Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 15, 2016

တူမောင်ကြီးသိန်းစိန်သို့ပေးစာ - ၂၅

တူမောင်ကြီးသိန်းစိန်သို့ပေးစာ - ၂၅
====================

သို့
တူမောင်ကြီး
ဘကြီးစာရေးလိုက်တယ်

ငါ့တူကြီးပို့လိုက်တဲ့ စွမ်းဆောင်ရည်ထူးချွန်ဆုတံဆိပ်ကို ဘကြီးလက်ခံရရှိပါတယ်
ကျေးဇူးလည်း အရမ်းတင်ပါတယ်
နောက်ဆုံးပိတ် အိတ်နဲ့လွယ် ဆိုသလိုပဲ ကိုယ့်လူရင်းတွေကို အခုလိုပေးတဲ့အတွက် အရမ်းကောင်းပါတယ်ကွယ်

ငါ့တူကြီးကိုတော့ ဘကြီးလေးစားလျက်ပါ
သူများတွေ ဆန်ရင်းနာနာဖွတ်နေချိန်မှာ ငါ့တူကြီးက ကိုယ့်ငါးချဉ် ကိုယ့်ချဉ်ပြလိုက်တာ အားရသကွယ်

ဒါနဲ့ တံဆိပ်ရုပ်တုလုပ်တာက တခြားအကယ်ဒမီဆုတွေလို ကြယ်လေးဘာလေး လှမ်းယူနေတဲ့ပုံကိုမထုပဲ ဘာဖြစ်လို့ အလုံးတလုံးကိုဝိုင်းမနေသလိုပုံမျိုးထုရတာလဲကွယ်
အဲ့တခုကတော့ ဘကြီးသိပ်သဘောမကျလှဘူးကွယ်
မသိရင် ဟိုလူတွေပြောတဲ့ ဘောမ နေသလိုကြီးဖြစ်နေသလားလို့
မ တော့လည်း မ တာပေါ့ကွယ်
အခုလို လူတွေအလုံးတလုံးကို ဝိုင်းမနေတဲ့ပုံကြီးကို ပေါ်တင်ကြီးဆုပေးတာကတော့ သူများပြောစရာဖြစ်တာပေါ့ကွယ

ဒါပေသိ ဘယ်သူ့မှတော့ ဂရုစိုက်နေစရာမလိုပါဘူးကွယ်
အရေးကြီးတာ ကိုယ့်လူတွေကို ပေးတယ်ဆိုရင် ပြီးတာပါပဲ
နောက်ဆိုရင် ငါ့တူကြီးလို ကိုယ့်လက်အောက်ငယ်သားကို အလုပ်မလုပ်လည်း ချီးမြောက်တဲ့ခေါင်းဆောင်မျိုး ကြုံရတော့မှာမဟုတ်ဘူးကွယ့်

အခုလွှတ်တော်အသစ်ဆိုရင် ပိုတောင်ဆိုးသေးသကွယ့်
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေ့စားခ နှစ်သောင်းတောင် ဖြတ်ပြီး မီးဘေးမှာလှူကြသတဲ့ကွယ်
ရာဇဝင်ရိုင်းလိုက်လေကွယ်
ဒါလှူစရာလားကွယ့်
ငါ့တူကြီးတို့မှာ မစားရက်၊မသောက်ရက်နဲ့ စုဆောင်းနေကြတဲ့အချိန်မှာ အခုလိုကြီး ထလုပ်လိုက်တော့ ငါ့တူကြီးတို့အဖွဲ့ကပဲ ပြည်သူတွေကို မသထာသလိုလိုဖြစ်နေတာပေါ့ကွယ
သထာတယ်ဆိုတာလည်း အခုလို ကိုယ့်အိတ်ထဲကငွေကိုတော့ လှူစရာလားကွယ့်
နိုင်ငံတော်ငွေနဲ့ တယောက်ယောက်ကို လုပ်ခိုင်းပြီး ကိုယ်တွေကနာမည်ခံလိုက်ရင် ပီးတဲ့ကိစ္စကို လျှောက်လုပ်နေကြတယ်

ပြီးခဲ့တဲ့ ငါးနှစ်တာမှာ ဘယ်တုန်းကမှမရှိတဲ့အစဉ်အလာကို ထလုပ်နေကြတယ်
အတော် အဆန်းထွင်တဲ့ဟာတွေပဲကွယ်
ပြည်သူတွေ ဒုက္ခရောက်နေကြတာက အခုမှမဟုတ်ပဲကွယ်
ဒါကို အရေးတယူလုပ်ပြီး နေ့စားခဖြတ်တယ်ဆိုတော့ တော်တော်များသွားပြီကွယ့်

ငါ့တူကြီးကိုယ်တိုင် ဘုရားဆင်းတုတွေသွားလှူနေတာပဲကွယ်
ကျန်တာ ဘာထပ်လှူစရာလိုတာမှတ်လို့
ဘုရားရိပ်၊ တရားရိပ် ကအအေးချမ်းဆုံးမို့လို့ ဘုရားဆင်းတုတော်လှူထားတာကို အပြောခံက မလွတ်ချင်ဘူးကွယ့်

မရှိလို့ မလှူ၊ မလှူလို့မရှိ မဖြစ်ရလေအောင် အိမ်တိုင်ယာရောက် ဘုရားပင့်လာပေးတာတောင် ဘေးကလူတွေက အပြစ်ဝိုင်းတင်နေကြသေးတယ်
အတော်အကုသိုလ်များကြတာ ကလားကွယ့်

နေစရာမရှိလည်း ဘာအရေးလဲကွယ်
ဆင်းတုတော်အရိပ်မှာနေပေါ့ကွယ်
စားစရာမရှိတော့ ဘာအရေးလဲကွယ်
ဆင်းတုတော်ဆီကဆွမ်းတော်ပွဲစွန့်စားကြပေါ့ကွယ်
ဒီလောက်အတုမဲ့ဘုရားရှင်ကို ပင့်ပေးထားတာတောင် မလုံလောက်သေးဘူးလားကွယ်
လူတွေကတော့ အတော်ခက်ပါတယ်ကွယ်

ဘုရားတရားမမေ့စေချင်လို့ ငါ့တူကြီးကိုယ်တိုင် ရှေ့ဆောင်လမ်းပြ လုပ်နေပါလျက်ကယ်နဲ့ လိုက်မလုပ်ချင်ကြဘူးကွယ့်
ဒီလို ကိစ္စမျိုးကျပြန်တော့ ဆင်းရဲသားတွေက ကံထူးကြပြန်ရောကွယ့်
ဘယ်နေ့ဘူဒိုဇာနဲ့လာထိုးမလဲဆိုပြီး ဘုရားတရား တနေကြရတဲ့အတွက် ကုသိုလ်တွေအတော်များကြရပါတယ
သူတို့တွေကတော့ သိတတ်ကြပါတယ်
ငါ့တူကြီးကို မေတ္တာပို့ကြတယ်ကွယ့်
လက်ပန်းတောင်းတောင်က ပြည်သူတွေဆိုရင် ငှက်ပျောပွဲ၊ အုန်းပွဲနဲ့တောင် ဆုတောင်းပေးကြတယ်ဆိုပဲ
မေတ္တာရောင်ပြန်ဟပ်တယ်ခေါ်တာပေါ့ကွယ်

တချို့ကျူးကျော်တွေဆိုရင် နှစ်ပေါင်းဆယ်ချီပြီး ကြာနေကြပြီတဲ့ကွယ်
ငါတူကြီးတို့အဖွဲ့တွေ မြေပေါတာကို အခွင့်ကောင်းယူပြီး ရွာတည်ပြီးတောင် နေကြသတဲ့
ဘယ်လောက်များ ပမာမခန့်နိုင်လိုက်သလဲကွယ်
အခု ရာထူးကအနားယူတော့မှာမို့ ရောင်းစား၊ပေါင်စားဖို့ကြည့်တော့ သူတို့ကနေနေကြပြီ
တချို့ရွာဆို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ အတော်ကိုစည်နေကြပြီကွယ့်

ဒါပေသိ
ဒါက ဘာအရေးလဲကွယ်
ဘုန်းကြီးကျောင်းမကလို့ ဇေတဝန်ကျောင်းဖြစ်နေရင်တောင် ကလော်ထုတ်ရမှာမို့လားကွယ့်
အဲဒီနေရာကျတော့ ငါ့တူကြီး ဆင်းတုတော်တွေကို ဝေစရာမလိုတော့ဘူးကွယ့်
ဘုန်းကြီးကျောင်းဖျက်လိုက်တာ ဘုရားဆင်းတုတော်တွေလည်း ကျောင်းပျောက်သွားသကွယ့်

ဘုရားက ဘုရား
ဥပဒေ ဥပဒေလေကွယ်
ဒါလုပ်ရမှာကွယ့်
မြတ်စွာဘုရားရှင်ကိုယ်တိုင် သီတင်းသုံးနေရင်တောင် ဘူဒိုဇာလက်က ပြေးမလွတ်စေရဘူးဆိုတာ ဘကြီးယုံတယ်
အဲသလို ပြတ်ပြတ်သားသားဖြစ်နေရမယ်လေကွယ်
ဥပဒေအထက်မှာ ငါ့တူကြီးတို့အစိုးရအဖွဲ့ကလွဲရင် ဘယ်သူမှ မရှိတာကောင်းပါတယ်ကွယ်

ပြည်သူ့အိမ်တွေ
စာသင်ကျောင်းတွေ လာပြောနေစရာမလိုပါဘူးကွယ်
မြတ်စွာဘုရားအမှူးရှိတဲ့ သံဃာတွေသီတင်းသုံးတဲ့ ကျောင်းတောင် အဖျက်ခံရတဲ့အထဲပါပါတယ်ဆိုမှ သူတို့အိမ် ဖျက်ခံရတာ ရေးကြီးခွင်ကျယ်လုပ်နေကြတယ်
အတော်လေ့လာအားနည်းတဲ့ လူတွေပဲကွယ်

ငါ့တူကြီးလူတွေကလည်း ပြောရှာပါတယ်
နောက်အစိုးရသစ်အတွက် ကျူးကျော်ကိစ္စရှင်းပေးကြတာပါလို့
ဒါလည်း ဟုတ်တာပေါ့
ကျူးကျော်နေထိုင်သူတွေတော့ မရှိတော့ဘူးလေကွယ်
အဲ
နေစရာမဲ့ ဒုက္ခသည်တွေလောက်တော့ ရှိမှာပေါ့ကွယ်
ဒီလောက်တော့ ရှိမှာပေါ့ကွယ်
အိမ်တွေက ထိုးဖျက်လို့ရပေမယ့်
လူတွေက သတ်ပစ်လို့မရတော့ ကျန်နေတာပေါ့ကွယ်
ဒါလေးတော့ နောက်အစိုးရရှင်းကြပေါ့ကွယ်

ငါ့တူကြီးတို့အဖွဲ့တောင် ဒီလိုပဲနေရာကဆင်းပေးလိုက်တော့ ဖြစ်သလိုနေကြစားရတာမို့လားကွယ့်
ဘဝတူတွေပေါ့ကွယ်

တနေ့က
တပ်မတော်က လေယာဉ်တစီးပျက်ကျတာနဲ့ပက်သက်ပြီး တချို့တွေပြောနေကြတာ သိပ်ဟန်မရဘူးကွယ်
သူ့ဟာသူ လေယာဉ်ပျက်တာဆိုတော့ ပြည်သူတွေက သနားကြပါတယ်ကွယ်
လူတိုင်းစိတ်မကောင်းဖြစ်နေကြတာပေါ့

အဲဒါကို တချို့ကောင်တွေက ရွာဖျက်မလို့ကြံစည်ပြီးမှ အသေခံပြီးကာကွယ်သွားသလို ပြောနေကြတာကတော့ သိပ်မဟုတ်သေးပါဘူးကွယ်

ဘုန်းကြီးကျောင်းသားသေတာကို ဧယဉ်ကျူးပြနေတာကတော့ တော်တော်အချိုးမပြေတဲ့ ကိစ္စကွယ့်
အတော့်ကို လွဲမှားတဲ့ လော်မာမှုပဲကွယ်

တချို့ငယောင်တွေကလည်း တပ်မတော်သားတွေကို အရမ်းဂုဏ်ဖော်လွန်းတယ်ကွယ်
သူ့အလုပ်သူလုပ်တာကို ထိုင်ပြီးအမွှန်းတင်နေကြတာ အမြင်ကပ်စရာတောင်ကောင်းသေးတယ်
သူ့ဟာသူနေတာကအကောင်း၊ ငယောင်တွေထပြီး ဂုဏ်ဖော်လိုက်မှ မြောင်းထဲကိုရောက်ရော

ဘကြီးတောင် ဟိုပုံပြင်လေးသွားသတိရသေး
ခြင်္သေ့ဂူစောင့်တဲ့ခွေးက ခြင်္သေ့အကြောင်းကို တောထဲကိုလှည့်ပတ်ကြွားတဲ့အခါ ငါတို့ခြင်္သေ့က ဒီလိုဟိန်းတာဆိုပြီး ဟိန်းပြသတဲ့..
ခွေးဆိုတော့ ဟောင်သံ၊ အူသံ ပဲထွက်လာတာပါ့ကွယ်

အခုလည်း တပ်မတော်က သူ့အလုပ်သူလုပ်တာကို အတင်းတွန်းတင်နေကြတာ မြင်လို့တောင်မကောင်းဘူးကွယ

တပ်မတော်ဆိုတာ
၁။ စစ်တိုက်ရန်
၂။ စစ်တိုက်ရန်မရှိက လေ့ကျင့်ရန်
၃။ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်ရန်
ဒီလုပ်ငန်းစဉ်သုံးရပ်နဲ့ သူ့ဟာသူသွားနေတာကို မသိရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်၊ ကိုယ့်စရိတ်ကိုယ်စားပြီး လုပ်နေရသလို ပြောနေကြတာကတော့ ပိုကိုပိုလွန်းပါတယ်ကွယ်

တချို့ဆို စုတ်ပြတ်နေတဲ့ တပ်မတော်သားတွေ အစားဆင်းရဲ၊ အနေဆင်းရဲဖြစ်နေတာကို ပြပြီး ဒီလိုနေနိုင်၊စားနိုင်လားဆိုပြီး ဂုဏ်ဖော်နေသေးတယ်ကွယ်
ခြံစောင့်အလုပ်ဝင်လျှောက်လို့ ခြံစောင့်ရတာကို တအိမ်လုံးကို သူလုပ်ကျွေးနေသလိုပြောနေပုံကတော့ သိပ်ကျပ်ပြည့်တဲ့ပုံစံတော့မဟုတ်ဘူးကွယ့်

ထားပါကွယ်
တပ်မတော်အကြောင်းပြောရတာ သိပ်အဆင်မပြေပါဘူး

ဒါနဲ့
ငါ့တူကြီးက လွှတ်တော်အသစ်ကို ဥပဒေအတိုင်းလုပ်ကြဖို့ သဝဏ်လွှာပို့တယ်ဆိုကွယ့်
ဒါလုပ်သင့်တယ်ကွယ့်

လူသစ်တွေဆိုတာ အထှာနပ်ကြတာမဟုတ်ဘူး
အဲသလို ထိန်းကျောင်းပေးမှဖြစ်မှာကွယ့်
ဒီလူသစ်တွေက အလကားနေ ပြည်သူ့ဆန္ဒဆိုတာကိုပဲ ထည့်ထည့်ပြောနေကြတာ
အဲဒါ သိပ်မဟုတ်သေးဘူးလေကွယ်

ပြည်သူဆိုတာ ကိုယ့်လက်အောက်မှာလေကွယ်
ကိုယ်လုပ်ချင်သလို လုပ်လို့ရနေတာပဲကွယ်
ဘာဦးစားပေးစရာလိုတာမှတ်လို
အခါတိုင်းလည်း ဒီလိုပဲ လုပ်နေကြတာပဲဟာ
ဘယ်သူ့မျက်နှာမှကြည့်စရာမလိုဘူးလေကွယ်
ကိုယ့်လူတွေမျက်နှာလောက်ပဲ ကြည့်ပြီး ကျန်တာကတော့ သူ့ထိုက်နဲ့သူ့ကံပေါ့ကွယ်

ဖျက်စရာရှိဖျက်၊ ဖမ်းစရာရှိ ဖမ်း၊ မမြင်ချင်ယောင်ဆောင်စရာရှိတာ ဆောင်ပြီး နေလို့ရနေတာကို ဒုက္ခရှာပြီး ပြည်သူ့ဆန္ဒလိုက်လုပ်နေရင် အိတ်ထဲကတောင် စိုက်ပေးရအုံးမယ်မို့လားကွယ

ဟိုကောင်မလေး ဗိုလ်ချုပ်သမီးဆိုရင် ဘယ်လောက်သနားစရာကောင်းသလဲ
သူ့မှာ အခုနေတဲ့ အိမ်တလုံးပဲရှိတော့တယ်
စာအုပ်ရောင်းရငွေတွေရော၊ ဆုကြေးငွေတွေရော စုလိုက်ရင်တောင် မီလျံနာဖြစ်နေလောက်ပြီ
ဒါပေမယ့် ဒီကောင်မလေးက ပြည်သူ့အတွက်ပဲ လျှောက်လုပ်ပေးနေတာဆိုတော့ ဘယ်မှာ ချမ်းသာလို့လဲကွယ်

အဲဒါ မနပ်သေးတာကွယ့်
ငါ့တူကြီးတို့အဖွဲ့တွေဆိုရင် ဆယ်သက်စားမကုန်တဲ့ စည်းစိမ်တွေနဲ့၊ တချို့ဆို သူ့အိမ် ဘယ်နှစ်လုံးရှိပြီး မြေဘယ်လောက်ပိုင်မှန်းတောင် မသိလောက်အောင် ချမ်းသာနေကြတယ်လေကွယ်

အဲဒါကြောင့် မောင်ဌေးဦးက ပြောတာပေါ့
သူတို့အစိုးရအဖွဲ့က ချမ်းသာတယ်ဆိုတာလေ
ဒီကောင်လေးပြောတာ မမှားဘူးဆိုတာ ရိုးသားပါတယ်ဆိုတဲ့ ငါ့တူကြီးရဲ့ နေပြည်တော်လမ်းမကြီးဘေးက လျှို့ဝှက် အပန်းဖြေအိမ်နဲ့ သရက်ခြံတွေကိုကြည့်ပြီး ဘကြီးသိပါတယ်ကွယ်

တော်ပါသေးရဲ့ကွယ်
ရိုးသားတဲ့ ငါ့တူကြီးက သမ္မတဖြစ်လို့ပေါ့

တခြားတယောက်ယောက်သာ သမ္မတဖြစ်လို့ကတော့ ဘကြီးတို့လည်း အိပ်ယာလိပ်ထမ်းပြီး ပတ်ပြေးနေရမယ့်အဖြစ်ကွယ့်

ကဲ..
စာလည်း ရှည်သွားပြီ
ဘကြီးလည်း မြေဂရံလေးသွားလုပ်လိုက်အုံးမယ်ကွယ်
တော်ကြာ ငါ့တူကြီးရဲ့ ဘူဒိုဇာတပ်ကြီးလာရင် အိမ်ဖြိုခံနေရအုံးမယ်
အဲ့တပ်က တကယ်မလွယ်ဘူး
စားခွက်ပျောက်တဲ့ခွေးလိုပဲ၊ အကုန်ပတ်ရမ်းတာကလားကွယ့်

ဒါပဲနော်
ငါ့တူကြီး ကျမ္မာချမ်းသာပါစေကွယ်

#ငါ့တူကြီးရဲ့တောကဘကြီး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။