❝ပျော်တယ်ဆိုတာ တကူးတက လုပ်ယူလိုက်ရတာ မဟုတ်ပဲ ပျော်မှ တကယ်ပျော်ရတာ....❞
အဖေက ဒီစကားကို မကြာမကြာပြောပြီး ရိုးရိုးလေးပျော်လို့ရတဲ့နည်းလေးတွေကို
အမျိုးမျိုး ပြောပြ တယ်။ အရင်ကတော့ ထင်တာပေါ့...။ ပျော်တယ်ဆိုတာ
ပျော်ရအောင် သေသေချာချာ စီစဉ် တစ်နေရာရာသွား တဝါးဝါးတဟားဟားနဲ့ နေရအောင်
တစ်ခုခုလုပ်မှလို့။
အဲဒါ ထင်တာပါနော်။ အထင်ပါ။ သေချာ လေ့လာစုံစမ်း ကြည့်ပါ...။ ပျော်ဖို့ကို ကြိုးစားပမ်းစား လုပ်တဲ့ သူတွေဟာ ကြာတော့ မပျော်ဆုံးလူတွေဖြစ်လာတယ်။ ဟုတ်တယ်....။ ပျော်ဖို့ကို သိပ်အလေးမထားပဲ ကိုယ်ချစ်တာကိုယ်ဝါသနာပါတာ တစ်ခုခုကို စိတ်ပါလက်ပါလေး လုပ်နေ... တစ်နေ့ထက်တစ်နေ့ ပိုစိတ်ချမ်းသာလာတယ်။
အလကားနေရင်းကို ပျော်နေတယ် ဆိုတဲ့သူတွေလည်း ရှိတယ်နော်....။ တကယ်တော့ အဲဒါလည်း ကိုယ့်အထင်။ ကိုယ်က သူတို့ အလကားနေရင်း ပျော်နေတယ်လို့ ထင်တာ။ အမှန်မှာ သူတို့က သူတို့ရဲ့အရည်အချင်းတစ်မျိုးမျိုး
ထွက်အောင် လုပ်နေတာ... သူတို့ကိုယ်သူတို့ လူမသိသူမသိ
အရည်အချင်းမြှင့်နေတာ။ အဲဒါ ထမင်းဟင်းချက်တာကို ပိုပိုပြီးကျွမ်းကျင်လာတာ
ဖြစ်ချင်ဖြစ်မယ်။ မုန့်ဖုတ်နည်း တစ်ခုခုကို ပိုကောင်းအောင်တီထွင်နေတာ
ဖြစ်ချင်ဖြစ်မယ်...။ ဘာသာ စကား အသစ် တစ်ခုခုကို တိုးတိုးပြီး သိလာတာ
ဖြစ်ချင်ဖြစ်မယ်။ ခက်တဲ့စာအုပ်တစ်အုပ်ကို နားလည်ဖို့ကြိုးစားပြီး ဖတ်နေတာ
ဖြစ်ချင်ဖြစ်မယ်။
သူတို့က သူတို့အရည်အချင်းတွေ တိုးလာနေတယ်ဆိုတာ သိနေရတယ် ခံစားနေရတယ်...။ ကျေနပ် နေတယ်...။ ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုအြ ပည့်ရနေတယ်
ဆိုတဲ့ ခံစားမှုက စိတ်ချမ်းသာမှုထဲမှာ နံပါတ် တစ်ပဲ။ ကိုယ့်ကိုယ်ကိုယ်
ကျေနပ်မှုမရရင် ကျန်တာ ဘာတွေရရ ဘာမှအဓိပ္ပာယ်ရှိတယ်လို့ မခံစား ရတော့ဘူး။
တချို့ပညာရှင်ကြီးတွေ သူတို့ဓာတ်ခွဲခန်းထဲမှာ ရက်ပေါင်းများစွာ နေ့ရောညရော အလုပ်လုပ် နေကြ တယ်။ သူတို့ပညာနဲ့သူတို့ ပျော်နေတာပါပဲ။ ❝ပျော်ဖို့ လုပ်ရအုံးမယ်❞ လို့ တွေးမိမယ်တောင် မထင်ပါဘူး။
တချို့လည်း ပင်ကိုယ်စိတ်ထားရိုးတော့ ရိုးရိုးနေပြီး သူတို့ရဲ့ စိတ်ထားကောင်းလေးတွေကြောင့်
ပျော်နေကြတဲ့သူတွေလည်း တွေ့ရတယ်။ ကောင်းတာပဲ လုပ်ဖို့ စိတ်ကူးတယ်။
ကောင်းတဲ့ စကားပဲ ပြောတယ်။ သူတစ်ပါး အကြောင်းမပြောဘူး အတင်းအဖျင်းဆို လုံးဝ
မပြောဘူး။ သူတို့လည်း သူတို့ နည်း သူတို့ဟန်နဲ့
ပျော်ရွှင်တဲ့စိတ်နှလုံးရြှိ ကလိမ့်မယ်လို့ ထင်ပါတယ်။
တချို့ကျတော့ သူတစ်ပါးကို အကျိုးပြုလိုက်ရမှ ပျော်တယ်။ ကိုယ်လုပ်တဲ့အလုပ်က လူတွေကို အကျိုး ပြုတယ်။ ❝လူတွေမှာ အကျိုးအများကြီးရှိသွားတယ်❞
ဆိုတဲ့အလုပ်ကို လုပ်ချင်တယ်။ အဲလိုလုပ်ရမှ စိတ်မှာ နေသာထိုင်သာရှိတယ်။
ကိုယ့်အလုပ်က ပိုက်ဆံတွေတော့ အများကြီးရပါရဲ့ လူတွေကိုတော့
အကျိုးမပြုဘူးဆိုရင် မလုပ်ချင်ဘူး။ အဲဒီအလုပ်ကိုစွန့်ပြီး ပိုက်ဆံရတာ
နည်းချင်နည်းပစေ လူတွေ အကျိုးရှိမယ့်ဟာပဲ ရွေးလိုက်တယ်။ ဒီလိုလူတွေ
စာအုပ်ထဲမှာတော့ တွေ့ရတယ်။
လူတစ်ယောက်ကိုဖြစ်စေ လူအများကြီးကိုဖြစ်စေ သူတို့ အကျိုးဖြစ်ထွန်းသွားအောင် လုပ်လိုက်ရတယ် ဆိုတာ အင်မတန်မှ ထူးခြားတဲ့အဖြစ်ပါနော်။ ဒီပီတိကို ခံစားတတ်တာလည်း အင်မတန် အဆင့်မြင့် လို့ပါ။ စိတ်ထဲမှာ ပျော်နေတယ် စိတ်ချမ်းသာတယ် ဆိုတာ ဖြစ်ဖို့ကလည်း short cut နည်းမရှိဘူး။ ဖြတ်လမ်းမရှိဘူး။
တကူးတက လုပ်ယူလိုက်ရတာ မဟုတ်တဲ့ ပျော်စရာလေးတွေနဲ့ နေ့စဉ် ကြည်ကြည်လင်လင် နေသွားကြတဲ့သူတွေကို တွေ့ရရင် အတော့်ကို မှတ်သားစရာကောင်းတဲ့သူတွေပဲ ဆိုပြီး လေ့လာရတယ်....။ ဘာလို့လဲဆိုတော့ ပျော်တယ်ဆိုတာ အဲသလို ရိုးရိုးလေးပျော်ရမှ အမြဲပျော် ရတာ...။ နေ့တိုင်းပျော်ရတာနော်...။
စိတ်ချမ်းသာအောင်နေတတ်တဲ့သူ တွေကို
လေ့လာရမယ်ဆိုရင် ထိပ်ဆုံးကပါတာကတော့ ငှက်ကလေးတွေပဲ။ ဒီလို ဇန္နဝါရီ
ဖေဖော်ဝါရီလောက်ဆို မနက်အစောကြီး မိုးမလင်းခင် ထ သီချင်းဆိုတဲ့
သပိတ်လွယ်ငှက်လေးတွေအသံနဲ့ မြိုင်ဆိုင်နေတာပဲ။
အနက်နဲ့အဖြူကြားလေးနဲ့ ဒီ magpie-robin လို့ခေါ်တဲ့ ငှက်ကလေးတွေဟာ ချစ်ဖို့ သိပ်ကောင်း တယ်...။ အသံလေးက တက်ကြွနေတာပဲ...။ ရွှင်လန်းနေတာပဲ...။ မနက် လင်းသလိုလိုလေးရှိပြီ ဆိုတာနဲ့ ထသီချင်းဆိုနေပြီ...။ သာသာယာယာလေး သီချင်းဆိုတယ်...။ တကယ်ကို သာယာ နာပျော်ဖွယ် အသံလေး တေးသွားလေးတွေကိုလည်း ပြောင်းပြောင်းဆိုတယ်။ မနေ့ကထက် ဒီနေ့ ပိုကောင်းအောင်ဆိုတယ်...။
သူတို့ဆိုတာကလည်း ကိုယ့်နားထဲတော့ ❝ထတော့လေ... အလင်းရောင်လေးလာနေပြီ... ဒီမနက် ကလေ ထူးထူးခြားခြားလှနေတာ... လေထဲအနံ့လေးကလည်း လတ်ဆတ်နေတာပဲ... သစ်ရွက်နု လေးတွေ လည်း ထွက်လို့... ထတော့လေ ထတော့လေ❞ လို့ပြောနေသလိုပဲ။ အိပ်ယာထဲမှာကို ဆက်မနေချင်တော့လောက်အောင် သူတို့ရဲ့ ပျော်ရွှင်နေတဲ့တေးသွားလေးတွေက ဆွဲဆောင်အား ကောင်းတယ်။ ❝အေးပါကွာ အေးပါကွာ နိုးပါပြီ ထပါပြီ❞ လို့ပြန်ပြောရင်း အိပ်ယာထဲက ထရတော့ တာပဲ။
သူတို့က ❝အရင်နေ့တွေအတိုင်းပဲ ရွှင်ရွှင်လန်းလန်းလေး စိတ်ကြည်ကြည်လင်လင် ငြိမ်းငြိမ်းချမ်းချမ်း လေး နေကြစို့နော်... နေကြစို့နော်....❞ လို့ ပြောပြန်ရော....။ မပြုံးပဲ မနေနိုင်တော့ဘူး။
သူတို့က ကိုယ့်ကို ဘဝနေနည်း သင်ပြနေသလိုပဲ။ စိတ်ထဲမှာ တစ်ခါတလေ အလိုမကျတာ စိတ် မကြည် တာ စိတ်တိုတာ ဖြစ်နေရင်တောင် ငှက်သံလေးကြားရင် စိတ်ကပြောင်းသွားတယ်။ ဘာတွေ ဘယ်လောက်အရေးကြီးလို့လဲ ... ... စိတ်ချမ်းသာအောင်နေပါ ... နောက်ဆုံးမှာ စိတ်ချမ်းသာ နေတဲ့ သူက အမှန်တကယ် အောင်မြင်သူပါ ... စိတ်ချမ်းသာမှု မရှိတော့ရင် တခြားဘာတွေရှိရှိ ရှုံးနေတဲ့သူ ပါပဲနော်...။
မနက်စောစော နေလုံးကြီး တဖြေးဖြေးထွက်လာတာ ကြည့်ပြီး အံ့သြစရာကြီးပါလား ဆိုတဲ့စိတ် ဖြစ်တယ်...။ တိမ်တွေ ကောင်းကင်မှာ တလွင့်လွင့်သွားနေတာ အင်မတန် ကြည့်လို့ ကောင်းတာပဲ...။ သစ်ပင်တွေက ရွက်ခြောက်တွေ ကြွေပြီး ရွက်အနုလေးတွေထွက်တာ မြင်ရတာကို ကြည်နူး နေတာ...။ ဒီရာသီ ဆောင်းကုန်ခါနီးက ပန်းတွေ သိပ်ပွင့်တာပဲ။ ငုပင်ကြီးဆို တစ်ပင်လုံး ရိုးတံကြီး တွေထဲက ပန်းခိုင်တွေထွက်လာပြီး တစ်ပင်လုံးပန်းချည်းပဲ။ ငုပွင့်ကို သေချာကြည့်ဖူးလား။ ရိုးရိုးလေးနဲ့ သိပ်မဟာဆန်တယ်နော်။
ပန်းလေးတွေ ပွင့်နေတာ တွေ့ရတာလည်း ပျော်စရာ.... ဂျိုးလေးတွေ ကူသံ ငှက်ကလေး သီချင်းဆိုသံ သေသေချာချာ နားထောင်နေရတာ ပျော်စရာ ... စိတ်အင်မတန် ငြိမ်းချမ်းတာ... ညနေစောင်း နေဝင်ခါနီး နေလုံးကြီးက ချိုချဉ်သကြားလုံးကြီးလိုပဲ
.... အင်မတန်လှတယ် ... တဖြေးဖြေး ဝင်သွားနေတာ...။ နေလုံးကြီးဝင်သွားနေတာ
သတိလေးကပ်ပြီး ကြည့်နေရင်းနဲ့ စိတ်ထဲမှာတစ်မျိုး တည်ငြိမ်ရင့်ကျတ်နေတယ်...။
ကြည့်ရတာလည်း စိတ်ထဲ သာယာနေတယ်...။ ကြည့်ရင်းနဲ့ ပျော်နေ တယ်...
စိတ်မှာဖြစ်သမျှကိုလည်း သိနေတယ်။ စိတ်က ပိုပြီး လေးနက်လာတယ်။ အဲဒီလေးနက်တဲ့
စိတ်က အားကြီးတဲ့စိတ်တစ်မျိုးပဲ။ လေးနက်တဲ့စိတ်ထဲမှာ ဘယ်သူမှ
မမြင်နိုင်တဲ့ ချမ်းသာခြင်း အစစ်ရှိတယ်။ သတိထားကြည့် ကိုယ်စိတ်ထဲမှာ
လေးနက်မှုရှိနေရင် ငြိမ်းချမ်းတဲ့သဘောပါ ရှိနေတယ်။ လူကငြိမ်နေတယ် ...။
သိတဲ့စိတ် သတိကလည်း သိနေတယ် ...။ သိနေတယ် ငြိမ်းချမ်း နေတယ် ဆိုတာကိုလည်း
ပြန်သိနေတယ်...။ သတိနှစ်ထပ် ဖြစ်နေတယ်...။ စိတ်က တည်ကြည် လေးနက်နေတယ်
ဆိုတာလည်း ထင်ထင်ရှားရှားခံစားလို့ရတယ်...။
အဲဒါ ခံစားလို့ သိပ်အရသာ ရှိတာပဲ။ အဲလို ခံစားတတ်တဲ့သူဆိုရင်
ဝူးဝူးဝါးဝါးပျော်ရတာကို လိုတောင်မလိုချင်တော့ဘူး။ သူ့အတွက်က
မလိုတော့ဘူးလေ။ သူ့စိတ်က သူ့အတွက် အင်မတန်ကောင်းတဲ့ ချမ်းသာအစစ်ကို
ရတဲ့နေရာဖြစ်နေပြီလေ။
အဖေက ရိုးရိုးလေး ပျော်တတ်ဖို့ အမြဲသင်ပြတယ်။ ပျော်စရာကို မရမကလုပ်ယူနေရတယ်ဆိုရင် အဲဒီပျော်စရာက တစ်နေ့ ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်လိမ့်မယ်တဲ့။
Credit: Ma Htet Htet Htun
- မှတ်စုကြမ်းမှ ပြန်လည်မျှဝေသည်။ #kyawnge
အဖေက ဒီစကားကို မကြာမကြာပြောပြီး ရိုးရိုးလေးပျော်လို့ရတဲ့နည
အဲဒါ ထင်တာပါနော်။ အထင်ပါ။ သေချာ လေ့လာစုံစမ်း ကြည့်ပါ...။ ပျော်ဖို့ကို ကြိုးစားပမ်းစား လုပ်တဲ့ သူတွေဟာ ကြာတော့ မပျော်ဆုံးလူတွေဖြစ်လာတယ်။ ဟုတ်တယ်....။ ပျော်ဖို့ကို သိပ်အလေးမထားပဲ ကိုယ်ချစ်တာကိုယ်ဝါသနာပါတာ တစ်ခုခုကို စိတ်ပါလက်ပါလေး လုပ်နေ... တစ်နေ့ထက်တစ်နေ့ ပိုစိတ်ချမ်းသာလာတယ်။
အလကားနေရင်းကို ပျော်နေတယ် ဆိုတဲ့သူတွေလည်း ရှိတယ်နော်....။ တကယ်တော့ အဲဒါလည်း ကိုယ့်အထင်။ ကိုယ်က သူတို့ အလကားနေရင်း ပျော်နေတယ်လို့ ထင်တာ။ အမှန်မှာ သူတို့က သူတို့ရဲ့အရည်အချင်းတစ်မျို
သူတို့က သူတို့အရည်အချင်းတွေ တိုးလာနေတယ်ဆိုတာ သိနေရတယ် ခံစားနေရတယ်...။ ကျေနပ် နေတယ်...။ ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုအြ
တချို့ပညာရှင်ကြီးတွေ သူတို့ဓာတ်ခွဲခန်းထဲမှာ ရက်ပေါင်းများစွာ နေ့ရောညရော အလုပ်လုပ် နေကြ တယ်။ သူတို့ပညာနဲ့သူတို့ ပျော်နေတာပါပဲ။ ❝ပျော်ဖို့ လုပ်ရအုံးမယ်❞ လို့ တွေးမိမယ်တောင် မထင်ပါဘူး။
တချို့လည်း ပင်ကိုယ်စိတ်ထားရိုးတော့ ရိုးရိုးနေပြီး သူတို့ရဲ့ စိတ်ထားကောင်းလေးတွေကြောင့်
တချို့ကျတော့ သူတစ်ပါးကို အကျိုးပြုလိုက်ရမှ ပျော်တယ်။ ကိုယ်လုပ်တဲ့အလုပ်က လူတွေကို အကျိုး ပြုတယ်။ ❝လူတွေမှာ အကျိုးအများကြီးရှိသွားတယ်❞
လူတစ်ယောက်ကိုဖြစ်စေ လူအများကြီးကိုဖြစ်စေ သူတို့ အကျိုးဖြစ်ထွန်းသွားအောင် လုပ်လိုက်ရတယ် ဆိုတာ အင်မတန်မှ ထူးခြားတဲ့အဖြစ်ပါနော်။ ဒီပီတိကို ခံစားတတ်တာလည်း အင်မတန် အဆင့်မြင့် လို့ပါ။ စိတ်ထဲမှာ ပျော်နေတယ် စိတ်ချမ်းသာတယ် ဆိုတာ ဖြစ်ဖို့ကလည်း short cut နည်းမရှိဘူး။ ဖြတ်လမ်းမရှိဘူး။
တကူးတက လုပ်ယူလိုက်ရတာ မဟုတ်တဲ့ ပျော်စရာလေးတွေနဲ့ နေ့စဉ် ကြည်ကြည်လင်လင် နေသွားကြတဲ့သူတွေကို တွေ့ရရင် အတော့်ကို မှတ်သားစရာကောင်းတဲ့သူတွေပဲ
စိတ်ချမ်းသာအောင်နေတတ်တဲ့သူ
အနက်နဲ့အဖြူကြားလေးနဲ့ ဒီ magpie-robin လို့ခေါ်တဲ့ ငှက်ကလေးတွေဟာ ချစ်ဖို့ သိပ်ကောင်း တယ်...။ အသံလေးက တက်ကြွနေတာပဲ...။ ရွှင်လန်းနေတာပဲ...။ မနက် လင်းသလိုလိုလေးရှိပြီ ဆိုတာနဲ့ ထသီချင်းဆိုနေပြီ...။ သာသာယာယာလေး သီချင်းဆိုတယ်...။ တကယ်ကို သာယာ နာပျော်ဖွယ် အသံလေး တေးသွားလေးတွေကိုလည်း ပြောင်းပြောင်းဆိုတယ်။ မနေ့ကထက် ဒီနေ့ ပိုကောင်းအောင်ဆိုတယ်...။
သူတို့ဆိုတာကလည်း ကိုယ့်နားထဲတော့ ❝ထတော့လေ... အလင်းရောင်လေးလာနေပြီ... ဒီမနက် ကလေ ထူးထူးခြားခြားလှနေတာ... လေထဲအနံ့လေးကလည်း လတ်ဆတ်နေတာပဲ... သစ်ရွက်နု လေးတွေ လည်း ထွက်လို့... ထတော့လေ ထတော့လေ❞ လို့ပြောနေသလိုပဲ။ အိပ်ယာထဲမှာကို ဆက်မနေချင်တော့လောက်အောင် သူတို့ရဲ့ ပျော်ရွှင်နေတဲ့တေးသွားလေးတေ
သူတို့က ❝အရင်နေ့တွေအတိုင်းပဲ ရွှင်ရွှင်လန်းလန်းလေး စိတ်ကြည်ကြည်လင်လင် ငြိမ်းငြိမ်းချမ်းချမ်း လေး နေကြစို့နော်... နေကြစို့နော်....❞ လို့ ပြောပြန်ရော....။ မပြုံးပဲ မနေနိုင်တော့ဘူး။
သူတို့က ကိုယ့်ကို ဘဝနေနည်း သင်ပြနေသလိုပဲ။ စိတ်ထဲမှာ တစ်ခါတလေ အလိုမကျတာ စိတ် မကြည် တာ စိတ်တိုတာ ဖြစ်နေရင်တောင် ငှက်သံလေးကြားရင် စိတ်ကပြောင်းသွားတယ်။ ဘာတွေ ဘယ်လောက်အရေးကြီးလို့လဲ ... ... စိတ်ချမ်းသာအောင်နေပါ ... နောက်ဆုံးမှာ စိတ်ချမ်းသာ နေတဲ့ သူက အမှန်တကယ် အောင်မြင်သူပါ ... စိတ်ချမ်းသာမှု မရှိတော့ရင် တခြားဘာတွေရှိရှိ ရှုံးနေတဲ့သူ ပါပဲနော်...။
မနက်စောစော နေလုံးကြီး တဖြေးဖြေးထွက်လာတာ ကြည့်ပြီး အံ့သြစရာကြီးပါလား ဆိုတဲ့စိတ် ဖြစ်တယ်...။ တိမ်တွေ ကောင်းကင်မှာ တလွင့်လွင့်သွားနေတာ အင်မတန် ကြည့်လို့ ကောင်းတာပဲ...။ သစ်ပင်တွေက ရွက်ခြောက်တွေ ကြွေပြီး ရွက်အနုလေးတွေထွက်တာ မြင်ရတာကို ကြည်နူး နေတာ...။ ဒီရာသီ ဆောင်းကုန်ခါနီးက ပန်းတွေ သိပ်ပွင့်တာပဲ။ ငုပင်ကြီးဆို တစ်ပင်လုံး ရိုးတံကြီး တွေထဲက ပန်းခိုင်တွေထွက်လာပြီး တစ်ပင်လုံးပန်းချည်းပဲ။ ငုပွင့်ကို သေချာကြည့်ဖူးလား။ ရိုးရိုးလေးနဲ့ သိပ်မဟာဆန်တယ်နော်။
ပန်းလေးတွေ ပွင့်နေတာ တွေ့ရတာလည်း ပျော်စရာ.... ဂျိုးလေးတွေ ကူသံ ငှက်ကလေး သီချင်းဆိုသံ သေသေချာချာ နားထောင်နေရတာ ပျော်စရာ ... စိတ်အင်မတန် ငြိမ်းချမ်းတာ... ညနေစောင်း နေဝင်ခါနီး နေလုံးကြီးက ချိုချဉ်သကြားလုံးကြီးလိုပဲ
အဖေက ရိုးရိုးလေး ပျော်တတ်ဖို့ အမြဲသင်ပြတယ်။ ပျော်စရာကို မရမကလုပ်ယူနေရတယ်ဆိုရင် အဲဒီပျော်စရာက တစ်နေ့ ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်လိမ့်မယ်တဲ့။
Credit: Ma Htet Htet Htun
- မှတ်စုကြမ်းမှ ပြန်လည်မျှဝေသည်။ #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။