Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 16, 2016

သင့်ကို စိတ်အနှောက်အယှက် ဖြစ်စေနိုင်ဆုံး အချက်သုံးချက်ကို Facebook တွင် ရပ်တန့်ထားနိုင်



အအောင်မြင်ဆုံး ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Facebook ဟာ သုံးစွဲသူတွေ အဆင်ပြေစေဖို့ အတွက် Features အသစ်တွေကို ထပ်တိုးဝန်ဆောင်မှုပေးရာမှာ တချို့အရာတွေက သုံးစွဲသူတွေအတွက် အမှန်တကယ် အသုံးမ၀င်လှဘဲ စိတ်အနှောက်အယှက်ဖြစ်စရာလို့တောင် ဆိုစရာရှိပါတယ်။ အဲဒါတွေကတော့ ဗီဒီယိုတွေကို အလိုအလျောက် ဖွင့်ပေးတဲ့စနစ်၊ App Notifications နဲ့ မနှစ်သက်စရာ News Feed တွေက ကိုယ့်ရဲ့ Wall မှာ လာပေါ်နေတာတွေပဲ ဖြစ်ပါတယ်။
-


ပထမဆုံးတစ်ချက်ဖြစ်တဲ့ Auto-playing Videos ကတော့ ဗီဒီယိုတွေကို အလိုအလျောက် ဖွင့်ပေးပြီး သုံးစွဲသူတွေကို စိတ်ကျေနပ်မှု ဖြစ်စေဖို့ ရည်ရွယ်ခဲ့ပေမဲ့ လက်တွေ့မှာတော့ Cellular Data ကုန်ဆုံးမှုဆိုတဲ့ ဆိုကျိုးကလည်း တစ်ဖက်မှာ ရှိနေပြန်ပါတယ်။ ဒါကြောင့် ဒေတာ သုံးစွဲမှု သက်သာအောင် Auto-playing Videos ကို အလွယ်တကူ ပိတ်ထားနိုင်ပါတယ်။
-
Facebook Website မှာဆိုရင် အရင်ဆုံး Facebook Profile ကို သွားရပါမယ်။ ပြီးတဲ့အခါမှာ ညာဘက်အစွန်က အောက်ကိုစိုက်နေတဲ့ မြားလေးကို နှိပ်ပြီး Settings ကို ရွေးချယ်ပေးရပါမယ်။ ဒါပြီးရင်တော့ ဘယ်ဘက် အောက်ခြေအဆုံးက Videos ကို နှိပ်ပြီး Auto-play Videos ကို ပိတ်ပေးရမှာ ဖြစ်ပါတယ်။
-
Android ဖုန်းတွေမှာဆိုရင်တော့ Facebook app ကို ဖွင့်ပြီးတဲ့အခါ ဘယ်ဘက်က အလျားလိုက် အတန်းလေးသုံးတန်းကို နှိပ်ရပါမယ်။ ပြီးတဲ့အခါမှာ အောက်ဘက်ကို ဆင်းသွားပြီး App Settings ထဲက Autoplay ကို ရွေးရပါမယ်။ နောက်ဆုံးမှာတော့ သင့်ရဲ့ ဘတ်ဂျက်သုံစွဲလိုမှုအပေါ် မူတည်လို့ On Mobile Data and Wi-Fi Connections ၊ On Wi-Fi Connections Only or My Personal Favourite နဲ့ Never Autoplay Videos ကို သင်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။
-
iOS အတွက်ဆိုရင်တော့ အရင်ဆုံး Facebook app ကို ဖွင့်ပြီးတဲ့အခါ ညာဘက် အောက်ခြေနားက More ထဲက Settings ကို ရွေးပေးရပါမယ်။ ပြီးတဲ့အခါ Account Settings ထဲက Videos and Photos ကို ရွေးပေးပြီးတဲ့အခါ Autoplay ကို နှိပ်ပေးရပါမယ်။ ဒီအခါမှာတော့ သင့်အနေနဲ့ ဘတ်ဂျက်သုံးစွဲလိုမှုအပေါ် မူတည်လို့ On Mobile Data and Wi-Fi Connections ၊ On Wi-Fi Connections Only or Never Autoplay Videos ကို ရွေးပေးနိုင်မှာ ဖြစ်ပါတယ်။
-
App Notifications ဆိုတာကတော့ သင့်ရဲ့ဖုန်းထဲမှာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက Installed လုပ်ထားတဲ့ ဂိမ်းတွေကနေ Notifications တွေ ဆက်တိုက်ပို့နေတာမျိုးဟာ သင့်ကို စိတ်အနှောက်အယှက် ဖြစ်စေမှာ အမှန်ပါ။ အရင်ဆုံး သင် Installed လုပ်ထားတဲ့ apps တွေကို ရှာဖွေဖို့အတွက် Facebook Profile ကို သွားရပါမယ်။ ပြီးတဲ့အခါ ညာဘက် အစွန်က အောက်ကိုစိုက်နေတဲ့ မြားလေးကို နှိပ်ရပါမယ်။ အဲဒီအထဲက Settings ကို ရွေးချယ်ပြီး ဘယ်ဘက် ကော်လံမှာရှိတဲ့ Apps ကို ရွေးချယ်လိုက်ရင် သင် Installed လုပ်ထားတဲ့ apps တွေအားလုံးကို ဘယ်ဘက်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
-
ဒီအခါမှာတော့ Edit လုပ်ဖို့အတွက် ခဲတံပုံစံ icon လေးကို နှိပ်ပြီး လွယ်ကူရိုးရှင်းစွာပဲ အလိုမရှိတဲ့ Notificatinons တွေအတွက် No ကို နှိပ်ပြီး ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ App ကို ဖျက်ပစ်လိုက်ချင်တယ် ဆိုရင်တော့ ကြက်ခြေခတ်သင်္ကေတ x လေးကို နှိပ်ပေးရမှာပါ။
-
နောက်ဆုံးတစ်ချက်ကတော့ သင့်ရဲ့ Wall မှာ မမြင်တွေ့ချင်တဲ့အရာတွေကို Block ထားဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် သင့်ရဲ့ မိတ်ဆွေထဲက တစ်စုံတစ်ယောက်ဟာ မနှစ်မြို့စရာ ပို့စ်တွေကို တင်နေမယ်ဆိုရင် သင့်အနေနဲ့ သူနဲ့လည်း Friends အဖြစ်ကနေ မစွန့်လွှတ်ချင်တဲ့အခါ အလွန်ပဲ အရေးပါမှာ ဖြစ်ပါတယ်။
-
သင့်ရဲ့ မိတ်ဆွေဟာ သင် မနှစ်မြို့စရာ Pages တွေ မျှဝေနေမယ်ဆိုရင်လည်း အဲဒီ Pages တွေကို Block လုပ်နိုင်ပါတယ်။ လုပ်ဆောင်ရမှာက အဲဒီပို့စ်ရဲ့ ညာဘက် အစွန်က အောက်ကိုစိုက်နေတဲ့ မြားလေးကို နှိပ်ပြီး Hide all from … ဆိုတာကို ရွေးချယ်နိုင်ပါတယ်။
-
နောက်တစ်ခုကတော့ သင့်ရဲ့ မိတ်ဆွေကို Un-friend လည်း မလုပ်ချင်ဘူး၊ သူ့ရဲ့ ပို့စ်တွေကိုလည်း မမြင်ချင်ဘူး ဆိုရင်တော့ သူ့ကို Unfollow လုပ်ထားနိုင်ပါတယ်။ နောင်အခါမှာ Follow ပြန်လုပ်ချင်တယ် ဆိုရင်လည်း ပြန်လုပ်နိုင်ပြီး သင့်ရဲ့ Facebook Profile ထဲက ညာဘက် အစွန်မှာရှိတဲ့ အောက်ကိုစိုက်နေတဲ့ မြားလေးကနေ News Feed Preferences ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ အဲဒီကနေ Reconnect with People You Unfollowed ကို နှိပ်ပြီး သင် Follow ပြန်လုပ်ချင်သူကို ရွေးပြီးတဲ့အခါ Done ကို နှိပ်လိုက်ရုံပဲ ဖြစ်ပါတယ်။
-
Ref: Foxnews.com
ကျော်ကျော် (မိုမိုလေး)
 http://www.momolay.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။