Like and as
………………
ဒီစာလုံးလေးတွေက အသုံးများပါတယ် ၊ တူသလိုဖြစ်နေပေမယ့် ကွဲကွဲပြားပြားသိထားတော့ တိတိကျကျနဲ့ လွယ်လွယ်ကူကူ သုံးတတ်ပါလိမ့်မယ် ၊ မှတ်ရတာလည်း လွယ်ပါတယ် ၊ မြန်မာပြောစကားလေးတွေလိုပါပဲ
အညှာသိဖို့လိုတယ် အထာသိဖို့လိုတယ်ပေါ့.. အညှာလေးကနေ ကိုင်ပြီး
ဗဟုသုတတွေကို အလွယ်တကူ ခူးဆွတ်ရယူနိုင်ဖို့ ကျနော်က
ရှာဖွေတင်ဆက်နေတာဖြစ်ပါတယ်
.
We can use “like” and “as” to say that things are similar.
Like နဲ့ as ကို တူညီတဲ့ အရာဝတ္ထုများအတွက် သုံးနိုင်ပါတယ်
……………..
(1) Like is a preposition, used before a noun or pronoun.
Like ဟာ ၀ိဘတ်တစ်ခုဖြစ်ပါတယ် ၊ နာမ်ပုဒ်တစ်ခု (သို့) နာမ်စား တစ်ခုရဲ့ရှေ့မှာ သုံးနိုင်ပါတယ်
.
(1.1) He runs LIKE the wind.
သူက လေလို (လျင်မြန်စွာ) ပြေးတယ်
(like နောက်မှာ the wind ဆိုတဲ့ noun တစ်ခုပဲပါတယ်)
.
(1.2) He looks LIKE me.
သူက ကျနော်နဲ့ တူတယ်
(like နောက်မှာ me ဆိုတဲ့ pronoun တစ်ခုပဲရှိတယ်)
……………..
(2) As is a conjunction, used before Subject+ verb or a prepositional expression.
As ကတော့ စကားဆက်ဖြစ်ပါတယ် ဒါကြောင့် Subject + verb ရှေ့မှာဖြစ်စေ ၊ ၀ိဘတ်နဲ့စတဲ့ ဖေါ်ပြချက်တစ်ခုရဲ့ ရှေ့မှာဖြစ်စေ သုံးနိုင်ပါတယ်
.
(2.1) Nobody knows her AS I do.
ကျနော်သိသလို ဘယ်သူမှ သူမ (အကြောင်း) ကို မသိပါဘူး
(as နောက်မှာ Sub+ Verb ဖြစ်တဲ့ I do ရှိနေပါတယ်)
.
(2.2) On Friday, AS on Monday, we meet at eight.
သောကြာနေ့မှာ တနင်္ဂနေ့ကလိုပဲ ကျနော်တို့ (၈) နာရီမှာ တွေ့ကြပါတယ်
(as နောက်က on Monday ဟာ prepositional expression လေးပါ)
……………………….
(3) We use “as” as a preposition before noun or pronoun to talk about the jobs, roles and functions of people and things.
As ကို proposition အဖြစ်နဲ့ noun သို့ pronoun ရှေ့မှာသုံးပြီး အလုပ် ၊ အခန်းကဏ္ဍ ၊ လူသို့မဟုတ် အရာဝတ္ထုတစ်ခုခုရဲ့ လုပ်ဆောင်မှု တို့ကို ဖေါ်ပြနိုင်ပါတယ်
.
(3.1) He works AS a writer. ( အလုပ်ကို ဖေါ်ပြတယ်)
သူက စာရေးဆရာ အဖြစ် လုပ်ကိုင်ပါတယ်
.
(3.2) Don’t use your plate AS an ashtray. (အရာဝတ္ထုရဲ့ လုပ်ဆောင်မှု ကိုဖေါ်ပြတယ်)
ခင်ဗျားရဲ့ ပန်းကန်ကို ဆေးလိပ်ပြာခံခွက် အဖြစ် မသုံးပါနဲ့
……………..
(4) like နဲ့ as ကို preposition အဖြစ်သုံးတဲ့အခါ အဓိပ္ပါယ်ကွာခြားသွားပါတယ်..
Compare: ဒီနှစ်ခုကို နှိင်းယှဉ်ကြည့်ပါ
.
(4.1) As your brother, I must warn you.
မင့်အကိုအဖြစ်နဲ့ .. ငါမင့်ကို သတိပေးရမယ် (အကိုကနေ ညီကို ပြောတာ)
.
(4.2) Like your brother, I must warn you.
မင့်အကိုလိုပဲ.. ငါမင့်ကိုသတိပေးရမယ် (အပြင်လူကယောက်က ပြောတာ ၊ အကို..ကိုလည်း သတိပေးပြီးပြီ)
……………
မေတ္တာဖြင့်
………………
ဒီစာလုံးလေးတွေက အသုံးများပါတယ် ၊ တူသလိုဖြစ်နေပေမယ့် ကွဲကွဲပြားပြားသိထားတော့ တိတိကျကျနဲ့ လွယ်လွယ်ကူကူ သုံးတတ်ပါလိမ့်မယ် ၊ မှတ်ရတာလည်း လွယ်ပါတယ် ၊ မြန်မာပြောစကားလေးတွေလိုပါပ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။