Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 9, 2016

ရောခ့်ဂီတရဲ့ မျိုးဆက်သစ် ကြယ်ပွင့် Elle King

ရောခ့်ဂီတရဲ့ မျိုးဆက်သစ် ကြယ်ပွင့် Elle King
…………………………………………………

Elle King ဆိုတဲ့ အသက် ၂၆ နှစ်အရွယ်
ခပ်ဝဝ အမျိုးသမီးငယ် လေးကို SSFS ရဲ့ ဂီတ မိတ်ဆွေများ သတိထားမိ ကြပါရဲ့လား။

လောလောဆယ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ၅၈ ကြိမ်မြောက် အမေရိကန် ဂီတ ဆုပေးပွဲကြီးမှာ Elle ရဲ့ သီချင်းတစ်ပုဒ် ဖြစ်တဲ့ Ex's & Oh's ကတော့ best rock performance နဲ့ best rock song အတွက် ဂရမ်မီဆု စကာတင်စာရင်း မှာပါဝင်နေခဲ့ပါပြီ။ သူ့လိုပဲ Alabama Shakes တီးဝိုင်းက ခပ်ဝဝ အမျိုးသမီး လူမည်းအဆိုတော် Brittany Howard ရဲ့ သီချင်း Don't Wanna Fight ကလည်း ဒီစာရင်း မှာ Elle လိုပဲ ဆုနှစ်ခု ရွေးချယ် ခံထားခဲ့ရတာဖြစ်ပြီး သူတို့ထဲက ဘယ်သူ အောင်ပွဲခံနိုင် မလဲဆိုတာကတော့ ဒီလ ၁၅ ရက်နေ့ ညမှာ အဖြေထွက်မှာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းတော့ ခပ်ဝဝ အမျိုးသမီး များရဲ့ ဆွဲဆောင်နိုင်မှုက အံသြစရာပါပဲ, အသက်၂၇ နှစ်အရွယ် အဆိုတော် တွေ ဖြစ်တဲ့ Adele, Brittany Howard (Alabama Shakes), Elle တို့ ထဲမှာ Elle က ၂၆ နှစ်နဲ့ အငယ်ဆုံးပါ။ ဒါပေမယ့် Brittany နဲ့ Elle တို့ရဲ့ ဂီတ ပုံစံက ဆင်သလိုရှိပြီး Southern rock, soul, blues ဟန်တွေနဲ့ Brittany ဟာ Alabama Shakes မှာဖန်တီး ထားခဲ့သလို Elle ကတော့ alternative rock, indie pop ပုံစံတွေလို့ ပြောကြပေမယ့် သူ့ရဲ့ သီချင်းတွေမှာ ကန်းထရီး, ဘလူးစ်, ရောခ့်အင်ရိုး, ဂျဲ့(ဇ်),ဆိုးလ်, ဘလူးဂရက်ဇ်, ဖလိုးလ် စသဖြစ် စုံလင်လှပါတယ်။ အဲဒီ အတွက် အော်တာနေးတစ်ရောခ့် အဖြစ်ပိုပြောကြတာ ဖြစ်ပါမယ်။

သရုပ်ဆောင် အဖြစ်ပါ လုပ်ခဲ့ဖူးတဲ့ Elle ဟာ တစ်ကယ်တော့ ဂီတ နဲ့ ပက်သက်ရင် ငယ်ရွယ်စဉ် ထဲကကို ပါရမီ ပါလာခဲ့သူပါပဲ။ အသက် ကိုးနှစ် အရွယ်မှာထဲက အမျိုးသမီး တွေချည်းပဲ စုစည်းထားတဲ့ ရောခ့်တီးဝိုင်း တွေဖြစ်တဲ့ Runaways (Joan Jett, Lita Ford တို့ ရဲ့ဝိုင်း), The Donnas တို့ကို နားထောင်လာ ခဲ့ပြီး ဂီတဟာ သူရဲ့ ငယ်စဉ်က စိတ်ကူးယဉ် ပါပဲ။

အသက် ၁၂ နှစ်အရွယ် မှာတော့ Elle ဟာ Soul, R&B နဲ့ gospel မာစတာ များဖြစ်တဲ့ Aretha Franklin, Otis Redding တို့ , blues, R&B, soul, rock 'n' roll, jazz, gospel စတဲ့ ပုံစံမျိုးစုံ သီဆိုနိုင်တဲ့ ဆရာမကြီး Etta James တို့ country, bluegrass, rock 'n roll, folk ပုံစံတွေ ရဲ့ ဂုရု ကြီးတွေဖြစ်တဲ့ Hank Williams, Jonny Cash တို့ အပြင် ဟဒ့်ရောခ့် မာစတာ ကြီးတွေ ဖြစ်တဲ့ AC DC တို့ဟာ သူရဲ့ သူရဲကောင်း တွေပါပဲ။ Tattoos ၃၅ ခုကျော် ထိုးထားတဲ့ Elle ဟာ သူရဲ့ လက်မောင်းမှာ AC DC လိုဂို ကိုထိုးထားတဲ့ အထိပါ။

အသက် ၁၈ နှစ်အရွယ် အနပညာကျောင်း ကိုတက်ရောက်တဲ့အချိန်မှာတော့ သူစတက်တဲ့ နေ့မှာ ခပ်ဖြောင့်ဖြောင့် ကျာင်းသား တစ်ယောက် ဘင်ဂျိုတီးခတ်နေတာ ကို တွေ့မြင်စွဲလန်း ခဲ့ရာကနေ country, folk သီချင်းပေါင်းများစွာ ရေတွက်မရ အောင် နားထောင်လာခဲ့တဲ့ သူမ အတွက် ဘင်ဂျို တူရိယာ ကိုပိုမို စိတ်ဝင်စားလာခဲ့ပြီး ဒါဟာ သူမရဲ့ ဂီတ ဖန်တီးမှုတွေဆီမှာ အများကြီး သက်ရောက်ခဲ့သလို ဒီဘင်ဂျို နဲ့ သီချင်းရေး လေ့ရှိတဲ့ အပြင် သူမရဲ့ ရှိုးပွဲတွေမှာတော့ ဘင်ဂျို, အခူးစတစ် ဂစ်တာတွေ ကိုကိုယ်တိုင် တီးခတ် ဖြေဖျော်လေ့ရှိသူပါပဲ။

ကိုယ်ပိုင် ကွန်ပျူ တာ မရှိပါဘူး လို့ပြောကြားထားခဲ့သလို ဒါတွေသုံးဖို့ လည်း စိတ်မဝင်စားပဲ သူနှစ်သက် စွဲလမ်းတာ ကတော့ သီချင်းတွေ နားထောင်တာ, တူရိယာတွေ တီးခတ် လေ့ရှိတာနဲ့ mimosas ဆိုတဲ့ ကော့တေး သောက်ရတာ သဘောအကျ ဆုံးပါလို့လည်း ဖြေကြားပေးထားခဲ့ပါတယ်။

၂၀၁၅ ဖေဖော်ဝါရီလ မှာ သူမရဲ့ ပွဲဦးထွက် အယ်ဘမ် ဖြစ်တဲ့ Love Stuff ကိုဖြန့်ချိ ထားခဲ့ပါတယ်။ ဒီအယ်ဘမ်ဟာ billboard ၂၀၀ chart မှာ နံပတ် ၂၆ တန်းချိတ်ခဲ့သလို top rock album chart မှာနံပတ် ၃, top alternative အယ်ဘမ် chart မှာ နံပတ် ၂, ကနေဒီယန်း အယ်ဘမ် chart မှာ နံပတ် ၇ နဲ့ ထိပ်ဆုံးအယ်ဘမ် ဆယ်ချပ် ထဲဝင်ရောက် ထားနိုင်ခဲ့ပြီး အင်္ဂလန် နဲ့ ဥရောပ နိုင်ငံများ ရဲ့ မြူးစစ် chart တွေမှာ နေရာတွေရထား ခဲ့ပါတယ်။ billboard ဆိုဒ်ကတော့ သူဟာ blues - pop အတွဲအစပ် များနဲ့ ဖန်တီးထားသူ အဖြစ်ပြောထားခဲ့ပေမယ့် သူမရဲ့ အယ်ဘမ် ကိုနားထောင်ကြည့်ရင် သိပ်တော့ ပြည့်စုံမယ် မထင်ပါဘူး။

Elle King ရဲ့ အသံဟာ Soul, R&B, Jazz တွေဆိုတဲ့ လူမည်းအမျိုသမီးတွေရဲ့ အသံနဲ့ ဆင်တူသလို ရှိပြီး တစ်ခါတစ်လေမှာ Adele နဲ့တောင် ခပ်ဆင်ဆင် တူသူပါ။ သူရဲ့ Love Stuff အယ်ဘမ် ထဲက အဖွင့်သီချင်း Where the Devil Don't Go ကို စပြီး နားထောင်လိုက်တာ နဲ့ စိတ်ဝင်စားစရာ သူ့ရဲ့ ဖန်တီးမှု တွေကို ခံစားရမှာပါ။ သူရဲ့ အနှစ်သက်ဆုံး တူရိယာဖြစ်တဲ့ ဘင်ဂျိုသံ မြိုင်မြိုင်တွေ နဲ့ဖန်တီးထားတဲ့ Kocaine Karolina
သီချင်းမှာ သူမ ရဲ့ ကြမ်းလျှလျှ အသံဟာ ငြိမ်လွန်းခဲ့ပါတယ်။ America's Sweetheart သီချင်းမှာ ဘင်ဂျိုသံတွေ အခူးစတစ် ဂစ်တာသံ, ပုလွေသံတွေနဲ့အတူ သံစဉ်မြင့်မြင့် အမြင်သံတွေကို မာထန်ထန် ပိုင်နိုင်စွာ ဆိုပြသွားတဲ့ pop ဆန်တဲ့ country rock, bluegrass ဟန် ပေါင်းစပ်မှု တွေနဲ့ သီချင်းကောင်း တစ်ပုဒ်ပါပဲ။ ဂရမ်မီ ရွေးခံထား ရတဲ့ သူရဲ့ သီချင်း Ex's & Oh's ကိုတော့ SSFS ရဲ့ ဘော်ဒါတွေ နားသာထောင်ကြည့်ပါ။

SSFS ရဲ့ မိတ်ဆွေ ဘော်ဒါများ အတွက် ရောခ့်ဂီတ ရဲ့ အနာဂတ် ကြယ်ပွင့် အဖြစ် ပြောလေ့ရှိတဲ့ Elle King ရဲ့ ပွဲဦးထွက် အယ်ဘမ် Love Stuff ကို ဒေါင်းဖို့လင့်ပါ ပေးထားပါတယ်။

…\ထွဋ်/…

ခင်သောမင်သောစကော်ပီယံများ…………

http://www.mediafire.com/download/8bqybsw84h8bv3o/EK15.rar

**p.s. The stuffs we share on this page are not owned by us. Just for review. Please buy original CDs and support the artists if you love their creation & inspiration. Thanks! **

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။