အုိစမာ ဘင္လာဒင္ကို သတ္ခဲ့သူ
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
(Unicode version)
ပုံမှာ မြင်တွေ့နေရတဲ့ စစ်သားဟာ အိုစမာ ဘင်လာဒင်ကို သတ်ခဲ့သူ ဖြစ်ပြီး Rob O’Neill လို့ အမည်ရပါတယ်။ အသက် ၃၈ နှစ် ရှိပြီ ဖြစ်ပြီး အမေရိကန် မရိမ်း တပ်ဖွဲ့မှာ ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ မရိမ်းထဲမှာကိုမှ စိစစ်ပြီး အရွေးချယ်ခံထားရတဲ့ SEALS အဖွဲ့မှာ ပါဝင်သူ ဖြစ်ပါတယ်။
SEALS ဟာ ကမ္ဘာ့ အတော်ဆုံး ကွန်မ်ဒို တပ်ဖွဲ့ တစ်ခု အဖြစ် ရေပန်းစားပြီး အမေရိကန်ရဲ့ ကမ္ဘာ့အရေးအကြီးဆုံး စစ်ဆင်ရေးမှာများ ပါဝင်ခဲ့ပါတယ်။ သူဟာ စစ်တပ်က ထွက်ပေမယ့် ခံစားခွင့်များ မရရှိပါဘူး။ အကြောင်းကတော့ နှစ် ၂၀ မပြည့်ပဲ ထွက်ရှိတယ် ဆိုတဲ့ အကြောင်းပြချက်ကြောင့်မို့ ဖြစ်ပါတယ်။ ဒီတော့ သူဟာ ပြည်သူကို တရားဝင် ဖွင့်ဟပြောဆိုလာခြင်း ဖြစ်ပုံရ ပါတယ်။ အမေရိကန်မှာ အဖေ ဖြစ်သူနဲ့ နေထိုင်ပါတယ်။ သူဟာ တာဝန်ထမ်းခဲ့စဉ် သက်တမ်း တစ်လျှောက် ဆုတံဆိပ် များစွာ ရရှိခဲ့တဲ့ အတော်ဆုံး စစ်သား များထဲက တစ်ဦး ဖြစ်ပါတယ်။
သူဟာ အမေရိကန်က ရိုက်တဲ့ စစ် ရုပ်ရှင်ကြီး အချို့မှာလည်း ပါဝင်ရပြီး ဥပမာ ကပ္ပတိန်ဖီးလစ် တို့လို ဇာတ်ကားတို့မှာ ဖြစ်ပါတယ်။ ယခုလို တရားဝင် ပြောဆိုမှု အတွက် အိုစဘာ ဘာလာဒင်ရဲ့ လူများ သူ့ကို လာသတ်မှာ မကြောက်ဘူးလား လို့ မေးတော့ သူဟာ ကြောက်ရွံ့မှု မရှိကြောင်း ရင်ဆိုင်ရန် အသင့်ရှိကြောင်း ပြောဆိုခဲ့ ပါတယ်။ သူ့ကို သတင်းမီဒီယာ များက အင်တာဗျူးများ ပြုလုပ်မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။