Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 1, 2016

တက်တူးထိုး ဆေးစွဲဖူးတဲ့အမျိုးသမီး သို့မဟုတ် အိန်ဂျလိနာဂျိုလီ

တက်တူးထိုး ဆေးစွဲဖူးတဲ့အမျိုးသမီး သို့မဟုတ် အိန်ဂျလိနာဂျိုလီ
---------------
တလောက ဂျိုလီအရမ်းပိန်သွားတယ်။ အရိုးပေါ်အရည်တင်တဲ့ သူ့ပုံကိုကြည့်ပြီး ဒါဟာ ကျွန်မနှစ်သက်ခဲ့တဲ့ ပြည့်ပြည့်ဖြိုးဖြိုးဂျိုလီရော ဟုတ်ရဲ့လားလို့တွေးမိတယ်။ မင်းသမီးတွေ ရုတ်တရက်ပိန်ကျသွားတဲ့သတင်းကို မကြာခဏဖတ်ခဲ့ရပါတယ်။ တော်ဝင်မင်းသမီး ကိတ်"တောင်မှ ရုတ်တရက်ပိန်ကျသွားလို့ သတင်းမှာအဖော်ပြခံခဲ့ရသေးတာပဲ။ ဂျိုလီပိန်ကျသွားတာကလည်း အခုမှမဟုတ်ပါဘူး။ ပိန်လွန်းလို့ အရိုးအကြောတွေပေါ်နေတဲ့ သူ့ပုံတွေကို အင်တာနက်မှာ တော်တော်တွေ့ရပါတယ်။


--
ဘဝဆိုတာ ဒီလိုပဲ အပြောင်းအလဲမြန်လွန်းပါတယ်။
.
တလောကလုံးက သူ့ကို မကောင်းမြင်ခဲ့ချိန်မှာ သူ့မှာအကြောက်တရားမရှိခဲ့ဘူး။ သူ လှပမြဲ လှပခဲ့တယ်။
.
အခု တလောကလုံးက သူ့ကို လေးစားအားကျချိန်မှာ သူက အရိုးပြိုင်းပြိုင်းထအောင် ပိန်နေခဲ့ပါပြီ။
.
တလောကလုံး ဂျိုလီကို ဘာကြောင့် အကောင်းမမြင်ခဲ့သလဲလို့မေးလာရင် သူ့အကြောင်းကို အစကနေ ပြန်ပြောရပါလိမ့်မယ်။
.
အိန်ဂျလိနာဂျိုလီက သရုပ်ဆောင်မျိုးဆက် ဒုတိယမျိုးဆက်ဖြစ်တယ်။
.
သူ့မိခင်က အမေရိကန်နာမည်ကြီး သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့သလို သူ့ဖခင်ကလည်း သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့တယ်။ သူ့ဖခင်က အော်စကာဆုတောင်ရခဲ့ဖူးပါတယ်။ ဂျိုလီမှာ အရမ်းချောတဲ့အစ်ကိုတစ်ယောက် ရှိပါသေးတယ်။ ဒီလိုပတ်ဝန်ကျင်းအသိုင်းအဝိုင်းမှာ ကြီးပြင်းလာခဲ့တဲ့ဂျိုလီဟာ ကျန်းကျန်းမာမာကြီးပြင်းပြီး မိဘတွေရဲ့အမွေကိုလက်ဆင့်ကမ်းသူဖြစ်ခဲ့မှာပေါ့။
.
ဒါပေမယ့် သူ့အသက်ငယ်ရွယ်စဉ်မှာပဲ သူ့မိဘနှစ်ပါးရဲ့ကွာရှင်းခြင်းအရိပ်မည်းကြီးက သူကြီးပြင်းလာချိန်မှာ သူ့ကိုပြဿနာကောင်မလေးအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။
.
သူဆိုးခဲ့တယ်။ ဆေးလည်းစွဲခဲ့တယ်။ ကိုယ့်ကိုယ်ကိုမကြာခဏ သေကြောင်းကြံခဲ့တယ်။ မကောင်းတာမှန်သမျှလုပ်ပြီး ဆန့်ကျင်ပုန်ကန်မှုတွေ သူလုပ်ခဲ့တယ်။
.
ဥပမာတစ်ခုပြောရရင် သူဂျပန်သွားလည်တုန်း သူ့ကိုယ်ပေါ်တက်တူးတစ်ခုထိုးခဲ့တယ်။ ထိုးတဲ့တက်တူးကလည်း “သေ” ဆိုတဲ့ စာလုံးဖြစ်တယ်။
.
ဒါပေမယ့် ကံကောင်းတာက ဂျိုလီက မွေးရာပါချောတယ်။ ထင်ရှားကျော်ကြားတဲ့မိသားစုက မွေးဖွားခဲ့သူလည်းဖြစ်တယ်။ လူငယ်ဘဝမှာ သူဘယ်လိုပဲဆိုးဆိုး၊ ဘယ်လိုပဲ ပုန်ကန်ပုန်ကန် သူ့ကိုလမ်းကြောင်းတည့်အောင် လုပ်ပေးတဲ့သူရှိခဲ့တယ်။
.
၁၄နှစ်အရွယ်မှာ ဂျိုလီဟာ အစာမုန်းတဲ့ရောဂါနဲ့ ပိန်သွားခဲ့တယ်။ အမေရဲ့အကြံပေးမှုနဲ့ မော်ဒယ်လောကထဲသူဝင်ခဲ့တယ်။ အဲဒီနောက် အမေရိကန်ကောင်မလေးစတိုင်လ်နဲ့ ဓာတ်ပုံတွေအများအပြားရိုက်ခဲ့တယ်။
.
ဆယ်ကျော်သက်အရွယ်ရောက်တော့ ဂျိုလီရဲ့ခန္ဓာကိုယ်တွေ ဖွံ့ဖြိုးလာခဲ့တယ်။ ကိုယ်လုံးကိုယ်ပေါက်လှတော့ ဘယ်လိုပဲ ဓာတ်ပုံရိုက်ရိုက် ဆွဲဆောင်မှုရှိခဲ့တယ်။
.
ဒါပေမယ့် ဂျိုလီဟာ ခေါင်းမာပုန်ကန်တဲ့ ကောင်မလေးဆိုပေမယ့် သူ့ဘဝကို အလှပြတဲ့ပန်းအိုးတစ်လုံးအဖြစ်တော့ အဖြစ်မခံချင်ခဲ့ဘူး။ မော်ဒယ်လုပ်ရတာ ပျင်းစရာကောင်းတယ်လို့ သူခံစားလာတာနဲ့ ရုပ်ရှင်ရိုက်ဖို့ သူစိတ်ပါလာခဲ့တယ်။
.
ရုပ်ရှင်ရိုက်တာ မော်ဒယ်လုပ်တာလောက်တော့ မလွယ်ခဲ့ဘူး။ စစချင်းမှာ သိပ်လည်းမဟော့ သိပ်လည်းမယဉ်တဲ့ ပုံစံနဲ့ သူရုပ်ရှင်ကားတွေ ရိုက်ခဲ့ပါတယ်။ ဒါပေမယ့် ဆွဲဆောင်မှုကျကျ ဆက်စီကျကျနဲ့ရိုက်တော့ အောင်မြင်ပြီး နာမည်ရလာခဲ့တယ်။ သူဟာ ယောက်ျားသားတို့ရဲ့ စိတ်ကူးယဉ်အတွေးထဲက မိန်းကလေးဖြစ်လာခဲ့တယ်။
.
ဝါနုသရုပ်ဆောင်တစ်ဦးကနေ တဖြည်းဖြည်း အမြင့်ကိုတက်လှမ်းနေတဲ့နည်းတူ ဂျိုလီမှာ သက်တမ်းတိုတဲ့ အိမ်ထောက်ဆက်နှစ်ဆက်ရှိလာခဲ့တယ်။
.
ပထမအိမ်ထောင်က Jonny Lee Miller ဖြစ်ပြီး ရုပ်ရှင်ရိုက်ရင်း သိခဲ့ကြတာဖြစ်တယ်။ လက်ထပ်တော့ ဂျိုလီ အသက် ၂ဝပဲရှိသေးတယ်။
.
ဒုတိယအိမ်ထောင် Billy Bob Thornton ကလည်း သရုပ်ဆောင်တစ်ဦးပါပဲ။ သူက ဂျိုလီထက် အသက် ၂ဝကြီးတယ်။
.
အဲဒီအိမ်ထောင်နှစ်ဆက်အပြင် ယောက်ျားလျာတစ်ယောက်နဲ့လည်း သူတွဲခဲ့ဖူးတယ်။
.
အဲဒီယောက်ျားလျာက သူနဲ့အတူ ရုပ်ရှင်ရိုက်ခဲ့ဖူးတဲ့ Jenny Shimizu ဖြစ်တယ်။ Jenny Shimizu က ၉ဝ ခုနှစ်တွေတုန်းမှာ အမေရိကန်နာမည်ကြီးမော်ဒယ်တွေထဲက အာရှမော်ဒယ်တစ်ဦးဖြစ်တယ်။
.
ဂျိုလီဟာ သံယောဇဉ်နယ်ပယ်မှာ ကွဲလိုက်ကွာလိုက်ဆိုပေမယ့် အလုပ်အကိုင်ဖက်မှာတော့ ကြိုးစားမှုမလျော့ခဲ့ဘူး။ ဟောလိဝှဒ်မှာ ကျင်လည်ကျက်စားခဲ့တဲ့နှစ်တွေအတွင်း သူဟာ ကမ္ဘာလုံးဆု၊ အော်စကာဆုတွေ ဆွတ်ခူးခဲ့သလို တစ်ကမ္ဘာလုံး ထင်ရှားကျော်ကြားခဲ့ပြီး သူ့ကိုပိုအောင်မြင်မှုရစေခဲ့တဲ့ Tomb Raider ဆိုတဲ့ကားကိုလည်း သူရိုက်ခဲ့တယ်။
.
အနုပညာလောကမှာ နှစ်ကာလတော်တော်ကြာ တွေ့ကြုံဖြတ်သန်းပြီး ရင့်ကျက်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ရုံမက “အိန်ဂျလီနာဂျိုလီ” ဆိုတဲ့ ဒီနာမည်ဟာ တစ်ကမ္ဘာလုံးမှာ ဆက်စီကျဆွဲဆောင်မှုကို ကိုယ်စားပြုတဲ့နာမည်တစ်ခု ဖြစ်လာခဲ့တယ်။
.
ဂျိုလီဟာ ဘဝကို အောင်အောင်မြင်မြင် လျှောက်လှမ်းနေချိန်၊ ထင်ရှားကျော်ကြားနေဆဲမှာ လူသုံးယောက်ရဲ့ဘဝကို ပြောင်းလဲစေခဲ့မယ့် ဇာတ်ကားတစ်ကားကို ၂ဝဝ၄ခုနှစ်မှာ လက်ခံရိုက်ကူးခဲ့တယ်။ အဲဒီဇာတ်ကားက Mr. & Mrs. Smith ပဲဖြစ်တယ်။
.
အဲဒီဇာတ်ကားမှာ သူနဲ့တွဲဖက်သရုပ်ဆောင်ခဲ့တဲ့သူက ကမ္ဘာပေါ်မှာ ဆွဲဆောင်မှုအားအကောင်းဆုံး အမျိုးသားသရုပ်ဆောင်လို့ ထင်ရှားကျော်ကြားတဲ့ Brad Pitt ပဲဖြစ်တယ်။ ဂျိုလီကလည်း ချေသူမဟုတ်ခဲ့တော့ Brad Pitt ကြွေခဲ့ပြီပေါ့။
.
အဲဒီတုန်းက Brad Pitt မှာ မယားရှိပြီသား။ သူ့မယားက ချောလှနုရွတဲ့ ရုပ်ရှင်မင်းသမီး Jennifer Aniston။ သူတို့ကလည်း တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြတဲ့သူတွေပါပဲ။ တခြားရုပ်ရှင်မင်းသမီးနဲ့ ဇာတ်ကားလေးတစ်ကားရိုက်လိုက်ရုံနဲ့ ကိုယ့်ယောက်ျားဟာ သူများယောက်ျားဖြစ်သွားလိမ့်မယ်လို့ Jennifer ဘယ်တွေးထင်ခဲ့မလဲ။ ဒီလိုကိစ္စမျိုး ဘယ်သူကြုံကြုံ ဘယ်သူ့မှ ခံနိုင်ရည်ရှိကြမှာမဟုတ်ဘူး။
.
ကောလဟလတွေကြားမှာ ပရက်ပစ်ကတော့ ဇနီးနဲ့အရင် ခွဲနေပြီးမှ ဂျိုလီနဲ့ဖြစ်တာလို့တော့ ပြောတာပဲ။ ဒါပေမယ့် ဂျယ်နီဖာကတော့ ကြားလူဝင်လို့ပျက်ရတယ်လို့ ဆိုတယ်။
.
အဲဒီတုန်းက ဒီသုံးပွင့်ဆိုင်ပွဲကို စောင့်ကြည့်နေခဲ့ကြသူက ဂျယ်နီဖာဖက် ထောက်ခံအားပေးပြီး ဂျိုလီကိုတော့ အဖျက်မလို့ တံဆိပ်ကပ်လိုက်ကြတယ်။
.
ပွဲကြီးပွဲကောင်းတုန်းကဆိုရင် အမေရိကန်ပရိသတ်တွေက သူတို့ပုံပါတဲ့ တီရှပ်တွေထုတ်ပြီး ကိုယ်အားပေးထောက်ခံသူပုံပါတဲ့တီရှပ်ကို ဝယ်ဝတ်ခဲ့ကြတယ်။ နောက်ဆုံးမှာ ဂျယ်နီဖာပုံပါတဲ့တီရှပ်က ဂျိုလီပုံပါတဲ့တီရှပ်ထက် ၃ဆရောင်းခဲ့ရတယ်။
.
ဒါပေမယ့်လည်း ဒီအရာတွေက ဘယ်လိုအခြေအနေပဲရောက်ရောက် အတူနေမယ်ဆိုတဲ့ ပရက်ပစ်နဲ့ ဂျိုလီရဲ့ သံမဏိနှလုံးသားကို မတွန်းလှန်နိုင်ခဲ့ပါဘူး။
.
ဒီကိစ္စနဲ့ပတ်သက်ပြီး ကာလအတော်အတန်ကြာတဲ့အထိ ဂျိုလီဟာ လူတွေရဲ့တံထွေးခွက်ကြား မျောပါသူဖြစ်ခဲ့ရတယ်။
.
သတင်းထောက်တွေကလည်း နဂိုတည်းက ဂျိုလီအပေါ် အမြင်လှခဲ့သူတွေမဟုတ်ဘူး။ ဂျိုလီဟာ အရင်တည်းက ခုပဲယူလိုက် ခုပဲကွာလိုက်နဲ့ စိတ်မြန်လက်မြန်သူမို့ သူ့အဖေကတောင် သူ့သမီးကို ကြည့်မရဖြစ်ခဲ့ပြီး ဂျိုလီစိတ်ခုအောင်ပြောခဲ့မိလို့ အဖေနဲ့ သမီးအရာပြတ်စဲဖို့ တရားရုံးကို ဂျိုလီရောက်ခဲ့သေးတယ်။ လူတွေကတော့ ဂျိုလီကို “ဒီမိန်းမ သွေးအေးရက်စက်လွန်းတယ်” လို့ ဆိုခဲ့ကြတယ်။
.
ကမ္ဘောဒီးယားက မိဘမဲ့ကလေးတစ်ဦးကို ဂျိုလီကောက်ယူမွေးစားချိန်တုန်းကလည်း ပရိသတ်ကြား ဆူညံပွက်လောရိုက်ခဲ့သေးတယ်။ “သူ့လိုစရိုက်နဲ့ သူ့ကိုယ်သူတောင် မထိန်းသိမ်းတတ်ဘဲ ကလေးမွေးစားဦးမလို့တဲ့” ဆိုပြီး ဝေဖန်ကဲ့ရဲ့ခဲ့ကြတယ်။
.
ဒါတွေက ဂျိုလီတွေ့ကြုံခဲ့ရတဲ့ အမည်းရောင်သမိုင်းကာလတွေဖြစ်တယ်။ နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကိုတော့ ပရိသတ်အားလုံးသိကြပါလိမ့်မယ်။
-----------
ဆက်ပါဦးမည်...
နိုင်းနိုင်းစနေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။