Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 3, 2016

ဒါမှမဟုတ် တေးရေး ကေအေတီ နှင့် အင်တာဗျူး.......

ကျွန်တော် တကယ် relax ယူချင်ရင် ဘောလုံးပွဲ ကောင်းကောင်းလေး တစ်ပွဲ ကြည့် လိုက် တယ် ဆိုတဲ့ Memorable Person တယောက် ဒါမှမဟုတ် တေးရေး ကေအေတီ နှင့် အင်တာဗျူး.......

ဆရာကေအေတီ ဂီတလမ်းကြောင်းပေါ် စတင် ရောက်ရှိ လာတဲ့ တေးရေးဆရာ ဘဝအစကို ပြောပြပေး ပါဦး။

အရင်တုန်းကတော့ မန္တလေး တက္ကသိုလ်စတက် တုန်းက ကိုယ်ပိုင် သံစဉ် သီချင်းတွေ ကိုယ့်ဘာသာ ကိုယ် စရေးဖြစ်တယ်။ အဲဒီလို ရေးနေတဲ့ အချိန်မှာ ရန်ကုန်က အဆိုတော် အသ စ်တစ်ယောက် နယ်ကို လိုက်ပြီး ကျောင်းသားတွေ ဆီက သီချင်းတွေလိုက် စုနေတယ်။ အဲဒီ အဆိုတော်နဲ့ ကျွန်တော် တွေ့ဖြစ် သွားပြီး ကျွန်တော်ရေး ထား တဲ့ သီချင်းတွေထဲက သီချင်း တစ်ပုဒ်ကို သူယူလိုက် တယ်။ အဲဒီသီချင်းက ကျွန်တော့် ဂီတအစ သီချင်းလို့ပြောလို့ ရပါတယ်။ စရေးတဲ့အခါမှာ အနုပညာကြေး လည်း ရတယ် ပေါ့။ ဒါပေမဲ့ သူက ကျွန်တော့်သီချင်းကို ဆိုလည်း ဆိုပါ တယ်။ အပြီးအစီး လုပ်ပြီးမှ သူက အခွေ မထွက်ဖြစ် ဘူး။ နိုင်ငံခြား သင်္ဘော လိုက်သွားတယ်။ ဒီတော့ ကိုယ့်သီချင်း ကိုယ်ပြန်မကြားလိုက်ရဘူးပေါ့။ အဲဒီလိုမျိုးလေးတော့ ရှိ ခဲ့တယ်။

ဆရာ အဲဒီအချိန်တုန်းက ဘယ်နှခုနှစ်လောက်ရှိ ပြီလဲ။

ဘယ် အချိန်လောက်ဖြစ်မလဲ ဆိုတော့ ကျွန်တော် Final ကျောင်းသားဘဝက ဆိုတော့ ၁၉၈၇ ပေါ့။

နောက်ပိုင်း ဂီတလမ်းကြောင်းပေါ်ကို ဆက်ပြီးလုပ် ကိုင်ဖြစ်ပုံလေးကကော။

အင်း။ ကျွန်တော် ဘွဲ့ရပြီး မုံရွာပြန်ရောက်တဲ့အ ချိန်မှာ သီချင်းတွေ ရေးနေတယ်ပေါ့။ အဲဒီ အချိန်မှာပဲ ကျွန်တော် တို့မြို့က အဆိုတော် တစ်ယောက်ရှိတယ်။ သျှိုင်းအောင် ဆိုတဲ့ အဆိုတော်၊ သူက ကိုယ်ပိုင်သံစဉ် သီချင်းပဲ ဆိုတယ်။ ကျွန်တော့်ဆီမှာ ရေးထားတဲ့ သီချင်း တွေ ရှိတယ်လို့ သူကကြားတော့ သူ့ကို ပြပါလားလို့ပြော တယ်။ သူ့ကို သီချင်း သုံးပုဒ်ပြလိုက်တယ်။ တစ်ပုဒ် ကြိုက် တယ်ဆိုပြီး ယူလိုက်တယ်။ နောက်သူက ရန်ကုန်မှာ ပြန် ပြီး အခွေ လုပ်တယ်။ သဇင်မင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ အဲဒီ အခွေထဲမှာ ‘အားနည်းချက်နဲ့လူ’ ဆိုတဲ့ ကျွန်တော်ရေးတဲ့ သီချင်းလေး ပါသွားတယ်။ ဒါ ပထမဆုံး ပရော်ဖက် ရှင် နယ်ဖြစ်တဲ့ သီချင်း၊ ပထမဆုံး ကိုယ်ရေးထားတာ ကိုယ် ပြန်ကြားရ တဲ့သီချင်းလို့ ပြောလို့ရပါတယ်။ နောက်ပိုင်းမှာ ကိုလေးဖြူတို့ မုံရွာရောက်လာတော့ ကျွန်တော်တို့ အစီအစဉ် ဆွဲကြတယ်။ ‘ကန္တာရလမင်း’ အခွေ အတွက် ကျွန် တော့်ကို ကော် ပီသီချင်း (၇) ပုဒ်အပ်တယ်။ နောက် ပိုင်းမှာ ဒီဘက်ပိုင်းမှာပဲ ဆက်တိုက်လုပ်ဖြစ်သွားတာပါ။

ဆရာက ငယ်ငယ်ကတည်းက တေးရေးဆရာဖြစ် ချင်ခဲ့တာလား။တေးရေးတာကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာလား။

ဟုတ်ပါတယ်။ တေးရေးဆရာပဲဖြစ်ချင်ခဲ့တာပါ

တချို့လူတွေက သိချင်ကြတယ်။ တေးရေးဆရာ တွေက အဆိုတော် ဘာလို့မဖြစ် တာလဲဆိုတာ။

အမှန်အတိုင်း ပြောရရင်တော့ သီချင်းစရေးက တည်းက ကိုယ်ဆိုဖို့ ကိုယ်ရေးတာပေါ့။ ဒါပေမဲ့ ကိုယ့် ထက် အသံ အများကြီးကောင်းတဲ့ လေးဖြူတို့၊ အငဲတို့၊ ဝိုင်းဝိုင်း တို့နဲ့ ပေါင်းမိတဲ့ အချိန်မှာတော့ မဆိုချင်တော့ ပါဘူး။ သီချင်းပဲ ရေးချင်တော့တယ်။

ဆရာ့ကို ကေအေတီလို့ တစ်နိုင်ငံလုံးက သိသွားတဲ့ သီချင်းဆိုရင် ဘယ်သီ ချင်းလေးဖြစ်မယ်ထင်လဲ။

သျှိုင်းအောင် အခွေတုန်းက ကျွန်တော့်ကို သိပ် မသိပါဘူး။ လေးဖြူ အခွေ ထွက်မှ ပိုသိသွားတယ်။ ဘယ် သီချင်းနဲ့ စသိလဲ ဆိုတာပြောရ ခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ လေးဖြူရဲ့ အဲဒီအခွေက တစ်ခွေလုံးပေါက် သွားလို့ပါ။ ကျွန်တော်လည်း ဒီအခွေထဲမှာ ၇ ပုဒ်လောက် ရေးထားတာ၊ နောက် သီချင်းတွေ အားလုံး ကိုလည်း ပရိသတ် ကြိုက်ကြ တယ်ဆိုတော့ အဲဒီအခွေ ထဲက သီချင်း တွေနဲ့ပဲ ပရိသတ် သိသွားတယ်လို့ပဲ ပြောရမှာပေါ့။

ဆရာ တေးရေးသက်တမ်းမှာ အချိန်အများကြီး ပေးလိုက်ရတဲ့ သီချင်းရှိရင်လည်း ထူးထူးခြားခြားရှိရင် လည်းပြောပြပါဦး။

ထူးထူးခြားခြား ရှိပါတယ်။ လေးဖြူဆိုထားတဲ့ ‘အိမ်မက် ကဗျာ’ အခွေထဲက ‘အတိတ်မြက်ခင်းစိမ်း’ ဆိုတဲ့ သီချင်းပါ။ အဲဒီ့ သီချင်းကို လေးငါးခြောက်လလောက် အချိန်ပေး လိုက်ရတယ်။ ဘာလို့လဲဆိုတော့ တစ်ပုဒ်လုံး ရေးပြီးမှ မကြိုက်လို့ ပြန်ရေးလိုက်ရလို့ပါ။

အချိန်နည်းနည်းပဲပေးပြီး ပရိသတ်သဘောကျတဲ့ သီချင်းမျိုးရှိရင် လည်း ပြောပြပေးပါဦး။

ကျွန်တော်က အချိန် သိပ်မတွက်ထားတော့ သိပ် မပြောတတ်ဘူး။ တချို့ သီချင်းလေးတွေလည်း တစ်ရက် နှစ်ရက်ပေးထားတဲ့ သီချင်းတွေ ရှိပါတယ်။ ‘အိပ်မက် လှေ’ ထဲမှာ လည်း ပါပါတယ်။

တေးရေး သက်တမ်း ကြာလာတဲ့ အခါမှာ ပိုပြီး လွယ်ကူလာတဲ့ အပိုင်းနဲ့ ပိုပြီး ခက်ခဲလာတဲ့ အပိုင်း တွေကို ပြောပြပေးပါဦး။

ပိုပြီး လွယ်ကူလာတဲ့ အပိုင်းကတော့ မြန်မာလူမျိုး တစ်ယောက် အနေနဲ့၊ မြန်မာနိုင်ငံသား တစ်ယောက် အ နေနဲ့ ကိုယ့်ရဲ့ မြန်မာစာ ကို ပိုပြီးတော့ နှံ့စပ် ကျွမ်းကျင် လာ တယ်။ စကားပြေကို ပိုပြီး နိုင်နင်းလာပါတယ်။ ဝါကျ အရှည်ကြီးတွေကို ရေးလာတာ ပိုပြီးတော့ အဆင်ပြေလာ တယ်၊ ပျော်မွေ့ လာတယ်ပေါ့။ ပိုပြီးတော့ ခက်ခဲလာတဲ့ အပိုင်း ကတော့ အရင်ကထက် ပိုပြီးတော့ စိစစ်တတ် လာတယ်။ စာလုံး တစ်လုံးချင်း တစ်လုံးချင်းက အစကို ပိုပြီး စိစစ်လာတယ်။

ဆရာ သီချင်းရေးတဲ့ အထဲမှာ ရေးကတည်းက ပရိသတ်ကြိုက်မယ်လို့ ကိုယ့်ဘာသာကိုယ် သတိထသတိထားမိတဲ့ သီချင်းမျိုးရှိရင်လည်း ပြောပြပေးပါဦး။

ရှိပါတယ်။ မျိုးကြီးဆိုတဲ့ ‘ဒီကစောင့်နေသူ’တို့။ ဇော်ပိုင် ဆိုတဲ့ ‘မင်းနဲ့မှ ချစ်တတ်ပြီ’ တို့။ လေးဖြူဆိုတဲ့ ‘အသည်းကွဲ သီချင်းသစ်’တို့။ နောက် ဟန်ထွန်း ဆိုတဲ့ ‘ရင်ခုန်ဘက် သို့တမ်းချင်း’ တို့ပါ။ အဲဒီ သီချင်းတွေက ရေးပြီးတဲ့ အချိန်မှာကတည်းက ပရိသတ် ရင်ထဲကို ရောက် သွားမယ် ဆိုတာ သိတယ်။ မှန်းလို့ရတယ်ပေါ့။

နောက် ခုနက မေးခွန်းနဲ့ ဆန့်ကျင်ဘက်ပေါ့။ ရေးပြီးတဲ့ အချိန်မှာ ဆရာကိုယ်တိုင် သဘောကျပေမယ့် ဆရာ အားရလောက်အောင် ပရိသတ် မတုံ့ပြန်တဲ့ သီချင်း မျိုးကော ရှိလား။

ရှိတာပေါ့။ လေးဖြူ ဆိုထားတဲ့ ‘တစ်ကိုယ်ရေလွမ်း ဆွတ်မှု’ ဆိုတဲ့ သီချင်းလေးပါ။ ဒီသီချင်းလေးကို ကျွန်တော် အရမ်းကြိုက်ပါတယ်။ ဒီသီချင်းလေးက ကျွန်တော်ရဲ့ ငယ်ဘဝအကြောင်း ရေးထားတာ။ real story ပေါ့။ ချစ်တတ်တဲ့စိတ်လည်း မရှိသေးဘူး၊ မုန်းတတ်တဲ့စိတ် လည်း မရှိသေးဘူး ဆိုတာလေ။

ဆရာ အဲဒီ သီချင်းလေးလည်း ပေါက်ပါတယ်။

ဟုတ်တယ်။ ပေါက်တော့ ပေါက်ပါတယ်။ ဒါပေမဲ့ အားရ လောက်အောင် မပေါက်ဘူး ဆိုရမှာပေါ့။ ပရိသတ် တွေ အားလုံး ကြိုက်တဲ့ သီချင်း တစ်ပုဒ်တော့ ဖြစ်မ လာ ဘူးပေါ့။

ဆရာ သီချင်းရေးရင် ဘယ်အချိန် အရေးများလည်း မသိဘူး။

ညပိုင်းပဲ အရေးများပါတယ်။

ဆရာ သီချင်း ရေးတဲ့ နှုန်းကကော တစ်နေ့ တည်း နဲ့ နှစ်ပုဒ်လောက် ရေးဖြစ် တာမျိုး ရှိလား။

မရှိပါဘူး။ တစ်နေ့ တစ်ပုဒ်တောင် မပြီးပါဘူး။

ဆရာ က တေးရေး ဆရာ တစ်ယောက် အနေ နဲ့ ဘာ တွေ လေ့လာဖြစ်လဲ မသိဘူး။

ပထမဆုံးတော့ စာတွေများများ ဖတ်ရမယ်။ စာဖတ်တဲ့ အခါမှာ အခုမှ ကောက်ဖတ်တာမျိုး မဟုတ်ဘူး။ ငယ်ငယ် တည်းက စာတွေကို ဝါသနာ ပါရမယ်။ နောက် Music အလုပ် လုပ်တဲ့ အခါမှာလည်း ကိုယ်ကိုယ်တိုင် သိပ်မသိပေ မယ့် ရေးမယ့်သူ တစ်ယောက် အနေ နဲ့ တူရိ ယာ တစ်ခုကို တီးတတ် ထားသင့်တယ်လို့ ထင်တယ်။ own tune ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင် သံစဉ်ပဲ ဖြစ်ဖြစ်ပါ။ တူရိယာ တစ်ခု သိပ် မတီးတတ်ရင်တောင် သီအိုရီကိုတော့ တီးမိခေါက်မိဖို့ လိုတယ်။

ဆရာက တေးရေးဆရာဘဝကို ဘယ်လို ခံယူထား လဲ မသိဘူး။

ကိုယ်က ငယ်ငယ်ကတည်းက တေးရေးဆရာပဲ ဖြစ်ချင်တာ ဆိုတော့ ကိုယ်ဖြစ်ချင်တာပဲ ဖြစ်ရတဲ့ အတွက် ကျေနပ်ပါတယ်။

ဆရာ့မှာ အနုပညာမျိုးရိုးကောရှိလားမသိဘူး။

အနုပညာမျိုးရိုး မရှိပါဘူး။

ဆရာ့မိသားစုဝင်တွေ အကြောင်းပြောပြ ပေးပါဦး။

အဖေက ဦးသိန်းမြင့်၊ အမေက ဒေါ်လှရွှေ ပါ။ သူက မွန်လူမျိုး စစ်စစ်ပါ။ နောက် ကျွန်တော်တို့ မှာ မောင်နှမ လေးယောက်ရှိပါတယ်။ ကျွန်တော်က အကြီးဆုံးသားပေါ့။

ဆရာ့ရဲ့ တေးရေးသက်တမ်းနဲ့ ဆရာရေးပြီးတဲ့ သီချင်းအပုဒ်ရေကကော။

အပုဒ် ၃ဝဝ ကျော်လောက် ရှိပါပြီ ‘ကန္တာရလမင်း’ က ၁၉၉၂ မှာ စတာဆိုတော့ ဂီတ သက်တမ်းက နှစ်နှစ် ဆယ်လောက်တော့ ရှိပါပြီ။

ကိုယ့်သီချင်းတွေကို ကြားရရင် ခံစားရတဲ့ ခံစားမှု က တေးရေး သက်နုတုန်း ကနဲ့ တေးရေး သက်ကြာလာတဲ့ အခါမှာ ပြောင်းလဲလာတဲ့ ခံစားချက်မျိုး ရှိရင် ပြောပြ ပေး ပါဦး။

ငယ်ငယ်တုန်းက နဲ့ အခုချိန်မှာ ခံစားမှုက မတူတာ တော့ မတူတော့ဘူးပေါ့။ ငယ်ငယ်တုန်း ကဆို လမ်းဘေး လက်ဖက်ရည် ဆိုင်မှာ ကိုယ့်သီချင်း ကြားလိုက် ရတာ ဖြစ် ရင် ကြားလိုက်တဲ့ အချိန်မှာ နုပျို လန်းဆန်းနေတာ ပေါ့။ အခု နောက်ပိုင်း မှာဖြစ်နေတာက ဝမ်းသာတဲ့ နောက်က အမှားပြင်ဆင်မှုက ပိုလိုက်နေတယ်။ ပေါက် လည်းပေါက်နေတယ်။ ဒါပေမဲ့ ကိုယ်က ကိုယ့်သီချင်း ပြန်ကြားလိုက်ရင် ဒီနေရာမှာ ဒီလိုလေး ပြင်လိုက်ရင် အရမ်း ကောင်းမှာပဲလို့ ပြန်ပြန်တွေးမိနေတယ်။

သီချင်းကိုဖီလင်လာတဲ့ အချိန်မှာ ရေးတာများ လား။ ဒါမှမဟုတ် အလုပ်တစ်ခု လို ရေးဖြစ်တာမျိုးရှိလား။

ဖီလင်လာတဲ့ အချိန်မှာလည်း ရေးပါတယ်။ အပ်တဲ့ အခါမှာလည်းရေးတယ်။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ် ဖြစ်သွားတဲ့ အခါမှာတော့ အချိန်မရွေး ရေးဖြစ်လာပါ တယ်။

ဆရာရေးပေးတဲ့ သီချင်းလေးတွေကြောင့် ပရိသတ် ပိုပြီးတော့ သိသွားတဲ့ အဆိုတော်နဲ့ သီချင်းအတွဲလေးတွေ ကိုလည်း ပြောပြပေးပါလား။

အင်း ရှိပါတယ်။ ဥပမာ ဇော်ပိုင်ရဲ့ ‘မင်းနဲ့မှချစ် တတ်ပြီ’ပေါ့။ ဇော်ပိုင်က ချောစုခင်နဲ့ အခွေထွက်ကတည်း ပရိသတ် တချို့ကတော့ သိနေပါပြီ။ ‘မင်းနဲ့မှ ချစ်တတ်ပြီ’ နဲ့ကျတော့ မှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပရိသတ် သိသွားတယ် လို့ပြောရင် ရပါတယ်။ နောက် မျိုးကြီး လည်း ‘ဒီကစောင့်နေသူ’ နဲ့ ပရိသတ် ပိုသိသွားတယ်။ လေးဖြူ ဆိုရင် လည်း ပထမ အခွေကလည်း ပေါက်ပြီး သားပါ။ ဒါပေမဲ့ ဒုတိယ အခွေက ပိုပေါက် သွားတော့ လေးဖြူ ဆိုပြီး ပိုဖြစ်သွားတာပေါ့။ နောက် ဟန်ထွန်း ဆို လည်း ‘ရင်ခုန်ဘက်သို့ တမ်းချင်း’ သီချင်းနဲ့ အဆိုတော် ဖြစ်သွားတယ် ဆိုရင်လည်း ရပါတယ်။ နောက် ကောင်း မြတ်လေး ဆိုရင်လည်း ‘ချစ်ခွင့်ရချင်ပြီ’ သီချင်းလေးပေါ့။

ဆရာ အမျိုးသမီးသီချင်း ရေးတာ နည်းတယ် ထင်တယ်နော်။

ဟုတ်ပါတယ်။

ဆရာ အများဆုံးရေးဖြစ်တဲ့ အမျိုးသမီး အဆိုတော်က။

မဒီပဲဖြစ်မှာပါ။

တေးရေးဆရာ ဘဝကို ရွေးချယ်လိုက်ခဲ့တာ စွန့်လွှတ်လိုက်ရတဲ့ တခြားလုပ်ချင်ပြီး မလုပ်လိုက်ရတဲ့ ဘဝမျိုးရှိလား။

အဲဒီလိုမျိုးတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အစကတည်းက ကျွန်တော်က သီချင်းပဲ ရေးချင်ခဲ့တာပါ။

တေးရေးဆရာ မဖြစ်ခဲ့ရင်ကော ဆရာ ဘာဖြစ် ချင်ခဲ့တာလဲ။

ကဗျာဆရာ ကျောင်းဆရာ ဖြစ်ချင်တာပါ။

နောက်ပိုင်းကျရင် သီချင်းရေးတဲ့ အလုပ်အပြင် ဆရာတိုးပြီး လုပ်ချင်တဲ့ အလုပ်ရှိရင်လည်း ပြောပြပေး ပါဦး။

Vocal Guide ပါ။ အခုလည်း လုပ်နေပါပြီ။ ဆရာ က အဆိုတော် တစ်ယောက်ကို သီချင်း တစ်ပုဒ်ကို အစအ ဆုံးမောင်းရတဲ့ အလုပ်ကို ဝါသနာပါပါတယ်။ တစ်ခွေ လုံး မောင်းတဲ့ အလုပ်မျိုးပေါ့။ အခု လောလောဆယ် မှာလည်း နီနီခင်ဇော်ရဲ့ တစ်ကိုယ်တော် အခွေကို စပြီး လုပ်ခဲ့ပါတယ်။ နောက် ဖြိုးပြည့်စုံရဲ့ တစ်ကိုယ်တော် အခွေ လည်း လုပ်ဖို့ရှိပါတယ်။

ဒါကတော့ အနုပညာ အသိုင်းအဝိုင်း မဟုတ်တဲ့ အပြင် ပရိသတ်တွေ သိချင်မယ့် မေးခွန်း မျိုးပါ။ အဆိုတော် တစ်ယောက်က သီချင်း တစ်ပုဒ် လာအပ် တော့မယ် ဆိုရင် ဆရာ တို့ဘက်က တာဝန် ယူရတဲ့အ ပိုင်းကို ပြောပြပေးပါ။

ကော်ပီ သီချင်း ဆိုရင်လည်း သူတို့နဲ့ လိုက်မယ့် သီချင်းလေးတွေ ရွေးပေးရတယ်။ သူတို့နဲ့ ပေါက်မလား စဉ်းစားပေးရတယ်။ ကီးချိန်ပေးရတယ်။ ကိုယ်ပိုင် သံစဉ် ဆိုရင် လည်း သူတို့ အသံ နဲ့လိုက်မယ့် သီချင်းတွေကို စဉ်းစားပေးရတယ်။နောက် studio အထိ လိုက်ပြီး Key ချိန်ပေးရတယ်။

ဆရာရေးတဲ့ ကိုယ်ပိုင် သံစဉ်သီချင်းတွေထဲက အမှတ်တရရှိတဲ့ သီချင်းရှိ ရင်လည်း ပြောပြပေးပါ။

အကုန်လုံးကို အမှတ်တရ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ပိုင် သံစဉ်က ကျွန်တော့် အတွက် နည်းနေ သေးတော့လေ။ ကိုယ်ပိုင် သံစဉ် သီချင်းတွေ ကို ရေးရင် အမြဲ ဖီလင် လာမှရေးတာပါ။ လုပ်မရေးပါဘူး။ မှတ် မှတ်ရရ ရှိတဲ့သီချင်းကို ပြောရရင် ၁၉၉၉ တုန်းက ထွက်ထားတဲ့ ဟန်ထွန်း အားပေးသီချင်းပါ။

အခုလတ်တလောမှာ ဆရာရေးတဲ့ သီချင်းတွေ ထဲက ဆရာကြိုက်တဲ့ သီချင်း ကိုပြောပါဆိုရင် ဘာသီ ချင်းကို ရွေးပေးမလဲ။

ကျွန်တော် အမြဲတမ်း ကြိုက်နေတဲ့ သီချင်း ဆိုရင် တော့ လေးဖြူဆိုတဲ့ ‘အတိတ် မြက်ခင်းစိမ်း’ နဲ့ ‘တစ်ကိုယ် ရေလွမ်းဆွတ်မှု’ ပါ။ ‘အတိတ်မြက်ခင်းစိမ်း’ က ကျွန် တော့် real story ကို ရေးထားတာပါ။ နောက် ‘တစ်ကိုယ်ရေ လွမ်းဆွတ်မှု’ က ကျွန်တော့် ငယ်ဘဝကို ရေး ထားတာပါ။ လေးဖြူ ဆိုခဲ့တာလည်း နှစ်ပုဒ် စလုံးမုဒ်အ ရမ်းကောင်း တယ်။ နောက် ကျွန်တော် ရေးထားတဲ့ပုံစံ၊ ဖြစ်ချင်တဲ့ ပုံစံနဲ့ တစ်ထပ်တည်းပါ။

ဒီဘက်ခေတ် ရောက်လာတော့ ဂီတ လောကမှာ တစ်ကိုယ် တော်အခွေတွေ အရမ်း ထုတ်လာကြတယ်။ ဒါပေမဲ့ မအောင်မြင်တာ များတယ်။ အဲဒီ့အပေါ် ဆရာ့ အမြင်လေး ကို ပြောပြပေးပါဦး။

ကျွန်တော့် အထင်ပြောရရင်တော့ အဓိက ကတော့ အရည်အချင်း မပြည့်မီဘဲနဲ့ လုပ်ခဲ့တာလည်း ပါတယ်။ အချိန်ကို မစောင့်တာလည်း ပါပါတယ်။ သူတို့ဘေး နားကနေ ပြီး ဂိုက်လိုင်း လုပ်ပေးမယ့် သူ မရှိတာလည်းပါ တယ်။ စနစ်တကျ ပျိုးထောင်ပေးမယ့် သူမရှိတာလည်း ပါတယ်ပေါ့။ ခိုးကူး အခွေကြောင့်လည်း ပါပါတယ်။

နောက်တစ်ခုက ဂီတလောကမှာ တစ်ပုဒ်တည်း အရမ်းပေါက်ပြီ၊ ရပ်နေတဲ့ အဆိုတော်တွေလည်း ရှိ တယ်လေ။ သူတို့ အပေါ်လည်း ဆရာ့ အမြင်ကို ပြောပြ ပေးပါဦး။

ဟုတ်ပါတယ်။ အဲဒါမျိုးက အဆိုဘက်မှာကော အရေးဘက် မှာကောရှိပါတယ်။ တစ်သက်မှာ တစ်ပုဒ် ကောင်းပဲ ထွက်လာတဲ့ သူတွေရှိတယ်။ အဲဒီတစ်ပုဒ် ကို ကျော် မလာနိုင်ဘူး ဆိုတာ သူ့ရဲ့ အားထုတ်မှုလည်း လိုပါ တယ်။ တကယ်တမ်းကျတော့ ကျော်နိုင်ရမယ် ၊ကျော်နိုင် အောင် ကြိုးစားရပါမယ်။

အဆိုပြိုင်ပွဲတွေ အများကြီးပေါ်လာတဲ့ အပေါ် ဆရာ့ရဲ့ အမြင်ကို ပြောပေးပါဦး။

အဆို ပြိုင်ပွဲတွေ အများကြီး ပေါ်လာတာ ကောင်း ပါတယ်။ တချို့ လူငယ်တွေက အရည်အချင်းရှိတယ်။ ဒါပေမဲ့ ပိုက်ဆံ မရှိဘူး။ အသိုင်းအဝိုင်း အလှမ်းကွာတယ်။ အဲဒီ လို လူတွေအတွက် ကျွန်တော်တို့ ပြိုင်ပွဲတွေ လုပ် ပေးနေတာပါ။ ကျွန်တော်တို့ Melody World ပြိုင်ပွဲမှာ ဆိုရင်လည်း ကောင်းကောင်း ရွေးတယ်။ အကောင်း ဆုံး အတွေ့အကြုံတွေဆီ တွန်းပို့ပေးတယ်။ တစ်နှစ်မှာ တစ်ယောက် ပဲဖြစ်ဖြစ်၊ နှစ်ယောက် ပဲဖြစ်ဖြစ် ပေါ်လာရင် ကို ကျွန်တော်တို့ ဝမ်းသာပါတယ်။

အခုနောက်ပိုင်းမှာ တီဗီ ပရိုဂရမ်တွေမှာကော၊ Shopping center တွေမှာပါ အဆို ပြိုင်ပွဲတွေ တော် တော်များများ လုပ်နေကြတယ်။ အဆိုပြိုင်ပွဲ တစ်ခု လုပ် တော့ မယ် ဆိုရင် ဘာတွေကို သတိထားပြီး လုပ်ကိုင် သင့်တယ်ဆိုတဲ့ ဆရာ့ရဲ့ အကြံပေးစကားလေး ပြောပေး ပါဦး။

မရှိပါဘူး။ လုပ်နေတာတွေ အကုန်လုံးက ပြည့်စုံ ကြပါတယ်။ ဒိုင်တွေလည်း အမှတ်ပေးတာ တော်ကြပါ တယ်။ တိကျကြပါတယ်။ ဘက်လိုက်မှု မရှိပါဘူး။

ပြိုင်ပွဲဝင်ကလေးတွေအတွက် အကြံပေးစကား ဆိုရင်ကော။

ပြိုင်တဲ့ ကလေးတွေ stage မကြောက်ရင် ပို ကောင်းပါတယ်။ တချို့ဆိုရင် အပြင်မှာ ဆိုတာ အရမ်း ကောင်းပါတယ်။ တကယ်တမ်း ကျရင် လွဲချော်သွားတာ မျိုးလည်း ရှိတတ် ပါတယ်။ Melody World မှာလည်း အများကြီးတွေ့ရပါတယ်။

ဆရာ့ အနေနဲ့ ကိုယ်ပိုင်အချိန်ကို ဘယ်လိုထားလဲ မသိဘူး။

တတ်နိုင်သမျှ စနေ၊ တနင်္ဂနွေဆို ကိုယ်ပိုင်အချိန် ရအောင် ယူတတ်ပါတယ်။ ကျွန်တော် တကယ် relax ယူချင်ရင် ဘောလုံးပွဲ ကောင်းကောင်းလေး တစ်ပွဲ ကြည့် လိုက် တယ်။ အဲဒါပါပဲ။

တချို့ဝါသနာရှင်လေးတွေက သူတို့ ထင်သလောက် မဖြစ်တော့ စိတ်ဓာတ်ကျနေ တာမျိုးရှိတယ်။ သူတို့ကို လည်း အားပေး စကား တစ်ခုခုပြောပေးပါဦး။

ကျွန်တော် ကတော့ ကြိုးစားစေချင်ပါတယ်။ လုပ် ပါလို့စိတ် ဓာတ်မကျပါနဲ့လို့။ ပြိုင်ပွဲ ဝင်လာတဲ့အခါမှာ ကိုယ်မျှော်မှန်းထားတဲ့ အထိ ရောက်မလာခဲ့ဘူး။ လမ်း တစ်ဝက် မှာ ပျက်ကျန်ခဲ့ရင်၊ ဇွဲမလျှော့ဘဲနဲ့ နောက်တစ် နှစ်နောက် တစ်နေရာ နောက်တစ်ကြိမ် ထပ်ပြိုင်ပါ။ ကိုယ့်ဘက်ကလည်း ဒီ့ထက် ပိုကောင်းအောင် ပြင်ဆင် ကြပါလို့။

ဆရာ့တေးရေး သက်တမ်းမှာ တေးရေး အလုပ်ကို ဆက်မလုပ်ချင်ေ လာက်အောင် ဖြစ်သွားတဲ့ခံစားမှုမျိုးရှိရင်လည်း ပြောပြပေးပါဦး။

မရှိပါဘူး။ ကျွန်တော်က ဒီအလုပ်ကိုပဲ ဝါသနာပါ တော့ ဒီအလုပ်လုပ် ရတာပဲ သိပ်ပျော်ပါတယ်။ အရမ်း ညံ့တဲ့သူ တစ်ယောက်ကို သင်ပေးနေရတယ်။ သူက မ လိုက်နိုင် လို့ ပင်ပန်းတယ်လို့ ညည်းနေတယ်။ သူ့ကိုလည်း ဟောက်နေမိတယ်။ သူငယ်ချင်းတွေ ကိုလည်း ရင်ဖွင့်ရင် ရင်ဖွင့်နေမိမယ်။ ဒါပေမဲ့ ဒီ စိတ်ညစ်တာကို ပြန်တွေး ကြည့် မယ် ဆိုရင်တော့ အဲဒါလေးတွေကို ကျွန်တော်က ပျော်နေတာပါ။

အဆက်အသွယ် မရှိတဲ့ အဆို ဝါသနာပါတဲ့ သူတွေကို ပြိုင်ပွဲတွေ လုပ်ပေးသ လို တေးရေး ဝါသနာပါတဲ့သူတွေ ကိုကော အဲဒီလိုမျိုး အစီအစဉ်မျိုးမရှိဘူးလား။

ရှိပါတယ်။ အဲဒီကိစ္စကို ပရိုဂရမ်တစ်ခုအနေနဲ့ ချန်နယ်တစ်ခုကနေ သွားမယ်လို့ စဉ်းစားထားပါတယ်။

တေးရေးဆရာတွေကို ဒီဘက်ခေတ်မှာ အရင်ခေတ် ထက်ပိုပြီးတော့ အလေးပေး လာတာတွေ့ရတယ်နော်။

ဟုတ်ပါတယ်။ ဟိုးအရင်တုန်းကဆို သီချင်းတစ် ပုဒ်ပေါက်သွားပေမယ့် ဘယ်သူရေး တယ် ဆိုတာကို သိပ် မသိပါဘူး။ ဒီဘက်ခေတ် ကိုမင်းချစ်သူ တို့ ခေတ် လောက် ကစပြီး တေးရေးတွေကို အသိအမှတ်ပြုလာကြ ပါတယ်။ ကျွန်တော် တို့ခေတ်ကျတော့ အားလုံး သိလာ ကြပါတယ်။ လမ်းမှာ တွေ့ရင်တောင်မှပဲ ကေအေတီဆို ပြီး လာနှုတ်ဆက် ကြတာမျိုးတွေ ရှိပါတယ်။

Credit - #MrMagazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။