ဒေါင်းတစ်ကောင်ဟာ အတောင်ပံတွေကိုဖြန့်ပြီးကတိုင်း ဘာကြောင့်မှန်းမသိ ခွေးက သူ့ကိုလိုက်ထိုးဟောင်တယ်၊
မျောက်က သူ့ကိုခဲနဲ့ပစ်တယ်၊
ပိုးနံကောင်က သူ့ကိုနံစော်နေတဲ့အနံ့နဲ့ပန်းတယ်။
ဒေါင်းက ဘာကြောင့် သူ့ကို ဒီလိုလုပ်မှန်းနားမလည်လို့ ခွေးကိုမေးတယ်။
“ငါဟာ မင်းနဲ့ရန်သူလား”
“မဟုတ်ပါဘူး…” ခွေးကပြောတယ်။
“ငါ မင်းကို ရန်လုပ်ခဲ့ဖူးလား” မျောက်ကို သူမေးတယ်။
“မလုပ်ဖူးပါဘူး…” မျောက်ကဖြေတယ်။
“ငါ မင်းကို ခြေထောက်နဲ့နင်းခဲ့ဖူးလား” ပိုးနံကောင်ကို သူမေးတယ်။
“မနင်းဖူးပါဘူး..” ပိုးကောင်ကဖြေတယ်။
“ဒါနဲ့ မင်းတို့က ငါအတောင်ပံဖြန့်တိုင်း ဘာလို့ ငါ့ကိုတိုက်ခိုက်ကြတာလဲ”
“မင်းအတောင်ပံဖြန့်တိုင်း လှပတဲ့အရောင်နဲ့တောက်ပမှုတွေ က
ငါတို့မျက်စိကို ကျိန်းစပ်စေ၊ စူးစေခဲ့လို့ ငါတို့ကို စိတ်မသက်သာစေခဲ့ဘူး။
မင်းက ငါတို့ကို ကြည့်မရအောင်လုပ်တော့ မင်းကို ငါတို့ရန်ရှာတာပေါ့” လို့
သူတို့ကပြန်ဖြေတယ်။
တခြားသူရဲ့လှပမှု၊ အောင်မြင်မှုကို ကြည့်မရတာဟာ မနာလိုခြင်းဆိုတာကို ဒေါင်းသဘောပေါက်နားလည်လိုက် ပါတယ်။
မျောက်က သူ့ကိုခဲနဲ့ပစ်တယ်၊
ပိုးနံကောင်က သူ့ကိုနံစော်နေတဲ့အနံ့နဲ့ပန
ဒေါင်းက ဘာကြောင့် သူ့ကို ဒီလိုလုပ်မှန်းနားမလည်လို့ ခွေးကိုမေးတယ်။
“ငါဟာ မင်းနဲ့ရန်သူလား”
“မဟုတ်ပါဘူး…” ခွေးကပြောတယ်။
“ငါ မင်းကို ရန်လုပ်ခဲ့ဖူးလား” မျောက်ကို သူမေးတယ်။
“မလုပ်ဖူးပါဘူး…” မျောက်ကဖြေတယ်။
“ငါ မင်းကို ခြေထောက်နဲ့နင်းခဲ့ဖူးလား” ပိုးနံကောင်ကို သူမေးတယ်။
“မနင်းဖူးပါဘူး..” ပိုးကောင်ကဖြေတယ်။
“ဒါနဲ့ မင်းတို့က ငါအတောင်ပံဖြန့်တိုင်း ဘာလို့ ငါ့ကိုတိုက်ခိုက်ကြတာလဲ”
“မင်းအတောင်ပံဖြန့်တိုင်း လှပတဲ့အရောင်နဲ့တောက်ပမှုတွေ
တခြားသူရဲ့လှပမှု၊ အောင်မြင်မှုကို ကြည့်မရတာဟာ မနာလိုခြင်းဆိုတာကို ဒေါင်းသဘောပေါက်နားလည်လိုက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။