Khant Naing added 4 new photos.
ဖိုးလပြည့် အီတလီနိုင်ငံကိုသွားပြီး
ချန်ပီယံလိဂ်ပွဲ သွားကြည့်တဲ့သတင်းတွေ
တက်လာတဲ့အချိန်မှာ..
သတိထားမိတာက..
မြန်မာပြည်က လျမ်းလျမ်းတောက်
အာဏာရှင်မြေးဟာ..
အီတလီလို ချမ်းသာပြီး
ခမ်းနားလှပတဲ့နိုင်ငံကို
ရောက်တဲ့အချိန်မှာ..
သာမန်လူတစ်ယောက်အဆင့်ထက်
မပိုဘူးဆိုတာကိုပါပဲ...
ဒါပေမဲ့..ပြောစရာတစ်ခုက..
အီတလီရောက်တဲ့အချိန်မှာ..
သာမန်လူလိုမနေရပဲ..
ခမ်းနားစွာကြိုဆိုခြင်းခံရတဲ့..
မြန်မာလူမျိုးတစ်ယောက်သမိုင်းမှာရှိတာကိုပါ..
အီတလီခေါင်းဆောင်တွေနဲ့
အီတလီပြည်သူတွေက တစ်ခန်းတနားနဲ့
လေးစားရတဲ့ သူတစ်ယောက်သမိုင်းမှာရှိနေပါတယ်..
ဘယ်သူပါလဲ.. ??
------------------------
၂၀၁၃ ခုနှစ်..
သူမအီတလီရောက်သွားတဲ့အချိန်မှာ..
သူမကို..အီတလီအကြီးအကဲတွေကအစ..
လေးစားကြပါတယ်..
ကမ္ဘာမှာခမ်းနားခဲ့ဖူးတဲ့ ရောမမြို့ကြီးရဲ့
ဂုဏ်ထူးဆောင် ရောမမြို့တော်သူဆုကိုရခဲ့ပါတယ်..
အီတလီရဲ့ရှေးအကျဆုံး Parma မြို့ရဲ့
ဂုဏ်ထူးဆောင် မြို့တော်သူဆုကိုရခဲ့ပါတယ်..
အီတလီ Bologna တက္ကသိုလ်က ချီးမြှင့်တဲ့
ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူခဲ့ပါတယ်..
ကမ္ဘာကျော် ဗာတီကန်စီးတီးထဲမှာ
(၂၆၆)ဆက်မြောက်
ပုပ်ရဟန်းမင်းကြီးကိုယ်တိုင်က သူမကို
ဖိတ်ခေါ်ချီးမြှောက်ခဲ့ပါတယ်..
ကမ္ဘာကျော်အီတလီဘောလုံးသမား..
ရောဘက်တိုဘက်ဂီယိုက သူမကို..
တုနှိုင်း မမီနိုင်တဲ့ ပုဂ္ဂိုလ်တဦး၊
ခေတ်သစ် သူရဲကောင်းစစ်စစ် တဦးလို့
တင်စားခဲ့တယ်..
သူမနဲ့ဘေးချင်းကပ်ထိုင်ခွင့်ရတဲ့အဖြစ်ကို
ဘ၀မှာတန်ဘိုးထားဆုံးအရာတစ်ခုလို
သဘောထားပြီးသိမ်းဆည်းသွားမယ်လို့
မီဒီယာတွေကိုပြောခဲ့ပါတယ်..
မြန်မာပြည်ကလာလည်တဲ့သူမ...
အီတလီမှာဘယ်သွားသွား..
အီတလီနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့
Emma Bonino ဆိုတဲ့အမျိုးသမီးဟာ..
သူမကိုအရိပ်တကြည့်ကြည်နဲ့ ကြည့်ပြီး
ဂုဏ်ယူစွာလိုက်ပါခဲ့တယ်...
သူမဟာ..
မြန်မာနိုင်ငံသူဖြစ်တဲ့..
ဒေါ်အောင်ဆန်းစုကြည်ပါ...
----------------
ဒီတော့ တွေးမိတာတစ်ချက်က..
သူမရဲ့အရည်အချင်းတွေနဲ့..
သူမကိုအီတလီကချီးမြှင့်ခဲ့တဲ့
ဘွဲ့တွေဆုတွေကိုအသုံးချပြီး..
ကမ္ဘာ့ဈေးအကြီးဆုံး ပြိုင်ကားတွေ
အသုံးအဆောင်တွေထုတ်လုပ်တဲ့
အီတလီလိုနိုင်ငံမှာ..
သူမဟာ...သူမရဲ့သားတွေကိုခေါ်ပြီး
အေးချမ်းစွာနေလို့ရတယ်ဆိုတာကိုပါ..
အာဏာရှင်မြေးလို..
အီတလီမှာဘောလုံးပွဲသွားကြည့်တဲ့
အဆင့်လောက်ကို စာမဖွဲ့ပါဘူး..
ကမ္ဘာ့အချမ်းသာဆုံးသူဌေးတွေနဲ့
အာဏာရှင်တွေမက်မောတတ်တဲ့
ကမ္ဘာဈေးအကြီးဆုံး ပြိုင်ကားနဲ့
လူသုံးကုန်ပစ္စည်းတွေထုတ်တဲ့..
နိုင်ငံက လေးစားမှတော့..
ကျန်တာပြောစရာမရှိပါဘူး.
ဒီလိုမျိုး အေးအေးချမ်းချမ်းနဲ့
အဆင့်အတန်းရှိရှိနေလို့ရရက်နဲ့..
သူမဟာ.ကိုယ်လွတ်မရုန်းပဲ..
ဆင်းရဲမွဲတေပြီး..
အခွံကျန်ခဲ့တဲ့.မြန်မာနိုင်ငံထဲမှာ..
ဘာလို့အပင်ပန်းအဆင်းရဲခံနေရသလဲ??
ဒီအဖြေဟာ..
အားလုံးရဲ့ရင်ထဲမှာရှိမှာပါ..
ဒီလိုတွေးမိလေ...
သူမရဲ့ အနစ်နာခံမှုကိုသိလေ..
ဝမ်းနည်းလာလေပါ..
:-(
( Pa Yit)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။