Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, April 6, 2016

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်နှင့် တွေ့ဆုံမေးမြန်းခြင်း

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တပ်မတော်ကို သံယောဇဉ်ရှိတယ် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ် တပ်မတော်ခေါင်းဆောင်ကလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပေးတယ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်နှင့် တွေ့ဆုံမေးမြန်းခြင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲.
သတင်းအဖွဲ့

ပြောင်းလဲချိန်တန်ပြီဆိုသည့် စကားသည် ပြောင်းလဲတိုးတက်မှုကို လိုလား လျက်ရှိသော ပြည်သူ့အတွက်၊ မြန်မာ့ ဒီမိုကရေစီပြောင်းလဲမှုအတွက် သမိုင်းတွင် သည့် စကားရပ် ဖြစ်ခဲ့သည်။
ဒုတိယအကြိမ် လွှတ်တော်နှင့် အစိုးရ အဖွဲ့များကို ဒေါ်အောင်ဆန်းစုကြည်
ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒများနှင့်ကိုက်ညီစွာ ဖွဲ့စည်း နိုင်ခဲ့ပြီးဖြစ်သည်။

မတ် ၃၀ ရက်တွင် နိုင်ငံတော်သမ္မတတာဝန် လွှဲပြောင်းပေးအပ်ခြင်း အခမ်း အနားကိုလည်း ကျင်းပ နိုင်ခဲ့သည်ကို ပြည်သူအားလုံး သိရှိကြပြီးဖြစ်သည်။

နိုင်ငံတော်သမ္မတတာဝန် အောင်အောင်မြင်မြင် လွှဲပြောင်းနိုင်ခဲ့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော် မတီဝင် ဦးဝင်းထိန်အား တာဝန်လွှဲပြောင်းမှုတွင် ပါဝင် ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် အခြေအနေများကို သတင်းအဖွဲ့က ဧပြီ ၁ ရက် နံနက်ပိုင်းက သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည် များကို ပြန်လည်ရေးသားတင်ပြလိုက်ရပါသည်။
မေး။ ။အစိုးရဟောင်းနဲ့ အစိုးရသစ်ကြား အဆင်ပြေပြေ တာဝန် လွှဲပြောင်းနိုင် ဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ အခြေ အနေကို ရှင်းပြပေးစေ လိုပါတယ်။
ဖြေ။ ။ ကျွန်တော်က ၂၀၁၅ ရွေးကောက်ပွဲမှာ ကျန်းမာရေးကြောင့်
ရွေးကောက်ပွဲ မဝင်ဘူး။ မပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့မှာ အရေးပါတဲ့ နေရာကနေ ပါဝင်ခဲ့တယ်။ အခုရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့အခါမှာ အစိုးရအဟောင်းနဲ့ အစိုးရအသစ် အကူးအပြောင်းမှာ အဆင်ပြေစွာ တာဝန် လွှဲပြောင်းနိုင်ရေးအတွက် ကျွန်တော်ကို တာဝန်ပေး ခံရတယ်။ အစိုးရအဟောင်းကတော့ နိုင်ငံတော်အကြီးအကဲ တာဝန် လွှဲပြောင်းရေးအဖွဲ့ သုံးနှုန်းပြီးတော့ ကျွန်တော်တို့ကတော့ အသွင် ကူးပြောင်း ရေးအဖွဲ့လို့ သုံးနှုန်းတယ်။ အစိုးရဟောင်းရဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်း ရေးအဖွဲ့မှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း
ခေါင်းဆောင်ပြီးတော့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဦးနဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ ငါးဦးပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်ခေါင်းဆောင်ပြီး ဒေါက်တာမျိုးအောင်၊ ဒေါက်တာအောင်သူတို့ပါတယ်။ ပံ့ပိုးကူညီဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းနဲ့ ဦးကျော်သီဟ၊ ပြည်သူ့လွှတ်တော်က ဒေါ်ခင်စန်းလှိုင်ဆိုပြီး ဖွဲ့စည်းပါဝင်တယ်။

မေး။ ။အသွင်ကူးပြောင်းရေးမှာ အေးအေးချမ်းချမ်းနဲ့ ကူးပြောင်းနိုင်ဖို့က အဓိက ကျတဲ့ အခန်းကဏ္ဍမှာ ပါနေတယ်။ ဒီလိုကူးပြောင်းနိုင်ဖို့ ဆရာတို့ အနေနဲ့ ဘာတွေဘယ်လို ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသလဲ။
ဖြေ။ ။ဒီအသွင်ကူးပြောင်းရေးဟာ အေးအေးချမ်းချမ်းနဲ့ အသွင်ကူးပြောင်းနိုင်ဖို့ အလွန်အရေးကြီးတယ်။ ပထမအကြိမ် အသွင်ကူးပြောင်းရေးမှာ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေက သမ္မတကြီး ဦးသိန်းစိန်ကို လွှဲတာ၊ သူတို့တုန်းက အဆင်ပြေ တယ်။ ဒါကမဆန်းဘူး။ ဘာကြောင့်လည်းဆိုရင် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် က ဗိုလ်ချုပ်ကြီးဟောင်း၊ ပါဝင်တဲ့ ပုဂ္ဂိုလ်တော်တော်များများကလည်း တပ်မတော် ကတော့ဆိုတော့ သိပ်မထူး ဆန်းဘူး။ ဒါပေမယ့် ပြည်သူ့လူထု အဆုံးအဖြတ်နဲ့ ရွေးကောက်ပွဲ အောင်နိုင်တဲ့ ကျွန်တော်တို့ကို ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက တာဝန်လွှဲတဲ့အခါကျတော့ အရပ်သားအစိုးရကို တာဝန်လွှဲတာ၊ သမိုင်းဝင်တဲ့ ဖြစ်ရပ်ပါ။
ဒီသမိုင်းဝင်ဖြစ်ရပ်မှာ ကျွန်တော် တာဝန်ထမ်းဆောင်ခွင့်ရတာ ဂုဏ်ယူတယ်။ ကျွန်တော့် အရည်အချင်းကို ယုံကြည်ပြီး ဒီတာဝန်ကို ပေးတဲ့အတွက် ဂုဏ်ယူဝမ်းသာမိ ပါတယ်။ ချီးမြှင့်တယ်လို့လည်း ထင်မြင်မိပါတယ်။
အပြောင်းအလွှဲ ကိစ္စတစ်လျှောက်မှာ ပြီးခဲ့တဲ့ အပတ်ကထိ သမ္မတရုံးမှာ အစည်းအဝေး ငါးကြိမ် လုပ်ခဲ့တယ်။ အသွင်ကူးပြောင်းရေးကို အဆင်ပြေပြေနဲ့ ကူးပြောင်းချင်တယ်။ ဒါကြောင့် သူတို့ကို ဘာမှ ထွေထွေထူးထူး မတောင်းဆိုဘူး။ ကျွန်တော်တို့ဘက်က ဝန်ကြီးဌာန ၃၆ ခုကို ပေါင်းမယ်။
ပေါင်းတဲ့ဌာနတွေကို သူတို့ကို ပြောမယ် ဆိုပြီးတော့ ဆွေးနွေး ခဲ့တယ်။ သူတို့ဘက်ကလည်း ဝန်ကြီးဌာနတိုင်း အဆောက်အဦးက အစ ဘတ်ဂျတ်တွေ၊
နောက်လုပ်မယ့် စီမံကိန်းတွေ အားလုံးပဲ သူတို့ ပြင်ဆင် ထားတယ်။ ပြင်ဆင် ထားတဲ့ အကြောင်းလည်း ကျွန်တော်တို့ကို ပြောတယ်။

သူတို့ ပြင်ဆင်ထားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်၊ သူတို့ဘက် ကလည်း ဘာမှ အထွေအထူး မတောင်းဆိုဘူး။ အသွင်ကူးပြောင်းမယ့် ၃၀ ရက် မတိုင်ခင်မှာ ကျွန်တော်တို့ ဝန်ကြီးတွေက တာဝန် ယူရတော့မှာ ဖြစ်တဲ့ အတွက် ဟိုဘက် က ဝန်ကြီးတွေနဲ့ တွေ့ဖို့ အစီအစဉ်ဆွဲတယ်။ ကျွန်တော်တို့ ဝန်ကြီးတွေ နေဖို့ ထိုင်ဖို့ အတွက် နေရာထိုင်ခင်းတွေ သွားကြည့်တယ်။ ဒီကိစ္စကတော့ အထွေအထူး ပြောစရာ မရှိဘူး။
မေး။ ။အစိုးရနှစ်ရပ်ကြား အဆင်ပြေပြေနဲ့ တာဝန်တွေ လွှဲပြောင်းနိုင်ခဲ့တယ်၊ ဒီအပေါ်မှာ တာဝန် လွှဲပြောင်းပေးသွားတဲ့ အစိုးရဟောင်းရဲ့ အခန်းကဏ္ဍ ပါဝင်မှုကိုလည်း ပြောပြ ပေးပါ။
ဖြေ။ ။ အေးအေးချမ်းချမ်းနဲ့ တာဝန်လွှဲပြောင်းတဲ့ ဖြစ်စဉ်ဟာ မြန်မာနိုင်ငံ မှာ နှစ်ပေါင်း ၅၀ လောက် ဆိတ်သုဉ်း ခဲ့တယ်။ အဲဒီလို ဆိတ်သုဉ်း တဲ့ ဖြစ်စဉ် ကနေ အခုလို အဆင် ပြေပြေနဲ့ လွှဲပြောင်းနိုင်တာ အတူ ပါဝင်ကြတဲ့ သူတွေရဲ့ ပံ့ပိုးမှုတွေပါ။
ပြီးတော့ တစ်ဖက်က ပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဦးရဲထွဋ်တို့ရဲ့ ပူးပေါင်းကူညီမှုကိုလည်း တန်ဖိုးထားတယ်၊ အသိအမှတ် ပြုပါတယ်၊ ချီးကျူး မိပါတယ်။ အဓိကကတော့ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရက သမ္မတ ဦးထင်ကျော် ခေါင်းဆောင်တဲ့ အစိုးရထံကို အဆင်ပြေပြေနဲ့ တာဝန် လွှဲပြောင်းနိုင်ခဲ့ပါတယ်။ ကောင်းမွန် တဲ့ သင်ခန်းစာတွေ ရရှိခဲ့တယ်။
မေး။ ။အစိုးရသစ်အတွက် စိန်ခေါ်မှုဖြစ်စေနိုင်တဲ့ အခြေအနေတွေကိုလည်း သုံးသပ်ပြောကြား ပေးစေ လိုပါတယ်။
ဖြေ။ ။ဒီလို သမ္မတတာဝန် အပြောင်းအလွှဲကို လွှတ်တော်ကနေလည်း တိုက်ရိုက် လွှင့်တဲ့အတွက် လွှတ်တော်လိုင်းကို ကြည့်တဲ့သူတွေ များလာ တယ်လို့သိရပါတယ်။ ဒါက ဘာလဲဆိုတော့ အစိုးရဖြစ်စဉ်ကို ပြည်သူတွေ စိတ်ဝင်စားကြတယ် ဆိုတဲ့ သိသာစေတဲ့အချက်တစ်ခုပါ။
ကျွန်တော်တို့ ရွေးချယ်ထားတဲ့ အစိုးရအဖွဲ့မှာ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး၊
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပုဂ္ဂိုလ်တွေဟာ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒါပေမယ့် တစ်ချို့က အတွေ့အကြုံ သိပ်မရှိသေးဘူး။ ဒီထဲမှာ တိုင်းပြည်ကို တိုးတက်စေချင်တဲ့ စေတနာကတော့ အဓိက ပါနေတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဂတိ လိုက်စားမှု ကင်းရှင်းရေးကို အဓိက မှာကြား ထားတယ်။ ဒါတွေဟာ ရည်ရွယ်ချက်ကောင်းတွေ ဖြစ်တဲ့အတွက် ပြည်သူလူထုက ကျွန်တော် တို့ရဲ့ ခေါင်းဆောင် တွေကို နားလည်လိမ့်မယ်လို့ ထင်ပါ တယ်။
နောက် တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးချယ်ထားတဲ့ ပြည်ထောင်စု ဝန်ကြီးတွေ တွေ့ဆုံတဲ့အခါ တိုင်းပြည်အတွက် အစိုးရတာဝန်စယူတဲ့ ရက်ပေါင်း ၁၀၀ အတွင်းမှာ သိသာထင်ရှားတဲ့ အလုပ်တွေ ကြိုးစား လုပ်မယ်။ နောက်ပြီးတော့ ၆ လ ၁ နှစ်အဖြစ် ဦးစားပေးဆောင်ရွက်မယ်။ ဌာနတိုင်း ပြင်ဆင်တာတွေ ရှိနေပါပြီ။

ပြုပြင်ပြောင်းလဲမှုကို သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက လုပ်ခဲ့ပါတယ်။ သူ့လက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး ပွင့်လင်းမှုတွေ ရှိလာတယ်။ မီဒီယာ ပွင့်လင်းမှုတွေ ရှိလာတယ်။ ဒါတွေကို ပြုပြင်ပြောင်းလဲ နိုင်ခဲ့တယ်။ ဒါပေမယ့် အုပ်ချုပ်ရေးယန္တရား ပြုပြင်ဖို့နဲ့ အဂတိတရား လျော့ပါးရေးမှာ အထိုက် အလျောက် မအောင်မြင်ခဲ့ဘူး။ ဒါကို သူတို့ကို အပြစ်တင်လို့ မရဘူး။ သူတို့ တတ်နိုင်သမျှ လုပ်ခဲ့တယ်။
သူတို့ အထိုက်အလျောက် အောင်မြင်ခဲ့တဲ့ အုပ်ချုပ်ရေးယန္တရား ပြုပြင်ဖို့နဲ့ အဂတိတရား လျော့ပါးရေးမှာ ကျွန်တော်တို့က ဆက်ပြီး အောင်မြင်အောင် လုပ်ဆောင်ရမယ်။
ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးပါ။ အမျိုးသားရင်ကြားစေ့ရေးမှာ တပ်မတော်ရော၊ တိုင်းရင်းသား အဖွဲ့တွေရော အားလုံးပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တပ်မတော်ကို သံယောဇဉ်ရှိတယ်။ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်။ တပ်မတော် ခေါင်းဆောင်ကလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပေးတယ်။ နိုင်ငံတိုးတက်ဖို့ အတွက် ဆောင်ရွက် တဲ့အခါ ပြည်သူလူထု စားဝတ်နေရေး အဆင်ပြေဖို့ ဆောင်ရွက်တာဟာ စိန်ခေါ်မှု တစ်ခုထဲမှာပါပါတယ်။
မေး။ ။ဒီနေ့ တွေ့ဆုံမေးမြန်းမှုကနေ ဆရာရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့မှာ ပါဝင်မှု ဖြစ်စဉ်ကိုလည်း သိရှိ လိုပါတယ်။
ဖြေ။ ။ကျွန်တော်က ၁၉၄၁ ခုနှစ် ဒီဇင်ဘာလမှာ မိတ္ထီလာမြို့နယ် အလယ် ရွာမှာ မွေးဖွားခဲ့ပါတယ်။ မိတ္ထီလာ အထက ၁ ကနေ အထက်တန်းအောင်မြင် ပြီးတော့ DSA စစ်တက္ကသိုလ် အပတ်စဉ် ၅ တက်ရောက်ခဲ့ပါတယ်။ စစ်တက္ကသိုလ်ကနေ အောင်စစ်သည်ဆု၊ စာပေးထူးချွန် ရွှေတံ ဆိပ်ဆု နှစ်ခုရရှိခဲ့တယ်။ စစ်တက္ကသိုလ် သမိုင်းမှာ အောင်မြင်မှု ရရှိခဲ့တဲ့ မှတ်တမ်းတစ်ခုပေါ့။ တာဝန်ထမ်းဆောင်တဲ့အခါ မြစ်ဝကျွန်းပေါ် တပ်ကို ရောက်တယ်။ ဒီအချိန်မှာ တော်လှန်ရေးကောင်စီ တက်တဲ့အတွက် အသက်ငယ်ငယ်နဲ့ကို တာဝန် ကြီးကြီးတွေ ထမ်းဆောင်ခဲ့ရ တယ်။ ခြေလျင် တပ်မှာ ငါးနှစ် တာဝန်ထမ်းဆောင် ခဲ့ပြီးတော့ မြစ်ဝကျွန်းပေါ်၊ ပဲခူးရိုးမ၊ အရှေ့မြောက်ဒေသ စစ်ဆင်ရေးတွေမှာ ပါဝင်ထမ်းဆောင်ခဲ့ရတယ်။ အသက်မသေရုံ အန္တရာယ်ကြား ကျရောက် ခဲ့တာတွေ ရှိပါတယ်။
အဲဒီကမှာ လူကြီးတွေ ရွေးချယ်လို့ စစ်ရုံးရောက်ပြီး ၁၉၆၉ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့တယ်။ ဒီကနေ တပ်ရင်း ပြန်ပြီး တာဝန်ထမ်းဆောင် ချင်တယ်ဆိုတော့ လူကြီးတွေက ခွင့်မပြုဘူး။
နောက်ဆုံးကျတော့ အုန်းကျော်မြင့်နဲ့ အပေါင်းအသင်းတွေက လူကြီးတွေကို လုပ်ကြံမယ်ဆိုတဲ့အထဲမှာ ကျွန်တော်ပါတယ်ဆိုပြီး ခြောက်လ အချုပ်နဲ့ တပ်ကနေ ထုတ်ခံရတယ်။ တကယ်တော့ သူတို့ရဲ့ လုပ်ဆောင် ချက်တွေ သဘောမကျလို့ မပါဝင်ခဲ့ဘူး။ ဒါပေမယ့် သူတို့ လုပ်မယ်ဆိုတာတော့ သိတယ်။ သိတဲ့ဟာကို သတင်းမပို့ခဲ့ဘူး။

ဥပဒေအရ အပြစ်ရှိတယ်။ နိုင်ငံတော် လုပ်ကြံမှုကို ကြားရင်ကို သတင်းပို့ရမယ်၊ မပို့ရင် ကြံရာပါဆိုတာကို မသိခဲ့ဘူး။ နောက်တစ်ချက်က ကိုယ်ပြောလိုက်လို့ သူတို့တွေလည်း ဒုက္ခရောက်မလား ဆိုပြီး စာနာမှုကြောင့် လည်း ပါတယ်။
၁၉၇၇ ခုနှစ်ကနေ တပ်ကထွက်ပြီး ၁၉၈၈ ခုနှစ်ထိ စီးပွားရေး လုပ်တယ်။ စီးပွားရေးက အောင်မြင်ခဲ့တယ်။ ၁၉၈၈ ခုနှစ် ပြည်သူလူထု အုံကြွတဲ့အခါ အဲတုန်းက မျိုးချစ်ရဲဘော်ဟောင်းများ ခေါ်တဲ့ အဖွဲ့ထဲကနေ အရေးတော် ပုံထဲ ပါခဲ့တယ်။

နောက် NLD ဖွဲ့တဲ့ အချိန်ကစပြီး ပါခဲ့တယ်။ အဲဒီကနေ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တိုင်းမှာ ပါဝင်ခဲ့တယ်။ ဘာလို့လည်းဆိုတော့ အဲအချိန်တုန်းက နဝတခေတ်ဖြစ်တဲ့အတွက် တပ်ပိုင်းဆိုင်ရာနဲ့ ဆက်ဆံဖို့ အတွက် ကျွန်တော်ကို တာဝန်ပေး ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံကို ခေါင်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်မယ်ဆိုတာ သူ့ရဲ့ အရည်အချင်းတွေကနေတစ်ဆင့် ယုံကြည်လို့ ရာထူးမပါ ဘဲနဲ့ ရုံးဝန်ထမ်းအနေနဲ့ အစအဆုံး ပါဝင်ဆောင်ရွက်ပေးခဲ့တယ်။ ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ မှာ ထောင်ချခံရတယ်။ ငါးနှစ်ခွဲ ကြာခဲ့တယ်။ ၁၉၉၅ ခုနှစ် ပြန်လွတ်တဲ့ အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ပြန်ပြီး လုပ်ဆောင်ပေးတယ်။

၁၉၉၆ ခုနှစ် ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့အချိန်မှာ NLD အားလုံး အဖမ်းခံရတဲ့အတွက် ထောင်ထဲ ပြန်ရောက် သွားတယ်။ ၁၉၉၆ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ၁၄ နှစ်အတွင်း အင်းစိန်၊ မိတ္ထီလာ၊ မြင်းခြံ၊ မန္တလေးနဲ့ ကသာထောင်ငါးခု ပြောင်းရွှေ့ခံရတယ်။ ထူးခြားတာတစ်ခုက ၂၀၀၈ ခုနှစ် စက်တင်ဘာမှာ ကသာ ထောက်ကနေ ကျွန်တော်ကို လွှတ်ပြီဆိုပြီးတော့ အပြင်က တည်းခိုးခန်းမှာ ထားတယ်။ နောက်နေ့မှာ ဆွေးနွေး စရာရှိတယ်လို့ လာခေါ်သွားပြီး ထောင်ထဲ ပြန်ရောက်သွားခဲ့တယ်။
ကျွန်တော် ထူးခြားပြီး စိတ်ထိခိုက်မှု မဖြစ်ပေါ်ခဲ့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့မှာ အဲလို လုပ်နိုင်စွမ်း ရှိတယ်ဆိုတာ ကျွန်တော်သိပြီးသားမို့ပါ။ ကျွန်တော့် မိသားစုက စိတ်ထိခိုက်တာပေါ့လေ။ လူတစ်ယောက်ကို ဒီနေ့ ထောင်ကလွှတ်ပြီး နောက်နေ့ ထောင်ထဲ ပြန်ထည့်တယ်ဆိုတာ အင်မတန်မဖြစ်သင့်တဲ့ ကိစ္စပါ။ နိုင်ငံရေး အရ ကြည့်ရင် ဆိုးဝါးပေမယ့် စိတ်ထိခိုက်မှု နည်းခဲ့တယ်။
သူတို့ ထောင်ချတာ ၁၄ နှစ် ဆိုပေမယ့် ၁၄ နှစ်ကျော် နေခဲ့ရပြီးတော့ ၂၀၁၀ ခုနှစ်မှာ ထောင်က လွှတ်တယ်။ လွှတ်တဲ့ အခါမှာလည်း ဒေါ်အောင်ဆန်း စုကြည်ဆီပဲ ပြန်ပြီးလုပ်တယ်။ သူတို့ကတော့ အမှတ်မရှိဘူး ပြောကြ တယ်။ နိုင်ငံရေးသမားတွေ ထောင်ကျပြီး ပြန်လွှတ်လာတဲ့အခါ စီးပွားရေး၊ လူမှုရေး စသဖြင့် ဆုံးရှုံးမှုတွေ အများကြီး ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်မှာကို ကျွန်တော့်ဆီ မောင်နှမသားချင်းတွေ မလာရဲကြဘူး။ လာရင် ပြုတ်မှာ ကို။ နိုင်ငံရေးသမားတွေ ထောင်က ထွက်တဲ့အခါ နိုင်ငံရေး ယုံကြည် ချက်တွေ ပြောင်းသွားတာ၊ စီးပွား ပျက်သွားတာ၊ ရူးသွားတာ အများကြီးရှိပါတယ်။
ကျွန်တော်ကတော့ ကံအားလျော်စွာ ဘာသာရေးအမြင်၊ နိုင်ငံရေးအမြင်နဲ့ လူမှုရေး အမြင်တွေနဲ့ ယုံကြည်မှုကို ထိန်းသိမ်း နိုင်တဲ့ အတွက် ပြန်လွှတ် တိုင်း ဒေါ်အောင်ဆန်းစုကြည်ဆီမှာပဲ ကူညီခဲ့တယ်။ ၂၀၁၂ ရွေးကောက်ပွဲ ဝင်တဲ့အထိ ကျွန်တော်တို့ NLD ဟာ အချိန်မရွေး ခြိမ်းခြောက်ခံရနိုင်တဲ့ အနေအထား၊ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့တယ်၊ လိုချင်တဲ့အချက်တွေ ပြင်ပေးတယ်။ ၂၀၁၂ ကြားဖြတ်ကနေ လွှတ်တော်ထဲ ဝင်တဲ့အခါ အစိုးရနဲ့ ပေါင်းသွားပြီဆိုပြီး ပြောခံရတာတွေ ရှိတယ်။
ကျွန်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောကိုသိတယ်။ သူရဲ့ အနာဂတ်မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို မမှိတ်မသုန်ဆောင်ရွက်တယ်ဆိုတာ သိတယ်။ ဒါ့ကြောင့်သာ လွှတ်တော်မှာရော အစိုးရအဖွဲ့မှာရော အများစုပါဝင်နိုင်တဲ့ အနေအထားနဲ့ တာဝန်ယူနိုင်ခဲ့တယ်။

ဒီလိုတာဝန်ယူတဲ့အခါ အမျိုးသားရင်ကြားစေ့ရေးရေး၊ ငြိမ်းချမ်းရေး ရရှိရေးနဲ့
ပြည်သူ လူထုရဲ့ စားဝတ်နေရေး အခြေအနေ မြင့်မားတိုးတက်ဖို့ ရည်မှန်း ချက်ထား ဆောင်ရွက်သွားမယ်။

အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် အများကြီး ကျေးဇူး တင်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။