ကွဲပြား ခြားနားစွာ ချည်းကပ်သွားသော ဂျပန် မူဝါဒ
========================== ========
မနေ့ က ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ကီရှီဒါး က ဒေါ်အောင်ဆန်းစုကြည် နဲ့ ၄၅ မိနစ်ကြာ ဆွေးနွေးခဲ့ပါတယ်။ ဂျပန် အနေနဲ့ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရ လိုအပ်တာ မှန်သမျှ ဂျပန် အစိုးရကရော ဂျပန် ကုမ္မဏီ များက အပြည့်အ၀ ထောက်ခံသွားမယ်လို့ ဆိုပါတယ်။
ကမ္ဘာမှာ စီးပွားရေးအရ တတိယ အင်အား အတောင့်တင်းဆုံး ဖြစ်တဲ့ ဂျပန် ရဲ့ အကူအညီ ပေးမှုမျိုး က မြန်မာနဲ့ ဖေါက်သည် နိုင်ငံလို မဆက်ဆံပဲ အကျိုးတူ ပူးပေါင် ဆောင်ရွက်မယ့် ပါတနာ အဖြစ် ဆက်ဆံသွားမယ်လို့ အလေးအနက် ပြောကြားခဲ့တဲ့ အပြင် နေပြည်တော်ရှိ မြန်မာ အစိုးရသစ်ရဲ့ ဆန္ဒကို ဦးစားပေး အကူအညီ ပေးသွားမယ်လို့ ဆိုပါတယ်။
ဂျပန်က မြန်မာပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံများ ပြန်လည် မွမ်းမံပေးရေး နဲ့ ဘဏ္ကာရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာဘို့ အဓိက အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဂျပန် ပြည်သူများရဲ့ မြန်မာပြည်သူများအပေါ် ကြင်နာမှု နဲ့ ထောက်ခံမှု အကြောင်း ကျေးဇူး တင်ကြောင်း ပြောဆိုခဲ့ပါတယ်။
ကီရှီဒါးက ဂျပန် နဲ့ ထိုင်း တာဝန်ယူ ဆောင်ရွက်နေတဲ့ ထားဝယ် အထူး စီးပွားရေးဇုံ စီမံကိန်း အကြောင်း တစွန်းတစမှ မေးမြန်း ပြောဆိုခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ဂျပန် အနေနဲ့ ငွေကြေး ဆိုင်ရာမှာ တရုတ်ကို ဘယ်လိုမှ မယှဉ် နိုင်တဲ့ အတွက် ချည်းကပ်မှု ပုံစံ ပြောင်းပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အရင်အစိုးရ အပေါ် သြဇာ ညောင်းခဲ့တဲ့ တရုတ် အစိုးရ က ၎င်းတို့ရရှိပြီးသား အရှိန်အ၀ါကို ပြန်လည် ရရှိအောင် ဘီဂျင်းမှာ ကြံစည်နေတယ်လို့ အတူ လိုက်ပါလာတဲ့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဌာန အထက်တန်းအရာရှိကြီးတဦးက လက်တို့ သတိပေးသွားခဲ့ပါတယ်။
ဂျပန် အစိုးရက မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂ မှ ဆောင်ရွက်နေတဲ့ ကယ်ဆယ်ရေး နဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် အမေရိကန် ဒေါ်လာ ၃၁.၁ သန်းကို ကုလသမဂ္ဂကို လှုဒါန်းခဲ့တယ်လို့ ကုလ အရာရှိ များက အတည်ပြု ပြောကြားခဲ့ကြပါတယ်။
ဒါပေမယ် ဂျပန် ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း အများ မျှော်လင်ထားသလို မြန်မာ အစိုးရ အဆက်ဆက် ဂျပန်ပေါ် တင်ရှိနေတဲ့ ခန့်မှန်းခြေ အားဖြင့် အကြွေး အမေရိကန် ဒေါ်လာ သန်း ပေါင်း ၄.၇ ဘီလီယံကို လျှော်ပြစ်ဖို့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။
တောင်တရုတ် ပင်လယ်အတွင်း တရုတ်ရဲ့ စစ်အင်အား တည်ဆောက်နေမှု နဲ့ မြောက်ကိုရီယားမှ ညူကလီယား လက်နက်များ ဟန်ရေး ပြနေမှုများ အပေါ် ဂျပန် က အထူး စိုးရိမ် မကင်း ဖြစ်နေကြောင်းတော့ ဒေါ်အောငဆန်းစုကြည်ကို ဖွင့်ဟ ပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။
ဂျပန် ၀န်ကြီးချုပ်မှ ဖေဖေါ်ဝါရီ လ အတွင်းက စာ နဲ့ ကမ်းလှမ်းပြီး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဂျပန် ကို တရားဝင် အလည်အပါတ် လာရောက်ရေးအတွက် ထပ်မံ ဖိတ်ကြားသွားခဲ့ပါတယ်။
ကီရှီဒါ က ဗီယက်နမ် နဲ့ လာအိုကို ဆက်လက် သွားရောက်ဘို့ ရှိပါတယ်။
ကိုးကား။ ၊ The Japan Times/Nikkei Asian Review/ Japan Today
HSW
==========================

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။