မောင်သော်က၏နောက်ဆုံးနေ့များ
~~~~~~~~~~~~~~~~~~
စာရေးဆရာမောင်သော်က သို့မဟုတ် ဗိုလ်မှူးဘသော် ဟာ ယခု NLDပါတီကိုထူထောင်ခဲ့တဲ့ သူတွေထဲကတစ်ယောက်အပါဝင်ဖြစ် ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးစဉ်မြင့်ပေါ်ဆွဲခေါ်လာသူလည်းဖြစ်ပါတယ်။NLDခေါင်းဆောင်တွေထဲကတစ်ယောက်လည်ြး ဖစ်ပါတယ်။ကျနော်တို့ငယ်ငယ်က အုပ်ချုပ်သူအစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေ၊ပေါ်လစီ တွေကို ခနဲ့တဲ့တဲ့ ရွှဲ့ တဲ့တဲ့ Staireလုပ်ပြီးရေးတတ်တဲ့ ဆရာ၂ယောက်ရှိပါတယ်။ဆရာမောင်သစ်(မောင်ကိုယု)နဲ့ ဆရာသော်ကတို့ပဲဖြစ်ပါတယ်။လစ ဉ်ထုတ်မဂ္ဂဇင်းတွေဖြစ်တဲ့ပေဖူးလွှာတို့ ၊သရဖူ တို့မှာ သူတို့ရေးတာတွေကိုဖတ်ပြီး တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့  မဆလခေါင်းဆောင်တွေနဲ့ပါတီကို အမြဲပြောင်လှောင်ရယ်မောခဲ့ရ တယ်။နောက်တော့ ကျနော်တို့တက္ကသိုလ်ကျောင်းသားဘ၀ ၁၉၈၈ ဒီမိုကရေစီအရေးခင်းနဲ့ကြုံ တော့ ဆရာ၂ယောက်ကို လူထုဟောပြောပွဲမှာတွေ့ရပြန် တယ်။စာပေနယ်က ဆရာသော်ကကို (All burma journalist Association) မှာ ဥက္ကဌအဖြစ်တင်မြောက်လိုက်ပါတ ယ်။အရေးခင်းမှာ ဆရာသော်ကတို့ဦးဆောင်ပြီး တစ်ပါတီအာဏာရှင်မဆလကို ပြတ်ပြတ်သားသားဆန့်ကျင်တော် လှန်ပါတော့တယ်။နောက်ဆုံးတော့ စစ်တပ်ကအာဏာသိမ်းပြီး စစ်ရုံးမှာ ၆လကျော်ကြာ ထိုင်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု့ တည်ဆောက်ရေး အဖွဲ့ဆိုတဲ့ခေါင်းစဉ်နဲ့တက် လာပါတော့တယ်။ကျနော်တို့ကလူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီထောင်သလို ဆရာသော်က၊ဆရာမောင်မိုးသူ၊ဆရာမောင်ကိုယု တို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLDပါတီထဲကို ၀င်ရောက်သွားကြတယ်။တကယ်တော့ အာဏာမသိမ်းခင် သြဂုတ်လ၂၆ရက်နေ့ လူထုစည်းဝေးပွဲမှာကတည်းက ဆရာမောင်သော်က ကိုအန်တီ့အနားမှာတွေ့ရတာပါ။
(မှတ်ချက်။၈၈အရေးခင်း ဒေါ်စု လူထုဟောပြောပွဲလုပ်နေတဲ့ပုံ ရဲ့ ဘေးမှာရပ်နေတဲ့ခါးကိုင်းကိုင်းနဲ့ လူကြီးဟာ ဆရာမောင်သော်ကဖြစ်ပါတယ်။)
မြန်မာနိုင်ငံရေးဇာတ်ခုံ တနည်းအားဖြင့် ၈၈လူထုအရေးတော်ပုံဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအချို့အကွေ့ ခရီးလမ်းတစ်ခုဖြစ်ပါတယ်။နှ စ်ပေါင်းများစွာအုပ်စိုးလာခဲ့တဲ့တစ်ပါတီအာဏာရှင်မဆလကို လက်မခံလိုတော့တဲ့ပြည်သူတွေဟာ လူထုတော်လှန်ရေးကို ပြု လုပ်လာခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ထိ တိုင်းပြည်ကိုခေါင်းဆောင်နိုင်မဲ့ခေါင်းဆောင်ကောင်းဆို တာ ဘယ်သူ ဘယ်ဝါမှန်း မသိကြသေးဘူး။မြန်မာပြည်သူတွေဟာ မင်းလောင်းမျှော်နေကြတယ်။မြ န်မာတို့လူမှု့ ဓလေ့အရ မင်းလောင်းသားယောကျာ်းလေးတစ်ပါးကိုမျှော်တော်မူနေကြတယ် ။အဲ့ဒီသူကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီးသြရသ ဦးအောင်ဆန်းဦးပဲဖြစ်ပါတယ်။သို့သော် ဦးအောင်ဆန်းဦးဟာ တိုင်းပြည်ကိုမျက်နှာလွှဲခဲ့ တယ်။အဲ့ဒီကွပ်လပ်ကို ဆရာမောင်သော်က ကဖြည့်ပေးခဲ့တယ်။
*** တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုခေါ်ထု တ်လာတာ စာရေးဆရာမောင်သော်ကပဲ။သူဟာ တိုင်းပြည်ကိုတကယ်ချစ်ခဲ့တာ ။မောင်သော်ကနိုင်ငံရေးလုပ်ခဲ့တာဟာ ဘာနိုင်ငံရေးမျှော်လင့်ချက် နဲ့ရယူလိုခြင်းတွေမပါခဲ့ဘူး ။***
လို့ ဆရာမ မသီတာ(စမ်းချောင်း)ကဆိုတယ်။
ရှစ်လေးလုံးအရေးတော်ပုံကာလမှာ စာပေနဲ့အနုပညာရှင်များအဖွဲ့ မှာပါဝင်တဲ့ ဆရာမောင်သော်က၊ဦးဝင်းတင်၊မောင်မိုးသူ တို့က ခေါင်းဆောင်တစ်ဦးတင်ဖို့ရှာ နေတုန်း မိခင်နေမကောင်းလို့မြန်မာပြ ည်ပြန်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်သာလျှင်အ သင့်တော်ဆုံးဖြစ်တယ်လို့ဆုံးဖြတ်ပြီး သွားရောက်စည်းရုံးခေါ်ဆောင်ခဲ့တယ်လို့ အတူလိုက်ပါသွားတဲ့ ပဲ့တင်သံဂျာနယ်အယ်ဒီတာချုပ် ဦးမျိုးမြင့်ညိမ်းကဆိုတယ်။အဲ့ဒီအချိန်က ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေးအဖွဲ့စည်းတစ်ရပ်ထူထောင်ပြီး ဦးဆောင်ဖို့ကူညီပံ့ပိုးခဲ့သူတွေထဲမှာ ဦးထွေးမြင့်၊သခင်တင်မြ၊ဦးလှ တင့်နဲ့ ဆရာမောင်သော်ကတို့ပါဝင်ကြတယ်။နောက်ဆုံးပါတီဖြစ်လာတော့ ဆရာမောင်သော်ကဟာ ဗဟိုအလုပ်အ
မှု့ ဆောင်ဖြစ်လာတယ်။
မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ ဆိုတဲ့စကားဟာ နိုင်ငံရေးသူတော်စင်ဆရာဦးဝင်းတင် သုံးစွဲခဲ့တယ်လို့သိကြပေမဲ့ တကယ်တော့ဒါဟာ ဆရာမောင်သော်ကရဲ့ စကားလုံးသာဖြစ်တယ်လို့ စာရေးဆရာမ မသီတာ(စမ်းချောင်း)ကဆိုတယ်။ အမေရိကန်စာရေးဆရာ
ဟမ်နရီ ဒေးဗစ်သော်ရိုး Henry David Thoreau ရဲ့ စကားလုံးကိုမြန်မာမှု့ ပြု
ခဲ့ခြင်းဖြစ်တယ်လို့ ဆရာမ မသီတာကဆိုတယ်။မြန်မာပြည်နို င်ငံရေးပင်လယ်ပြင်မှာ နိုင်ငံရေးမုန်တိုင်းတွေပြင်းထန်နေတဲ့
၁၉၈၉မှာ ဖော်ပြပါ မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ ဆိုတဲ့
ဆောင်ပုဒ်အတိုင်း ဆရာဦးဝင်းတင်ရဲ့ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းစ ဉ်ကို ရွှေးချယ်လိုက်ပါတယ်။ဆရာမောင်သော်က ကလည်းပါဝင်ခဲ့တာမို့ ဇွန်လမှာ အဖမ်းခံလိုက်ရတယ်။စာတစ်စောင်ကြောင့်ဆရာမောင်သော်က ထောင်နန်းစံသွားရပါတော့တယ်။ သူ့စာကားအောက်ပါအတိုင်းဖြစ် ပါတယ်။
5th August 88
ဗိုလ်မှူးကြီးသန့်ညွှန့်
ပထမဆုံး ကိုယ်ရှင်းပြလိုတာက ဒီလှုပ်ရှားမှု့ ကြီး(ဒီမိုကရေစီလှုပ်ရှား
မှု့ )မှာကိုယ်ပါဝင်လာရတဲ့အကြော င်းအရင်းကတော့
၁။ကျောင်းသားလူငယ်တွေနဲ့ပြည်သူအများ သွေးမြေကျသေဆုံးရခြင်းကို မကြည့်ရက်မရှု့ ရက်တော့လို့
၂။ကိုယ်ချစ်တဲ့မြတ်နိုးတဲ့တ ပ်မတော်ကို တိုင်းပြည်ကလူသတ်သမား၊မုဒိမ်း၊ဓားမြအဖြစ် မြင်လာပြီးအစဉ်အလာကောင်းတဲ့ တပ်မတော်ရဲ့ ဂုဏ်သရေကို
မညိုးနွမ်းစေလိုတဲ့စေတနာပဲ။ကိုယ့်မှာဒီစေတနာပဲရှိတယ်။သေဒဏ် လည်းရှိမှာပဲ။အဲ့ဒီတော့ကိုယ်ဘာလုပ်သလဲဆိုတော့ ကျောင်းသားတွေရှေ့ မှာစာပေအနုပညာရှင်တွေရဲ့ မျက်နှာကိုပြစေမဲ့ ကလေးတွေနောက်ထပ်မသေကြရအောင် တပ်လည်းမျက်နှာမပျက်အောင် ကိုယ်ဝင်ရပ်ခဲ့ပါတယ်။
ကိုယ်ဟာ ကလေးတွေရဲ့ ကြားမှာ ကျောင်းသားနဲ့အစိုးရစေ့စပ်ြ ဖန်ဖြေရေးလို စွမ်းဆောင်နိုင်တဲ့ဂုဏ်အင်္ဂါ မျက်နှာမျိုးမရှိပါဘူး။စွမ်းဆောင်နိုင်တဲ့သူတွေလည်းထော င်ထဲရောက်နေတော့ ကိုယ်ဟာ အောင်ဆန်းစုကြည်နဲ့အကြိတ်အန ယ်ဆွေးနွေးပြီးကလေးတွေနဲ့အစိုးရကြားမှာ (Mediator)ဖြန်ဖြေသူအနေနဲ့ ၀င်ရပ်တည်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။သူမ မှာလည်း ဘာနိုင်ငံရေးရည်ရွယ်ချက်မှမ ရှိပါဘူး။ကိုယ်ကအတင်းတိုက်တွန်းဇွတ်ဆွဲဆောင်လို့ သဘောတူလက်ခံခဲ့တာပါ။ကျောင်း သားထုတွေသိပ်မျှော်လင့်တောင့်တနေတဲ့ ဖြန်ဖြေသူအဖြစ် သူမကို ကိုယ်ရှာဖွေတင်ပေးခဲ့ခြင်းပါ။
ဒီနေ့ကိုယ်ဘာဖြစ်နေသလဲ။သူငယ်ချင်း တပ်ကအောင်ဆန်းစုကြည်ကို သူတို့
ရဲ့ ရန်သူအဖြစ်သတ်မှတ်ပြီး လုပ်ကြံသတ်ဖြတ်ဖို့ အဲ့ဒီမှာ ကိုယ့်ကိုလည်း Targetတစ်ခုအဖြစ် သတ်မှတ်ပြီး (Death Squal)တွေနဲ့စီစဉ်နေကြတယ်။ကိုယ်မသေချင်သေးပေမဲ့
မှန်ကန်တဲ့လုပ်ရပ်အတွက် သေရမှာလည်းမကြောက်ပါဘူး။ခု တပ်တွင်းမှာ
အာဏာကိုဆုတ်ကိုင်ထားလိုတဲ့ အာဏာရူးတစ်စုကလက်နက်အားကိုး နဲ့ အကြမ်းဖက်အာဏာသိမ်းဖို့ စီစဉ်နေကြတယ်။တိုင်းပြည်မှာ သွေးချောင်းစီးတော့မှာကိုသိ ပ်ကြောက်ပါတယ်။သူတို့အချင်း ချင်းလည်းစိတ်ဝမ်းကွဲနေကြတယ်။တိုင်းပြည်နဲ့လူမျိုးအကျိုးကိုသာ ကြည့်သူနဲ့ ကိုယ်ကျိုးနဲ့ကိုယ်ကျိုးရဲ့ ကွင်းဆက်ဖြစ်တဲ့ မဆလပါတီရဲ့ အကျိုးကိုသာကြည့်သူလို့၂စုကွဲနေပါတယ်။
အဲ့ဒီတော့ကိုယ်အနူးအညွှန့်တောင်းပန်လိုတာက ပေါက်ကွဲထွက်ပေါ်လုဆဲဆဲ ဖြစ်တဲ့ကြောက်စရာကောင်းတဲ့အာဏာလုပွဲမှာ ကိုယ်ချစ်တဲ့မောင်ရင်တို့ရေ တပ်က အနည်းဆုံးအားဖြင့် (Policy of non_cooperation) ပူးပေါင်းမပါဝင်ရေးဆိုတဲ့ ရပ်တည်ချက်ကိုစွဲစွဲမြဲမြဲ ဆုတ်ကိုင်ပေးကြပါ။ကိုယ်တောင်းဆိုနေတာ Open Revolt သော်လည်းကောင်း၊Muliny သော်လည်းကောင်းမဟုတ်ပါ။တိုင်းပြည်ကိုညှာကြဖို့အလေးနက်ေ တာင်းပန်ခြင်းပဲဖြစ်ပါတယ်။ကိုယ့်သဘောထားဟာ ပြည်သူလူထုကြီးရဲ့ သဘောထား၊အောင်ဆန်းစုကြည်ရဲ့ သဘောထားပါ။အောင်ဆန်းစုကြည် နိုင်ငံရေးအာဏာယူဖို့မရည်ရွ ယ်ဘူးဆိုတာ ကိုယ်ရဲရဲကြီးအာမခံပါတယ်။လောလောဆယ် ကျောင်းသားတွေလည်းအကြမ်းမဖက်ကြဖို့၊အစိုးရကလည်းတပ်အားကိုးနဲ့ နောက်ထပ်လူမသတ်ကြဖို့၊ဦးတည် ဆောက်ရွက်နေခြင်းပါ။ဒီမိုကေ ရစီတို့ ဘာတို့က နောက်မှထား။တိုင်းပြည်သွေးေ ချာင်းစီးမှာကိုမောင်ရင်တို့ လည်း မြင်ရက်ကြမှာမဟုတ်ဘူးလို့ကိုယ်ယုံကြည်တယ်။ဗိုလ်မှူးကြီး ၀င်းရှိန်တို့ကိုလည်း ကိုယ့်သဘောထားကိုဆွေးနွေးကြ ည့်ပါ။မောင်ရင်တို့ရဲ့ လုံခြုံရေးကိုထိခိုက်တယ်ဆိုရင်တော့လည်းကိုယ်ထပ်မတိုက် တွန်းချင်တော့ပါဘူး။ကိုယ်အနူးအညွှန့်ထပ်လောင်းမေတ္တာရပ်ခံပါတယ်။သူငယ်ချင်း ဒီစာကိုမီးရှို့ ဖျက်ဆီးလိုက်ပါ။နိုင်ဦးကတစ်ဆင့်သော်လည်းကောင်း၊သန်းကျော်ဌေးကတစ်ဆင့်သော်လည်းကောင်း ရေတပ်ရဲ့ သဘောထားလေး၊မောင်ရင်တို့ရဲ့ သဘောထားလေးသိပါရစေ။ကိုယ်လျို့ ဝှက်ထားပါ့မယ်။သိပ်အရေးကြီးနေတယ်သူငယ်ချင်း။
ကျန်းမာရွှင်လန်းပါစေ။
မောင်သော်က(ခ)
ဗိုလ်မှူးဟောင်းဘသော်
စစ်ကြောရေးမှာ ဆရာမောင်သော်ကကို ရိုက်နှက်ကန်ကျောက်ပြီးတဲ့ေ နာက် အင်းစိန်ထောင်ကို ဇူလိုင်၂၃ရက်နေ့မှာ ပို့လိုက်တယ်။နဂိုကတည်းက သွေးတိုး၊ဆီးချို၊၊နှလုံး၊ေ ကျာက်ကပ်အားလုံးမကောင်းတဲ့ ဆရာမောင်သော်ကခမျာ ထောင်ထဲရောက်တော့ဆေးရုံတန်း တင်လိုက်ရတယ်။အဲ့ဒီအချိန်ကာ လက ထောင်ဆိုတာနိုင်ငံရေးသမားတွေကိုနှိပ်ကွပ်နေတဲ့အချိန်ဖြ စ်ပါတယ်။တော်ရုံရောဂါနဲ့ဆေး ရုံတက်ဖို့ဆိုတာမလွယ်ဘူး။ဒါ ပေမဲ့ ထောင်ထဲမှာ အခြေနေစိုးရိမ်ရတဲ့ ဆရာမောင်သော်ကရယ်၊အဘဦးအုန်း မြင့်ရယ်၊သုံးရောင်ခြယ်ကမြတ်စံရယ်ကို ဆေးရုံအပေါ်ထပ် M3မှာတင်ထားလိုက်တယ်။M3ဆိုတာ ၅ညတွေရဲ့ အခန်းပေါ့။အဘဦးအုန်းမြင့်က ဗကပယူဂျီ ၄၈၂၈နဲ့ဆက်သွယ်တယ်ဆိုပြီးဖမ်းထားတာဖြစ်ပါတယ်။ဆရာမောင်ေ သ်ာကကိုလည်း ဗကပဆိုပြီး စွပ်စွဲထားပါသေးတယ်။ဆရာ မောင်သော်က ကလည်းဘာဖြစ်ဖြစ်ပျော်ပျော်ပဲ။သူ့ဘ၀ကလည်းထူးခြားဆန်းကြယ်ပါတယ်။ကုန်းခေါင်ခေါင်ရွှေဘိုမှာ ၁၉၂၈ခုနှစ်မှာမွေးပြီး ရေတပ်စစ်သဘောင်္ကပ္ပတိန်ဖြစ်လာ ခဲ့တယ်။၁၉၄၇မှာ ရေတပ်အရာရှိငယ်ဖြစ်ပြီး နောက်တော့တိုက်ရေယာဉ် ၁၀၃ကိုဦးစီးမောင်းနှင်ရတယ်။ တိုက်ရေယာဉ်၁၀၃ မုန်းတိုင်းမိပြီးပင်လယ်ထဲေ မျာ်ပါကာနစ်တော့လည်း အသက်မသေဘဲ ကျန်ရစ်တယ်။အခုလည်း နိုင်ငံရေးဝဲသြဃထဲမှာ ကျင်လည်ရင်း ထောင်ထဲရောက်လာပြန်ပါပြီး။ဒါလည်း သူက ဆေးရုံမှာ မြတ်စံနဲ့အဘဦးအုန်းမြင့်ကို စလိုက်နောက်လိုက် ပါပဲ။သူပြောနေကျစကားတစ်ခွန်းရှိတယ်။
ဟေ့ကောင်တွေ.....စစ်ကြောရေး မှာ ငါ့ကို ဗကပ ယူဂျီတဲ့
ဗကပ တွေကျတော့ ငါ့ကိုအရင်းရှင်ပေါက်စတဲ့။စာပေလောက ကဆရာကြီးတွေကတော့ ငါ့ကိုစာပေ ကလေကချေတဲ့။ဟား..ဟား...ဟား. ..ငါကလည်း ဘာမှမဟုတ်ပါဘူး။ဗကပ ဆိုတာ ငါ့ကိုတပ်ကခေါ်တဲ့နာမည်...ဗိုလ်ကြီးပေါ တဲ့။
သဘောင်္မြုပ်လို့ သေမလိုဖြစ်ခဲ့ပြီး တိုက်ရေယာဉ်၁၀၃ရေးတော့လည်း ရောင်းရသားဟ ဟား.....ဟား.....ဟား....
အဲ့ဒီလို ရွှဲ့စောင်းစောင်းတွေပြောတတ် လို့လည်း မောင်သော်က ဖြစ်လာတာထင်ပါတယ်။နောက်ဆုံး တော့လည်း ဆရာ့ကို စစ်ခုံရုံးက ၁၉၅၀အရေးပေါ်အက်ဥပဒေပုဒ်မ ၅(ည)၊၅(က)၊၅(ခ)၊၁၂၂(၁)နဲ့ ထောင်အနှစ်၂၀ချလိုက်ပါတော့တ ယ်။ထောင်ချလိုက်ပြီဆိုတော့ ၃တိုက်ကိုရွှေ့ ထားလိုက်တယ်။၃တိုက်မှာလည်း ဆရာမောင်သော်ကရယ်၊ဆရာမင်းသိ င်္ခရယ်၊မြတ်စံ ရယ်တစ်ခန်းစီနေကြရတယ်။အဲ့ဒီ မှာလည်းနေ့စဉ်ဆရာခ ကို စနောက်နေတာပါပဲ။ရေချိုးဆင်း တိုင်းဆရာခ ကိုသွားသွားပြောတယ်။
" အောင်ထွန်း(မင်းသိင်္ခအမည်ရင်း)ငါ တို့ မြတ်စံတို့ထောင်ကျရင် လျှာဖြတ်လို့ မင်းပြောထားတယ်နော်။အခုထောင်ကျပြီး။
အမဲသားဟင်း မကျွေးတဲ့နေ့တော့ မင်လျှာကိုကင်စားရမယ်....ဒါ ပဲ။ဟား....ဟား.....
ထောင်ထဲမှာ ဆရာမင်းသိင်္ခက အခန့်သားနေတာ။ဆရာမောင်သော်က ကသွားသွားစလေ့ရှိတယ်။ဂျစ်တိုက်တယ်။ဆေးလိပ်တောင်းတယ်။ဆရာခ ကလည်းအလိုလိုက်ရှာတယ်။ဆရာခ ပုတီးစိပ်ပြီးဆိုရင်မဟုတ်တရုတ်တွေပြောတော့မယ်။နောက်တော့ ကြိုး တိုက်ရောက်တယ်။အရိုးကြီးပေါ င်းကလည်း ဒုက္ခပေးလာတယ်။ထောင်ထဲမှာလည် ပင်းကို ကော်လံကြီးစွပ်ပြီးနေရတယ်။ေ နာက်တော့ဆေးရုံတက်ရပြန်တယ်။ ဆေးရုံကဆင်းတော့ ၆တိုက်ကို DCချလိုက်တယ်။၆တိုက်မှာ ဆရာဟံသာဝတီဦးဝင်းတင်၊ဘဘတော် ဘုရားလေးရယ်၊ဆရာဦးကိုယုရယ် ကိုမြတ်စံရယ် ထောင်တွင်းပြစ်ဒဏ်ကျထားတဲ့ ရိုးရိုးအကျဉ်းသား၃ယောက်နဲ့ ဆရာသော်က နေရတယ်။ရောဂါလေးသက်သာလို့ညေ ရာက်တာနဲ့စနောက်နေတာပါပဲ။သုံးခန်းကျော်က ကိုမြတ်စံကိုအော်ခေါ်ရင်း
** တော်ဝင်မင်းမျိုးမင်းနွယ်ဆိုတာ တကယ်တော့ကုလားမျိုးကွ။ဒီတော့ ငါလည်းတော်ဝင်သွေးပါတယ် ထင်တယ်မြတ်စံရေ ဟင်း..ဟင်း..ဆိုပြီး
တော်ဘုရားလေးကို ကလိတယ်။မြတ်စံကအဘကိုအားနာလို့ စကားပြန်မပြောရဲဘူး။အဲ့ဒီလိုနဲ့ ၁၉၉၀စက်တင်ဘာမှာ ထောင်တွင်းအစာငတ်ခံဆန္ဒပြတဲ့ အခါ သူ့ကျမ်းမာရေးကပိုဆိုးသွားတ ယ်။ထောင်ကလည်းမဖြစ်စလောက်ပဲ ကုပေးတယ်။၁၉၉၁ရောက်တော့ ဆရာမောင်သော်က ကြွက်သားတွေအလုပ်မလုပ်တော့ဘူး။အိပ်ယာထဲလဲသွားပြီး။ဆေးကုသမှု့ ခံယူဖို့ကိုလည်း သူကငြင်းပယ်လိုက်တယ်။နောက်ဆုံးနှလုံးရောဂါက ဖောက်လာတယ်။ဆီးချို ကလည်းတက်လာတယ်။ကျောက်ကပ်ကလည်းလုံးဝပျက်သလောက်ဖြစ်သွာြး ပီး။အရိုးကျီးပေါင်းကလည်းတစ်ချိန်လုံး ဒုက္ခပေးနေတယ်။နောက်ဆုံးဆရာေ မာင်သောကကို တိုက်မှာထားလို့မရတော့ဘူး။ရ န်ကုန်ဆေးရုံကြီးကိုပို့ပြီး ရောဂါသည်းနေတော့မှကုတယ်။ဆေး ရုံရောက်တော့အရမ်းနောက်ကျသွားပြီး။၁၉၉၁ခုနှစ် ဇွန်လ၈ရက်နေ့မှာတော့ သူ့မိခင်အမည်ကို တမ်းတရင်း ရန်ကုန်ဆေးရုံမှာပဲကွယ်လွန် သွားခဲ့ရပါတော့တယ်။ဆရာ့ဘ၀က ဆိုးဝါးပါတယ်။အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကိုတောင် စစ်အစိုးရဟာ ချုပ်ကိုင်စိုးမိုးခဲ့တယ်။ဆ ရာရဲ့ Death body ကိုထုတ်ယူတဲ့အခါ မြို့နယ်အာဏာပိုင်တွေ၊ရပ်ကွ က်အာဏာပိုင်တွေ အဆင့်ဆင့်ကနေ မိသားစုကလိုက်နာရမဲ့ စည်းကမ်းချက်တွေနဲ့ထုတ်ယူခဲ့ ရတာပါ။စည်းကမ်းတွေကတော့ အသုဘမှာ အခမ်းအနားမကျင်းပ ပါဘူးတို့၊အလောင်းကိုပါတီအလံမလွှမ်းပါဘူးတို့၊မိသားစုက အာမခံမှ အလောင်းကို သဂြို င်္လ်ခွင့်ပြု ခဲ့တာပါ။ကန်တော်လေးဆွန်နီမွ စ်စလင်သင်္ချိုင်းမှာမြုပ်နှံခဲ့တယ်။ဒြါေ ကာင့်ဆရာမောင်သော်ကဟာ အသက်ရှင်စဉ်ကလည်းမလွတ်လပ်ခဲ့ သလို အသက်မဲ့သွားတော့လည်းခန္ဓာကို ယ်ဟာ မတရားတဲ့ဥပဒေတွေကို လိုက်နာခဲ့ရတုန်းပဲဆိုတာ ကျနော်တို့တွေ့မြင် ကြားသိ၊နာကျင်ခဲ့ရတယ်။ခုတော့  တိုင်းပြည်ရဲ့ ပြု ပြင်ပြောင်းလဲရေးအလင်းပျပျကို မြင့်မြတ်လွတ်လပ်တဲ့ဘုံဘ၀ကေ န ဆရာလှမ်းမြင်နိုင်ပါစေလို့ ကျနော်ဆုတောင်းပေးလိုက်ပါတယ်။
ဇော်သက်ထွေး
*** ၁၉၉၀စက်တင်ဘာလထဲမှာ အင်းစိန်အကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြကြတယ်။ဒါကိုအေ ကြာင်းပြု ပြီးနိုင်ငံရေးအကျဉ်းသားတွေ ကို မျက်နှာဖုံးစွပ်ပြီး ရိုက်နှက်မှု့ တွေကိုပြု လုပ်ခဲ့တယ်လို့ ဦးမျိုးမြင့်ညိမ်းကဆိုတယ်။
**ဆူပူတဲ့အကျဉ်းသားတွေကို ခေါင်းစွပ်တွေစွပ်ပြီးမသေမရှင်ဖြစ်အောင်ရိုက်နှက်ခဲ့တာ မျိုးတွေရှိတယ်။အဲ့ဒီလို အရိုက်ခံပြီးအားလုံးငြိမ်သက်သွားတဲ့အခါ ဦးအုန်းဟန်လို့ ခေါ်တဲ့ ဒုညွှန်ချုပ်ကလှည့်ကြည့်တယ်။ အဲ့ဒီမှာ ဆရာသော်က ကိုမြင်သွားပြီး ဒီမိုကရေစီချင်ဦး ဆိုပြီးခေါင်းကိုတုတ်နဲ့ရို က်ပါတော့တယ်။အဲ့ဒီလိုရိုက်တာကိုမြင်ခဲ့တဲ့လူတွေ ဒီနေ့အထိ သက်ရှိထင်ရှားရှိနေပါသေးတယ် **
လို့ အယ်ဒီတာချုပ်ဦးမျိုးမြင့်ညိ မ်းကဆိုတယ်။
*** အင်းစိန်ထောင်မှာက ဆေးဝါးကုသမှု့ ဆိုတာဘာမှရှိတာမဟုတ်ဘူး။B_ ton တို့၊Paracetamolတို့လောက်ပဲပေးနိုင်တယ်။Antibiotic တောင်ပေးနိုင်တာမဟုတ်ဘူး။နောက်ဆုံးကျမ်းမာရေးဆိုးဝါးလာ တဲ့အခါ ထောင်ကမကုတော့ဘဲအင်းစိန်ဆေး ရုံကိုပို့လိုက်တယ်။အင်းစိန်ဆေးရုံကလည်းစိုးရိမ်ရတဲ့အေ နထားကြောင့် သူကို့မကုတော့ဘဲရန်ကုန်ဆေးရုံကြီးကိုလွှဲလိုက်တယ်။ရန်ကု န်ဆေးရုံကြီးကနှလုံးကြပ်မက် ကုသဆောင်ကိုရောက်သွားတယ်။အဲ့ တော့ ကျနော်တို့က ထောင်ထဲကနေ မိသားစုဆွေမျိုးတွေဆီကိုလှမ်းအကြောင်းကြားတယ်။သူ့ရဲ့ နောက်ဆုံးအချိန်မှာတောင်မိ သားစုကတွေ့ခွင့်မရလိုက်ဘူး။ သေပြီးမှပဲတွေ့ခွင့်ရလိုက်တ ယ်***
လို့ဦးမျိုးမြင့်ညိမ်းကဆိုတ ယ်။
၁၉၉၁ ဇွန်လ၁ရက်နေ့ မနက်ပိုင်းမှစစ်တပ်ကစာလာတယ် ။အဲ့တော့မှမိသားစုက ဆုံးတာသိရတယ်။အလောင်းဘေးမှာ ထောက်လှမ်းရေးတွေဝိုင်းနေတယ်။နောက်ဆုံးမြေတွင်းထဲကို အမိစစ်တပ်မှာ ပြန်တမ်းစာကိုထည့်သွင်းပြီး မြုပ်နှံလိုက်ကြတယ်။ဒီနှစ်ဆိုရင် ဆရာမောင်သော်ကဆုံးတာ ၂၅နှစ်ပြည့်လေပြီး။
ဆရာမောင်သော်က၊ဆရာဦးဝင်းတင် တို့ဟာ လူမဆန်တဲ့၊အင်မတန်ရက်စက်ကြမ်းကြု တ်တဲ့ နှိပ်စက်မှု့ တွေကြောင့်သေပွဲဝင်ခဲ့ရဲ့ နိုင်ငံရေးသမားကျောင်းသူကျောင်းသား အာဂသတ္တိခဲများအား ဒီနေရာမှ အလေးပြု လိုက်ပါတယ်။
ဘယ်တော့မှ မေ့ပစ်ဖို့မသင့်တဲ့ တန်ဖိုးရှိသော အသက်တွေပဲ။
ဘာအတွက်လဲ။တိုင်းပြည်အတွက်။ စစ်မှန်သော ပေးဆပ်ခြင်းဟူသည် တန်ဖိုးရှိစမြဲပါ။
လင်းသိုက်ညွှန့်တို့ နားမလည်နိုင်တဲ့စာမျက်နှာတွေပေါ့ဗျာ။
ကောင်နုတ်။ကြမ်းတမ်းသောစစ်ပွဲများနှင့်နူးညံ့သောနှလုံး သားများ by ဇော်သတ်ထွေး_ မောင်သောက၏နောက်ဆုံးနေ့များ
ပဲ့တင်သံဂျာနယ်
မွန်းတည့်နေဂျာနယ်
အနည်းငယ်ဖြည့်စွက်တည်းဖြတ်ကာရေးသားခဲ့ကြောင်း
နေဇင်လတ်
~~~~~~~~~~~~~~~~~~
စာရေးဆရာမောင်သော်က သို့မဟုတ် ဗိုလ်မှူးဘသော် ဟာ ယခု NLDပါတီကိုထူထောင်ခဲ့တဲ့ သူတွေထဲကတစ်ယောက်အပါဝင်ဖြစ်
(မှတ်ချက်။၈၈အရေးခင်း ဒေါ်စု လူထုဟောပြောပွဲလုပ်နေတဲ့ပုံ
မြန်မာနိုင်ငံရေးဇာတ်ခုံ တနည်းအားဖြင့် ၈၈လူထုအရေးတော်ပုံဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအချို့အကွေ့ ခရီးလမ်းတစ်ခုဖြစ်ပါတယ်။နှ
*** တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုခေါ်ထု
လို့ ဆရာမ မသီတာ(စမ်းချောင်း)ကဆိုတယ်။
ရှစ်လေးလုံးအရေးတော်ပုံကာလမ
မှု့ ဆောင်ဖြစ်လာတယ်။
မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ ဆိုတဲ့စကားဟာ နိုင်ငံရေးသူတော်စင်ဆရာဦးဝင
5th August 88
ဗိုလ်မှူးကြီးသန့်ညွှန့်
ပထမဆုံး ကိုယ်ရှင်းပြလိုတာက ဒီလှုပ်ရှားမှု့ ကြီး(ဒီမိုကရေစီလှုပ်ရှား
မှု့ )မှာကိုယ်ပါဝင်လာရတဲ့အကြော
၁။ကျောင်းသားလူငယ်တွေနဲ့ပြည
၂။ကိုယ်ချစ်တဲ့မြတ်နိုးတဲ့တ
မညိုးနွမ်းစေလိုတဲ့စေတနာပဲ။ကိုယ
ကိုယ်ဟာ ကလေးတွေရဲ့ ကြားမှာ ကျောင်းသားနဲ့အစိုးရစေ့စပ်ြ
ဒီနေ့ကိုယ်ဘာဖြစ်နေသလဲ။သူငယ
ရဲ့ ရန်သူအဖြစ်သတ်မှတ်ပြီး လုပ်ကြံသတ်ဖြတ်ဖို့ အဲ့ဒီမှာ ကိုယ့်ကိုလည်း Targetတစ်ခုအဖြစ် သတ်မှတ်ပြီး (Death Squal)တွေနဲ့စီစဉ်နေကြတယ်။က
အဲ့ဒီတော့ကိုယ်အနူးအညွှန့်တေ
ကျန်းမာရွှင်လန်းပါစေ။
မောင်သော်က(ခ)
ဗိုလ်မှူးဟောင်းဘသော်
စစ်ကြောရေးမှာ ဆရာမောင်သော်ကကို ရိုက်နှက်ကန်ကျောက်ပြီးတဲ့ေ
ဟေ့ကောင်တွေ.....စစ်ကြောရေး
ဗကပ တွေကျတော့ ငါ့ကိုအရင်းရှင်ပေါက်စတဲ့။စ
သဘောင်္မြုပ်လို့ သေမလိုဖြစ်ခဲ့ပြီး တိုက်ရေယာဉ်၁၀၃ရေးတော့လည်း ရောင်းရသားဟ ဟား.....ဟား.....ဟား....
အဲ့ဒီလို ရွှဲ့စောင်းစောင်းတွေပြောတတ်
" အောင်ထွန်း(မင်းသိင်္ခအမည်ရင်
အမဲသားဟင်း မကျွေးတဲ့နေ့တော့ မင်လျှာကိုကင်စားရမယ်....ဒါ
ထောင်ထဲမှာ ဆရာမင်းသိင်္ခက အခန့်သားနေတာ။ဆရာမောင်သော်က
** တော်ဝင်မင်းမျိုးမင်းနွယ်ဆိ
တော်ဘုရားလေးကို ကလိတယ်။မြတ်စံကအဘကိုအားနာလိ
ဇော်သက်ထွေး
*** ၁၉၉၀စက်တင်ဘာလထဲမှာ အင်းစိန်အကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြကြတယ်။ဒါကိုအေ
**ဆူပူတဲ့အကျဉ်းသားတွေကို ခေါင်းစွပ်တွေစွပ်ပြီးမသေမရ
လို့ အယ်ဒီတာချုပ်ဦးမျိုးမြင့်ညိ
*** အင်းစိန်ထောင်မှာက ဆေးဝါးကုသမှု့ ဆိုတာဘာမှရှိတာမဟုတ်ဘူး။B_
လို့ဦးမျိုးမြင့်ညိမ်းကဆိုတ
၁၉၉၁ ဇွန်လ၁ရက်နေ့ မနက်ပိုင်းမှစစ်တပ်ကစာလာတယ်
ဆရာမောင်သော်က၊ဆရာဦးဝင်းတင်
ဘယ်တော့မှ မေ့ပစ်ဖို့မသင့်တဲ့ တန်ဖိုးရှိသော အသက်တွေပဲ။
ဘာအတွက်လဲ။တိုင်းပြည်အတွက်။
လင်းသိုက်ညွှန့်တို့ နားမလည်နိုင်တဲ့စာမျက်နှာတေ
ကောင်နုတ်။ကြမ်းတမ်းသောစစ်ပ
ပဲ့တင်သံဂျာနယ်
မွန်းတည့်နေဂျာနယ်
အနည်းငယ်ဖြည့်စွက်တည်းဖြတ်က
နေဇင်လတ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။