တရာကျော် တနှစ်ပြည့်သို့
______________________
၁၃ ဂဏန်းရဲ့ လှည့်စားမှုနဲ့အတူ
သားကောင်းတယောက် ထွန်းပေါက်ခဲ့ဘူးတယ်......
ဒဏ္ဍာရီမဟုတ်ဘူး ယုံတမ်းမဟုတ်ခဲ့ဘူး......။
၁၃ ဖေဖော်ဝါရီ ၁၉၁၅ ......
စနေသားလေး တစ်ယောက်.....
နောင်တချိန်မှာ ထွန်းတောက်မယ့်ကြယ်တပွင့်.. .......။
ထွန်းပြောင်တဲ့ မျိုးဆက်သွေး
ဦးမင်းရောင်ရဲ့မြေးကလေး
ငယ်နာမည်က မောင်ထိန်လင်းတဲ့........
ဟိုး..နတ်မောက်မြို့မှာ မွေးခဲ့တာလေ...
ဦဖာနဲ့ဒေါ်စု တို့ရဲ့သားထွေး
ဂျစ်ကန်ကန် ကောင်လေးတယောက်က
ကျုပ်တို့တိုင်းပြည်ရဲ့ အားဆေးဆိုတာ....
ဘယ်သူက သိခဲ့မှာတဲ့လဲ.....
တောက်မယ့်မီးခဲကတော့ တရဲရဲ..........။
တက္ကသိုလ်ကျောင်းသား ဘဝ....
ပကာသနကို ရွံမုန်း
မှုန်တေတေ မျက်နှာထား
ဂွကျကျ စကားတွေက
သားနားချင်မှ သားနားမယ်.....
ရိုးသားဂုဏ် မာန်ပွားလို့
အောင်ဆန်းဆိုတာ ခန်းနားပြီးသားလေ....။
မှိုင်းရဲ့တပည့် အောင်ဆန်း
သမိုင်းထူလို့ သခင်ဘွဲ့ယူ
ကျွန်သဘောက်ဘဝမှာ အညွန့်တလူလူနဲ့.....
ကိုလိုနီကို တွန်းလှန်ဖို့မာန်အားစု
ဂျပန်သွား သုံးကျိတ်ရဲဘော်ကိုဦဆောင်
တပ်မတော်ကို ထူထောင်အသက်သွင်း
လွတ်လပ်ခြင်းသာ ပထမတဲ့.......။
တောင်တန်းနဲ့ မြေပြန့်ပေါင်းစု
ပင်လုံကို သက်သေပြု.......
ညီညွတ်ခြင်းရဲ့ အင်အားနဲ့
လွတ်လပ်ရေး အလံကိုထူ
ဇမ္ဗူတလူ သူလိုလူ........။
သြော်....ယောင်ရမ်းလို့ မှန်ရော်
ဒို့ဗိုလ်ချုပ်တောင် တရာကျော်လို့တနှစ်ပြည့်ခြဲ့ ပီ........။
Nyo Chaw...
______________________
၁၃ ဂဏန်းရဲ့ လှည့်စားမှုနဲ့အတူ
သားကောင်းတယောက် ထွန်းပေါက်ခဲ့ဘူးတယ်......
ဒဏ္ဍာရီမဟုတ်ဘူး ယုံတမ်းမဟုတ်ခဲ့ဘူး......။
၁၃ ဖေဖော်ဝါရီ ၁၉၁၅ ......
စနေသားလေး တစ်ယောက်.....
နောင်တချိန်မှာ ထွန်းတောက်မယ့်ကြယ်တပွင့်..
ထွန်းပြောင်တဲ့ မျိုးဆက်သွေး
ဦးမင်းရောင်ရဲ့မြေးကလေး
ငယ်နာမည်က မောင်ထိန်လင်းတဲ့........
ဟိုး..နတ်မောက်မြို့မှာ မွေးခဲ့တာလေ...
ဦဖာနဲ့ဒေါ်စု တို့ရဲ့သားထွေး
ဂျစ်ကန်ကန် ကောင်လေးတယောက်က
ကျုပ်တို့တိုင်းပြည်ရဲ့ အားဆေးဆိုတာ....
ဘယ်သူက သိခဲ့မှာတဲ့လဲ.....
တောက်မယ့်မီးခဲကတော့ တရဲရဲ..........။
တက္ကသိုလ်ကျောင်းသား ဘဝ....
ပကာသနကို ရွံမုန်း
မှုန်တေတေ မျက်နှာထား
ဂွကျကျ စကားတွေက
သားနားချင်မှ သားနားမယ်.....
ရိုးသားဂုဏ် မာန်ပွားလို့
အောင်ဆန်းဆိုတာ ခန်းနားပြီးသားလေ....။
မှိုင်းရဲ့တပည့် အောင်ဆန်း
သမိုင်းထူလို့ သခင်ဘွဲ့ယူ
ကျွန်သဘောက်ဘဝမှာ အညွန့်တလူလူနဲ့.....
ကိုလိုနီကို တွန်းလှန်ဖို့မာန်အားစု
ဂျပန်သွား သုံးကျိတ်ရဲဘော်ကိုဦဆောင်
တပ်မတော်ကို ထူထောင်အသက်သွင်း
လွတ်လပ်ခြင်းသာ ပထမတဲ့.......။
တောင်တန်းနဲ့ မြေပြန့်ပေါင်းစု
ပင်လုံကို သက်သေပြု.......
ညီညွတ်ခြင်းရဲ့ အင်အားနဲ့
လွတ်လပ်ရေး အလံကိုထူ
ဇမ္ဗူတလူ သူလိုလူ........။
သြော်....ယောင်ရမ်းလို့ မှန်ရော်
ဒို့ဗိုလ်ချုပ်တောင် တရာကျော်လို့တနှစ်ပြည့်ခြဲ့
Nyo Chaw...

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။