ပြည်သူပေးတဲ့ဆု
အမေရိကန်ပြည်ထောင်စုက သမ္မတ အိုဘားမားဟာ -
ဂုဏ်သိက္ခာကို အရမ်းတန်ဖိုးထားတယ်။ သူ့အုပ်ချုပ်ရေးအဖွဲ့ကို အကျင့်ပျက်ခြစားမှုတွေ မလုပ်နိုင်အောင် ထိန်းသိမ်းနိုင်ခဲ့တဲ့ သမ္မတဖြစ်နေတဲ့အတွက် ဂုဏ်ယူစရာကောင်းတယ်။ ရေဂင်နဲ့ ကလင်တန်တို့လက်ထက်မှာ အီရန်-ကွန်ထရာအရေးအခင်းရယ် လူဝင်းစကီးနဲ့ ဖောက်ပြန်မှုတွေ ပေါ်ပေါက်ခဲ့တာ မှတ်မိမယ်ထင်တယ်။ အိုဘားမား လက်ထက်မှာ ဒါမျိုးတွေ မရှိခဲ့ဘူး။
သူဟာ ကိုယ်တိုင်လည်း ရိုးသားဖြောင့်မတ်သလို၊ သူ့လုပ်ဖော်ကိုင်ဘက်အားလုံး ကိုလည်း
အရိုးသားဆုံး နေထိုင်နိုင်အောင် စည်းရုံးနိုင်ခဲ့လို့ လူတော်လို့ဆိုရမယ်။
သူ့လက်ထက်မှာ ဟီလာရီ ကလင်တန်ကို နိုင်ငံခြား ရေးဝန်ကြီး ခန့်ဖူးသေးတယ်။
သတင်းမီဒီယာတွေခေါ်ပြီး ပြဿနာ ခဏခဏရှင်းရတယ်။ အိုဘားမားမှာ ရှင်းစရာ
ပြဿနာမရှိလောက်အောင်ကို ကြိုးစားလုပ်ကိုင်ခဲ့တာတွေ့ ရတယ်။
အိုဘားမားနဲ့ သူ့ဇနီး သူတို့သားသမီးတွေဟာ ထောင်လွှားပြီး၊ ပျော်ပါး၊ မော်ကြွား၊ လူအမြင်ကပ်အောင် မနေကြဘူး။ အရင်သမ္မတတွေတုန်းက မိသားစုပြဿနာလေးတွေ၊ သားရေးသမီးရေး ပြဿနာလေးတွေ ရှိကြတယ်။ အိုဘားမား မိသားစုကတော့ အဲဒါတွေကင်းပြီး ရိုးစင်းစွာ နေထိုင်ပြသွားခဲ့တယ်။
အိုဘားမားဟာ ကိုယ်ချင်းစာတရား၊ ကြင်နာသနားမှုတွေ အရမ်းများတယ်။ ဒေါ်နယ်ထရမ့်က သမ္မတရွေး ကောက်ပွဲအတွက် စည်းရုံးစဉ်မှာ မွတ်ဆလင်တွေကို ပိတ်ဆို့မယ်ဆိုတာတွေ ပါးစပ်ကျွံတယ်။ အိုဘားမား ကတော့ ဗလီကိုသွားတယ်။ အံ့သြစရာကောင်းလောက်အောင် ချစ်ဖွယ်သောစကားပြောသွားတယ် ။ အားလုံး စိတ်ချမ်းမြေ့ကြရသပေါ့။
ဘယ်တော့မှ စိတ်အဖိစီးမခံဘူး။ အခြေအနေတစ်ခုက တင်းမာလာရင် ရေဖြစ်ဖြစ်ထသောက်ပြီးတော့ လမ်းလွှဲ လိုက်တယ်။ သူ့မှာအဖြေတစ်ခုခု အမြဲရှိနေတယ်။ ဘယ်လောက်ခက်ခဲပါစေ သူရင်ဆိုင်တတ်တယ်။ အလွန် ခေါင်းအေးတယ်။
သူဟာ ဘာဖြစ်ဖြစ် အကောင်းမြင်တတ်တယ်။ ဘယ်တော့မှ အဆိုးမြင်စိတ်နဲ့ ပြောဆိုဆွေးနွေးလေ့ မရှိဘူး။ ပြဿနာတစ်ခုခုဖြစ်လာရင် ကိုယ်မှာချည်း ဒီလိုပြဿနာတွေရှိတာ မဟုတ်ဘူး။ သူများနိုင်ငံတွေမှာလည်း ဖြစ်နေကြတာပဲ။ ဒါကြောင့် ဘယ်လိုအကောင်းဆုံး လုပ်ရင်ကောင်းမလဲဆိုတာကိုပဲ ဦးတည် ဆွေးနွေးလေ့ ရှိတယ်။
သူဟာ သူ့ကိုယ်သူ ပြည့်ဝသူ အပြစ်ကင်းသူတစ်ယောက်လို့ ဘယ်တော့မှ မပြောဘူး။ အဲဒီလို ဖြစ်နေတယ် ဆိုတဲ့ အမြင်မျိုးလည်း မပြဘူး။ အရိုးသားဆုံးနေ၊ အကောင်းဆုံးလုပ်၊ သိက္ခာရှိအောင်လုပ်၊ ကိုယ်ကိုယ်ကိုယ် တန်ဖိုးထား၊ စိတ်ထဲမှာ တိုင်းပြည်နဲ့ လူမျိုးအတွက်ပဲ ဦးတည်ချက်ထားလို့ သူ့ကို နောက်ဆုံး ဆင်းခါနီး အချိန် အထိတောင် ပြည်သူတွေက သဘောကျကြတယ်။ ဒါကြောင့်လည်း အရိုးသားဆုံးသမ္မတလို့ ပြောသူတွေက ချီးကျူးပြောကြား ဂုဏ်ပြုကြတယ်။ ပြည်သူပေးတဲ့ ဂုဏ်ပုဒ်၊ ပြည်သူပေးတဲ့ဆုပေါ့။
၁၃.၆.၂၀၁၆
အမေရိကန်ပြည်ထောင်စုက သမ္မတ အိုဘားမားဟာ -
ဂုဏ်သိက္ခာကို အရမ်းတန်ဖိုးထားတယ်။ သူ့အုပ်ချုပ်ရေးအဖွဲ့ကို အကျင့်ပျက်ခြစားမှုတွေ မလုပ်နိုင်အောင် ထိန်းသိမ်းနိုင်ခဲ့တဲ့ သမ္မတဖြစ်နေတဲ့အတွက် ဂုဏ်ယူစရာကောင်းတယ်။ ရေဂင်နဲ့ ကလင်တန်တို့လက်ထက်မှာ အီရန်-ကွန်ထရာအရေးအခင်းရယ် လူဝင်းစကီးနဲ့ ဖောက်ပြန်မှုတွေ ပေါ်ပေါက်ခဲ့တာ မှတ်မိမယ်ထင်တယ်။ အိုဘားမား လက်ထက်မှာ ဒါမျိုးတွေ မရှိခဲ့ဘူး။
သူဟာ ကိုယ်တိုင်လည်း ရိုးသားဖြောင့်မတ်သလို၊ သူ့လုပ်ဖော်ကိုင်ဘက်အားလုံး
အိုဘားမားနဲ့ သူ့ဇနီး သူတို့သားသမီးတွေဟာ ထောင်လွှားပြီး၊ ပျော်ပါး၊ မော်ကြွား၊ လူအမြင်ကပ်အောင် မနေကြဘူး။ အရင်သမ္မတတွေတုန်းက မိသားစုပြဿနာလေးတွေ၊ သားရေးသမီးရေး ပြဿနာလေးတွေ ရှိကြတယ်။ အိုဘားမား မိသားစုကတော့ အဲဒါတွေကင်းပြီး ရိုးစင်းစွာ နေထိုင်ပြသွားခဲ့တယ်။
အိုဘားမားဟာ ကိုယ်ချင်းစာတရား၊ ကြင်နာသနားမှုတွေ အရမ်းများတယ်။ ဒေါ်နယ်ထရမ့်က သမ္မတရွေး ကောက်ပွဲအတွက် စည်းရုံးစဉ်မှာ မွတ်ဆလင်တွေကို ပိတ်ဆို့မယ်ဆိုတာတွေ ပါးစပ်ကျွံတယ်။ အိုဘားမား ကတော့ ဗလီကိုသွားတယ်။ အံ့သြစရာကောင်းလောက်အောင် ချစ်ဖွယ်သောစကားပြောသွားတယ်
ဘယ်တော့မှ စိတ်အဖိစီးမခံဘူး။ အခြေအနေတစ်ခုက တင်းမာလာရင် ရေဖြစ်ဖြစ်ထသောက်ပြီးတော့ လမ်းလွှဲ လိုက်တယ်။ သူ့မှာအဖြေတစ်ခုခု အမြဲရှိနေတယ်။ ဘယ်လောက်ခက်ခဲပါစေ သူရင်ဆိုင်တတ်တယ်။ အလွန် ခေါင်းအေးတယ်။
သူဟာ ဘာဖြစ်ဖြစ် အကောင်းမြင်တတ်တယ်။ ဘယ်တော့မှ အဆိုးမြင်စိတ်နဲ့ ပြောဆိုဆွေးနွေးလေ့ မရှိဘူး။ ပြဿနာတစ်ခုခုဖြစ်လာရင် ကိုယ်မှာချည်း ဒီလိုပြဿနာတွေရှိတာ မဟုတ်ဘူး။ သူများနိုင်ငံတွေမှာလည်း ဖြစ်နေကြတာပဲ။ ဒါကြောင့် ဘယ်လိုအကောင်းဆုံး လုပ်ရင်ကောင်းမလဲဆိုတာကိုပဲ
သူဟာ သူ့ကိုယ်သူ ပြည့်ဝသူ အပြစ်ကင်းသူတစ်ယောက်လို့ ဘယ်တော့မှ မပြောဘူး။ အဲဒီလို ဖြစ်နေတယ် ဆိုတဲ့ အမြင်မျိုးလည်း မပြဘူး။ အရိုးသားဆုံးနေ၊ အကောင်းဆုံးလုပ်၊ သိက္ခာရှိအောင်လုပ်၊ ကိုယ်ကိုယ်ကိုယ် တန်ဖိုးထား၊ စိတ်ထဲမှာ တိုင်းပြည်နဲ့ လူမျိုးအတွက်ပဲ ဦးတည်ချက်ထားလို့ သူ့ကို နောက်ဆုံး ဆင်းခါနီး အချိန် အထိတောင် ပြည်သူတွေက သဘောကျကြတယ်။ ဒါကြောင့်လည်း အရိုးသားဆုံးသမ္မတလို့ ပြောသူတွေက ချီးကျူးပြောကြား ဂုဏ်ပြုကြတယ်။ ပြည်သူပေးတဲ့ ဂုဏ်ပုဒ်၊ ပြည်သူပေးတဲ့ဆုပေါ့။
၁၃.၆.၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။