစ်ကြိုက်ကြပြီးတဲ့နောက် အရေးပါတဲ့ပွဲတိုင်း နှစ်ယောက်သားအတူတက်ရောက်ခဲ့ကြတယ်။
.
ပရက်ပစ်အတွက် ကလေးသုံးယောက် ဂျိုလီမွေးဖွားပေးခဲ့တယ်။
.
တခြားကလေးတွေကိုလည်း မပြတ်ကောက်ယူမွေးစားရင်း သူတို့ပျော်ရွှင်နေခဲ့ကြတယ်။


.
ပျော်ရွှင်တဲ့မိသားစုနဲ့ အပြင်က ကောလဟလ၊ အတင်းအဖျင်းတွေ သူတို့မိသားစုထဲအဝင်မခံဘဲ အတူတကွကာကွယ်ခဲ့တယ်။ ကောလဟလတွေကို အသံတိတ် သူတို့ဖြေရှင်းခဲ့ကြတယ်။
.
တချို့ကလည်း မနာလိုစွာနဲ့ “ပရက်ပစ် နင့်ကိုသိပ်ချစ်တယ်ဆိုရင် ဘာလို့ နင့်ကိုမယူသေးတာလဲ” လို့ ဆိုကြတယ်။
.
ဒီလို အတင်းအဖျင်းတွေက ၁၄နှစ်အကြာမှ ပျောက်ကွယ်သွားခဲ့တယ်။ ၁၄နှစ်အကြာမှာ သူတို့နှစ်ယောက် လက်ထပ်လိုက်ကြလို့ပါပဲ။
.
အဲဒီမင်္ဂလာပွဲမှာ ဂျိုလီဟာ Versace ကုမ္ပဏီရဲ့ မင်္ဂလာဝတ်စုံကို ဝတ်ထားတယ်။ ဝတ်စုံပေါ်မှာ ကလေးတွေရေးဆွဲထားတဲ့ ကာတွန်းပုံလေးတွေကအပြည့်…
.
တစ်မိသားစုလုံးရဲ့ တောင်းဆုတွေ၊ တစ်တမ္ဘာလုံးက တောင်းဆုတွေ သူတို့လက်ခံရရှိခဲ့တယ်။
.
ဒီလိုဆိုရင် တချို့က မေးကြဦးမယ်… အရင်တုန်းက ဂျိုလီကို လူတွေကြည့်မရခဲ့ဘူး၊ အခုတော့ ဘာလို့ တောင်းဆုတွေပေးကြသလဲပေါ့။
.
ကိုယ့်ကိုမဟုတ်မမှန်ပြောဆိုကြတဲ့ ကောလဟလ၊ အတင်းအဖျင်းတွေကို ကိုယ်လိုက်ဖြေရှင်းနေစရာမလိုဘူး။ အချိန်ရယ်၊ ကိုယ့်ကြိုးစားမှုတွေရယ်က အဲဒီအရာတွေကို ဖျောက်ဖျက်ပေးလိမ့်မယ်။
.
ပရက်ပစ်နဲ့ ဂျိုလီတို့အတူနေနေကြတဲ့ ဒီနှစ်တွေအတွင်း လူတွေဟာ သူတို့ရဲ့လှုပ်ရှားမှုတွေကို အတိမ်းစောင်းမခံ စောင့်ကြည့်နေကြတယ်။ သူတို့မွေးစားတဲ့ တတိယကမ္ဘာမှာပျော်ရွှင်နေတဲ့ ကလေးတွေကိုလည်း စောင့်ကြည့်နေကြတယ်။
.
ဂျိုလီက သူမွေးစားတဲ့ကလေးတွေရဲ့ မွေးရပ်ဇာတိကို သူ့ကိုယ်ပေါ်မှာ တက်တူးအဖြစ်ထိုးထားခဲ့တယ်။
.
ကာမဂုဏ်လိုက်စားသူ၊ ရမ္မက်ကြီးသူအဖြစ်မှာ သူသာယာမနေဘဲ ဒုက္ခသည်စခန်းတွေမှာ အမြဲတစေဝင်ထွက်သွားလာနေတဲ့သူ့ကို လူတွေစောင့်ကြည့်နေခဲ့ကြတယ်။
.
ကုလသမဂ္ဂဒုက္ခသည်များကိုယ်စားလှယ်သံတမန်အဖြစ် ၁ဝနှစ်ကြာ သူတာဝန်ယူထမ်းဆောင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ စတိတ်စင်ပေါ်မှာ ဒုက္ခသည်ကိုယ်စား အသံထွက်တဲ့သူ့ကို လူတွေစောင့်ကြည့်နေခဲ့ကြတယ်။
.
အော်စကာဆုပေးပွဲမှာ လူသားတို့အကျိုးဆောင်ရွက်သူဆု (Humanitarian) ကို သူယူခဲ့တာကိုလည်း လူတွေစောင့်ကြည့်နေခဲ့ကြတယ်။
.
အင်္ဂလန်ဘုရင်မက ဂျိုလီကို ချီးမြှင့်တဲ့ Honorary Dame Grand Cross ဆုတံဆိပ်ကို စောင့်ကြည့်နေခဲ့ကြတယ်။ ဒီဆုတံဆိပ်က လိင်အကြမ်းဖက်ဆန့်ကျင်ရေးနဲ့ အင်္ဂလန် သံတမန်ရေးရာအတွက်ဖြစ်တယ်။
.
အဲဒီလို နေ့မှာ လ၊ လမှ နှစ်အဖြစ် ကောင်းမှုတွေကို တစ်နှစ်ပြီးတစ်နှစ် သူလုပ်ခဲ့တယ်။ အခုအချိန်မှာ ဂျိုလီဟာ အမည်းရောင်အတိတ်ကို အဖြူရောင်ပစ္စုပန်အဖြစ် သူ့လုပ်ရပ်တွေနဲ့ သက်သေပြခဲ့ပါတယ်။
.
ဒီအချိန်ကျမှ လူတွေဟာ သူ့ကို “ချစ်ခြင်းနဲ့ အလှတရားတို့ရဲ့ကိုယ်ပွား” လို့ ဆိုကြတော့တယ်။
.
စာအစကို ပြန်ကောက်ရရင်… ဘဝကို အောင်နိုင်သူအဖြစ် လူတွေ သူ့ကိုချီးမွမ်းချိန်မှာ ဂျိုလီဟာ နဂိုကထက် ပိန်ပိန်လာခဲ့ပါတယ်။
.
ဒါဟာ သူပထမဆုံးအကြိမ် ပိန်ကျသွားတာမဟုတ်ပါဘူး။ ဆေးစွဲတုန်းကလည်း သူပိန်ခဲ့တယ်။ သူ့မိခင်ဆုံးတုန်းကလည်း သူပိန်ခဲ့တယ်။ ဒီနှစ်တွေမှာ ပိတ်ကားပေါ်ထက်မှာ သူပိန်တဲ့ပုံကို တွေ့ရသေးတယ်။
.
အခုချိန်မှာ သူဒါရိုက်တာလုပ်နေပြီဆိုတော့ နောက်ပိုင်းမှာ သူဒီထက်ပိန်ဖို့ပဲ ရှိပါတော့တယ်။
.
သူပိန်ရတဲ့အကြောင်းရင်းမှာ တချို့ကလည်း သူရုပ်ရှင်ရိုက်ချိန် အစာစားနည်းလို့ လို့ ဖြေရှင်းသလို
တချို့ကလည်း ပရက်ပစ်နဲ့ သူ့ရဲ့သံယောဇဉ်လမ်းကြောင်းမှာ အက်ကြောင်းထလာလို့လို့ ခန့်မှန်းကြတယ်။
တချို့ကလည်း ဝိတ်အလျော့လွန်ပြီး အစားမဝင်ရောဂါစွဲကပ်နေလို့လို့ သံသယရှိကြတယ်။
တချို့ကလည်း ဂျိုလီမှာ စိတ်ခံစားချက်ထွေပြားတဲ့ပြဿနာရှိလို့လို့ ဆိုတယ်။
.
ပရက်ပစ်ရေးခဲ့ဖူးတဲ့ စာထဲမှာတော့ ဂျိုလီဟာ နေမကောင်းလို့ ပိန်သွားတာလို့ဆိုတယ်။
.
သူတို့နှစ်ယောက်ရဲ့သံယောဇဉ်ဟာ ဂျိုလီရဲ့စိတ်ခံစားချက်တွေကြောင့် ကွာရှင်းခါနီးဖြစ်ခဲ့တယ်။
ဒါပေမယ့် မိန်းမဆိုတာ ယောက်ျားရဲ့ကြည့်မှန်ဆိုတာကို ပရက်ပစ်နားလည်လိုက်တယ်။ ဂျိုလီအပေါ် သူဘယ်လိုဆက်ဆံရင် မှန်ရိပ်မှာ ဘယ်လိုအကျိုးဆက်လာပေါ်မယ်ဆိုတာကို သူသိလိုက်တယ်။ ဒီလိုနဲ့ ဂျိုလီအပေါ် သူကောင်းကောင်းဂရုစိုက်ခဲ့တယ်။ ပြုစုခဲ့တယ်။ ဒီလိုနဲ့ ဂျိုလီရဲ့အသားအရေ မျက်နှာသွင်ပြင်တွေ လန်းဆန်းလာခဲ့တယ်။
.
ဒီတစ်ကြိမ်မှာလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ပါစေ။
.
နောက်ဆုံးမှာပြောချင်တာက မိန်းကလေးတို့ရေ…

-- အချစ်ကိုပဲအလေးထားပြီး အချစ်ကိုပဲ မစားပါနဲ့၊
ကျန်းမာဖို့အတွက် ထမင်းလည်းစားရမယ်ဆိုတာ သိထားပါနော်၊
.
---မဟုတ်မမှန်တဲ့ ကောလဟလ အတင်းအဖျင်းတွေကို ဖြေရှင်းလို့မရရင် မဖြေရှင်းပါနဲ့၊
တချို့အရာတွေက ရှင်းလေရှုပ်လေမို့ အချိန်နဲ့ကိုယ့်ကြိုးစားမှုဆီ လွှဲထားလိုက်ပါ၊ အချိန်က သက်သေပြသွားပါလိမ့်မယ်။
.
--တခြားလူရဲ့အောင်မြင်မှု၊ ဖြတ်သန်းမှု၊ ပျော်ရွှင်မှုကို သံသယမဖြစ်ပါနဲ့၊ ကိုယ့်စိတ်ထဲတွေးထင်သလို မဝေဖန်ပါနဲ့၊
သူလျှောက်ခဲ့တဲ့လမ်းအတိုင်း သင်မလျှောက်ခဲ့ဖူးလို့ပါ။
.
ဂျိုလီအကြောင်း ကျွန်မဖတ်မိသမျှကတော့ ဒီလောက်ပါပဲ။
.
လူတစ်ယောက်ရဲ့အကြောင်းကို အဆိုးဖက်ကရေးနိုင်သလို ကောင်းတဲ့ဖက်ကလည်း ရေးနိုင်ပါတယ်။ ကျွန်မကတော့ ကောင်းတဲ့ဖက်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

-----
ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်...

နိုင်းနိုင်းစနေ (May. 31. 2016)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။