လိမ္မော်သီးတစ်စိတ်စီ ပေးကြရင်
နေဝင်းဇော် (မြန်အောင်)
ဖတ်မိတဲ့စာလေးတစ်ပုဒ်အပေါ်မှာ ခံစားရင်းဒီဆောင်းပါးလေးကို
ရေးဖြစ်ခဲ့တာပါ။ စာရေးသူကြိုက်တဲ့ ဘာသာပြန်စာရေးဆရာမ နိုင်းနိုင်းစနေရဲ့
“လက်ထဲက လိမ္မော်ချို” ဆိုတဲ့ စာလေးကိုဖတ်လိုက်ရတော့ ရင်ထဲမှာဝေဒနာလေးတစ်ခု
ခံစားလိုက်ရတယ်။
မိဘမဲ့ကျောင်းမှာ ကြီးပြင်လာခဲ့တဲ့ လူငယ်တစ်ယောက်က သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးကို ပြောပြသွားတာပါ။ သူ ကိုးနှစ်သားအရွယ်မှာ မိဘတွေဆုံးပါးသွားတော့ လန်ဒန်ကမိဘမဲ့ကျောင်းမှာ သွားနေခဲ့ရင်းဘဝကို ဖြတ်သန်းခဲ့ရတာလေးပါ။ မိဘမဲ့ကျောင်းဆိုပေမယ့် ထောင်နဲ့မကွာလှပါဘူးတဲ့။ တစ်နေ့ကို ၁၄ နာရီလောက် အလုပ်လုပ်ရတယ်။ ဒီလိုနဲ့တစ်နေ့ပြီးတစ်နေ့ သူ့ရဲ့ဘဝဟာ ဒီအတိုင်းနဲ့ မပြောင်းလဲဘဲ မိဘမဲ့ကျောင်းမှာပဲ နေခဲ့ရတယ်။
သူတို့မိဘမဲ့ကျောင်းသားလေးေ တွဟာ တစ်နှစ်မှာခရစ္စမတ်နေ့တစ်ရက် ပဲ နားခွင့်ရတယ်။ အဲဒီနေ့မှာ ဘုရားသခင်ကို ပူဇော်တဲ့အနေနဲ့ တစ်ယောက်ကို လိမ္မော်သီးတစ်လုံးစီရကြတယ်။ ခရစ္စမတ်မှာ သူများ တွေလို အစားအစာကောင်းတွေ မရှိဘူး။ ကစားစရာ အရုပ်မရှိဘူးတဲ့။ သူတို့တစ်ယောက်ချင်းစီရဲ့ဝေ စု
ဟာ လိမ္မော်သီးတစ်လုံးပဲ ရကြတယ်။ တစ်နှစ်ပတ်လုံးမှာ အမှားမကျူးလွန်တဲ့သူ၊
ပြောသမျှစကားကို နားထောင်ပြီး လိမ္မာတဲ့သူမှ လိမ္မော်သီးကိုစားရတယ်။
ဒါကြောင့် ခရစ္စမတ်ရဲ့လိမ္မော်သီးဟာ သူတို့အ တွက် တစ်နှစ်ပတ်လုံးရဲ့
မျှော်လင့်ချက်ဖြစ်ခဲ့ကြတယ် ။
ဒီလိုနဲ့ ခရစ္စမတ်ပွဲတော်ရက်တစ်ရက်ကို
ရောက်လာခဲ့တယ်။ အဲဒီရက်က သူ့ရဲ့ကမ္ဘာပျက်တဲ့နေ့ပဲ။ ကလေးတွေဟာ
လိမ္မော်သီးရဖို့အတွက် ကျောင်းအုပ်ကြီးရှေ့မှာ တန်းစီနေချိန်
သူကအခန်းရဲ့ထောင့် တစ်နေရာမှာ အပြစ်ပေးတာခံနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့
သူဟာအဲဒီနှစ်နွေရာသီတုန်းက ကျောင်းကနေထွက်ပြေးဖို့
ကြိုးစားခဲ့တဲ့အပြစ်ကြောင့် ဖြစ်တယ်။
လိမ္မော်သီးရတဲ့ကလေးတွေ ခြံထဲကစားခွင့်ရတဲ့အချိန်မှာ
သူကအိပ်ခန်းထဲမှာ တစ်နေကုန်လဲလျောင်း နေရတယ်။ သူဒီနေ့အတွက်
အလွန်ခံစားနေရတယ်။ သူများတွေပျော်လို့ မပျော်ရတဲ့အခြေအနေမှာ လောကကြီးကို
သူစိတ်နာမုန်းတီးလို့နေတယ်။
ခဏနေတော့ သူခြေသံတစ်ခု ကြားလိုက်ရတယ်။ သူ့ရဲ့စောင်ကို ခြေသံပိုင်ရှင်က ဆွဲလှန်လိုက်တယ်။ သူ မျက်စိဖွင့်ကြည့်လိုက်တော့ ဝီလီလို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ခုတင်ရှေ့မှာရပ်နေတာကို တွေ့လိုက်ရတယ်။ ဝီလီရဲ့ညာဘက်လက်မှာ ဆုပ်ကိုင်ထားတာက လိမ္မော်သီးတစ်လုံး။ ဝီလီက လိမ္မော်သီးကို သူ့ကိုကမ်းပေးလိုက်တယ်။ သူစဉ်းစားလိုက်တယ်။ ကလေးတစ်ယောက်ကို လိမ္မော်သီး တစ်လုံးပဲရချိန်မှာ ဝီလီရဲ့လက်ထဲဘာကြောင့် လိမ္မော်သီးနှစ်လုံး ရှိနေရတာလဲပေါ့။
ဝီလီက သူ့လက်ထဲကို လိမ္မော်သီးပေးလိုက်တဲ့အချိန်မှာ လိမ္မော်သီးစိတ်ကလေးတွေကိုစု ထားပြီး လိမ္မော်သီးတစ်လုံးဖြစ်အောင် သူငယ်ချင်းတွေက ပေးလိုက်တယ်ဆိုတာကို သူသဘောပေါက်သွား တယ်။ ကျောင်းကပေးတဲ့ ခရစ္စမတ်လက်ဆောင်ကို သူမရပေမယ့် သူ့ရဲ့သူငယ်ချင်းတွေပေးတဲ့လ က် ဆောင်ကို သူရလိုက်တယ်။ သူ့ရင်ထဲအလွန်ပျော်သွားတယ်။ သူတို့ရဲ့ စစ်မှန်တဲ့သူငယ်ချင်းပီသမှုကို သူခံစားလိုက်ရတယ်။ သူငယ်ချင်းမိတ်ဆွေဆိုတာ ဘဝမှာအကောင်းဆုံးအဖော်ဆိုတာ ကိုလည်း သူသိ သွားခဲ့တယ်။
ဒီစာလေးဆုံးသွားပါပြီ။ စာရေးသူရင်ထဲ တစ်ခုခုကျန်ခဲ့တယ်။ ဘာကျန်ခဲ့တာလဲ တွေးမိတယ်။ ငယ် ရွယ်တဲ့ကလေးတွေကို ဒီအကြောင်းအရာလေး ပြောပြလိုက်ရင်လည်း သူတို့ရဲ့စိတ်ထဲမှာ သူငယ်ချင်း မိတ်ဆွေဆိုတာ အခက်အခဲ၊ အကျပ်အတည်းဖြစ်ပြီး အားငယ်နေချိန်မှာ ကူညီသင့်တဲ့အရာပါလားလို့ တွေးတတ်ခေါ်တတ်လာမယ်။ စာရေးသူတို့တွေဟာ လောကကြီးထဲမှာ ကျင်လည်နေကြတယ်။ လူဆို တာ ပတ်ဝန်းကျင်ရယ်၊ အပေါင်းအသင်းတွေရယ်နဲ့ အတူတူနေရတယ်။ တစ်ချိန်မှာ ကိုယ့်မိတ်ဆွေ အပေါင်းအသင်း၊ သူငယ်ချင်း၊ မိတ်ဆွေတွေမှာ အကူအညီလိုလာနိုင်တယ်။ ကိုယ်ကိုယ်တိုင်လည်း အကူအညီလိုအပ်လာနိုင်တယ်။ ဖတ်လိုက်ရတဲ့စာထဲက မိဘမဲ့ကျောင်းက ကလေးတွေလို စာရေးသူ တို့ လုပ်နိုင်ပါ့မလား။
အသင်းအဖွဲ့တွေထဲမှာ အတူတူလုပ်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အကူအညိလိုအပ်လာရင်ရော၊ သာရေး၊ နာရေးရှိကြရင် လိမ္မော်သီးတစ်စိတ်ချင်းပေးသ လို အကူအညီတွေကို အသင်းအဖွဲ့ထဲက လူတွေကသူ့အလှည့်ကိုယ့်အလှည့် 
မခွဲခြားဘဲပေးနိုင်အောင် ကြိုးစားကြစေချင်တယ်။ ကိုယ့်မှာအကူ အညီလိုရင်သာ
တောင်းတတ်ပြီးတော့ သူများအကူအညီလိုလို့ မေးတာတွေလည်း လောကကြီးမှာ
တွေ့နေရတယ်။ ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေပါ။ ဒါပေမယ့်
စာရေးသူရဲ့ စိတ် ရင်းကတော့ ကိုယ်ကသာကူညီလိုက်ပါ။ သူပြန်မကူညီရင်လည်း
အပြစ်မမြင်ပါနဲ့။ ကိုယ့်ကိုကူညီမယ့် သူပေါ်လာပါလိမ့်မယ်။
ဒါတွေကိုစာရေးသူကိုယ်တိုင် ခံစားဖူးလို့ပါ။
စာရေးသူတို့တစ်တွေ ကိုယ့်ထက်ငယ်တဲ့သူတွေကိုလည်း ဒီလိုမျိုးကူညီတတ်အောင်၊ အားပေးတတ် အောင် သင်ပေးပါ။ ကျေးရွာလေးတစ်ခုက မူလတန်းကျောင်းလေးတစ်ကျောင်းကို
အာဟာရကျွေးရ အောင် စာရေးသူရောက်ခဲ့တယ်။ ကျောင်းသားလေးတွေကို
စကားပြောချင်တာနဲ့ သူတို့တွေစုနေတဲ့ နေရာကိုသွားပြီး
စကားတွေပြောဖြစ်ခဲ့တယ်။ မူလတန်းကျောင်းသားလေးတွေဆို တော့ သူတို့နဲ့စကား ပြောရတာ ပျော်စရာကောင်းတယ်။
ဘာတစ်ခုကိုမေးမေး သူတို့လုဖြေတယ်။ ကျောင်းအုပ်ဆရာကြီးရဲ့နာမည် ကို
မေးတဲ့အချိန်မှာတော့ သူတို့မဖြေနိုင်တာကို တွေ့ရတယ်။
သူတို့ဆရာကြီးရဲ့အမည်ကို မသိကြပါဘူး။ အခြားသင်ကြားရေး ဆရာတချို့ရဲ့
အမည်တွေကိုပဲ သူတို့ဖြေနိုင်ကြတယ်။ ဆရာကြီးကို ဆရာကြီးလိုပဲ သူတို့သိထားကြ
တယ်။ ဒါတွေဟာချစ်စရာကောင်းတဲ့ အလေ့အကျင့်ကောင်းလေးတွေကို
စာရေးသူကထင်မြင်မိတယ်။
ဒါနဲ့သူတို့ကို မင်းကဘယ်ကလဲ၊ မင်းမိဘတွေက ဘယ်သူတွေလဲလို့ မေးတဲ့အချိန်မှာ သူတို့တစ် ယောက်ချင်း ဖြေကြတယ်။ ဒီနေရာမှာခေါင်းတုံးနဲ့ကောင်လေးတစ်ယောက်အလှည့် ရောက်တဲ့အချိန် မှာ ဘေးက ကလေးတစ်ယောက်က သူကဘုန်းကြီးကျောင်းသားတဲ့။ ဘုန်းကြီးကျောင်းမှာနေတာတဲ့ ။ သူ့မိဘတွေမရှိတဲ့နောက်ပိုင်း
ဘုန်းကြီးက မွေးထားတာလို့ သိရတယ်။ ဒီကလေးကို သူတို့အားလုံးနိုင်
ပုံလည်းရတယ်။ ဒါနဲ့စာရေးသူလည်း ဘုန်းကြီးကျောင်းသားလေးကို
ပေါင်ပေါ်ဆွဲတင်လိုက်တယ်။
မင်းတို့သူ့ကို ဘုန်းကြီးကျောင်းသားဆိုပြီး
မတူသလို၊ မတန်သလို မဆက်ဆံပါနဲ့ကွာလို့။ သူလည်းမင်း တို့လို
အတန်းကျောင်းမှာလာတက်နေတဲ့ မင်းတို့ရဲ့သူငယ်ချင်း အတန်းဖော်တစ်ယောက်ပဲ။
သူ့ကို မင်းတို့လိုပဲ ကျောင်းမှာအခွင့်အရေးအကုန်ရှိတယ်။ သူဌေးသားနဲ့လည်း ခင်ခွင့်ရှိတယ်။ ဆင်းရဲသားနဲ့ လည်း ရင်းရင်းနှီးနှီးနေရာမှာပဲ။ ဘုန်းကြီးကျောင်းသားမို့လို့ ၊
သူဌေးသားမို့လို့၊ ဆင်းရဲသားမို့လို့ဆိုပြီး သူငယ်ချင်းအချင်းချင်းမှာ
ခွဲခြားမှုမရှိရဘူး။ နောက်ဆိုရင် သူ့တို့မင်းတို့ဝိုင်းပြီး
အခြားသူငယ်ချင်းတွေ ခင်သလို ခင်ခင်မင်မင်နေကြရမယ်လို့ ပြောပြခဲ့တယ်။
နောက်ပိုင်းပြန်ကြားရတာက သူတို့သူငယ်ချင်း တွေ အလယ်တန်းရောက်တော့လည်း
အတူတူသွား၊ အတူတူစားကြရင်း တစ်ယောက်နဲ့တစ်ယောက် ခင်ခင်မင်မင်နေကြတယ်တဲ့။
လောကကြီးမှာ ဒီလိုမျိုးလေးတွေချည်းပဲ။ မိတ်ကောင်းဆွေကောင်း၊ သူ
ငယ်ချင်းကောင်းတွေချည်းပဲဖြ စ်နေရင် ကောင်းမှာပဲလို့ တွေးမိတယ်။
စာရေးသူတို့တစ်တွေ မွေးဖွားရာကနေ သေဆုံးချိန်အထိ ကာလလေးက တိုတိုလေးပါ။ စာရေးသူတို့ အသက် ၆၀ အထိ နေရတယ်ဆိုပါတော့။ အနှစ် ၂၀ လောက်က အိပ်ချိန်၊ ဒုတိယအနှစ် ၂၀ လောက် က အလုပ်လုပ်နေရတယ်ဆိုရင် မိတ်ဆွေ၊ သူငယ်ချင်းတွေ တွေ့ရမယ့်အချိန်၊ ရင်းရင်းနှီးနှီးနေရမယ့် အချိန်က ဘာမှမရှိသလောက် ရှားသွားပါပြီ။ ဒီလိုအချိန်လေးမှာ သူငယ်ချင်းတွေစုပြီး လိမ္မော်သီးတစ် ယောက်တစ်စိတ်နဲ့ မိဘမဲ့ကလေးတစ်ယောက်ရဲ့ ပျော်ရွှ့င်မှုကိုပေးသလိုမျိုးလေး ပေးနိုင်ကြရင် အ ကောင်းဆုံးဖြစ်မှာပါ။
မြန်မာ့အလင်းသတင်းစာ
ဇန်နဝါရီလ (၂၀) ရက်၊ ၂၀၁၆ ခုနှစ်
နေဝင်းဇော် (မြန်အောင်)
ဖတ်မိတဲ့စာလေးတစ်ပုဒ်အပေါ်မှ
မိဘမဲ့ကျောင်းမှာ ကြီးပြင်လာခဲ့တဲ့ လူငယ်တစ်ယောက်က သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးကို ပြောပြသွားတာပါ။ သူ ကိုးနှစ်သားအရွယ်မှာ မိဘတွေဆုံးပါးသွားတော့ လန်ဒန်ကမိဘမဲ့ကျောင်းမှာ သွားနေခဲ့ရင်းဘဝကို ဖြတ်သန်းခဲ့ရတာလေးပါ။ မိဘမဲ့ကျောင်းဆိုပေမယ့် ထောင်နဲ့မကွာလှပါဘူးတဲ့။ တစ်နေ့ကို ၁၄ နာရီလောက် အလုပ်လုပ်ရတယ်။ ဒီလိုနဲ့တစ်နေ့ပြီးတစ်နေ့ သူ့ရဲ့ဘဝဟာ ဒီအတိုင်းနဲ့ မပြောင်းလဲဘဲ မိဘမဲ့ကျောင်းမှာပဲ နေခဲ့ရတယ်။
သူတို့မိဘမဲ့ကျောင်းသားလေးေ
ဒီလိုနဲ့ ခရစ္စမတ်ပွဲတော်ရက်တစ်ရက်ကို
လိမ္မော်သီးရတဲ့ကလေးတွေ ခြံထဲကစားခွင့်ရတဲ့အချိန်မှ
ခဏနေတော့ သူခြေသံတစ်ခု ကြားလိုက်ရတယ်။ သူ့ရဲ့စောင်ကို ခြေသံပိုင်ရှင်က ဆွဲလှန်လိုက်တယ်။ သူ မျက်စိဖွင့်ကြည့်လိုက်တော့ ဝီလီလို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ခုတင်ရှေ့မှာရပ်နေတာကို တွေ့လိုက်ရတယ်။ ဝီလီရဲ့ညာဘက်လက်မှာ ဆုပ်ကိုင်ထားတာက လိမ္မော်သီးတစ်လုံး။ ဝီလီက လိမ္မော်သီးကို သူ့ကိုကမ်းပေးလိုက်တယ်။ သူစဉ်းစားလိုက်တယ်။ ကလေးတစ်ယောက်ကို လိမ္မော်သီး တစ်လုံးပဲရချိန်မှာ ဝီလီရဲ့လက်ထဲဘာကြောင့် လိမ္မော်သီးနှစ်လုံး ရှိနေရတာလဲပေါ့။
ဝီလီက သူ့လက်ထဲကို လိမ္မော်သီးပေးလိုက်တဲ့အချိန
ဒီစာလေးဆုံးသွားပါပြီ။ စာရေးသူရင်ထဲ တစ်ခုခုကျန်ခဲ့တယ်။ ဘာကျန်ခဲ့တာလဲ တွေးမိတယ်။ ငယ် ရွယ်တဲ့ကလေးတွေကို ဒီအကြောင်းအရာလေး ပြောပြလိုက်ရင်လည်း သူတို့ရဲ့စိတ်ထဲမှာ သူငယ်ချင်း မိတ်ဆွေဆိုတာ အခက်အခဲ၊ အကျပ်အတည်းဖြစ်ပြီး အားငယ်နေချိန်မှာ ကူညီသင့်တဲ့အရာပါလားလို့ တွေးတတ်ခေါ်တတ်လာမယ်။ စာရေးသူတို့တွေဟာ လောကကြီးထဲမှာ ကျင်လည်နေကြတယ်။ လူဆို တာ ပတ်ဝန်းကျင်ရယ်၊ အပေါင်းအသင်းတွေရယ်နဲ့ အတူတူနေရတယ်။ တစ်ချိန်မှာ ကိုယ့်မိတ်ဆွေ အပေါင်းအသင်း၊ သူငယ်ချင်း၊ မိတ်ဆွေတွေမှာ အကူအညီလိုလာနိုင်တယ်။ ကိုယ်ကိုယ်တိုင်လည်း အကူအညီလိုအပ်လာနိုင်တယ်။ ဖတ်လိုက်ရတဲ့စာထဲက မိဘမဲ့ကျောင်းက ကလေးတွေလို စာရေးသူ တို့ လုပ်နိုင်ပါ့မလား။
အသင်းအဖွဲ့တွေထဲမှာ အတူတူလုပ်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အကူအညိလိုအပ်လာရင်ရော၊ သာရေး၊ နာရေးရှိကြရင် လိမ္မော်သီးတစ်စိတ်ချင်းပေးသ
စာရေးသူတို့တစ်တွေ ကိုယ့်ထက်ငယ်တဲ့သူတွေကိုလည်
ဘာတစ်ခုကိုမေးမေး သူတို့လုဖြေတယ်။ ကျောင်းအုပ်ဆရာကြီးရဲ့နာမည်
ဒါနဲ့သူတို့ကို မင်းကဘယ်ကလဲ၊ မင်းမိဘတွေက ဘယ်သူတွေလဲလို့ မေးတဲ့အချိန်မှာ သူတို့တစ် ယောက်ချင်း ဖြေကြတယ်။ ဒီနေရာမှာခေါင်းတုံးနဲ့ကောင
မင်းတို့သူ့ကို ဘုန်းကြီးကျောင်းသားဆိုပြီး
စာရေးသူတို့တစ်တွေ မွေးဖွားရာကနေ သေဆုံးချိန်အထိ ကာလလေးက တိုတိုလေးပါ။ စာရေးသူတို့ အသက် ၆၀ အထိ နေရတယ်ဆိုပါတော့။ အနှစ် ၂၀ လောက်က အိပ်ချိန်၊ ဒုတိယအနှစ် ၂၀ လောက် က အလုပ်လုပ်နေရတယ်ဆိုရင် မိတ်ဆွေ၊ သူငယ်ချင်းတွေ တွေ့ရမယ့်အချိန်၊ ရင်းရင်းနှီးနှီးနေရမယ့် အချိန်က ဘာမှမရှိသလောက် ရှားသွားပါပြီ။ ဒီလိုအချိန်လေးမှာ သူငယ်ချင်းတွေစုပြီး လိမ္မော်သီးတစ် ယောက်တစ်စိတ်နဲ့ မိဘမဲ့ကလေးတစ်ယောက်ရဲ့ ပျော်ရွှ့င်မှုကိုပေးသလိုမျို
မြန်မာ့အလင်းသတင်းစာ
ဇန်နဝါရီလ (၂၀) ရက်၊ ၂၀၁၆ ခုနှစ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။