Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 3, 2016

"ကေအေတီနှင့် ကေအေတီ၏ တစ်ကိုယ်ရေ လွမ်းဆွတ်မှုများ"

"ကေအေတီနှင့် ကေအေတီ၏
တစ်ကိုယ်ရေ လွမ်းဆွတ်မှုများ"
~~~~~~~~~~~~~~~~~~~~~~~~~
"ကိုယ်ရေးအကျဉ်း"
အမည် •••••• ကျော်အောင်သစ်
မွေးသက္ကရာဇ် ••••••18-4-1966
ဇာတိ •••••• မုံရွာ
ဇနီး •••••• မချမ်းအိမွန်

ဒီနေ့ဂီတလောကတွင်ကေအေတီမြေတောင်မြှောက်
်ပေးခဲ့သော၊သူ့ကြောင့်ရွှေဖြစ်လာသောအနုပညာရှင်များက လက်ညှိုးထိုးမလွဲအောင် များပြားလွန်းပါသည်။ ဟိုဘက်ခေတ် မျိုးကြီး၏ ''ဒီကစောင့်နေသူ'' ၊ ဇော်ပိုင်၏ ''မင်းနဲ့မှ ချစ်တတ်ပြီ'' မှ ဒီဘက်ခေတ် ကိုကိုမောင်၏ ''မချစ်နဲ့တော့'' နှင့် ကျော်သီဟ၏ ''မင်းသိလာမယ်''စသဖြင့်အများကြီးမှအများကြီးရယ်။*ဂီတလောကမှာ တေးရေးဆရာ၊ တေးသံရှင်၊ သံစဉ်ဖန်တီးသူစတဲ့ ဂီတပညာရှင်များဟာ အလွှာအမျိုးမျိုးမှာ နေရာစုံ ထောင့်စုံက လန်းဆန်းတဲ့ ဂီတပန်းများအဖြစ် ပွင့်လန်းနေကြပါတယ်။ ဂီတပညာ ရှင်တွေက လူသားတွေရဲ့
စက္ကန့်မလပ်ပြောင်းလဲနေတဲ့ ခံစားချက်တွေကို အမိအရ ဖမ်းယူဆုပ်ကိုင်ပြီး တစ်စုံ တစ်ယောက်က နားလည်လာအောင်၊ တစ်စုံတစ်ယောက် က ခံစားတတ်လာအောင်၊ တစ်စုံတစ်ယောက် အား တက်အောင်၊ တစ်စုံတစ်ယောက်က ငိုဖြစ်သွားအောင်၊ တစ်စုံတစ်ယောက် ရယ်မောလာအောင်၊ တစ်စုံတစ် ယောက်က လွမ်းမောသွားအောင်လို့ဖန်တီးတွန်းပို့ပေး တတ်ကြပါတယ်။ အဲဒီလို ဖန်တီးမှုစွမ်းအားကောင်းတဲ့ ဂီတဖန်တီးသူတေးရေးဆရာများစွာထဲကမှအောင်မြင်သူတဦးပါ။ကေအေတီနဲ့MKမဂ္ဂဇင်းတို့ရဲ့အင်တာဗျုး
လေးကိုပြန်လည်ဖော်ပြလိုက်ပါတယ။်

>>> ဆရာကေအေတီ ဂီတလမ်းကြောင်းပေါ်စတင် ရောက်ရှိ လာတဲ့ တေးရေးဆရာ ဘဝအစကို ပြောပြပေး ပါဦး။

အရင်တုန်းကတော့ မန္တလေးတက္ကသိုလ်စတက် တုန်းက ကိုယ်ပိုင်သံစဉ် သီချင်းတွေ ကိုယ့်ဘာသာကိုယ် စရေးဖြစ်တယ်။ အဲဒီလိုရေးနေတဲ့အချိန်မှာ ရန်ကုန်က အဆိုတော်အသစ်တစ်ယောက် နယ်ကိုလိုက်ပြီး ကျောင်း သားတွေဆီက သီချင်းတွေလိုက် စုနေတယ်။ အဲဒီအဆို တော်နဲ့ ကျွန်တော်တွေ့ဖြစ်သွားပြီး ကျွန်တော်ရေးထား တဲ့ သီချင်းတွေထဲက သီချင်းတစ်ပုဒ်ကို သူယူလိုက်တယ်။ အဲဒီသီချင်းက ကျွန်တော့်ဂီတအစ သီချင်းလို့ပြောလို့ရပါ တယ်။ စရေးတဲ့အခါမှာ အနုပညာကြေးလည်းရတယ် ပေါ့။ ဒါပေမဲ့ သူကကျွန်တော့်သီချင်းကိုဆိုလည်း ဆိုပါ တယ်။ အပြီးအစီးလုပ်ပြီးမှ သူက အခွေမထွက်ဖြစ် ဘူး။ နိုင်ငံခြားသင်္ဘောလိုက်သွားတယ်။ ဒီတော့ ကိုယ့်သီချင်း ကိုယ်ပြန်မကြားလိုက်ရဘူးပေါ့။ အဲဒီလိုမျိုးလေးတော့ ရှိ ခဲ့တယ်။

>>> ဆရာ အဲဒီအချိန်တုန်းက ဘယ်နှခုနှစ်လောက်ရှိ ပြီလဲ။

ဘယ်အချိန်လောက်ဖြစ်မလဲဆိုတော့ ကျွန်တော် Final ကျောင်းသားဘဝကဆိုတော့ ၁၉၈၇ ပေါ့။

>>> နောက်ပိုင်းဂီတလမ်းကြောင်းပေါ်ကို ဆက်ပြီးလုပ် ကိုင်ဖြစ်ပုံလေးကကော။

အင်း။ ကျွန်တော်ဘွဲ့ရပြီး မုံရွာပြန်ရောက်တဲ့အ ချိန်မှာ သီချင်းတွေရေးနေတယ်ပေါ့။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့မြို့က အဆိုတော်တစ်ယောက်ရှိတယ်။ သျှိုင်းအောင် ဆိုတဲ့အဆိုတော်၊ သူက ကိုယ်ပိုင်သံစဉ် သီချင်းပဲဆိုတယ်။ ကျွန်တော့်ဆီမှာ
ရေးထားတဲ့သီချင်း တွေရှိတယ်လို့ သူကကြားတော့ သူ့ကိုပြပါလားလို့ပြော တယ်။ သူ့ကို သီချင်းသုံးပုဒ်ပြလိုက်တယ်။ တစ်ပုဒ်ကြိုက် တယ်ဆိုပြီး ယူလိုက်တယ်။ နောက်သူက ရန်ကုန်မှာ ပြန် ပြီး အခွေလုပ်တယ်။ သဇင်မင်းဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ အဲဒီ အခွေထဲမှာ
'အားနည်းချက်နဲ့လူ' ဆိုတဲ့ ကျွန်တော်ရေးတဲ့ သီချင်းလေးပါသွားတယ်။ ဒါ ပထမဆုံး ပရော်ဖက်ရှင် နယ်ဖြစ်တဲ့သီချင်း၊ ပထမဆုံး ကိုယ်ရေးထားတာ ကိုယ် ပြန်ကြားရ တဲ့သီချင်းလို့ ပြောလို့ရပါတယ်။ နောက်ပိုင်းမှာ ကိုလေးဖြူတို့ မုံရွာရောက်လာတော့ ကျွန်တော်တို့ အစီအစဉ်ဆွဲကြတယ်။ 'ကန္တာရလမင်း'အခွေအတွက် ကျွန် တော့်ကို ကော် ပီသီချင်း (၇) ပုဒ်အပ်တယ်။ နောက် ပိုင်းမှာ ဒီဘက်ပိုင်းမှာပဲ ဆက်တိုက်လုပ်ဖြစ်သွားတာပါ။

>>> ဆရာက ငယ်ငယ်ကတည်းက တေးရေးဆရာဖြစ် ချင်ခဲ့တာလား။တေးရေးတာကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာလား။

ဟုတ်ပါတယ်။ တေးရေးဆရာပဲဖြစ်ချင်ခဲ့တာပါ

>>> တချို့လူတွေက သိချင်ကြတယ်။ တေးရေးဆရာ တွေက အဆိုတော် ဘာလို့မဖြစ် တာလဲဆိုတာ။

အမှန်အတိုင်းပြောရရင်တော့ သီချင်းစရေးက တည်းက ကိုယ်ဆိုဖို့ ကိုယ်ရေးတာပေါ့။ ဒါပေမဲ့ ကိုယ့် ထက် အသံအများကြီးကောင်းတဲ့ လေးဖြူတို့၊ အငဲတို့၊ ဝိုင်းဝိုင်းတို့နဲ့ ပေါင်းမိတဲ့အချိန်မှာတော့ မဆိုချင်တော့ ပါဘူး။ သီချင်းပဲ ရေးချင်တော့တယ်။

>>> ဆရာ့ကို ကေအေတီလို့ တစ်နိုင်ငံလုံးက သိသွားတဲ့ သီချင်းဆိုရင် ဘယ်သီ ချင်းလေးဖြစ်မယ်ထင်လဲ။

သျှိုင်းအောင် အခွေတုန်းက ကျွန်တော့်ကို သိပ် မသိပါဘူး။ လေးဖြူ အခွေထွက်မှ ပိုသိသွားတယ်။ ဘယ် သီချင်းနဲ့ စသိလဲဆိုတာပြောရခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ လေးဖြူရဲ့ အဲဒီအခွေက တစ်ခွေလုံးပေါက် သွားလို့ပါ။ ကျွန်တော်လည်း ဒီအခွေထဲမှာ ၇ ပုဒ်လောက် ရေးထားတာ၊ နောက် သီချင်းတွေအားလုံးကိုလည်း ပရိသတ်ကြိုက်ကြ တယ်ဆိုတော့ အဲဒီအခွေထဲက သီချင်း တွေနဲ့ပဲ ပရိသတ်သိသွားတယ်လို့ပဲ ပြောရမှာပေါ့။

>>> ဆရာ တေးရေးသက်တမ်းမှာ အချိန်အများကြီး ပေးလိုက်ရတဲ့ သီချင်းရှိရင်လည်း ထူးထူးခြားခြားရှိရင် လည်းပြောပြပါဦး။

ထူးထူးခြားခြားရှိပါတယ်။ လေးဖြူဆိုထားတဲ့ 'အိမ်မက်ကဗျာ' အခွေထဲက 'အတိတ်မြက်ခင်းစိမ်း'ဆိုတဲ့ သီချင်းပါ။အဲဒီ့ သီချင်းကို လေးငါးခြောက်လလောက် အချိန်ပေးလိုက်ရတယ်။ ဘာလို့လဲဆိုတော့ တစ်ပုဒ်လုံး ရေးပြီးမှ မကြိုက်လို့
ပြန်ရေးလိုက်ရလို့ပါ။

>>> အချိန်နည်းနည်းပဲပေးပြီး ပရိသတ်သဘောကျတဲ့ သီချင်းမျိုးရှိရင် လည်း ပြောပြပေးပါဦး။

ကျွန်တော်က အချိန်သိပ်မတွက်ထားတော့ သိပ် မပြောတတ်ဘူး။ တချို့သီ ချင်းလေးတွေလည်း တစ်ရက် နှစ်ရက်ပေးထားတဲ့ သီချင်းတွေရှိပါတယ်။ 'အိပ်မက် လှေ' ထဲမှာလည်း ပါပါတယ်။

>>> တေးရေး သက်တမ်းကြာလာတဲ့ အခါမှာ ပိုပြီး လွယ်ကူလာတဲ့အပိုင်းနဲ့ ပိုပြီးခက်ခဲလာတဲ့ အပိုင်း တွေကို ပြောပြပေးပါဦး။

ပိုပြီးလွယ်ကူလာတဲ့ အပိုင်းကတော့ မြန်မာလူမျိုး တစ်ယောက်အနေနဲ့၊ မြန်မာနိုင်ငံသား တစ်ယောက်အ နေနဲ့ ကိုယ့်ရဲ့ မြန်မာစာကို ပိုပြီးတော့ နှံ့စပ်ကျွမ်းကျင် လာတယ်။ စကားပြေကို ပိုပြီး နိုင်နင်းလာပါတယ်။ ဝါကျ အရှည်ကြီးတွေကို ရေးလာတာ
ပိုပြီးတော့ အဆင်ပြေလာ တယ်၊ ပျော်မွေ့လာတယ်ပေါ့။ ပိုပြီးတော့ ခက်ခဲလာတဲ့ အပိုင်းကတော့ အရင်ကထက် ပိုပြီးတော့ စိစစ်တတ် လာတယ်။ စာလုံး တစ်လုံးချင်း တစ်လုံးချင်းက အစကို ပိုပြီး စိစစ်လာတယ်။

>>> ဆရာ သီချင်းရေးတဲ့ အထဲမှာ ရေးကတည်းက ပရိသတ်ကြိုက်မယ်လို့ ကိုယ့်ဘာသာကိုယ် သတိထားမိတဲ့ သီချင်းမျိုးရှိရင်လည်း ပြောပြပေးပါဦး။

ရှိပါတယ်။ မျိုးကြီးဆိုတဲ့ 'ဒီကစောင့်နေသူ'တို့။ ဇော်ပိုင်ဆိုတဲ့ 'မင်းနဲ့မှ ချစ်တတ်ပြီ' တို့။ လေးဖြူဆိုတဲ့ 'အသည်းကွဲသီချင်းသစ်'တို့။ နောက် ဟန်ထွန်းဆိုတဲ့ 'ရင်ခုန်ဘက်သို့တမ်းချင်း' တို့ပါ။ အဲဒီ သီချင်းတွေက ရေးပြီးတဲ့အချိန်မှာကတည်းက ပရိသတ်ရင်ထဲကို ရောက် သွားမယ်ဆိုတာသိတယ်။ မှန်းလို့ရတယ်ပေါ့။

>>> နောက် ခုနက မေးခွန်းနဲ့ ဆန့်ကျင်ဘက်ပေါ့။ ရေးပြီးတဲ့အချိန်မှာ ဆရာကိုယ်တိုင် သဘောကျပေမယ့် ဆရာအားရလောက်အောင် ပရိသတ် မတုံ့ပြန်တဲ့ သီချင်းမျိုးကော ရှိလား။

ရှိတာပေါ့။ လေးဖြူဆိုထားတဲ့ 'တစ်ကိုယ်ရေလွမ်း ဆွတ်မှု' ဆိုတဲ့ သီချင်းလေးပါ။ ဒီသီချင်းလေးကိုကျွန်တော် အရမ်းကြိုက်ပါတယ်။ ဒီသီချင်းလေးက ကျွန်တော်ရဲ့ ငယ်ဘဝအကြောင်း ရေးထားတာ။ real story ပေါ့။ ချစ်တတ်တဲ့စိတ်လည်း မရှိသေးဘူး၊
မုန်းတတ်တဲ့စိတ် လည်း မရှိသေးဘူး ဆိုတာလေ။

>>> ဆရာ အဲဒီ သီချင်းလေးလည်း ပေါက်ပါတယ်။

ဟုတ်တယ်။ ပေါက်တော့ ပေါက်ပါတယ်။ ဒါပေမဲ့ အားရလောက်အောင် မပေါက်ဘူး ဆိုရမှာပေါ့။ ပရိ သတ်တွေ အားလုံးကြိုက်တဲ့ သီချင်းတစ်ပုဒ်တော့ ဖြစ်မ လာဘူးပေါ့။

>>> ဆရာ သီချင်းရေးရင် ဘယ်အချိန် အရေးများလည်း မသိဘူး။

ညပိုင်းပဲ အရေးများပါတယ်။

>>> ဆရာ သီချင်းရေးတဲ့ နှုန်းကကော တစ်နေ့တည်းနဲ့ နှစ်ပုဒ်လောက် ရေးဖြစ် တာမျိုးရှိလား။

မရှိပါဘူး။ တစ်နေ့တစ်ပုဒ်တောင် မပြီးပါဘူး။

>>> ဆရာက တေးရေးဆရာတစ်ယောက်အနေနဲ့ ဘာ တွေ လေ့လာဖြစ်လဲ မသိဘူး။

ပထမဆုံးတော့ စာတွေများများ ဖတ်ရမယ်။ စာ ဖတ်တဲ့အခါမှာ အခုမှကောက်ဖတ်တာမျိုး မဟုတ်ဘူး။ ငယ်ငယ်တည်းက စာတွေကို ဝါသနာပါရမယ်။ နောက် Music အလုပ်လုပ်တဲ့ အခါမှာလည်း ကိုယ်ကိုယ်တိုင် သိပ်မသိပေမယ့် ရေးမယ့်သူတစ်ယောက်အနေနဲ့ တူရိ ယာတစ်ခုကို တီးတတ်ထားသင့်တယ်လို့ထင်တယ်။ own tune ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်သံစဉ်ပဲ ဖြစ်ဖြစ်ပါ။ တူရိယာတစ်ခု သိပ်မတီးတတ်ရင်တောင် သီအိုရီကိုတော့ တီးမိခေါက်မိဖို့လိုတယ်။

>>> ဆရာက တေးရေးဆရာဘဝကို ဘယ်လို ခံယူထား လဲ မသိဘူး။

ကိုယ်က ငယ်ငယ်ကတည်းက တေးရေးဆရာပဲ ဖြစ်ချင်တာဆိုတော့ ကိုယ်ဖြစ်ချင်တာပဲ ဖြစ်ရတဲ့အတွက် ကျေနပ်ပါတယ်။

>>> ဆရာ့မှာ အနုပညာမျိုးရိုးကောရှိလားမသိဘူး။

အနုပညာမျိုးရိုး မရှိပါဘူး။

>>> ဆရာ့မိသားစုဝင်တွေ အကြောင်းပြောပြ ပေးပါဦး။

အဖေက ဦးသိန်းမြင့်၊ အမေက ဒေါ်လှရွှေ ပါ။ သူက မွန်လူမျိုးစစ်စစ်ပါ။ နောက် ကျွန်တော်တို့ မှာ မောင်နှမလေးယောက်ရှိပါတယ်။ ကျွန်တော်က အကြီးဆုံးသားပေါ့။

>>> ဆရာ့ရဲ့ တေးရေးသက်တမ်းနဲ့ ဆရာရေးပြီးတဲ့ သီချင်းအပုဒ်ရေကကော။

အပုဒ် ၃ဝဝ ကျော်လောက် ရှိပါပြီ 'ကန္တာရလမင်း' က ၁၉၉၂ မှာ စတာဆိုတော့ ဂီတသက်တမ်းက နှစ်နှစ် ဆယ်လောက်တော့ ရှိပါပြီ။

>>> ကိုယ့်သီချင်းတွေကို ကြားရရင် ခံစားရတဲ့ ခံစားမှု က တေးရေးသက်နုတုန်း ကနဲ့ တေးရေးသက်ကြာလာတဲ့ အခါမှာ ပြောင်းလဲလာတဲ့ ခံစားချက်မျိုးရှိရင် ပြောပြ ပေးပါဦး။

ငယ်ငယ်တုန်းကနဲ့ အခုချိန်မှာ ခံစားမှုက မတူတာ တော့ မတူတော့ဘူးပေါ့။ ငယ်ငယ်တုန်းကဆို လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ ကိုယ့်သီချင်းကြားလိုက်ရတာ ဖြစ်ရင် ကြားလိုက်တဲ့အချိန်မှာ နုပျိုလန်းဆန်းနေတာ ပေါ့။ အခုနောက်ပိုင်းမှာဖြစ်နေတာက
ဝမ်းသာတဲ့ နောက်က အမှားပြင်ဆင်မှုက ပိုလိုက်နေတယ်။ ပေါက် လည်းပေါက်နေတယ်။ ဒါပေမဲ့ ကိုယ်က ကိုယ့်သီချင်း ပြန်ကြားလိုက်ရင် ဒီနေရာမှာ ဒီလိုလေးပြင်လိုက်ရင် အရမ်းကောင်းမှာပဲလို့ ပြန်ပြန်တွေးမိနေတယ်။

>>> သီချင်းကိုဖီလင်လာတဲ့ အချိန်မှာ ရေးတာများ လား။ ဒါမှမဟုတ် အလုပ်တစ်ခု လို ရေးဖြစ်တာမျိုးရှိလား။

ဖီလင်လာတဲ့ အချိန်မှာလည်း ရေးပါတယ်။အပ်တဲ့ အခါမှာလည်းရေးတယ်။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ် ဖြစ်သွားတဲ့အခါမှာတော့ အချိန်မရွေးရေးဖြစ်လာပါ တယ်။

>>> ဆရာရေးပေးတဲ့ သီချင်းလေးတွေကြောင့် ပရိသတ် ပိုပြီးတော့ သိသွားတဲ့ အဆိုတော်နဲ့ သီချင်းအတွဲလေးတွေ ကိုလည်း ပြောပြပေးပါလား။

အင်း ရှိပါတယ်။ ဥပမာ ဇော်ပိုင်ရဲ့ 'မင်းနဲ့မှချစ် တတ်ပြီ'ပေါ့။ ဇော်ပိုင်က ချောစုခင်နဲ့ အခွေထွက်ကတည်း ပရိသတ်တချို့ကတော့ သိနေပါပြီ။ 'မင်းနဲ့မှ ချစ်တတ်ပြီ' နဲ့ကျတော့မှ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပရိသတ် သိသွားတယ်လို့ပြောရင်ရပါတယ်။ နောက်
မျိုးကြီး လည်း 'ဒီကစောင့်နေသူ' နဲ့ ပရိသတ်ပိုသိသွားတယ်။လေးဖြူဆိုရင်လည်း ပထမအခွေကလည်း ပေါက်ပြီး သားပါ။ ဒါပေမဲ့ ဒုတိယအခွေက ပိုပေါက်သွားတော့ လေးဖြူဆိုပြီး ပိုဖြစ်သွားတာပေါ့။ နောက် ဟန်ထွန်းဆို လည်း 'ရင်ခုန်ဘက်သို့ တမ်းချင်း' သီချင်းနဲ့ အဆိုတော် ဖြစ်သွားတယ်ဆိုရင်လည်း ရပါတယ်။ နောက် ကောင်း မြတ်လေး ဆိုရင်လည်း 'ချစ်ခွင့်ရချင်ပြီ'သီချင်းလေးပေါ့။

>>> ဆရာ အမျိုးသမီးသီချင်း ရေးတာ နည်းတယ် ထင်တယ်နော်။

ဟုတ်ပါတယ်။

>>> ဆရာ အများဆုံးရေးဖြစ်တဲ့ အမျိုးသမီး အဆိုတော်က။
မဒီပဲဖြစ်မှာပါ။

>>> တေးရေးဆရာ ဘဝကို ရွေးချယ်လိုက်ခဲ့တာ စွန့်လွှတ်လိုက်ရတဲ့ တခြားလုပ်ချင်ပြီး မလုပ်လိုက်ရတဲ့ ဘဝမျိုးရှိလား။

အဲဒီလိုမျိုးတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အစကတည်းက ကျွန်တော်က သီချင်းပဲ ရေးချင်ခဲ့တာပါ။

>>> တေးရေးဆရာ မဖြစ်ခဲ့ရင်ကော ဆရာ ဘာဖြစ် ချင်ခဲ့တာလဲ။

ကဗျာဆရာ ကျောင်းဆရာ ဖြစ်ချင်တာပါ။

>>> နောက်ပိုင်းကျရင် သီချင်းရေးတဲ့ အလုပ်အပြင် ဆရာတိုးပြီး လုပ်ချင်တဲ့ အလုပ်ရှိရင်လည်း ပြောပြပေး ပါဦး။

Vocal Guide ပါ။ အခုလည်း လုပ်နေပါပြီ။ ဆရာ က အဆိုတော်တစ်ယောက်ကို သီချင်းတစ်ပုဒ်ကို အစအ ဆုံးမောင်းရတဲ့ အလုပ်ကိုဝါသနာပါပါတယ်။ တစ်ခွေလုံး မောင်းတဲ့ အလုပ်မျိုးပေါ့။ အခု လောလောဆယ် မှာလည်း နီနီခင်ဇော်ရဲ့ တစ်ကိုယ်တော်
အခွေကို စပြီး လုပ်ခဲ့ပါတယ်။ နောက် ဖြိုးပြည့်စုံရဲ့ တစ်ကိုယ်တော် အခွေလည်း လုပ်ဖို့ရှိပါတယ်။

>>> ဒါကတော့ အနုပညာ အသိုင်းအဝိုင်းမဟုတ်တဲ့ အပြင် ပရိသတ်တွေ သိချင်မယ့် မေးခွန်း မျိုးပါ။အဆိုတော်တစ်ယောက်က သီချင်းတစ်ပုဒ် လာအပ် တော့မယ်ဆိုရင် ဆရာတို့ဘက်က တာဝန်ယူရတဲ့အ ပိုင်းကို ပြောပြပေးပါ။

ကော်ပီသီချင်းဆိုရင်လည်း သူတို့နဲ့ လိုက်မယ့် သီချင်းလေးတွေ ရွေးပေးရတယ်။ သူတို့နဲ့ ပေါက်မလား စဉ်းစားပေးရတယ်။ ကီးချိန်ပေးရတယ်။ ကိုယ်ပိုင်သံစဉ် ဆိုရင်လည်း သူတို့ အသံနဲ့လိုက်မယ့် သီချင်းတွေကို စဉ်းစားပေးရတယ်။နောက် studio အထိ
လိုက်ပြီး Key ချိန်ပေးရတယ်။

>>> ဆရာရေးတဲ့ ကိုယ်ပိုင် သံစဉ်သီချင်းတွေထဲက အမှတ်တရရှိတဲ့ သီချင်းရှိ ရင်လည်း ပြောပြပေးပါ။

အကုန်လုံးကို အမှတ်တရဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ပိုင်သံစဉ်က ကျွန်တော့်အတွက် နည်းနေ သေးတော့လေ။ ကိုယ်ပိုင်သံစဉ် သီချင်းတွေကို ရေးရင် အမြဲ ဖီလင်လာမှရေးတာပါ။ လုပ်မရေးပါဘူး။ မှတ် မှတ်ရရရှိတဲ့သီချင်းကို ပြောရရင် ၁၉၉၉
တုန်းက ထွက်ထားတဲ့ ဟန်ထွန်း အားပေးသီချင်းပါ။

>>> အခုလတ်တလောမှာ ဆရာရေးတဲ့ သီချင်းတွေ ထဲက ဆရာကြိုက်တဲ့ သီချင်းကိုပြောပါဆိုရင် ဘာသီ ချင်းကို ရွေးပေးမလဲ။

ကျွန်တော် အမြဲတမ်းကြိုက်နေတဲ့ သီချင်းဆိုရင် တော့ လေးဖြူဆိုတဲ့ 'အတိတ်မြက်ခင်းစိမ်း' နဲ့ 'တစ်ကိုယ် ရေလွမ်းဆွတ်မှု' ပါ။ 'အတိတ်မြက်ခင်းစိမ်း' က ကျွန် တော့် real story ကို ရေးထားတာပါ။ နောက် 'တစ် ကိုယ်ရေလွမ်းဆွတ်မှု' က
ကျွန်တော့်ငယ်ဘဝကို ရေး ထားတာပါ။ လေးဖြူဆိုခဲ့တာလည်း နှစ်ပုဒ်စလုံးမုဒ်အ ရမ်းကောင်းတယ်။ နောက် ကျွန်တော်ရေးထားတဲ့ပုံစံ၊ ဖြစ်ချင်တဲ့ပုံစံနဲ့ တစ်ထပ်တည်းပါ။

>>> ဒီဘက်ခေတ်ရောက်လာတော့ ဂီတလောကမှာ တစ် ကိုယ် တော်အခွေတွေ အရမ်းထုတ်လာကြတယ်။ ဒါပေမဲ့ မအောင်မြင်တာများတယ်။ အဲဒီ့အပေါ် ဆရာ့ အမြင်လေးကို ပြောပြပေးပါဦး။

ကျွန်တော့် အထင်ပြောရရင်တော့ အဓိကကတော့ အရည်အချင်းမပြည့်မီဘဲနဲ့ လုပ်ခဲ့တာလည်း ပါတယ်။အချိန်ကို မစောင့်တာလည်းပါပါတယ်။ သူတို့ဘေး နားကနေပြီး ဂိုက်လိုင်းလုပ်ပေးမယ့် သူမရှိတာလည်းပါ တယ်။စနစ်တကျ ပျိုးထောင်ပေးမယ့်
သူမရှိတာလည်း ပါတယ်ပေါ့။ ခိုးကူးအခွေကြောင့်လည်း ပါပါတယ်။

>>> နောက်တစ်ခုက ဂီတလောကမှာ တစ်ပုဒ်တည်း အရမ်းပေါက်ပြီ၊ ရပ်နေတဲ့ အဆိုတော်တွေလည်းရှိ တယ်လေ။ သူတို့ အပေါ်လည်း ဆရာ့အမြင်ကို ပြောပြ ပေးပါဦး။

ဟုတ်ပါတယ်။ အဲဒါမျိုးက အဆိုဘက်မှာကော အရေးဘက်မှာကောရှိပါတယ်။ တစ်သက်မှာ တစ်ပုဒ် ကောင်းပဲ ထွက်လာတဲ့သူတွေရှိတယ်။ အဲဒီတစ်ပုဒ်ကို ကျော်မလာနိုင်ဘူးဆိုတာ သူ့ရဲ့ အားထုတ်မှုလည်းလိုပါ တယ်။ တကယ်တမ်းကျတော့ ကျော်နိုင်ရမယ်၊ကျော်နိုင် အောင် ကြိုးစားရပါမယ်။

>>> အဆိုပြိုင်ပွဲတွေ အများကြီးပေါ်လာတဲ့ အပေါ် ဆရာ့ရဲ့ အမြင်ကို ပြောပေးပါဦး။

အဆိုပြိုင်ပွဲတွေ အများကြီးပေါ်လာတာ ကောင်း ပါတယ်။ တချို့လူငယ်တွေက အရည်အချင်းရှိတယ်။ ဒါပေမဲ့ ပိုက်ဆံမရှိဘူး။ အသိုင်းအဝိုင်း အလှမ်းကွာတယ်။ အဲဒီလို လူတွေအတွက် ကျွန်တော်တို့ ပြိုင်ပွဲတွေ လုပ် ပေးနေတာပါ။ ကျွန်တော်တို့Melody
World ပြိုင်ပွဲမှာ ဆိုရင်လည်း ကောင်းကောင်းရွေးတယ်။ အကောင်း ဆုံးအတွေ့အကြုံတွေဆီ တွန်းပို့ပေးတယ်။ တစ်နှစ်မှာ တစ်ယောက်ပဲဖြစ်ဖြစ်၊ နှစ်ယောက်ပဲဖြစ်ဖြစ် ပေါ်လာရင် ကို ကျွန်တော်တို့ ဝမ်းသာပါတယ်။

>>> အခုနောက်ပိုင်းမှာ တီဗီ ပရိုဂရမ်တွေမှာကော၊ Shopping center တွေမှာပါ အဆိုပြိုင်ပွဲတွေ တော် တော်များများလုပ်နေကြတယ်။ အဆိုပြိုင်ပွဲတစ်ခု လုပ် တော့ မယ်ဆိုရင် ဘာတွေကို သတိထားပြီး လုပ်ကိုင် သင့်တယ်ဆိုတဲ့ ဆရာ့ရဲ့ အကြံပေးစကားလေး
ပြောပေး ပါဦး။

မရှိပါဘူး။ လုပ်နေတာတွေ အကုန်လုံးက ပြည့်စုံ ကြပါတယ်။ ဒိုင်တွေလည်း အမှတ်ပေးတာ တော်ကြပါ တယ်။တိကျကြပါတယ်။ ဘက်လိုက်မှုမရှိပါဘူး။

>>> ပြိုင်ပွဲဝင်ကလေးတွေအတွက် အကြံပေးစကား ဆိုရင်ကော။

ပြိုင်တဲ့ကလေးတွေ stage မကြောက်ရင် ပို ကောင်းပါတယ်။ တချို့ဆိုရင် အပြင်မှာဆိုတာ အရမ်း ကောင်းပါတယ်။ တကယ်တမ်းကျရင် လွဲချော်သွားတာ မျိုးလည်း ရှိတတ်ပါတယ်။Melody World မှာလည်း အများကြီးတွေ့ရပါတယ်။

>>> ဆရာ့ အနေနဲ့ ကိုယ်ပိုင်အချိန်ကို ဘယ်လိုထားလဲ မသိဘူး။

တတ်နိုင်သမျှ စနေ၊ တနင်္ဂနွေဆို ကိုယ်ပိုင်အချိန် ရအောင် ယူတတ်ပါတယ်။ ကျွန်တော် တကယ် relax ယူချင်ရင် ဘောလုံးပွဲကောင်းကောင်းလေးတစ်ပွဲ ကြည့် လိုက်တယ်။ အဲဒါပါပဲ။

>>> တချို့ဝါသနာရှင်လေးတွေက သူတို့ထင်သလောက် မဖြစ်တော့ စိတ်ဓာတ်ကျနေ တာမျိုးရှိတယ်။ သူတို့ကို လည်း အားပေးစကား တစ်ခုခုပြောပေးပါဦး။

ကျွန်တော်ကတော့ ကြိုးစားစေချင်ပါတယ်။ လုပ် ပါလို့စိတ် ဓာတ်မကျပါနဲ့လို့။ ပြိုင်ပွဲဝင်လာတဲ့အခါမှာ ကိုယ်မျှော်မှန်းထားတဲ့အထိ ရောက်မလာခဲ့ဘူး။ လမ်း တစ်ဝက်မှာ ပျက်ကျန်ခဲ့ရင်၊ ဇွဲမလျှော့ဘဲနဲ့ နောက်တစ် နှစ်နောက်တစ်နေရာ နောက်တစ်ကြိမ်
ထပ်ပြိုင်ပါ။ ကိုယ့်ဘက်ကလည်း ဒီ့ထက် ပိုကောင်းအောင် ပြင်ဆင် ကြပါလို့။

>>> ဆရာ့တေးရေးသက်တမ်းမှာ တေးရေးအလုပ်ကို ဆက်မလုပ်ချင်ေ လာက်အောင် ဖြစ်သွားတဲ့ခံစားမှုမျိုးရှိရင်လည်း ပြောပြပေးပါဦး။

မရှိပါဘူး။ ကျွန်တော်က ဒီအလုပ်ကိုပဲ ဝါသနာပါ တော့ ဒီအလုပ်လုပ်ရတာပဲ သိပ်ပျော်ပါတယ်။ အရမ်း ညံ့တဲ့သူတစ်ယောက်ကို သင်ပေးနေရတယ်။ သူက မ လိုက်နိုင်လို့ ပင်ပန်းတယ်လို့ ညည်းနေတယ်။ သူ့ကိုလည်း ဟောက်နေမိတယ်။ သူငယ်ချင်းတွေကိုလည်း ရင်ဖွင့်ရင် ရင်ဖွင့်နေမိမယ်။ ဒါပေမဲ့ ဒီစိတ်ညစ်တာကို ပြန်တွေး ကြည့်မယ်ဆိုရင်တော့ အဲဒါလေးတွေကို ကျွန်တော်က ပျော်နေတာပါ။

>>> အဆက်အသွယ်မရှိတဲ့ အဆိုဝါသနာပါတဲ့သူတွေကို ပြိုင်ပွဲတွေ လုပ်ပေးသ လို တေးရေးဝါသနာပါတဲ့သူတွေ ကိုကော အဲဒီလိုမျိုးအစီအစဉ်မျိုးမရှိဘူးလား။

ရှိပါတယ်။ အဲဒီကိစ္စကို ပရိုဂရမ်တစ်ခုအနေနဲ့ ချန်နယ်တစ်ခုကနေ သွားမယ်လို့ စဉ်းစားထားပါတယ်။

>>> တေးရေးဆရာတွေကို ဒီဘက်ခေတ်မှာ အရင်ခေတ် ထက်ပိုပြီးတော့ အလေးပေးလာတာတွေ့ရတယ်နော်။

ဟုတ်ပါတယ်။ ဟိုးအရင်တုန်းကဆို သီချင်းတစ် ပုဒ်ပေါက်သွားပေမယ့် ဘယ်သူရေး တယ်ဆိုတာကို သိပ် မသိပါဘူး။ ဒီဘက်ခေတ် ကိုမင်းချစ်သူတို့ ခေတ် လောက် ကစပြီး တေးရေးတွေကို အသိအမှတ်ပြုလာကြ ပါတယ်။ ကျွန်တော်တို့ခေတ်ကျတော့
အားလုံးသိလာ ကြပါတယ်။ လမ်းမှာတွေ့ရင်တောင်မှပဲ ကေအေတီဆို ပြီး လာနှုတ်ဆက်ကြတာမျိုးတွေ ရှိပါတယ်။

>>> ဒီမေးခွန်းလေးက နောက်ဆုံးမေးခွန်းလေးပါ။ Mr. Magazine ဖတ်နေတဲ့အမျိုးသားပရိသတ်တွေအတွက် ဆရာ့ရဲ့ အကြံပေးစကားလေး။

အခုခေတ်က လူငယ်တွေအားလုံးတော်ကြပါ တယ်။ စဉ်းစားချင့်ချိန်ဥာဏ် လည်းကောင်းကြပါတယ်။ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုကိုလည်း ကြိုးစားပြီးလုပ် တတ်ကြပါတယ်။ နောက်တစ်ခုက အခွင့်အရေးလည်း ကျွန်တော်တို့ခေတ်ထက် ပိုပြီးကောင်းကြတော့ ကြိုးစား ရတာ ပိုပြီးကောင်းပါတယ်။ အကြံပေးစကားပြောရမယ် ဆိုရင်တော့ ရလာတဲ့အခွင့်အရေးတွေကို အသုံးချပြီး တော့ အောင်မြင်မှုလမ်းကြောင်းကို ဇွဲရှိရှိနဲ့ လျှောက်ကြ ပါလို့။

>>> ဆရာကေအေတီကို အင်တာဗျူးအတွက်ချိန်းတုန်း က မိနစ် ၂ဝ၊ ၃ဝ လောက်
သာ မေးမယ်လို့ ပြောခဲ့ပေ မယ့် တကယ်တမ်း ဆရာ့အဖြေလေးတွေက စိတ်ဝင် စားစရာကောင်းတာမို့ ဆရာနဲ့ တစ်နာရီနီးပါးစကား ပြောဖြစ်ခဲ့ပါတယ်။ ဆရာ့အင်တာဗျူးက
ပြန်လာချိန်မှာ တော့ နောက်တစ်ခါမေးဖြစ်ရင် ဆရာ့ရဲ့ နှလုံးသားရေး ရာတွေကို ပါ မေးကြည့်ဦးမှလို့ စိတ်ကူးမိပါတယ်။ (ဒီ တစ်ပတ် ဆရာကေအေတီရဲ့ အင်တာဗျူးခေါင်းစဉ်ကို ဘယ်လိုပေးရမလဲလို့ တွေးမိတော့ ဆရာ့ရဲ့ အကြိုက်ဆုံး သီချင်းလည်းဖြစ်၊ ဆရာ့ဘဝထဲက တစ်ခုလည်းဖြစ်တယ် ဆိုတဲ့ 'တစ်ကိုယ်ရေလွမ်းဆွတ် မှုများ'ဆိုတဲ့ သီချင်းလေး ကို စဉ်းစားမိခဲ့တာမို့ အခုလိုမျိုး ခေါင်းစဉ်လေး ပေးဖြစ် ခဲ့တာပါ)။

ဆရာ ကေအေတီကို ၁၈.၄.၁၉၆၆ တွင် မွေးဖွားခဲ့တာပါ။ ပြီးခဲ့တဲ့ ၂ဝ၁၂ ဒီဇင်ဘာ ၃ ရက် နေ့မှ မချမ်းအိမွန်နဲ့ လက်ထပ်ခဲ့တာပါ။ (ဆရာနဲ့ တွေ့ဆုံမေးမြန်းစဉ်တုန်းက ဆရာ အိမ်ထောင်မကျ သေးပါဘူး) ဆရာမရှိတော့ပေမယ့် ဆရာ့ရဲ့ မှတ် တိုင်က ဂီတသမိုင်းမှာ အခိုင်အမာကျန်ရစ်နေမှာ ဖြစ်သလို ဂီတလောကသားများရဲ့ နှလုံးအိမ်ထဲမှာ တွယ်ငြိနေ မှာသေချာပါတယ်။

Credit: Mr Magazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။