“ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို အိမ်ခြေရာမဲ့များအတွက် နေအိမ်ထောင်ကျော် အိတ်စိုက် ဆောက်လုပ်ပေး”
------ ------ ------ ------
ဖိလစ်ပိုင် လက်ဝှေ့ကျော်၊ လွှတ်တော်အမတ်လည်းဖြစ်သူ မန်နီပက်ကွီအိုသည် ၎င်း၏ဇာတိနှင့် မဲဆန္ဒနယ်ဖြစ်သော ဆာရာဂါနီပြည်နယ်တွင် အိမ်ခြေရာမဲ့ မိသားစု ထောင်ကျော်အတွက် ကိုယ်ပိုင်ပိုက်ဆံ စိုက်ထုတ်၍ နေအိမ်များ ဆောက်လုပ်ပေးခဲ့သည်။ ယင်းသို့သော ရိုးရှင်းသပ်ရပ်သော လူနေအိမ်များကို ဆက်လက်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ပက်ကွီအို က ပြောသည်။
“သမ္မာကျမ်းစားကို ကျွန်တော် အမြဲတစေ ယုံကြည်တယ်။ သမ္မာကျမ်းစားထဲမှာ တဦးနဲ့တဦး မေတ္တာထားဖို့၊ မေတ္တာတရားဟာ အပြစ်တွေကို ဖုံးလွှမ်းနိုင်ကြောင်းနဲ့ မေတ္တာတရားသည် အရေးအကြီးဆုံးဖြစ်ကြောင်း သွန်သင်ထားပါတယ်။ ဘုရားသခင်ကို ယုံကြည်သူတွေအနေနဲ့ ဘုရားက ကိုယ့်ကိုပေးထားတာတွေနဲ့ တပါးသူအကျိုးကို ထမ်းဆောင်ပေးဖို့လည်း သွန်သင်ထားပါတယ်”ဟု ပက်ကွီအိုက ပြောသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။