အင်တာဗျူး အင်္ဂလိပ်စကား (၂)
===================
ပြီးခဲ့တဲ့ တစ်ပတ်က အင်တာဗျူးစတာနဲ့ ပြောလေ့ရှိတဲ့ အခြေခံအကြောင်းအရာတွေပြီးတော့ ဒီတစ်ပတ်မှာလည်း အခြေခံအကြောင်းတွေထဲက အားနည်းချက် နဲ့ ပတ်သက်တာနဲ့ ဝါသနာ/ စိတ်ပါဝင်စားမှု စတဲ့ အကြောင်းအရာများ ကို ဆက်လက် ရေးသားလိုက်ပါတယ်။
• အားနည်းချက်များ
- What are your weaknesses?
ခင်ဗျားရဲ့ အားနည်းချက်တွေက ဘာတွေပါလဲ
- I’d have to say that my main weaknesses are that I am perfectionist and insist on everything being just right, and that I am quite stubborn.
ကျွန်တော်ရဲ့ အားးနည်းချက်က ခြောက်ပစ်ကင်းသဲလဲစင် ဖြစ်ချင်တာ၊ ပြီးတော့ မှန်တယ်လို့ ထင်တဲ့ အရာတိုင်းကို စွဲကိုင်ထားတာတွေပါ၊ ကျွန်တော်က နည်းနည်းခေါင်းလည်းမာတယ်။
- I used to be a bit disorganized at university but I’ve started using to-do list, which has enabled me to prioritize tasks more efficiently.
- တက္ကသိုလ်တုန်းကတော့ ကျွန်တော်က ဖြစ်သလိုပဲ အစီစဉ်မကျ ဖြစ်ခဲ့ဘူးတယ်၊ ဒါပေမယ့် ခုတော့ ကျွန်တော် လုပ်ဆောင်ဖို့ စာရင်းတွေ ချမှတ်ပြီး လုပ်နေပါပြီ အဲဒါက ကျွန်တော့် အတွက် ဦးစားပေး လုပ်ရမယ့် တာဝန်တွေ ကို သိလာပြီးတော့ ပိုပြီးတော့ ထိရောက်ပါတယ်။
- And what about your greatest weakness?
ခင်ဗျားရဲ့ အဓိကအားနည်းချက်က ဘာပါလဲ
- This could be my experience. I’ve only worked full-time for two years now. I think I need more experience.
- အဲဒါကတော့ ကျွန်တော်ရဲ့ အတွေ့အကြုံပေါ့လေ၊ ကျွန်တော်က အချိန်ပြည့်အလုပ်ကို ၂-နှစ်ပဲ လုပ်ခဲ့တယ်၊ ကျွန်တော့် အထင်တော့ ကျွန်တော်မှာ အတွေ့အကြုံ အများကြီး လိုအပ်ပါမယ်။
• Insist on က တစ်ခုခုကို တိုက်တွန်းတာ ပါ၊ သတိထားရမှာက သူ့နောက်က preposition ကို on လိုက်ရပါတယ်။ Prioritize ကတော့ ဦးစားပေးလုပ်ကိုင်တာပါ Prioritise နဲ့ လည်း စာလုံးပေါင်းပါတယ်။
• စိတ်အားထက်သန်မှု
- Would you say you’re an ambitious person?
ခင်ဗျားက ရည်မှန်းချက် ကြီးမားသူလို့ ပြောလို့ရမလား
- Yes, I would say that I’m ambitious. I’m very keen to get a job with a company such as yours where I can make full use of my degree and professional experience. I am a dedicated worker and would hope to gain internal promotion based on my performance at work.
- ဟုတ်ကဲ့ပါ ကျွန်တော်က ရည်မှန်းချက် ကြီးမားသူလို့ ပြောလို့ရပါတယ်၊ ကျွန်တော်က ခင်ဗျားတို့လို ကုမ္ပဏီမျိုးနဲ့ လက်တွဲပြီးတော့ ကျွန်တော်ရဲ့ပညာနဲ့ အတွေ့အကြုံတွေကို အပြည့်အဝ အသုံးချဖို့ အရမ်း စိတ်အားထက်သန်ပါတယ်။ ကျွန်တော်က အလုပ်တစ်ခုမှာ နှစ်မြှပ်ထားတတ်တဲ့သူပါ၊ ပြီးတော့ ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေကို အခြေပြုပြီး လူကြီးမင်းတိုရဲ့ လုပ်ငန်းမှာ ရာထူးနေရာ တိုးတက်မှု ရဖို့လည်း မျှော်လင့်ထားပါတယ်။
• Dedicate က ကြိယာပါ၊ တစ်ခုခုမှာ နှစ်မြှပ်ထားတယ်လို့ အဓိပ္ပာယ် ရပါတယ်။ Dedicated Worker ဆိုတာက အလုပ်ကို စိတ်နှစ်ပြီးလုပ်တဲ့သူလို့ ပြောချင်တာပါ။
• ဝါသနာ နှင့် စိတ်ဝင်စားမှုများ
- Please tell me about your interests outside of work.
ကျေးဇူးပြုပြီး လုပ်ငန်းအပြင် အခြားဘာတွေများ စိတ်ဝင်စားသေးလဲ ပြောပြနိုင်မလား
- I love learning about computers. Sometimes I do programing work for my friends when I have free time.
- ကျွန်တော် ကွန်ပျူတာ လေ့လာရတာကိုလည်း ကြိုက်ပါတယ်၊ တစ်ခါတစ်လေ ကျွန်တော် အားတဲ့ အချိန်မှာ သူငယ်ချင်းနဲ့ ပရိုဂမ် နဲ့ ပတ်သက်တာတွေ လုပ်ပါတယ်။
- What are some of your hobbies or personal interests?
ခင်ဗျားရဲ့ ဝါသနာနဲ့ စိတ်ဝင်စားမှုတွေက ဘာတွေပါလဲ
- I enjoy reading and playing the guitar. I also enjoy surfing the internet and swimming.
ကျွန်တော် စာဖတ်တာနဲ့ ဂစ်တာတီးတာကို ကြိုက်ပါတယ်၊ ရေကူးတာ … အင်တာနက် သုံးတာတွေ လည်းကြိုက်ပါတယ်။
• ဝါသနာ နဲ့ စိတ်ဝင်စားမှုတွေကို ပြောတဲ့အခါ စာဖတ်တာကို ပြောရင် နည်နည်းတော့ သတိထားရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အနောက်တိုင်းသားများက စာဖတ်အားကောင်းတဲ့အတွက် ကိုယ့်ရဲ့ Learning Power ကို အကဲခတ်ဖို့ ဘာစာအုပ်မျိုးတွေ ဖတ်လဲ … ? ဘယ်စာအုပ်ကို ကြိုက်လဲ … ? ဘာကြောင့်ကြိုက်လဲ … ? စသဖြင့် ဒီစာအုပ်ကို ဘယ်လောက် ဖတ်ထားလဲ … အဲဒီစာအုပ်ကို Concept ဘယ်လောက်မိလဲ ဆိုတာကို သိအောင် မေးတတ်တဲ့အတွက် ကိုယ်က စာအုပ်ကို ဖတ်တာတော့ ဖတ်တယ်၊ သေသေချာချာ မသိထားဘူးဆိုရင် ဖြေရတာ အဆင်ပြေမှာ မဟုတ်ပါဘူး၊ အင်တာဗျူးမှာ Skill Question တွေမဟုတ်တဲ့ General Question တွေက ကိုယ့်ရဲ့ Personal နဲ့ Mental ကို အကဲဖြတ်ဖို့ မေးတာဖြစ်တဲ့အတွက် ဘယ်လိုဖြေရမယ်လို့ ပုံသေပြောရခက်ပြီးတော့ Interview ရဲ့ sense ကို ဖမ်းတတ်ဖို့တော့ လိုပါတယ်။
“ အင်တာဗျူးမှာ အဆင်ပြေပြေ ဖြေဆိုနိုင်ကြပါစေ …… ”
အောင်ကိုဦး(UMK)
Be the Best !
နေ့စဉ် အင်္ဂလိပ်ဘာသာစကား ဆိုင်ရာ လမ်းညွှန်စာစုများ၊ သင်ခန်းစာများ လေ့လာ ဖတ်ရှုနိုင်ရင် AELC ရဲ့ Facebook စာမျက်နှာကို Like လုပ်ပြီး Save ထားနိုင်ပါတယ်။
Acuity English Language Center
---------------------------------------
အမှတ် - ၁၀၂ (မြေညီထပ်)၊ အောင်မေတ္တာ ၁-လမ်း၊ (၁) ရပ်ကွက်၊ လှိုင်မြို့နယ်။ (ဘူတာရုံလမ်းမှတ်တိုင်)
သင်တန်းအချိန်များ
**************
Level 1
MON to THUR – 07:00 to 08:00 AM
MON to THUR – 09:30 to 10:30 AM
MON & TUE – 06:00 to 08:00 PM
SAT & SUN – 07:00 to 08:30 AM
SAT & SUN – 08:30 to 10:30 AM
SAT & SUN – 04:00 to 06:00 PM
Level 2
MON to THUR – 10:30 to 11:30 AM
WED & THUR – 06:00 to 08:00 PM
SAT & SUN – 10:30 to 12:30 Noon
Level 3
MON to THUR – 11:30 to 12:30 Noon
SAT & SUN – 06:00 to 08:00 PM
Reading
Only Sunday – 01:30 to 03:30 PM
Conversation Club
Only Saturday – 01:30 to 03:30 PM

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။