လောက၏ ပဲ့တင်သံ
+++++++++
တစ်ခါက သားအဖနှစ်ယောက်ဟာ ချောက်ကမ်းပါးတွေထူထပ်ပြီး ကြမ်းတမ်းတဲ့ တောင်ကြားလမ်းတစ်ခုမှာ ခရီးသွားနေကြပါသတဲ့..။ အဲဒီလို ခရီးသွားနေတုန်း ရုတ်တရက်ဆိုသလိုပဲ သားဖြစ်သူဟာ ကျောက်တုံးတစ်တုံးကို ခလုတ်တိုက်လဲကျသွားပါသတဲ့.. ။ သားဖြစ်သူဟာ နာကျင်လွန်းတဲ့အတွက်
"အား... ခြေထောက်တော့ကျိုးပါပြီဗျ"
လို့ ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်..။
အဲဒီအခါမှာတော့ သူဟာ သူအော်ဟစ်လိုက်တဲ့အသံအတိုင်း "အား..ခြေထောက်တော့ကျိုးပြါ ပီဗျ"ဆိုတဲ့
အသံတစ်ခုကို ကြားလိုက်ရပြန်တယ်...။ အဲဒီအခါ သားဖြစ်သူက အင်မတန်မှ
အံ့သြသွားခဲ့တယ်.။ ပြီးတော့ သူက ထပ်ပြီးအော်ဟစ်ပြန်တယ်..။
သူအော်ဟစ်တိုင်းမှာလည်း သူရဲ့အသံနေအသံထားအတိုင်း တန်ပြန်လာတဲ့
ပဲ့တင်သံတွေကို ကြားနေရပြန်တယ်..။
"ခင်ဗျားဘယ်သူလဲ"
"ခင်ဗျားဘယ်သူလဲ"
"လူသားအားလုံးကို လေးစားပါတယ်"
"လူသားအားလုံးကိုလေးစားပါတယ်"
"ခင်ဗျားက ငပေါပဲ"
"ခင်ဗျားက ငပေါပဲ"
သားဖြစ်သူဟာ အတန်ကြာ စမ်းသပ်ပြီးတဲ့အခါ အဖေ့ဘက်ကိုလှည့်ပြီး ဒီလိုမေးတယ်..။
"အဖေ..အဲဒါဘာဖြစ်တာတုန်းဗျ" အဲဒီလိုမေးလိုက်တဲ့အခါ အဖေက
"ငါ့သားသေချာနားထောင်" လို့ပြောပြီး ဒီလိုမျိုးအော်ဟစ်ပြန်တယ်..
"မင်းဟာ ချမ်ပီယမ်ပဲဟေ့" အဲဒီအခါမှာလည်း ပဲ့တင်သံက
"မင်းဟာ ချမ်ပီယမ်ပဲဟေ့" ဆိုတဲ့အသံပြန်လာပြန်တယ်...။ အဲဒီလိုအော်ဟစ်ပြီးတဲ့အခါ ဖခင်က
"ငါ့သား.. အဲဒီအသံဟာ ထူးထူးဆန်းဆန်းအဖြစ်အပျက်တော့မဟုတ်ဘူး..ပဲ့တင်သံလို့ခေါ်တယ်..။ ပဲ့တင်သံဆိုတာ ငါ့သားရဲ့အသံတွေတောင်နံရံကို ရိုက်ပြီး တန်ပြန်လာတဲ့အသံပဲငါ့သား။ အဲဒီတော့ ငါ့သားအော်တဲ့အတိုင်းပြန်ကြားနေရတာပေါ..။
တကယ်တော့ အဖေတို့နေထိုင်နေတဲ့ လူ့လောကဟာလည်း ပဲ့တင်သံလိုပဲငါ့သား၊ လောကမှာ
ကိုယ့်ကို လူအများက ချစ်စေချင်တဲ့အခါ.၊ ငါ့သားကလည်း သူများတွေကို
အများကြီးချစ်ဖို့လိုမယ်၊ ငါ့သားရဲ့နှလုံးသားမှာ
မေတ္တာတရားတွေများများမွေးမြူဖို့လိုမယ်၊
ငါ့သားရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပိုပြီး လုပ်ရည်ကိုင်ရည် ရှိစေချင်၊
တော်စေချင်ရင် ငါ့သားကိုယ်တိုင်လည်း လုပ်ရည်ကိုင်ရည်ရှိပြီး
တော်အောင်ကြိုးစားဖို့လိုမယ်။ အဲဒီလိုပဲ့တင်သံတွေဟာ ဒီတောင်စောင်းတင်မဟုတ်ဘူး လောကကြီးမှာရှိသမျှအရာတွေတိုင်းမှာရှိနေကြတယ်။
ငါ့သားကောင်းတာပေးရင်၊ သူတို့လည်းပဲ ကောင်းတာတွေ ပြန်ပေးကြမယ်၊ ငါ့သားက
ဆိုးတာပေးရင်၊ သူတို့တွေလည်းပဲ ဆိုးတာတွေ ပြန်ပေးကြလိမ့်မယ်ငါ့သား"
လို့ပြောလိုက်တော့တယ်..။
တကယ်တော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြားလေ့ကြားထရှိတဲ့ "စိတ်ထားကောင်းလျှင် ကံကောင်းမည်၊ စိတ်ထားဆိုးလျှင် ကံဆိုးမည်" ဆိုတဲ့ စကားစုလေးဟာ လောကပဲ့တင်သံရဲ့ ရိုးရှင်းလှပေမယ့် လေးနက်တဲ့ ဆိုရိုးစကားလေးပဲဖြစ်တယ်။
ပဲ့တင်သံရဲ့ တန်ပြန်ခြင်းဟာ၊ ကျောက်သား၊ ကျောက်နံရံတင်မကပဲ လောကမှာရှိတဲ့ လူသားတွေမှာပါ အကြုံးဝင် မှန်ကန်တယ်လို့ဆိုတယ်။ လောကလူသားတိုင်းဟာ အရာရာမှာ အကောင်းဆုံး၊ အတော်ဆုံး၊ အမွန်မြတ်ဆုံး၊ အကျော်ကြားဆုံး၊ အချမ်းသာဆုံးဆိုတဲ့ အကောင်းဆုံးတွေကိုသာ မျှော်မှန်းလေ့ရှိကြတယ်။ အဲဒီလို အကောင်းဆုံးတွေကိုသာ မျှော်လင့်နေတတ်ကြပေမယ့် မိမိကိုယ်တိုင်ကတော့ လောကကို အကောင်းဆုံးတွေ ပြန်ပေးဖို့တော့ မေ့လျော့နေတတ်ကြတယ်လို့ဆိုတ ယ်။
အမှန်တကယ်လည်း ပုံပြင်ထဲက ဖခင်ရဲ့စကားလို ကောင်းသော
အောင်မြင်ခြင်းအကြောင်းကို လိုချင်တဲ့အခါ၊ ကောင်းမွန်တဲ့ အလုပ်ဖြစ်တဲ့
ကြိုးပမ်းအားထုတ်ခြင်း အကျိုးကို ပြုလုပ်ဖို့လိုမှာပဲဖြစ်တယ် ..။
မိမိက တစ်ပါးသူတွေရဲ့ ချီးကျူးခြင်း၊ လေးစားခြင်း၊ ချစ်ခင်ခြင်းတွေကို လိုချင်သူတွေဟာလည်း တပါးသူတွေရဲ့အကျိုးကိုလိုလားခြင်း၊ ကူညီဖေးမခြင်း၊ မေတ္တာထားခြင်းတွေကို မိမိကိုယ်တိုင်က အရင်ဦးဆုံး ပြုလုပ်ရမှာဖြစ်တယ်လို့ဆိုတ ယ်.။
သဘောကတော့ မိမိရဲ့ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးဟာ ဖြူစင်ဖြောင့်မတ်ပြီး၊
ကောင်းမွန်သော အတွေး၊ ကောင်းမွန်သောအကြံ၊ ကောင်းမွန်သောအလုပ် တွေနဲ့သာ
လောကကို ဖြတ်သန်း ကျဉ်လည်ခဲ့ရင်တော့၊ ကံကြမ္မာရဲ့ တန်ပြန်ဆုလာဘ်ကို
ဆွတ်ခူးနိုင်မှာပဲလို့ ဆိုလိုတာပဲဖြစ်တယ်။ မိမိကိုယ်တိုင်က မဖြောင့်မတ်၊
မမှန်ကန်ပါပဲလျှက်၊ မိမိအပေါ် ဖြောင့်မတ်ရိုးသားခြင်းကို မမျှော်လင့်နိုင်၊
မိမိက မေတ္တာရှေ့မထားပါပဲလျှက်၊ မိမိအပေါ် မေတ္တာထားချစ်ခင်သူများကို
မရရှိနိုင်၊ မိမိက သစ္စာမရှိပါပဲ၊ မိမိအပေါ် သစ္စာရှိတဲ့ မိတ်ဆွေကောင်းကို
မရရှိနိုင်ဘူးလို့ ဆိုလိုတာပဲဖြစ်တယ်.။
"Life is an echo. What you send out- comes back. What you sow- you reap. What you give- you get. Remember- Life is an echo. Sonner or later, it will come back to you. So, Try to give good part of you"
ဆိုတဲ့စကားလို. "ဘ၀ဟာ ပဲ့တင်သံတစ်ခုပဲဖြစ်တယ်။ မင်းပေးတဲ့အရာကို မင်းပဲပြန်ရမယ်။ မင်းစိုက်ပျိုးတဲ့အခါ၊ မင်းအကျိုးကျေးဇူးရလိမ့်မယ် ။ မင်းပေးတဲ့အရာကို မင်းပဲပြန်ရမယ်။ အနှေးနဲ့အမြန်ဆိုသလိုပဲ မင်းဆီကိုပြန်လာမှာပဲဖြစ်တယ်။ ဒါကြောင့် မင်းမှာရှိတဲ့ အကောင်းဆုံးအရာတွေကိုသာ ပေးအပ်ပါ" လို့ဆိုလိုတာပဲဖြစ်တယ်။
တကယ်တော့ လောကရဲ့ပဲ့တင်သံလို၊ ကိုယ်ပြုတဲ့ကံ ကိုယ်သာ ခံရမယ်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ ဆုံးမစကားအတိုင်း ကျွန်တော်တို့အားလုံးဟာလည်း
"ကံ ကံ၏ အကျိုး" ဆိုတဲ့ အမှန်တရားသစ္စာနယ်ပယ်ထဲက လူသားတွေပဲဖြစ်တယ်။
အဲဒါကြောင့်လည်း ကျွန်တော်တို့တွေဟာ မိမိရဲ့ အကောင်းဆုံးတွေကိုသာ လောကကို
ပေးအပ်ဖို့ ကြိုးစားကြရမှာပဲဖြစ်တယ်..။ အဲဒါမှသာ ကောင်းသော ကံကြမ္မာတွေရဲ့ တံပြန်ခြင်းကို ခံစားကြရမှာပဲဖြစ်တယ်။
ကောင်းသော ကံများ ပဲ့တင်ထပ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဖြိုးသုတ
+++++++++
တစ်ခါက သားအဖနှစ်ယောက်ဟာ ချောက်ကမ်းပါးတွေထူထပ်ပြီး ကြမ်းတမ်းတဲ့ တောင်ကြားလမ်းတစ်ခုမှာ ခရီးသွားနေကြပါသတဲ့..။ အဲဒီလို ခရီးသွားနေတုန်း ရုတ်တရက်ဆိုသလိုပဲ သားဖြစ်သူဟာ ကျောက်တုံးတစ်တုံးကို ခလုတ်တိုက်လဲကျသွားပါသတဲ့..
"အား... ခြေထောက်တော့ကျိုးပါပြီဗျ"
လို့ ကျယ်လောင်စွာ အော်ဟစ်လိုက်တယ်..။
အဲဒီအခါမှာတော့ သူဟာ သူအော်ဟစ်လိုက်တဲ့အသံအတိုင်
"ခင်ဗျားဘယ်သူလဲ"
"ခင်ဗျားဘယ်သူလဲ"
"လူသားအားလုံးကို လေးစားပါတယ်"
"လူသားအားလုံးကိုလေးစားပါတယ
"ခင်ဗျားက ငပေါပဲ"
"ခင်ဗျားက ငပေါပဲ"
သားဖြစ်သူဟာ အတန်ကြာ စမ်းသပ်ပြီးတဲ့အခါ အဖေ့ဘက်ကိုလှည့်ပြီး ဒီလိုမေးတယ်..။
"အဖေ..အဲဒါဘာဖြစ်တာတုန်းဗျ"
"ငါ့သားသေချာနားထောင်" လို့ပြောပြီး ဒီလိုမျိုးအော်ဟစ်ပြန်တယ်..
"မင်းဟာ ချမ်ပီယမ်ပဲဟေ့" အဲဒီအခါမှာလည်း ပဲ့တင်သံက
"မင်းဟာ ချမ်ပီယမ်ပဲဟေ့" ဆိုတဲ့အသံပြန်လာပြန်တယ်...။
"ငါ့သား.. အဲဒီအသံဟာ ထူးထူးဆန်းဆန်းအဖြစ်အပျက်တေ
တကယ်တော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြားလေ့ကြားထရှိတဲ့ "စိတ်ထားကောင်းလျှင် ကံကောင်းမည်၊ စိတ်ထားဆိုးလျှင် ကံဆိုးမည်" ဆိုတဲ့ စကားစုလေးဟာ လောကပဲ့တင်သံရဲ့ ရိုးရှင်းလှပေမယ့် လေးနက်တဲ့ ဆိုရိုးစကားလေးပဲဖြစ်တယ်။
ပဲ့တင်သံရဲ့ တန်ပြန်ခြင်းဟာ၊ ကျောက်သား၊ ကျောက်နံရံတင်မကပဲ လောကမှာရှိတဲ့ လူသားတွေမှာပါ အကြုံးဝင် မှန်ကန်တယ်လို့ဆိုတယ်။ လောကလူသားတိုင်းဟာ အရာရာမှာ အကောင်းဆုံး၊ အတော်ဆုံး၊ အမွန်မြတ်ဆုံး၊ အကျော်ကြားဆုံး၊ အချမ်းသာဆုံးဆိုတဲ့ အကောင်းဆုံးတွေကိုသာ မျှော်မှန်းလေ့ရှိကြတယ်။ အဲဒီလို အကောင်းဆုံးတွေကိုသာ မျှော်လင့်နေတတ်ကြပေမယ့် မိမိကိုယ်တိုင်ကတော့ လောကကို အကောင်းဆုံးတွေ ပြန်ပေးဖို့တော့ မေ့လျော့နေတတ်ကြတယ်လို့ဆိုတ
မိမိက တစ်ပါးသူတွေရဲ့ ချီးကျူးခြင်း၊ လေးစားခြင်း၊ ချစ်ခင်ခြင်းတွေကို လိုချင်သူတွေဟာလည်း တပါးသူတွေရဲ့အကျိုးကိုလိုလာ
"Life is an echo. What you send out- comes back. What you sow- you reap. What you give- you get. Remember- Life is an echo. Sonner or later, it will come back to you. So, Try to give good part of you"
ဆိုတဲ့စကားလို. "ဘ၀ဟာ ပဲ့တင်သံတစ်ခုပဲဖြစ်တယ်။ မင်းပေးတဲ့အရာကို မင်းပဲပြန်ရမယ်။ မင်းစိုက်ပျိုးတဲ့အခါ၊ မင်းအကျိုးကျေးဇူးရလိမ့်မယ်
တကယ်တော့ လောကရဲ့ပဲ့တင်သံလို၊ ကိုယ်ပြုတဲ့ကံ ကိုယ်သာ ခံရမယ်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ ဆုံးမစကားအတိုင်း ကျွန်တော်တို့အားလုံးဟာလည်း
ကောင်းသော ကံများ ပဲ့တင်ထပ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဖြိုးသုတ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။