Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 8, 2016

ကြိုတင်ကြံစည်ထားတဲ့ မုဒိမ်းမှုတွေကို ဘယ်လိုကာကွယ်မလဲ

ကြိုတင်ကြံစည်ထားတဲ့ မုဒိမ်းမှုတွေကို ဘယ်လိုကာကွယ်မလဲ

မုဒိမ်းမှုတွေကြောင့် အမျိုးသမီး တွေမှာ တသက်တာထာဝရ မပျောက်မပျက်နိုင်တဲ့ စိတ်ဒဏ်ရာတွေရရှိသွားပြီး လူ့အသိုင်းအ၀ိုင်းမှာ ၀င်မဆန့်နိုင်တော့တဲ့ အခြေအနေတွေရောက်ရှိ သွားကြပါတယ်။

အသက်ကြီးငယ်မရွေး အမျိုးသမီးတိုင်းမှာ အန္တရာယ်တခုက အမြဲစောင့်ကြိုနေပြီး အဲဒီအန္တရာယ်ကတော့ လိင်ပိုင်းဆိုင်ရာ ကျူးကျော် စော်ကားမှုနဲ့ မုဒိမ်းမှုတွေဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးကျော်စော်ကားမှုနဲ့ မုဒိမ်းမှုတွေကြောင့် အမျိုးသမီး တွေ မှာ တသက်တာထာဝရ မပျောက်မပျက်နိုင်တဲ့ စိတ်ဒဏ်ရာတွေရရှိသွားပြီး လူ့အသိုင်းအ၀ိုင်းမှာ ၀င်မဆန့်နိုင်တော့ တဲ့ အခြေအနေတွေရောက်ရှိသွားကြပါတယ်။ ဒီတပတ်ရဲ့ လိင်ပညာပေးအဖြစ် မုဒိမ်းမှုတွေ ဘယ်လိုကာကွယ်မလဲ ဆိုတဲ့ အမျိုးသမီးတွေ သိသင့်သိထိုက်အကြောင်းအရာတွေကို ဖော်ပြလိုက်ပါတယ်။

ကြိုတင်ကြံစည်ထားတဲ့ မုဒိမ်းမှု (Date Rape) ဆိုတာ ဘာလဲ။

အလိုမတူဘဲ မတရားပြုကျင့်မှု တနည်းအားဖြင့် မုဒိန်းမှု ဆိုတာမျိုးက သူစိမ်းတယောက်က ဆိတ်ကွယ်ရာ အရပ်တခုမှာ ကျူးလွန်တတ်တဲ့ ကိစ္စတခု အဖြစ် အများစုက နားလည်ထားကြပါတယ်။ ဒါပေမယ့် သိထားရမယ့် အရေးကြီးတဲ့ အချက် က လိင်မှုဆိုင်ရာ ကျူးလွန်စော်ကားခြင်းကို သူစိမ်းတွေကသာ လုပ်တတ်ကြတာမဟုတ်ပါဘူး။ မုဒိန်းမှုနဲ့ ပတ်သက်တဲ့ အစီ ခံစာတွေ အရ အမှုတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ကာယံရှင်တွေနဲ့ သိကျွမ်းသူတွေက ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ သိရပါ တယ်။

အမှုအများစုမှာ ပြုကျင့်ခံရသူတွေဟာ ငယ်ရွယ်တဲ့ မိန်းကလေးတွေ၊ အမျိုးသမီးတွေ ဖြစ်ပေမယ့် အမျိုးသားတွေ လည်းကြုံ ရတာတွေ ရှိပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ၊ အသိအကျွမ်းတွေ နောက်ဆုံး ချစ်သူရည်းစား ဆိုတာတွေက ကိုယ့်ကို ထိ ခိုက်နာကျင်အောင် မလုပ်မယ့်သူတွေ၊ အဓမ္မပြုကျင့်မယ့်သူတွေ မဟုတ်ဘူးဆိုပေမယ့် သူတို့ကပဲ စော်ကားသွားတာ မျိုး တွေရှိပါတယ်။ သိကျွမ်းသူတယောက်က စော်ကားတာကို Date Rape ဒါမှမဟုတ် Acquaintance Rape (သိကျွမ်း တဲ့သူ အဓမ္မပြုခြင်း) လို့ သတ်မှတ်ပါတယ်။

တချို့တွေက အဲဒီလိုဖြစ်ရတာဟာ မိန်းကလေးရဲ့ ၀တ်စားဆင်ယင်မှု ဒါမှမဟုတ် အနေအထိုင် မတတ်မှုက အန္တရာယ်ကို ဖိတ်ခေါ်ခဲ့တယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် အဓမ္မပြုကျင့်ခံရသူထက်ပို ပြီးတော့ အပြစ်ဆိုရမှာက ပြုကျင့်တဲ့ တရားခံ ကိုဖြစ်ပါတယ်။ ၂ ဦး သဘောတူချိန်းဆို တွေ့ဆုံမှုမှာတောင်မှ ကာမကို အင်အားသုံးပြီး အတင်းရယူရင် မုဒိန်းမှုမြောက်ပါ တယ်။ တကယ်ချစ်တဲ့ သူက ဘယ်တော့မှ အင်အားသုံးမှာ မဟုတ်ပါဘူး။

အရက်နဲ့ ဆေးဝါးတွေကို သတိထားပါ။

Date Rape တွေ အများစုက အရက် သို့မဟုတ် မူးယစ်ဆေး နဲ့ ဆက်နွယ်နေပါတယ်။ အရက်က အရှက်အကြောက်ကို လျော့ပါးစေပါတယ်။ ဆင်ခြင်နိုင်စွမ်းကို ထိုင်းမှိုင်းစေပါတယ်။ လူတယောက်ကို ပိုပြီးတော့ သွေးဆူ တက်ကြွ စေနိုင် ပါတယ်။ အချို့ဆေးဝါးတွေက ရေထဲမှာ ဖျော်ရည်ထဲမှာ အလွယ်တကူ ပျော်ဝင်နိုင်ပါတယ်။ ဒါကို သောက်မိရင် သတိ လက်လွတ်ဖြစ်ပြီး ကိုယ့်ကိုယ်ကို ဘာဖြစ်မှန်းကို သိနိုင်တော့မှာ မဟုတ်ပါဘူး။ အရက်နဲ့ မူးယစ်ဆေး ရောစပ် ထားတာ မျိုးဆိုရင် ပိုပြီး အန္တရာယ်ကြီးပါတယ်။ အသက်ကိုတောင် သေစေနိုင်ပါတယ်။

ကြိုတင်ကာကွယ်ရမည့် အချက်များ

ကိုယ့်ရဲ့ အဖော်ကို ကိုယ်က ယုံကြည်တယ်ဆိုရင်တောင်မှ သတိထားပြီး ကြိုတင်ပြင်ဆင်ထားတာ ကောင်းပါတယ်။ ဒါ ကြောင့် ဆိတ်ကွယ်ရာကို မသွားပါနဲ့။ ကိုယ့် အိမ်ဖြစ်နေရင်တောင် အိမ်သားတွေ မရှိရင် မသွားပါနဲ့။ တခြားသူကိုလည်း မလာပါ စေနဲ့။ ကိုယ်သဘောကျ နှစ်ခြိုက်မှု မရှိတဲ့သူနဲ့ ၂ ယောက်ထဲ ရှိမယ့် အခြေအနေမျိုးကို ရှောင်ပါ။ အရက်သေစာနဲ့ မူးယစ်ဆေးကို ရှောင်ပါ။ အထူးသဖြင့် ကိုယ်နဲ့ ကောင်းကောင်းမသိတဲ့ လူတယောက်နဲ့ ရှိနေတဲ့ အချိန် မျိုးမှာ လုံးဝ မသုံးစွဲမိပါစေနဲ့။

တကယ်လို့ ကိုယ်နဲ့ အတူရှိနေသူနဲ့ ကိုယ့်ရဲ့ဆက်ဆံရေးက ဘယ်လိုအနေအထားမျိုး ရှိတယ်ဆိုတာကို ကိုယ့်ဘက်က စိတ်ရှင်းမယ်ဆိုရင် သူကလည်း ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။ ကိုယ့်ရဲ့ ခံစားချက်နဲ့ အယူအဆကို လေးစားဖို့ ပြော ပါ။ ဖိအား အနည်းငယ်ပေးလာရုံလောက်နဲ့ ကိုယ်မလုပ်ချင်တဲ့ အရာမျိုးကို မလုပ်မိပါစေနဲ့။ အန္တရာယ်ရှိနေပြီလို့ ခံစားရ မယ်ဆိုရင် အကူအညီ ရယူပါ။ ကိုယ်ခံပညာသင်ကြားထားပါ ။

အကူအညီတောင်းခံပါ

ကြိုတင်ကာကွယ်မှုတွေ ရှိတယ်ဆိုပေမယ့် Date Rape တွေက ဖြစ်နေပါသေးတယ်။ တကယ်လို့ ကိုယ့်ကို မဖွယ်မရာ စော်ကားခံရရင် ဒါမှ မဟုတ် မတရားပြုကျင့်ခံရရင် လုပ်ဆောင်ရမှာတွေကတော့ ကိုယ့်ရဲ့ သူငယ်ချင်း၊ မိသားစုဝင် သို့မဟုတ် ယုံကြည်စိတ်ချရတဲ့ သူ တယောက်ယောက်ကို အဖြစ်အပျက်နဲ့ ပတ်သက်လို့ အမှန်အတိုင်း ဖွင့်ပြော အသိ ပေးပါ။ အရှက်အတွက် မျိုသိပ်ထားရင် ကိုယ့်ကို ကျူးလွန်သူ တရားခံက လွတ်မြောက်ခွင့် ရ သွားမှာ ဖြစ်သလို နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာရင်လည်း ကိုယ်တယောက်တည်းသာ ရင်ဆိုင်ရတော့မှာ ဖြစ်တဲ့ အတွက် အခြေအနေ ပိုပြီးဆိုးရွားသွားပါလိမ့်မယ်။

ဆရာဝန်နဲ့ ကျွမ်းကျင်သူတွေ ရှိတဲ့ ဆေးရုံဆေးခန်းတွေကို ချက်ချင်း သွားပါ။ သူတို့က လိုအပ်တဲ့ ကျန်းမာရေး စောင့် ရှောက်မှု အကူအညီပေးပါလိမ့်မယ်။ သက်ဆိုင်ရာကိုလည်း တိုင်ကြားရမှာ ဖြစ်ပါတယ်။ ရဲကို အမြန်ဆုံး အကြောင်း ကြားပါ။ သက်သေပြစရာ ဖြစ်တဲ့ ဒဏ်ရာ တွေ၊ မိမိရဲ့ အ၀တ်အစားတွေ ကိုလည်း ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ အဓမ္မကျင့်ခံရစဉ်က အ၀တ်အစားတွေကို လျှော်ဖွပ် လိုက်တာ မျိုး မလုပ်ပါနဲ့။ ဖြစ်စဉ်ကိုလည်း ပြန်လည် စဉ်းစားပြီး မှတ်သားပါ။

ကိုယ့်ရဲ့ နစ်နာမှုအကြောင်း ပြောသင့်တဲ့သူကို ပြောဖို့ မကြောက်ပါနဲ့။ မိဘအုပ်ထိန်းသူတွေ၊ ဆေးဘက်ဆိုင်ရာ ဆရာဝန် တွေနဲ့ အမှုစစ်ရဲ အရာရှိက ဒီအကြောင်းတွေ သိမှ ကူညီနိုင်မှာ ဖြစ်တဲ့ အတွက် သူတို့ကိုပြောပြရမှာ ဖြစ်ပါတယ်။ ကိုယ့် ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေ၊ အခြားသူတွေ ရဲ့ အမျိုးမျိုးသော တုန့်ပြန်မှုတွေ ကြုံလာတဲ့ အခါမှာ နှစ်သိမ့်ဆွေး နွေး အကြံပေးမယ့်သူတွေ၊ စိတ်ပညာကျွမ်းကျင်သူတွေ ရဲ့ အကူအညီကို ရယူပါ။ ဒါမှလည်း လက်ရှိ စိတ်ခံစားမှုတွေကို ကျော် ဖြတ်နိုင်မှာ ဖြစ်သလို နောက်ဆက်တွဲ ကျန်းမာရေး၊ လူမှု ရေး အခက်အခဲတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

အေးမင်း(ဧရာဝတီ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။