Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 11, 2016

လေးဖြူ ပြောတဲ့ ကန္တာရလမင်း

လေးဖြူ ပြောတဲ့
ကန္တာရလမင်း

အဲဒီနေ့က သူ့ဧည့်ခန်းမှာ ဂီတတွေနဲ့ ပြည့်နေပါတယ် ။ လျှပ်စစ်အသံ သေတ္တာ ထဲက ဂီတသံ ၊ သူနဲ့ သူ့ဧည့်သည်တွေရဲ့ ဂီတအကြောင်း ဆွေးနွေးငြင်းခုံ စကားသံတွေနဲ့ပါ ။ ခဏလေးများ အယ်လ်ဘမ်သစ်ထွက်ထားတာ ရက်ပိုင်းပဲ ရှိသေးတဲ့ အချိန်လေးမှာ လေးဖြူနဲ့ ဆုံဖြစ်ခဲ့ပါတယ် ။ လေးဖြူရဲ့ ဖြတ်သန်းမှုမှာ အရေးပါတဲ့ ပထမခြေလှမ်း ပွဲဦးထွက်တေးဖြစ်တဲ့ ကန္တာရ လမင်း ရဲ့ အချိန်ကာလ အကြောင်းကို စကားစ ဖြစ်ခဲ့ပါတယ် ။

'' ပြောရရင်တော့ အဲဒီ ပထမအခွေလုပ်ဖြစ်တာက အောင်မင်းကြောင့်ပါပဲ ။ သူက မိုးကုတ်က ၊ သူငယ်ချင်းပေါ့ ။ မန္တလေးတက္ကသိုလ်မှာ သူက တစ်နှစ်လောက် ဂျူနီယာ ကျတယ် ။ သူက မိုးကုတ်မှာနေတယ် ။ ကျွန်တော်က မုံရွာမှာ အလုပ်လုပ်နေတဲ့အချိန် ၊ ပွဲရုံမှာ အလုပ်လုပ်နေတဲ့ အချိန်ပေါ့ ။ သူကလည်း အဲဒီမှာ စီးပွားရေး လာလုပ်တယ်။ အဲဒီမှာ သူငယ်ချင်းတွေ ပြန်ဆုံကြတော့ ညဘက်ဆို ဂစ်တာတီးကြ၊ သီချင်းဆိုဖြစ်ကြတာပေါ့။ သူက ကျောင်းတက်ကတည်းက အခွေထုတ်ချင်တာ။ ခုချိန်မှာ သူကလည်း လုပ်ငန်းလုပ်နေပြီဆိုတော့ ဒီအခွေကိစ္စ လုပ်မယ်ဆိုပြိး … ၊ သူ့ကိုလည်း ကေအေတီက တွန်းအားပေးပုံရပါတယ် ။ လုပ်ဖြစ်အောင် အားပေးတာပေါ့ ။ သူငယ်ချင်းတွေ အကုန်စုပြီး ၀ိုင်းဝန်းကြမယ် ၊ ဆိုကြ ၊ ရေးကြမယ်၊ ဘယ်လိုမျိုး အကောင်းဆုံးဖြစ်အောင် လုပ်ကြမလဲပေါ့။ သီချင်းလေးတွေကလည်း အဆင့်အတန်းရှိရှိ ဖြစ်ရမယ်ပေါ့ ၊ ဆိုတဲံ အပိုင်းမှာလဲ မလွဲအောင်ပေါ့။ ကျွန်တော် အရမ်းကြိုက်တဲ့ သီချင်းတွေ အပုဒ် ၂၀ လောက် ရွေးလိုက်တယ်။ အဲဒါကိုပဲ အာရုံစိုက်ပြိး detail လုပ်တာပေါ့ဗျာ ။ အခုခေတ် ဒီပလိုမာ တန်းတွေလို ၊ assignment တစ်ခုလို အဲဒါကို အချိန်ယူပြီး လုပ်ပါတယ် ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကနေ ခုချိန်ထိ ကျွန်တော် အကြိုက်ဆုံး သီချင်းတွေ၊ အဲဒါကို အမျိုးမျိုး save လုပ်တာပေါ့ ။ key အမြင့်နဲ့ ဆိုကြည့်လိုက် ၊ အနိမ့်နဲ့ ဆိုကြည့်လိုက် ။ ဘာတွေက ကိုယ့်အတွက်ကောင်းလဲ ၊ ဘာတွေက ကိုယ့်အတွက် အန္တရာယ် ရှိလဲပေါ့ "
သူငယ်ချင်းတွေ စုစည်းပြီး အနုပညာတစ်ခုကို ဖန်တီးခဲ့ကြချိန်ဟာ လေးဖြူအတွက် အလွန်စိတ်ပျော်ရွှင် ကျေနပ်ခဲ့ပုံရပါတယ်။ ၀ါသနာတူ သူငယ်ချင်းတွေ၊ နားလည်မှု ရှိပြီးသူတွေမို့ အလုပ်လုပ်ရတာ အဆင်ပြေခဲ့ပါလိမ့်မယ် ။
"ရွေးထားတဲ့ သီချင်းတွေရဲ့ တစ်ဝက်ကျော်ကျော်လောက်ကို သော်ဒီဝေနဲ့ ရေးဖို့ပါ။ ဒါပေမယ့် သူ ( သော်ဒီဝေ ) နဲ့ ပြောတော့ သူက သိပ်မလုပ်ပေးနိုင်ဘူး ၊ အဲဒီလောက်ထိ မလုပ်ပေးနိုင်ဘူး ပြောပါတယ် ။ ဒါနဲ့ ရသလောက်ပေါ့ ။ သူ့ဆီကလည်း ရသလောက်ယူ ၊ ကေအေတီလည်း ရေးပေါ့ ။ ကိုဝေ ( သော်ဒီဝေ)ကလည်း အဲဒီအချိန်က တခြားကိစ္စတွေ အရမ်းများနေတာဆိုတော့ ကေအေတီရေးတဲ့ သီချင်းတွေကတော့ များသွားတာပေါ့ ။ နိုင်းနိုင်၊ သော်ဒီဝေ ၊ ကေအေတီ ၊ အငဲ ရေးတဲ့ သီချင်းတွေ ပါတယ် "
ကန္တာရ လမင်းဟာ ပရိသတ်ရင်ထဲ ရောက်ခဲ့ပါတယ် ။ အဲဒီအချိန်က လူငယ်တွေရဲ့ လက်ခံအားပေးမှုကြောင့် လေးဖြူ ဆိုတဲ့ အဆိုတော် တစ်ယောက် အဆင်ပြေစွာ ဖြစ်တည်လာခဲ့ပါတယ် ။ အောင်မြင်မှုရဲ့ လမ်းကြောင်းပေါ် သူရောက်ရှိခဲ့တယ် ။ အဲဒီနောက် ပင်လယ်အော်သံ ။ music ကို ပျော်ပျော်ရွှင်ရွှင် ဖန်တီးခွင့်နဲ့ စတင်ခဲ့တဲ့ လေးဖြူရဲ့ အနုပညာ အောင်မြင်မှုဟာ လှေခါးတစ်ထစ်ကို ရောက်လာခဲ့ပါတော့တယ် ။ အဲဒီလို နာမည်ကျော်ကြားလိုမှုအတွက် ရည်ရွယ်ပြီး သူကြိုးစားခဲ့တာလား ၊ ဒီလို နေရာတစ်ခုမှာ ရပ်တည်နိုင်ဖို့ ဆုံးဖြတ်ခဲ့တာလား ။ အဲဒီမေးခွန်းကိုတော့ သူ ငြင်းပါတယ်
" ဒီလို နေရာ တစ်နေရာ ရလာဖို့ အ၇မ်းလုပ်မယ်ဟေ့ ဆိုတဲ့ ခံယူချက် ၊ ဆုံးဖြတ်ချက်နဲ့ ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ဘူးဗျ။ အဲဒီလိုကြီး ဖြစ်အောင်လုပ်မယ်လို့ ၊ ကိုယ့်ကိုယ်ကိုယ် တွန်းမလုပ်ခဲ့ဘူး ။ ကျွန်တော် သူငယ်ချင်းတွေနဲ့ music လုပ်ရတာ ပျော်လို့ လုပ်ခဲ့တာ ။ ဒီဟာကို အချိန်ပေးတယ် ၊ တခြားဟာတွေကို နောက်ဆုတ်ထားလိုက်တယ် ။ အသွေးအသားထဲကိုက ပျော်လို့ပါ ၊ ကုသိုလ်ကံကောင်းတာလည်း ပါပါတယ် ။ အခုခေတ်ကလေးတွေ၊ အဆိုတော် လုပ်မယ်ဆိုတဲ့ ကလေးတွေထက် ကျွန်တော်တို့က အခွင့်အလမ်း ပိုရပါတယ် ။ အဲဒီအချိန်က အဆိုတော်လည်း ဒီလောက်မများဘူး ၊ music က အခုချိန်ထက်ကို ပိုပြီး ထုတ်လုပ်တဲ့ ထုတ်လုပ်နည်း ရိုးစင်းတယ် ။ music business ရယ်လို့ မရှိဘူး။ ကျွန်တော်တို့ သိသလောက်က အဲဒီအချိန်က အဆိုတော် ခပ်များများက music ကို ကြိုက်လို့ music ကို စိတ်ဝင်စားလို့ ဒါကိုပဲ စိုက်လိုက်မတ်တတ် လုပ်လာလို့ ဖြစ်လာကြတာပါ ။ music အတွက်ပဲ အချိန်ပေးပြီး လုပ်ကြတာ "

ဂီတကို အသွေးအသားထဲက ပျော်မွေ့နှစ်လိုတဲ့ အတွက် လုပ်ဖြစ်ခဲ့တဲ့ လေးဖြူရဲ့ ဂီတ ဘ၀ ဖြတ်သန်းမှုဟာ အချိန်ကာလတစ်ခု တိုင်ခဲ့ပါပြီ။ ပရိသတ်အတွက် ၊ လေးဖြူအတွက် ၊ အားလုံးအတွက် အမှတ်ရစရာ အနုပညာတွေကိုလည်း ဖန်တီးပေးနိုငိခဲ့ပါပြီ ။ ကန္တာရ လမင်း ရဲ့ လေးဖြူနဲ့ ခဏလေးများ အယ်လ်ဘမ် ထွက်ပြီးခါစ လေးဖြူ ။ အနုပညာ လုပ်ငန်းအပေါ် အမြင် ၊ အတွေး ၊ ဘယ်လောက်ကွာခြားခဲ့ပြီလဲ ။ အချိန်အပိုင်းအခြား တစ်ခုမှာ လူတွေရဲ့ အမြင်ဟာ ပြောင်းလဲသွားတတ်တာဆိုတော့ …
"ပထမ အခွေထွက်ပြိးတော့ သိလာတယ်။ အမြင်နည်းနည်း ပြောင်းသွားတယ် ။ ကိုယ်မသိလိုက်ဘဲနဲ့ ပြောင်းသွားတာ ။ ကိုယ့်ကိုယ်ကိယ် သိလာတယ် ။ ငါ .. ငါ … ငါ ပေါ့ ။ ဒါမျိုးဆို ငါ မလုပ်ရဘူး ။ ဒါဆိုရင် ငါ လုပ်သင့်တယ် လို့ သိလာတယ် ။ အခုအချိန်မှာတေ့ အရင်က ဒါတွေဟာ ငါလုပ်စရာ မလိုဘူး။ အဖေလုပ်လိမ့်မယ်။ အစ်ကို လုပ်လိမ့်မယ်။ အမေ လုပ်လိမ့်မယ်ပေါ့။ အခုတော့လည်း ဒါက ငါလုပ်ရမှာပါလား ၊ အရင်က မလုပ်ခဲ့တာတွေ၊ ဒါတွေ ငါလုပ်သင့်တယ်၊ အဲလိုမြင်လာတယ်။ အဆင့်တစ်ဆင့်ရောက်ရင် အမြင်တစ်မျိုးပြောင်းသွားသလိုပေါ့။ တက်တာပဲဖြစ်ဖြစ် ၊ ဆင်းတာပဲ ဖြစ်ဖြစ် ကိုယ်ရောက်နေတဲ့ အဆင့်မှာ ကိုယ့်ဘာလုပ်နိုင်သလဲ၊ သူ့အနေအထားနဲ့သူ အကောင်းဆုံး ဖြစ်အောင် လုပ်ရမှာပါပဲ။ ရွေးချယ်ခွင့်ရှိနေသေးတာ၊ ရွေးခွင့်မရှိတာတော့ ရှိတာပေါ့ဗျာ။ သူ့အနေအထားနဲ့သူ အကောင်းဆုံးဖြစ်အောင် လုပ်ရမှာပဲ။ ပစ္စုပန်ကို တည့်တည့်ရှုနိုင်ရင် ကောင်းပါတယ်။ "
ပရိသတ်ရဲ့ နှစ်သက်လက်ခံမှုကို အပြည့်အ၀ရရှိထားတဲ့ လေးဖြူရဲ့ အနုပညာ လမ်းကြောင်းမှာ အောင်မြင်မှုအတွက် ကြိုစားခဲ့ရမှာပါ။ အောင်မြင်မှုရဖို့အတွက် ကြိုးစားမှုဟာ ရာခိုင်နှုန်းဘယ်လောက်ထိ အရေးပါနေမလဲ။ လေးဖြူရဲ့ အမြင်ကတော့ ရိုးရှင်းပါတယ်။
"ပရိသတ်လက်ခံတာကတော့ အခွေထွက်ချိန်မှာ ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ အခြေအနေ၊ ပရိသတ်ရဲ့ လက်ရှိအနေအထား၊ စိတ်အခြေအနေနဲ့ တိုက်ဆိုင်ပါတယ်။ အခွေဖြစ်အောင် လုပ်နေချိန်မှာတော့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ့်ရဲ့ကြိုးစားမှုပေါ်မှာ ၁၀၀% မူတည်တယ်။ လျှော့လို့မရဘူး။ ပြန်လုပ်လို့လည်း မရတော့ဘူး။ စာမေးပွဲ တစ်ခုလိုပါပဲ။ အမှတ်ခြစ်တာ၊ စာမေးပွဲအောင်တာ၊ ကျတာ၊ ဂုဏ်ထူးရတာတွေက တစ်ပိုင်းပေါ့။ ခင်ဗျားရဲ့ ကြိုးစားမှုပေါ်ပဲ မူတည်တယ်။ အခြား ကူညီပံ့ပိုးသူတွေကတော့ ရှိတာပါပဲ။ မောင်ဖြူနဲ့ မလုပ်ဘဲ မောင်မဲနဲ့လုပ်တာ၊ ဒါမျိုးကတော့ ကိုယ့်ရဲ့ ဥာဏ်ပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုနယ်ပယ်မျိုးမဆို ၀င်မယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန်ရှိပါတယ်ဗျာ၊ အဲဒါကတော့ ကိုယ့်ဥာဏ်လေးနဲ့ စဉ်းစားပြီး လိမ္မာပါးနပ်စွာနဲ့ သွားရမှာပေါ့်"
အနုပညာသမား တစ်ယောက်ရဲ့ ဖြစ်တည်မှုမှာ ကြိုးစားမှုကတော့ ၁၀၀% လိုအပ်တယ်လို့ သူက အသေအချာ ယုံကြည်ထားပုံပါပဲ။ အနုပညာနယ်မှာ နေရာတစ်နေရာရဖို့၊ ပရိသတ်လက်ခံဖို့၊ အနုပညာကို ဖန်တီးသူတွေ အများကြီး ရှိပါတယ်။ အချို့ကတော့ အဆင်ပြေစွာ၊ အချို့လည်း အခွင့်အရေးရဖို့ ကြိုးစားရင်း ပရိသတ်မသိလိုက်တဲ့ အနုပညာသမားတွေ အတွက် နောက်ထပ် အခွင့်အရေး ရှိနိုင်ပါသေးလား၊ သူ့ရဲ့ အနုပညာတန်ဖိုးကရော … ။
"သိပ်ရှိတာပေါ့။ ကျွန်တော်တို့၊ ခင်ဗျားတို့ ပန်းချီဆရာကြီး ဦးငွေကိုင်ရဲ့ ပန်းချီကားကို အရှင်လတ်လတ်ကြီး ဘယ်နှစ်ကား တွေ့ဖူးသလဲ၊ ခံစားဖူးသလဲ၊ လက်ချိုးရေလို့ရတယ်နော်။ ဒါပေမဲ့ ဆရာကြိး ဦးငွေကိုင်ဆိုတဲ့ artistက တကယ်ရှိတယ်။ ခင်ဗျားမှာ ရှိတဲ့ ပိုက်ဆံနဲ့ ပန်းချီကား တစ်ချပ် မ၀ယ်နိုင်ဘူး။ ခင်ဗျား မ၀ယ်နိုင်လို့ ၊ အမြဲ မတွေ့ရလို့ ဦးငွေကိုင်ဆိုတာ မရှိခဲ့ပါဘူးလို့ ငြင်းလို့မရဘူး။ သူတကယ်ရှိခဲ့တယ်၊ တကယ်ဆွဲခဲ့တယ်၊ တကယ်ကောင်းနေတာပဲ၊ တကယ်လည်း တန်ဖိုးရှိနေတာပဲလေ။ သူ့ပန်းချီကားတွေကို အမြတ်တနိုးဝယ်ပြီး တစိမ့်စိမ့်ကြည့်၊ အရသာခံနိုင်သူတွေ ရှိမှာပေါ့။ ကျွန်တော်တို့၊ ခင်ဗျားတို့ မ၀ယ်နိုင်၊ မကြည့်နိုင်ဘူး။ ဆရာပေါ်ဦးသက် ပန်းချီကားတွေကို ကျွန်တော်တို့ မ၀ယ်နိုင်ဘူး။ ပေါ်ဦးသက် မဖြစ်တည်ခဲ့ဘူး၊ မန္တလေးမှာ သူမရှိခဲ့ဘူးလို့ ပြောလို့မရဘူး။
လူတစ်ယောက် အခွေလုပ်တယ်၊ မအောင်မြင်ခဲ့ဘူး။ မအောင်မြင်ခဲ့သူတစ်ယောက်ရဲ့ သီချင်းတွေဟာလည်း လက်ရှိအောင်မြင်တဲ့ သီချင်းတွေရဲ့ တန်ဖို့နဲ့ equal ပဲ ။ လူတွေအတွက် အသုံးတည့်တယ်၊ မတည့်ဘူးက တစ်ပိုင်းပေါ့။ လူတွေကြားမှာ ပျံ့နှံ့တာ၊ အောင်မြင်တာက တစ်ကဏ္ဍ၊ ဒီသီချင်းကို လူတွေခဏခဏနားထောင်တယ်၊ ကြိုက်ကြတယ်၊ နှလုံးသည်းခြေကြိုက်ဖြစ်ပြီး လူတွေကြားပျံ့တာက ကဏ္ဍတစ်ခုပါ ။ စီးပွားရေးအရ အောင်မြင်တာ ၊အချိန်ရှိတာက တစ်ကဏ္ဍ။ သီချင်းတစ်ပုဒ် ခင်ဗျားလုပ်တယ် ဆိုရင် creation something အဲဒါ အတူတူပဲ။ တန်ဖိုးအတူတူပဲ။
တစ်ချို့က မအောင်မြင်လို့ စိတ်ဓါတ်ကျတာ ရှိတယ်။ အဲဒါက သူလုပ်ခဲ့တဲ့ သီချင်းတွေရဲ့ တန်ဖို့နဲ့ ဘာမှ မဆိုင်ဘူး ဆင့်ပွားဖြစ်တာ။ သူကြိုးစားတယ်၊ မအောင်မြင်ဘူး။ ပရိသတ်က သူထင်ထား မျှော်လင့်ထားသလို နွေးနွေးထွေးထွေး မကြိုဆိုဘူး။ အဲဒီမှာ ပရိသတ်ကို မေတ္တာပျက်ပြီး တစ်နည်းနည်းနဲ့ တုံ့ပြန်တာ၊ လုပ်ချင်တာ လုပ်ပစ်တယ်။ အဲဒါက တစ်ပိုင်း။ ဒါတွေက ကိုယ့်ဘ၀လမ်းကြောင်းနဲ့ ကိုယ်ပဲ။ အဲဒါမျိုးက အနုပညာတန်ဖိုးနဲ့ မဆိုင်ပါဘူး "
လေးဖြူရဲ့ အနုပညာကြိုးစား အားထုတ်မှု၊ အနုပညာအပေါ် တန်ဖိုးထား ရှုမြင်ပုံ၊ အောင်မြင်မှုအပေါ် သဘောထားကို ခပ်ပါးပါးလေးတော့ ခံစားလိုက်ရပါတယ်။ နာမည်ကြီး ကျော်ကြားတာနဲ့ အောင်မြင်မှုရတာ အဲဒီနှစ်မျိုးအပေါ် လေးဖြူရဲ့ အမြင်ကိုလည်း မေးဖြစ်ပါတယ် ။
"နာမည်ကြီးတယ် ကျော်ကြားတယ် လူသိများတယ်ဆိုတာကတော့ famous ဖြစ်တာပေါ့။ အဲဒါက တစ်ခုပေါ့။ အောင်မြင်တယ်ဆိုတာက အနက်အဓိပ္ပါယ် အမျိုးမျိုး ဖွင့်လို့ ရပါတယ်။ ခင်ဗျားက ငွေရေးကြေးရေး အတွက် ခင်ဗျားဘ၀ကို လေးငါးနှစ် အချိန်ပေးပြီး ငွေနောက်ကို ချီတက်ရင် ငွေရလာရင် ခင်ဗျားအောင်မြင်တာပဲ။ အောင်မြင်မှုကို ခင်ဗျား ဘာနဲ့တိုင်းသလဲ။ ကိုယ်လုပ်တဲ့ အနုပညာပစ္စည်း အရည်အသွေးပေါ်မှာ achieve ဖြစ်သလား။ တစ်ခုခုရအောင် ချီတက်ကြိုးစားတာ။ အနုပညာ အလုပ်ကတော့ အနုပညာအရည်အသွေး ပေတံနဲ့တိုင်းရင်တော့ အနုပညာအရ အောင်မြင်တာပေါ့။ ခင်ဗျားရဲ့ အောင်မြင်မှုဟာ ဘာလဲ၊ ငွေကြေးက ခင်ဗျားပန်းတိုင်ဆိုရင် ငွေက ခင်ဗျားရဲ့ success ပေါ့။ ဒါမှမဟုတ် ဘယ်အတိုင်းအတာလောက်အထိ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို contribute လုပ်နိုင်လဲ၊ ကိုယ်တိုင် ပေတံနဲ့ တိုင်းရင်တော့ အဲဒါတကယ် ရရှိခဲ့ရင် ဒါ ခင်ဗျားရဲ့ တကယ့်အောင်မြင်မှုပါပဲ။ အောင်မြင်မှုဆိုတာ တစ်ကိုယ်ချင်းစီရဲ့ ရည်ရွယ်ချက်ပေါ်မှာ မူတည်ပါတယ်။ ကျော်ကြားတယ် fame ဖြစ်တယ် ဆိုတာက အခုလောလောဆယ် idol ဖြစ်နေတာမျိုး အခုဆိုရင် Rain ပေါ့။ လောလောဆယ် လူတွေ သဲသဲလှုပ် ချစ်နေတာ၊ baby doll လိုမျိုး idol လေးဖြစ်နေတာ၊ အဲဒါ fame ပဲ။ အနုပညာ ကောင်းတာ၊ မကောင်းတာနဲ့ မဆိုင်ဘူး။ ကျွန်တော်မြင်တာကတော့ အဲဒီလိုပါပဲ "
ကျော်ကြားမှုနဲ့ အောင်မြင်မှုကို သူက အဲဒီလိုမြင်ထားပါတယ် ။ အနုပညာနယ်မှာ အောင်မြင်မှုရဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေကိုလည်း သူက အခုလို ပြောပြပါတယ်။
"အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ဖို့ လူပုဂ္ဂိုလ်တစ်ယောက် ဖြစ်ဖို့ဆိုတာက လူတစ်ယောက်နဲ့ တစ်ယောက်တူမှာ မဟုတ်ဘူးဗျ။ ကျွန်တော့်အမြင်ကတော့ လူတစ်ကိုယ်ချင်းစီအပေါ်မှာ မူတည်တာပါပဲ။ ကံ ကံ၏အကျိုးဆိုတဲ့ ဗုဒ္ဒတရားတော်နဲ့ ကိုက်ညီပါတယ်။ သူနေထိုင်တဲ့ ကာလထဲမှာ သူရဲ့ အမြင်၊ သူ့ရဲ့ ဥာဏ်ရည်ဥာဏ်သွေး၊ လုံ့လ၀ီရိယ၊ ကြိုးစားအားထုတ်မှု၊ ကံ၊ ဥာဏ်၊ ၀ီရိယနဲ့ ယှဉ်ပြီးမှ အလုပ်ပေါ်မှာ မူတည်ပြီး အောင်မြင်နိုင်မယ် ထင်ပါတယ်။ ကုသိုလ်ကံဆိုတဲ့ အထဲမှာ အတက် အကျ၊ အခွင့်အလမ်း၊ သူ့ရဲ့ ဥာဏ်စဉ်အဆင့်၊ သူရဲ့ intelligent ဖြစ်မှု၊ သူ့ရဲ့ မိုက်မဲမှု၊ အဲဒါက သူလုပ်တဲ့ အလုပ်ပေါ်မှာ စွန်းထင်းမှာပဲလေ။ ပြီးတော့ သူ့ရဲ့ ၀ီရိယ၊ အလုပ်လုပ်တယ်၊ အလုပ်ကို သူများထက်စောပြီး ရောက်တယ်၊ အလုပ်ကို လေးစားတယ်။ လူတွေကို လေးစားတယ်။ ဘ၀မှာ ဘာကို တန်ဖိုးထားရမလဲ ဆိုတာ သူသိတယ်။ လူတစ်ယောက်ရဲ့ ကံ ဥာဏ် ၀ီရိယ ပေါ် မူတည်ပြီး မှ အောင်မြင်မှု ဆိုတာ ဖြစ်နိုင်မှာ ပါ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။