ခိုင်မာသောဆုံးဖြတ်ချက်ချပါ
ပြီးခဲ့တဲ့ အခန်းမှာ အောင်မြင်ကြီးပွားဖို့အတွက် ပြင်းပျတဲ့လိုချင်ဆန္ဒရှိဖို့ ဆိုတာ
ရေးပြခဲ့ပြီးပါပြီ။ ဒါနဲ့မလုံလောက်သေးပါဘူး။ နောက်တဆင့်လုပ်ဖို့
လိုလာပြန်ပြီ။ အဲဒါက ဆုံးဖြတ်ချက်တခုခုကို ခိုင်ခိုင်မာမာ ချမှတ်ဖို့ပါ။
ဘာဆုံးဖြတ်ချက်လဲ။ ဒီနေ့ကစပြီး ငါဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့  ဆုံးဖြတ်ချက်ပါ။ အဲဒီလိုဆုံးဖြတ်ချက်ချပြီးတာနဲ့ မိမိရဲ့ဘဝဟာ တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာပြီး မိမိဖြစ်ချင်တာကို ရအောင်လုပ်နိုင်တာ တွေ့ရပါလိမ့်မယ်။ မယုံရင် အောက်မှာရေးပြထားတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချခဲ့ ကြတဲ့ကမ္ဘာကျော်အောင်မြင်ထင်ရှားနေသူတွေအကြောင်းတွေကို ဖတ်ကြည့်လိုက်ပါ။
ဘီလ်ဂိတ် (Microsoft တီထွင်သူ)၊ စတီးဗ်ဂျော့ (Appleကွန်ပြူတာနဲ့ Iphone တီထွင်သူ) နဲ့ မတ်ခ်ဇာကာဘတ် (facebook တီထွင်သူ) တို့ဟာ နာမည်ကြီးအမေရိကန်တက္ကသိုလ်ေ တွမှာတက်နေကြရင်း စာသင်တာတပိုင်းတစနဲ့ကျောင်း ထွက်လိုက်ကြတယ်။ သူတို့ ဘာကြောင့်ကျောင်းထွက်လိုက်ြ ကတာလဲ။ တက္ကသိုလ်တက်ရင်း အချိန်ကုန်နေမဲ့အစား သူတို့ဝါသနာပါတဲ့ ကွန်ပြူတာအလုပ်ကို ဇောက်ချလုပ်တော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကြောင့်ပါ။ အဲဒီလို ခိုင်မာတဲ့ဆုံးဖြတ်ချက်ကြော င့်သာ ယနေ့ သူတို့ဟာ ဘီလျံနာသူဋ္ဌေးကြီးတွေ ဖြစ်လာကြတာပါ။
ဟောင်ကောင်ကျွန်းက လီကာရှင်းဟာ အသက်၁၅နှစ်အရွယ်မှာ မိသားစုအတွက် ဝင်ငွေရှာပေးနေတဲ့ သူ့အဖေဟာ တီဘီရောဂါနဲ့ကွယ်လွန်ခဲ့တယ် ။
သူလဲ တီဘီရောဂါနဲ့ ဆေးရုံမှာ တက်ရောက်ကုသခံနေရတယ်။ သူ့အမေနဲ့
မောင်နှမတွေဟာ စားရမဲ့ သောက်ရမဲ့ဘဝနဲ့ အတော်ကြီးကို ဒုက္ခရောက်နေကြတယ်။ သူလဲ
ဆေးရုံမှာဆိုတော့ ဘာမှမကူညီနိုင်ဘူး။ ဒီတော့ လီကာရှင်းဟာ
ဆုံးဖြတ်ချက်တခုချလိုက်တယ်။ ဘာဆုံးဖြတ်ချက်လဲ။ ဒီလောက်ဆင်းရဲလှတဲ့ဘဝကို စိတ်နာတယ်၊ စိတ်ကုန်သွားပြီ။ ဒီဘဝက လွတ်မြောက်အောင် ချမ်းသာတဲ့သူဋ္ဌေးတယောက်ဖြစ်ေ အာင် လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ပါ။ အဲဒီဆုံးဖြတ်ချက်ချပြီးကတဲက သူဟာ ကြိုးစားစီးပွားရှာခဲ့လို့ ယနေ့ အာရှမှာ အချမ်းသာဆုံးဘီလျံနာသူဋ္ဌေးကြီးတယောက်ဖြစ်နေပါပြီ။
ရောနယ်ဒိုးဟာ ၁၆နှစ်သားအရွယ် ပေါ်တူဂီနိုင်ငံက Sporting Lisbon ကလပ်သင်းရဲ့ ဘောလုံးအကယ်ဒမီကျောင်းမှာ ဘောလုံးသင်တန်းတက်နေရင်းနဲ့ ကျောင်းစာတဖက်နဲ့မို့ သူဝါသနာပါတဲ့ဘောလုံးကို အပြည့်အဝ အာရုံစိုက်မလေ့ကျင့်နိုင်ဘူး။ ဒီတော့ ဘောလုံးကိုပဲအာရုံစိုက်ဖို့ ၉တန်းမှာ ကျောင်းထွက်ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲဒီဆုံးဖြတ်ချက်ချပြီး ဘောလုံးကိုပဲ အာရုံစိုက်လေ့ကျင့်တာကြောင့်  ရော်နယ်ဒိုးဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို အကြိမ်ကြိမ်ရခဲ့ပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားတယောက်ဖြစ်လာခဲ့တယ်။
လူမည်းအမျိုးသမီး အော်ပရာဝင်းဖရီးဟာ အမေရိကန်တက္ကသိုလ်တခုမှာ တက်နေရင်း ဘွဲ့ရဖို့ လပိုင်းလေးအလိုမှာ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးရုပ်မြင်သံကြားကုမ္ပဏီကြီးတခုက သူတို့ဆီမှာ အလုပ်လုပ်ဖို့ကမ်းလှမ်းလာတယ်။
အော်ပရာဟာ သူမ တသက်လုံးလုပ်ချင်နေခဲ့တဲ့ ရုပ်မြင်သံကြားကုမ္ပဏီမှာ
လုပ်မလား၊ ကျောင်းဆက်ပြီး ဘွဲ့ယူမလားဆိုတာ တခုခုကို
ပြတ်ပြတ်သားသားရွေးချယ်ရတော့ မယ်။ ရုပ်မြင်သံကြားကုမ္ပဏီက ကမ်းလှမ်းတဲ့အလုပ်ဟာ သူမ ဘွဲ့ရတဲ့အထိမစောင့်နိုင်လို့ ပါ။ အော်ပရာဟာ ရုပ်မြင်သံကြားကုမ္ပဏီရဲ့ကမ်းလှမ်းချက်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်တယ်။ ရုပ်မြင်သံကြားလုပ်ငန်းနဲ့ အောင်မြင်သွားလို့အော်ပရာရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ (၃)ဘီလီယံရှိလာတာမို့ သူမဟာ အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံး အမျိုးသမီးတယောက်ဖြစ်လာခဲ့တ ယ်။
လူအတော်များများဟာ မိမိရဲ့ဘဝတိုးတက်ပြောင်းလဲေ စမဲ့
အခွင့်အလမ်းတွေတွေ့ရပေမဲ့ ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ
ဆုံးဖြတ်ချက်ချဖို့ ဝန်လေးနေကြတယ်။ တွန့်ဆုတ်နေကြတယ်။ မစွန့်စားရဲကြဘူး။
ဒီတော့ သူတို့ ဘာဖြစ်လာကြသလဲ။ ဘာမှဖြစ်မလာပါဘူး။ အရင်အခြေအနေအတိုင်း
ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့ဘဝနဲ့ပဲ တသက်လုံးနေသွားကြရတယ်။ လူ့ဘဝမှာ
လူဖြစ်လာပြီး လူ့အဆင့်အတန်းမီမီ မနေရတာ လူဖြစ်ကျိုးမနပ်ဘူးလို့ ထင်ပါတယ်။
သူတို့ဟာ အခွင့်အလမ်းဆိုတာ အမြဲတမ်းပေါ်နေတယ်လို့ ထင်ကြတယ်။ တကယ်တော့
အခွင့်အလမ်းဆိုတာ တခါတလေမှ ပေါ်လာတတ်ပြီး ပေါ်လာတဲ့အခွင့်အလမ်းကို
မိမိရရဖမ်းဆုပ်ကိုနိုင်ဖို့ လိုပါတယ်။
စွန့်စားရဲသူတွေကတော့ လူအများလို မဟုတ်ကြဘူး။ မိမိဘဝတိုးတက်ဖို့အတွက် လုပ်သင့်တာကို ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ဆုံးဖြတ်ရဲကြတယ်။ ဆုံးဖြတ်ပြီးရင်လဲ ဇွဲရှိရှိနဲ့ မအောင်မြင်မချင်း လုပ်တတ်ကြတယ်။ ခိုင်ခိုင်မာမာဆုံးဖြတ်ချက် ချရဲသူတွေဟာ ဒီကမ္ဘာမှာ လူအနဲစုလေးပါ။ ဒါကြောင့်လဲ အောင်မြင်ကြီးပွားနေသူတွေဟာ နဲနဲလေးပါ။
ဘာဖြစ်လို့ ဆုံးဖြတ်ချက်ချဖို့ အရေးကြီးကြောင်းပြောရတာလဲ။ သင် တကယ်ပဲ စိတ်ထဲမှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့တြ ပိုင်နက်ထဲမှာပဲ သင့်ရဲ့ဦးနှောက်ထဲက အာရုံကြောတွေက သင့်ရဲ့ခန္ဓာကိုယ်တခုလုံးမှာ ရှိကြတဲ့
အာရုံကြောတွေကို သတင်းပို့လိုက်တယ်။ သင့်ဆုံးဖြတ်ချင်အတိုင်း
လိုက်လုပ်ကြဖို့ပါ။ ဒီတော့ သင့်ခေါင်းထဲမှာ အခွင့်အလမ်းတွေ၊
လုပ်ရမဲ့နည်းလမ်းတွေ အလိုလိုပေါ်လာလိမ့်မယ်။ အဲဒါတွေကို လုပ်ဆောင်ဖို့
သင့်ရဲ့ ခန္ဓာကိုယ်ကလဲ အဆင်သင့်ဖြစ်နေပါပြီ။
ဒါကြောင့် သင် အောင်မြင်ကြီးပွားချင်တယ်ဆိုရင် အင်မတန်ရိုးစင်းလှတဲ့နည်းဖြ စ်တဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်လိုတ ယ်ဆိုတာ မမေ့စေချင်ပါ။
မှတ်ချက်။ အခုရေးလက်စ စာအုပ်ထဲက စာမြည်းလေးတပုဒ်ပါ။
ဗန်းမော်သိန်းဖေ
၂၀၁၆၊ဖေေါ်ဝါရီ(၂၀)ရက်
ပြီးခဲ့တဲ့ အခန်းမှာ အောင်မြင်ကြီးပွားဖို့အတွက်
ဘီလ်ဂိတ် (Microsoft တီထွင်သူ)၊ စတီးဗ်ဂျော့ (Appleကွန်ပြူတာနဲ့ Iphone တီထွင်သူ) နဲ့ မတ်ခ်ဇာကာဘတ် (facebook တီထွင်သူ) တို့ဟာ နာမည်ကြီးအမေရိကန်တက္ကသိုလ်ေ
ဟောင်ကောင်ကျွန်းက လီကာရှင်းဟာ အသက်၁၅နှစ်အရွယ်မှာ မိသားစုအတွက် ဝင်ငွေရှာပေးနေတဲ့ သူ့အဖေဟာ တီဘီရောဂါနဲ့ကွယ်လွန်ခဲ့တယ်
ရောနယ်ဒိုးဟာ ၁၆နှစ်သားအရွယ် ပေါ်တူဂီနိုင်ငံက Sporting Lisbon ကလပ်သင်းရဲ့ ဘောလုံးအကယ်ဒမီကျောင်းမှာ ဘောလုံးသင်တန်းတက်နေရင်းနဲ့
လူမည်းအမျိုးသမီး အော်ပရာဝင်းဖရီးဟာ အမေရိကန်တက္ကသိုလ်တခုမှာ တက်နေရင်း ဘွဲ့ရဖို့ လပိုင်းလေးအလိုမှာ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးရုပ်မြင်သံကြားကုမ
လူအတော်များများဟာ မိမိရဲ့ဘဝတိုးတက်ပြောင်းလဲေ
စွန့်စားရဲသူတွေကတော့ လူအများလို မဟုတ်ကြဘူး။ မိမိဘဝတိုးတက်ဖို့အတွက် လုပ်သင့်တာကို ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ဆုံးဖြတ်ရဲကြတယ်။ ဆုံးဖြတ်ပြီးရင်လဲ ဇွဲရှိရှိနဲ့ မအောင်မြင်မချင်း လုပ်တတ်ကြတယ်။ ခိုင်ခိုင်မာမာဆုံးဖြတ်ချက်
ဘာဖြစ်လို့ ဆုံးဖြတ်ချက်ချဖို့ အရေးကြီးကြောင်းပြောရတာလဲ။ သင် တကယ်ပဲ စိတ်ထဲမှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့တြ
ဒါကြောင့် သင် အောင်မြင်ကြီးပွားချင်တယ်ဆိ
မှတ်ချက်။ အခုရေးလက်စ စာအုပ်ထဲက စာမြည်းလေးတပုဒ်ပါ။
ဗန်းမော်သိန်းဖေ
၂၀၁၆၊ဖေေါ်ဝါရီ(၂၀)ရက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။