ချစ်တယ်ဆိုရင် ချုပ်နှောင်မထားပါနဲ့
´´´´´´´´´´´´´´´´´´´´´´´´´´ ´´´´´´´´´´´
ကျွန်တော် ငယ်စဉ်က ငှက်ကလေးတစ်ကောင်ကိုမွေးထား တယ်
လှောင်အိမ်လှလှလေးထဲထည့်ထား ပြီးတော့ပေါ့
ကျွန်တော်သူ့ကို သိပ်ချစ်တာ..
သိပ်လည်းဂရုစိုက်တယ်
အစာလည်းကောင်းကောင်းကျွေးတယ်။
" ငှက်ကလေးက လှလိုက်တာ " လို့ပတ်ဝန်းကျင်က
ပြောသွားတဲ့သူတွေရဲ့စကားတွေ အတွက်
ငှက်ကလေးရဲ့ပိုင်ရှင်ဖြစ်တဲ့  ကျွန်တော်..
သိပ်ပြီးပီတိဖြစ်မိတယ်လေ.. ပြီးတော့
သူ.. ကျွန်တော်နဲ့အဝေးကိုထွက်သွားမှာ
တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးကြောက်လာမိတယ်။
အရမ်းကိုစိုးရိမ်ခဲ့ရတာပါ။
တစ်နေ့.. လှောင်အိမ်တံခါးလေးဖွင့်လျက်သားနဲ့
မေ့ပြီးမပိတ်ထားမိတဲ့အခါမှာ တော့
အဲ့ဒီငှက်ကလေးက
ကျွန်တော်မမြင်နိုင်လောက်တဲ့  အဝေးဆုံးထိ ပြေးထွက်သွားခဲ့တာဘယ်တော့မှ ပြန်မလာတော့ဘူး။ ( ဒီနေ့အထိ ပြန်မလာခဲ့ပါ )
ကျွန်တော် သိပ်နာကြည်းခဲ့တာပေါ့
ဘာကြောင့်လဲ ???
ကောင်းကောင်းကျွေး၊ ကောင်းကောင်းထားရဲ့သားနဲ့
နေ့တိုင်းလည်း ဂရုစိုက်ရဲ့သားနဲ့…
အဲ့ဒီမေးခွန်း အဖေ့ကို မေးကြည့်တဲ့အခါ အဖေက ရိုးရိုးလေးဘဲပြန်ပြောလိုက် တယ် ..
" ငါ့သား.. မင်းကို အခန်းတစ်ခုထဲမှာထည့်ထားမယ် အစားကောင်းသောက်ကောင်းတွေပေးထားမယ်၊
လိုအပ်တာတွေအကုန်ပေးထားမယ်၊
ပြီးတော့ အပြင်ကနေသော့ခက်ထားမယ်၊
မင်း ဘယ်လောက်ထိထိကြာကြာနေနိုင်မှာလဲ ?? "
အဲ့ဒီတုန်းက ကိုယ်က ကလေးအတွေးနဲ့..
" စားစရာတွေ အကုန်
လိုအပ်တာတွေအကုန်ဆိုရင်တော့
နေနိုင်ပါတယ်။ ဒါပေမဲ့ အမြဲတော့
ဘယ်နေနိုင်မှာလဲ အဖေ၊ အပြင်ထွက်ချင်တာပေါ့ "
" ဒါပေါ့ကွာ.. မင်းရဲ့ငှက်ကလေးကို ဘယ်လောက်ဘဲပြည့်စုံအောင်ထား ပြီး ဂရုစိုက်ပါစေ
လှောင်အိမ်ထဲမှာအမြဲတော့ ဘယ်နေနိုင်ပါ့မလဲ
အခွင့်သာတဲ့တစ်နေ့ ထွက်ပြေးမှာပေါ့
သူလည်း လွတ်လွတ်လပ်လပ်ပျံချင်တယ်လေ ကွာ "
ကျွန်တော်နားလည်သွားပြီ၊ အဖေပြောတာမှန်တယ်၊
ထွက်ပြေးသွားတဲ့ငှက်ကလေးမင်းလည်း မှန်တယ်၊
မင်းလွတ်လပ်ခွင့်အတွက် မင်း ရွေးချယ်ခဲ့တာပါဘဲ။
အဲ့ဒီနောက်ပိုင်းတွေမှာ..
အကောင်လေးတွေမမွေးဖြစ်ပါ။
ထွက်ပြေးသွားခဲ့တာတွေအတွက်
ကျန်ခဲ့တဲ့အလွမ်းတွေ မခံစားနိုင်တော့လို့ပါ။
ဒီလိုနဲ့ ကျွန်တော် နည်းနည်းအရွယ်ရောက်လာ၊
အကောင်လေးတွေချစ်တက်တဲ့ ဗီဇ က မကုန်တော့
ကြောင်လေးတွေ မွေးတယ်။
အဲ့.. ဒီတစ်ခါတော့ သူတို့ကို
လွတ်လပ်ခွင့်ပေးထားတယ်
သွားချင်တဲ့နေရာသွားနိုင်တယ်၊ ဘယ်အရာမှ
ထိန်းချုပ်မထားတော့ဘူး၊ငါ့ဆီမှာပျော်သလောက်နေ
.. ငါ့ဆီမှာထက် ပိုပြီးပျော်ရမဲ့သူတွေ တွေ့တဲ့အခါ
သူတို့ဆီမှာ သွားနေနိုင်တယ်။
ဒါ ပေ မဲ့… ကြောင်ကလေးတွေ
အဖိုးကြီးအဖွားကြီးဖြစ်သွား တဲ့အထိ
ကျွန်တော့ အိမ်မှာရှိနေဆဲပါဘဲ။
နောက်ဆုံး.. ရင်ထဲမှာ စွဲမြဲနေခဲ့တဲ့စကားတစ်ခွန်း ရှိခဲ့ပါတယ်၊
ချစ်ရတဲ့သူကို ချုပ်နှောင်ထားရလောက်အောင်
ကျွန်တော် အတ္တမကြီးတော့ပါ။
________________________
တစ်ချို့သူတွေအတွက်ပါ
ကိုယ်တစ်ကယ်ချစ်နေပေမဲ့..
ကိုယ့်ကိုစွန့်ခွာသွားတိုင်းလည်းသူ့မှာအပြစ်မရှိဘူး
သင်က.. သင့်ရဲ့ချစ်သူကို
ဘယ်လောက်ထိချုပ်နှောင်ထားခဲ့ မှန်းမှမသိတာ…
Credit ~ Ko Nyi Htet
´´´´´´´´´´´´´´´´´´´´´´´´´´
ကျွန်တော် ငယ်စဉ်က ငှက်ကလေးတစ်ကောင်ကိုမွေးထား
လှောင်အိမ်လှလှလေးထဲထည့်ထား
ကျွန်တော်သူ့ကို သိပ်ချစ်တာ..
သိပ်လည်းဂရုစိုက်တယ်
အစာလည်းကောင်းကောင်းကျွေးတယ
" ငှက်ကလေးက လှလိုက်တာ " လို့ပတ်ဝန်းကျင်က
ပြောသွားတဲ့သူတွေရဲ့စကားတွေ
ငှက်ကလေးရဲ့ပိုင်ရှင်ဖြစ်တဲ
သိပ်ပြီးပီတိဖြစ်မိတယ်လေ..
သူ.. ကျွန်တော်နဲ့အဝေးကိုထွက်သွာ
တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးကြောက်လာမိတယ်။
အရမ်းကိုစိုးရိမ်ခဲ့ရတာပါ။
တစ်နေ့.. လှောင်အိမ်တံခါးလေးဖွင့်လျက
မေ့ပြီးမပိတ်ထားမိတဲ့အခါမှာ
အဲ့ဒီငှက်ကလေးက
ကျွန်တော်မမြင်နိုင်လောက်တဲ
ကျွန်တော် သိပ်နာကြည်းခဲ့တာပေါ့
ဘာကြောင့်လဲ ???
ကောင်းကောင်းကျွေး၊ ကောင်းကောင်းထားရဲ့သားနဲ့
နေ့တိုင်းလည်း ဂရုစိုက်ရဲ့သားနဲ့…
အဲ့ဒီမေးခွန်း အဖေ့ကို မေးကြည့်တဲ့အခါ အဖေက ရိုးရိုးလေးဘဲပြန်ပြောလိုက်
" ငါ့သား.. မင်းကို အခန်းတစ်ခုထဲမှာထည့်ထားမယ် အစားကောင်းသောက်ကောင်းတွေပေ
လိုအပ်တာတွေအကုန်ပေးထားမယ်၊
ပြီးတော့ အပြင်ကနေသော့ခက်ထားမယ်၊
မင်း ဘယ်လောက်ထိထိကြာကြာနေနိုင်မ
အဲ့ဒီတုန်းက ကိုယ်က ကလေးအတွေးနဲ့..
" စားစရာတွေ အကုန်
လိုအပ်တာတွေအကုန်ဆိုရင်တော့
နေနိုင်ပါတယ်။ ဒါပေမဲ့ အမြဲတော့
ဘယ်နေနိုင်မှာလဲ အဖေ၊ အပြင်ထွက်ချင်တာပေါ့ "
" ဒါပေါ့ကွာ.. မင်းရဲ့ငှက်ကလေးကို ဘယ်လောက်ဘဲပြည့်စုံအောင်ထား
လှောင်အိမ်ထဲမှာအမြဲတော့ ဘယ်နေနိုင်ပါ့မလဲ
အခွင့်သာတဲ့တစ်နေ့ ထွက်ပြေးမှာပေါ့
သူလည်း လွတ်လွတ်လပ်လပ်ပျံချင်တယ်လေ
ကျွန်တော်နားလည်သွားပြီ၊ အဖေပြောတာမှန်တယ်၊
ထွက်ပြေးသွားတဲ့ငှက်ကလေးမင်
မင်းလွတ်လပ်ခွင့်အတွက် မင်း ရွေးချယ်ခဲ့တာပါဘဲ။
အဲ့ဒီနောက်ပိုင်းတွေမှာ..
အကောင်လေးတွေမမွေးဖြစ်ပါ။
ထွက်ပြေးသွားခဲ့တာတွေအတွက်
ကျန်ခဲ့တဲ့အလွမ်းတွေ မခံစားနိုင်တော့လို့ပါ။
ဒီလိုနဲ့ ကျွန်တော် နည်းနည်းအရွယ်ရောက်လာ၊
အကောင်လေးတွေချစ်တက်တဲ့ ဗီဇ က မကုန်တော့
ကြောင်လေးတွေ မွေးတယ်။
အဲ့.. ဒီတစ်ခါတော့ သူတို့ကို
လွတ်လပ်ခွင့်ပေးထားတယ်
သွားချင်တဲ့နေရာသွားနိုင်တယ
ထိန်းချုပ်မထားတော့ဘူး၊ငါ့ဆ
.. ငါ့ဆီမှာထက် ပိုပြီးပျော်ရမဲ့သူတွေ တွေ့တဲ့အခါ
သူတို့ဆီမှာ သွားနေနိုင်တယ်။
ဒါ ပေ မဲ့… ကြောင်ကလေးတွေ
အဖိုးကြီးအဖွားကြီးဖြစ်သွား
ကျွန်တော့ အိမ်မှာရှိနေဆဲပါဘဲ။
နောက်ဆုံး.. ရင်ထဲမှာ စွဲမြဲနေခဲ့တဲ့စကားတစ်ခွန်း
ချစ်ရတဲ့သူကို ချုပ်နှောင်ထားရလောက်အောင်
ကျွန်တော် အတ္တမကြီးတော့ပါ။
________________________
တစ်ချို့သူတွေအတွက်ပါ
ကိုယ်တစ်ကယ်ချစ်နေပေမဲ့..
ကိုယ့်ကိုစွန့်ခွာသွားတိုင်
သင်က.. သင့်ရဲ့ချစ်သူကို
ဘယ်လောက်ထိချုပ်နှောင်ထားခဲ
Credit ~ Ko Nyi Htet

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။