Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, February 17, 2016

ကိုယ်တို့ လမ်းခွဲဖြစ်တဲ့အခါ..

ကိုယ်တို့ လမ်းခွဲဖြစ်တဲ့အခါ..
===============

ကိုယ်တို့နှစ်ယောက်ရဲ့ တွေ့ကြုံခဲ့ခြင်းတွေဟာ တစ်ချိန်ကျရင် အဆုံးသတ်ဖြစ်လာလိမ့်မယ်လို့ တစ်ခါတုန်းကတော့ ထင်ခဲ့မှာမဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် ဝေးကြရတော့မယ်ဆိုရင် ရုတ်တရက်ဆိုရင်တော့ လက်ခံရခက်ခဲစရာပါပဲ။ နာကျင်စရာလည်း ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါပေမယ့် မဖြစ်နိုင်တော့တဲ့ အချစ်ရေးတစ်ခုကို ကြိုးစားဖမ်းဆုပ်ဖို့ ကြိုးစားနေရတာ ပိုပြီး ပင်ပန်းပါတယ်။ ပိုပြီး နာကျင်စရာကောင်းပါတယ်။ ကိုယ်တို့နှစ်ယောက်ရဲ့ မတူညီမှုတွေကို အချိန်မှီဖြည့်ဆည်းဖို့ မကြိုးစားခဲ့ဘဲ ပြတ်တောက်ကာနီးမှ အပင်ပန်းခံနေမယ်ဆိုရင် စိတ်နှလုံးနာကျင်ပင်ပန်းရုံကလွဲရင် အရာရာအချည်းနှီးပါပဲ။

ချစ်ရဲဖို့လိုသလို လမ်းခွဲရဲဖို့လည်း လိုပါတယ်။ လက်တွဲမြဲဖို့ ကြိုးစားနိုင်သလို လက်တွဲဖြုတ်တတ်ဖို့လည်း ကြိုးစားရပါမယ်။ တစ်ခုခုကို ယုံကြည်ရဲသလို မဖြစ်နိုင်တော့ဘူးဆိုတာကိုလည်း လက်ခံရဲရပါမယ်။

- ဘာကြောင့် လမ်းခွဲရတာလဲဆိုတဲ့ အကြောင်းရင်းတစ်ခု ကိုယ်တို့နှစ်ယောက်ကြားမှာ ရှိသင့်ပါတယ်။ ဒီအကြောင်းအရင်းဟာ သာမန် ခေါင်းစဉ်လေးတစ်ခု မဖြစ်သင့်သလို ဒီအကြောင်းရင်းကို အတင်းလက်မခံဘဲ ခေါင်းမာနေလို့လည်း မရပါဘူး။

- ဒီလို အနေအထားမျိုးမှာ စိတ်ကို အေးအောင်ထားနိုင်ရင် ခံစားရသက်သာပါလိမ့်မယ်။ အပြောလွယ်သလောက် အလုပ်တော့ ခက်ပါတယ်။ ကိုယ့်စိတ်တည်ငြိမ်လာတာနဲ့အမျှ အခြေအနေတစ်ခုကို လက်ခံလာနိုင်ပါလိမ့်မယ်။

- ဒီလိုနဲ့ပဲ လမ်းခွဲဖြစ်ခဲ့ကြပြီဆိုရင် နှစ်ဖက်လုံးမှာ နာကျင်ခြင်းတွေ ရှိကောင်းရှိနိုင်ပါတယ်။ အချိန်အတိုင်းအတာတစ်ခု ကျော်လွန်ပြီးတဲ့အခါ ဒီနာကျင်ခြင်းတွေကနေ လွတ်မြောက်နိုင်မယ်ဆိုတာ ယုံကြည်ထားသင့်ပါတယ်။ အသည်းကွဲဝေဒနာဟာ ခံစားရနာကျင်လွန်းလှပေမယ့် ကိုယ်သေရာပါမယ့် ရောဂါမျိုးတော့ မဟုတ်ပါဘူး။

- လမ်းခွဲကြဖို့ ရည်ရွယ်ထားသလို၊ ကျောခိုင်းခဲ့ကြပြီးပြီဆိုရင် ဒီအခြေအနေတစ်ခုကို လက်ခံလိုက်ပါတော့။ ကိုယ် ပြုပြင်လို့မရတော့မယ့်အရာကို ထပ်ပြီး ပြောင်းလဲဖို့ မကြိုးစားသင့်တော့ပါဘူး။ အခြေအနေကို လက်ခံလိုက်တာဟာ မျှော်လင့်ချက်နဲ့ ဖမ်းဆုပ်ချင်တာထက် ပိုပြီး အကျိုးရှိစေမှာပါ။

- ကိုယ့်ဘေးမှာ ကိုယ့်ကိုချစ်တဲ့သူတွေ ရှိတယ်ဆိုတာကို မမေ့သင့်ပါဘူး။ ဘဝတစ်ခုလုံးကို သူ့အပေါ်မှီခိုထားစရာမလိုပါဘူး။ ကိုယ့်အသိုင်းအဝိုင်တွေ၊ မိသားစုတွေ၊ မိတ်ဆွေတွေ။ ကိုယ်က ချစ်ပြီး၊ ကိုယ့်ကိုချစ်တဲ့သူတွေ ရှိပါသေးတယ်။

- အချိန်ကာလတစ်ခု လွန်မြောက်လာပြီးတဲ့နောက်မှာ ဘဝသစ်တစ်ခုကို တည်ဆောက်ရပါမယ်။ အချိန်တွေက ရပ်တန့်မနေသလို၊ သင့်ဘဝကိုလည်း ရပ်တန့်နေလို့ မရပါဘူး။ ရှေ့ဆက်စရာရှိတာကို ရှေ့ဆက်ရပါမယ်။

အသည်းကွဲတယ်ဆိုတာ ဘဝတစ်ခု အဆုံးသတ်သွားတာမဟုတ်ပါဘူး။ ခံစားချက်တစ်ခု ရပ်တန့်သွားတာပဲ ဖြစ်ပါတယ်။ နာကျင်လို့ရပါတယ်။ ခံစားလို့ရပါတယ်။ ဒါပေမယ့် အရှုံးပေးလိုက်စရာတော့ မလိုပါဘူး။

ရွှေညာမောင် (Focus Youth E-magazine)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။