Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 16, 2016

သဘာဝသယံဇာတပုံကြီးပေါ်မှ ထမင်းနပ်မမှန်ကြသူများ

သဘာဝသယံဇာတပုံကြီးပေါ်မှ ထမင်းနပ်မမှန်ကြသူများ
************************************************************
ကောင်းမြတ်(IN'D)

မြေနီမှုန်များ လွင့်ပျံနေသည့် စိန် တူးဖော်ရေး လုပ်ကွက်များကို ကြည့်နေသော အဘွားအို မတ် ဆာဂို၏ မျက်လုံးအိမ်တွင် မျက်ရည်များ ရစ် သိုင်းနေသည်။ တန်ဖိုးကြီး စိန်များစွာထွက် သော ရတနာမြေက ဒေသခံများ၏ ဘဝတိုး တက်မှုကို အကျိုးမပြုနိုင်ခြင်းအပေါ် သူ၏ မျက်နှာတွင် ဒေါသဖြစ် ခံပြင်းမှုများ အထင်း သား ပေါ်လွင်နေသည်။

အသက် ၆၃ နှစ်အရွယ် မတ်ဆာ ဂိုမှာ ဇင်ဘာဘွေအရှေ့ပိုင်းရှိ စိန်သယံဇာ တ ပေါကြွယ်ဝသော မာရန်ဂီ စိန်တူးဖော် ရေးလုပ်ငန်းအနီးတွင် နေထိုင်သူ ဖြစ်သည်။ သူသည် ရတနာပုံပေါ်ထိုင်ကာ အငတ်ဘေး ဆိုက်နေသည့် မာရန်ဂီ ဒေသခံများမှ တစ် ဦးလည်း ဖြစ်သည်။
ရာစုနှစ်တစ်ခုကျော်အတွင်း ကမ္ဘာ့ အကြီးမားဆုံး စိန်ထွက်ရာနေရာအဖြစ် သတ် မှတ်ခြင်း ခံထားရသော မာရန်ဂီ စိန်လုပ် ကွက်က စုတ်ပြတ်နုံချာလွန်းသော သူတို့၏ ဘဝများကို ပြောင်းလဲပေးနိုင်မည်ဟု မက်ဆာဂိုတို့ ဒေသခံများမျှော်လင့်ခဲ့ကြသည်။ မိုးခေါင်ရေရှားမှု မကြာခဏဖြစ်သော ဇင် ဘာဘွေနိုင်ငံသည် ရေသွင်းစိုက်ပျိုးရေး လုပ် ငန်းကို အဓိက မှီခိုရသည်။ နိုင်ငံ၏အခြား အစိတ်အပိုင်းများကဲ့သို့ပင် မာရန်ဂီဒေသ ၏ ရေသွင်းစိုက်ပျိုးခြင်းဆိုင်ရာ အခြေခံ အဆောက်အအုံများမှာ ပျက်စီး ယိုယွင်း နေပြီဖြစ်သည်။
သက်တမ်းကြာ၍ ဟောင်းနွမ်း ပျက်စီးနေသော ထိုအရာများကို ပြင်ဆင် လဲလှယ်ရန်မှာ သာမန်လယ်သမားများအ တွက် မတတ်စွမ်းသာသော ကိစ္စဖြစ်သည်။ ထို့ကြောင့် စိန်လုပ်ငန်းက ¤င်းတို့ အသက် ရှင် ရပ်တည်ရေးအတွက် အဓိကကျသော ခေတ်ဟောင်း ရေသွင်းစိုက်ပျိုးရေး စနစ် များကို ပြန်လည်ပြုပြင်နိုင်ရန် အထောက် အကူဖြစ်စေမည်ဟု သူတို့ အိပ်မက် မက်ခဲ့ ကြသည်။ ဇင်ဘာဘွေဥပဒေအရလည်း သတ္တု ရှာဖွေရေးကုမ္ပဏီများက ဒေသခံများ၏ ဖွံ့ ဖြိုးတိုးတက်မှုကို ကူညီပေးရမည်ဟု ပြဋ္ဌာန်း ထားသည် မဟုတ်ပါလော။
ဒါပေမဲ့ ကျွန်မတို့ရဲ့ အိပ်မက်တွေ ပျက်စီးသွားပါပြီဟု မတ်ဆာဂိုက ပြောသည်။ ပုံမှန် မိုးခေါင်ရေရှားမှုအပြင် အယ်လ်နီညို ရာသီဥတု၏ သက်ရောက်မှုများကလည်း ဒေသခံများ၏ဘဝကို ပိုမိုဆိုးရွား စေလျက် ရှိသည်။ မိုးရွာသွန်းမှုနည်းခြင်း၊ ရေသွင်း စိုက်ပျိုးရေးစနစ်များ အလုပ်မဖြစ်တော့ခြင်း တို့ကြောင့် ဒေသခံတချို့မှာ တစ်နေ့ ထမင်း တစ်နပ်မှန်အောင်ပင် မနည်းရုန်းကန်နေ ရကာ အလေ့ကျပေါက်သော သစ်သီးအရိုင်း များဖြင့် အသက်ဆက်နေရသည်ဟု မတ် ဆာဂိုက ပြောသည်။
မာရန်ဂီဒေသထွက် စိန်ပွင့်အနည်းငယ်ဖြင့်ပင် သူတို့ဘဝကို ပြောင်းလဲ ပေးနိုင်သော်လည်း ဒါကို ဘယ်သူမှ အရေး မစိုက်ကြကြောင်း မတ်ဆာဂိုက နာနာကြည်း ကြည်း ရင်ဖွင့်သည်။ မတ်ဆာဂို၏ ရင်ဖွင့် စကားသံသည် မာရန်ဂီဒေသမှ ဒေသခံ ၈ဝဝဝဝ ကျော်၏ ခံစားချက်လည်းဖြစ်သည်။
မာရန်ဂီ စိန်လုပ်ကွက်များမှ ၂ဝ၁၂ ခုနှစ်တွင် စိန်ကာရက်ပေါင်း ၁၇ သန်းနီးပါး ထွက်ရှိခဲ့ကာ ယင်းက ကမ္ဘာလုံး ဆိုင်ရာ စိန်ရိုင်းဈေးကွက်၏ ၁၃ ရာခိုင်နှုန်း လည်းဖြစ်သည်။ ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် မာရန်ဂီမှ စိန်ကာရက်ပေါင်း ၁၂ သန်းနီးပါး အသီးသီး ထွက်ရှိခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင် စတင်ခဲ့သော မာရန်ဂီ စိန် လုပ်ကွက်အတွက် သမ္မတရောဘတ်မူဂါဘီ က ၂ဝ၁၂ ခုနှစ်တွင် Zimunya-Marange ဟုခေါ်သော ရှယ်ယာပိုင်ဆိုင်မှု အသိုက် အဝန်းအစုအဖွဲ့ကို တည်ထောင်ပေးခဲ့သည်။ Zimunya-Marange အား ဇင်ဘာဘွေ နိုင်ငံ၏ ၂ဝ၁ဝ စီးပွားရေး လုပ်ပိုင်ခွင့်ဆိုင် ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်း ခဲ့ပြီး ယင်းတို့၌ သဘာဝ သယံဇာတများကို ထုတ်ယူသော ကုမ္ပဏီတစ်ခုသည် ထိုဒေသ မှ ဒေသခံများအတွက် အကျိုးအမြတ်ကို ခွဲဝေပေးရမည်ဆိုသည့် ကတိပြုချက် တစ် ခုပါဝင်သည်။ ထိုသို့ တညီတညွတ်တည်း ကတိပြုခဲ့ကြသော်လည်း လက်တွေ့တွင် လေးနှစ်တာကာလအတွင်း ၄င်းတို့၏ ဒေ သခံများအပေါ် အမှန်တကယ် ထောက်ပံ့ ငွေမှာ ဒေါ်လာလေးသိန်းမျှသာ ရှိခဲ့သည်။
ထိုကုမ္ပဏီငါးခု၏ ပိုင်ရှင်များနှင့် ပတ်သက်သည့် အချက်အလက်များကို အ တိအကျသိရန် ခက်ခဲသော်လည်း ၄င်းတို့ သည် ဇင်ဘာဘွေနိုင်ငံမှ အစိုးရအရာရှိများ၊ ထိပ်တန်း နိုင်ငံရေးသမားများ၊ ရဲများအပြင် ၄င်းတို့နှင့် ပလဲနံပသင့်သည့် ခရိုနီများနှင့် ဆက်စပ်နေသည်မှာတော့ သေချာသည်။ Anjin ကုမ္ပဏီ၏ ဒါရိုက်တာအချို့မှာ ဇင် ဘာဘွေစစ်တပ်၊ ရဲအရာရှိများနှင့် ပတ်သက် နေကြောင်း Global Witness အဖွဲ့မှ ထုတ် ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော် ပြခဲ့ဖူးကာ Mbada ကုမ္ပဏီ၏ ရင်းနှီးမြှုပ် နှံမှုများတွင်လည်း သမ္မတ ရောဘတ်မူဂါ ဘီ၏ ကိုယ်ပိုင်လေယာဉ်မှူးဟောင်းနှင့် ဆက်စပ်နေသည့် ကုမ္ပဏီတစ်ခုက ပါဝင် နေသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
ထိုကုမ္ပဏီများသည် မာရန်ဂီစိန် လုပ်ကွက်မှ တန်ဖိုးကြီး အဖိုးတန်ရတနာ များစွာကို အုံနှင့်ကျင်းနှင့် နှစ်စဉ်ထုတ်ယူ နေခဲ့သော်လည်း ၄င်းတို့၏ ကတိအတိုင်း ဒေသခံများ၏ လူနေမှုဘဝကို မြှင့်တင်၍ ထောက်ပံ့ပေးနိုင်ခဲ့ခြင်း မရှိသလို ကုမ္ပဏီများ ၏ လုပ်ရပ်အတွက် ဇင်ဘာဘွေအစိုးရက လည်း အရေးယူရန် ပျက်ကွက်ခဲ့သည်။ ယင်း နှင့်ပတ်သက်၍ Anjin ဒါရိုက်တာတစ်ဦး က Zimurya-Marange နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဇင်ဘာဘွေ သတ္တု တွင်းဝန်ကြီးကသာ ကိုင်တွယ်ဆောင်ရွက် ကာ ¤င်းတို့တွင် တာဝန်မရှိဟု အင်တာဗျူး တစ်ခုတွင် ဖြေကြားခဲ့ဖူးသည်။
ထိုသို့ကုမ္ပဏီများဘက်မှ ဗြောင် ကျကျ လက်တစ်လုံးခြား ငြင်းဆိုသွားခဲ့ခြင်း မှာ ဇင်ဘာဘွေနိုင်ငံ၏ ဥပဒေရေးရာအား နည်းချက်များကြောင့်ဖြစ်သည်ဟုလည်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။
မာရန်ဂီဒေသထွက် စိန်အများ စုမှာ ဥရောပ၊ အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများသို့ ရောက်ရှိလာကြောင်း အကြမ်း ဖျင်း ယူဆနိုင်သော်လည်း စိန်များကို ရောင်း ချရာမှ ရရှိသည့် အကျိုးအမြတ်များကို အ စိုးရက မည်သည့်နေရာတွင် အသုံးပြုနေ သည်ကိုတော့ မည်သူကမှ မသိပေ။ မာရန် ဂီ စိန်တူးဖော်ခြင်းလုပ်ငန်းမှာ နိုင်ငံ၏ အ စိုးရအတွက် ဖြစ်သည်ဟု တရားဝင်စီမံကိန်း ချ ဆောင်ရွက်နေသော်လည်း ယင်း၏အ ကျိုးအမြတ်အများစုမှာ ထိပ်တန်းအစိုးရ အ ရာရှိများ၊ သမ္မတမူဂါဘီ၏ Zanu-PF ပါတီ အရာရှိများ၏ ဘဏ်အကောင့်များထံ စီး ဆင်းလျက်ရှိသည်။
အငတ်ဘေးဆိုက်နေသော ဇင် ဘာဘွေ ပြည်သူများက ယင်း၏အကောင်း မွန်ဆုံး သက်သေ အထောက်အထားလည်း ဖြစ်သည်။ ဇင်ဘာဘွေအစိုးရ အသိုင်းအ ဝိုင်းက စိန်ကုန်သွယ်ရေးလုပ်ငန်းတွင် ကျယ် ကျယ်ပြန့်ပြန့် ပါဝင်နေခြင်းကြောင့် ယင်းမှ ရရှိသော အကျိုးအမြတ်မှာ နိုင်ငံတော်ဘတ် ဂျက်သို့ အနည်းငယ်မျှသာ ရောက်ရှိလာ ခြင်းလည်းဖြစ်သည်။
ဇင်ဘာဘွေနိုင်ငံအတွက် စိန်မှ ရရှိသော အကျိုးအမြတ်ကို တိုင်းသူပြည် သားများက ခံစားရမည်ဖြစ်သော်လည်း နိုင် ငံထွက် စိန်သည် ပြည်သူများကို ဖိနှိပ်ရန် ရန်ပုံငွေ ဖြစ်လာသည်ဟု ကျွမ်းကျင်သူများ က ထောက်ပြသည်။ မာရန်ဂီစိန်လုပ်ကွက် များရှိ တရားမဝင် အလုပ်သမားများကို ၂ဝဝ၈ ခုနှစ်တွင် အစိုးရက အကြိမ်ကြိမ် အင်အား သုံး ဖြိုခွင်းခဲ့ကာ ထိုဖြစ်ရပ်များ၌ လူ ၂ဝဝ ကျော် သေဆုံးခဲ့ရသည်။ ထိုဖြစ်ရပ်များ အ ပြီးတွင် မာရန်ဂီစိန်တွင်းများကို စစ်တပ်က လွှဲပြောင်းရယူခဲ့ကာ စစ်တပ်၊ လျှို့ဝှက်ရဲနှင့် စိန်တူးဖော်ရေး ကုမ္ပဏီများကြား အဆက် အစပ်ရှိနေသည်ဟု Global Witness အ ဖွဲ့က ထောက်ပြသည်။
စိန်လုပ်ငန်းတွင် သမ္မတမူဂါဘီ နှင့် သူ၏အာဏာရ ZANU-PF ပါတီကို သစ္စာခံသော လုံခြုံရေးတပ်ဖွဲ့များပါဝင်နေ ခြင်းက စိန်မှရရှိသော ငွေကြေးသည် လူ့အ ခွင့်အရေး ချိုးဖောက်ရန်နှင့် ရွေးကောက် ပွဲ မသမာမှုလုပ်ရန် ရန်ပုံငွေ ဖြစ်နေရသည် ကိုပါ ညွှန်းဆိုသည်။ ဇင်ဘာဘွေစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် လျှို့ဝှက်ရဲတပ်ဖွဲ့တို့သည် မူဂါ ဘီ၏ အစိုးရအား ဝေဖန်သူများကို အကြမ်း ဖက် နှိမ်နင်းမှုများကြောင့်လည်း နာမည် ဆိုးဖြင့် ထင်ရှားကြသည်။
ဇင်ဘာဘွေအစိုးရသည် စိန်လုပ် ငန်းမှရရှိသော မရေတွက်နိုင်သည့် ငွေကြေး ပမာဏများစွာကို ၄င်းတို့ ကိုယ်ကျိုးအတွက် အသုံးပြုနေသည်ဟူ၍ အပြင် စိန်တူးဖော် ခွင့်ကို တရုတ်ကုမ္ပဏီများထံ ခွဲပေးခြင်းဖြင့် ကိုယ်ကျိုးရှာနေသည်ဟု စွပ်စွဲခံထားရသည်။ ဇင်ဘာဘွေစစ်တပ်သည်လည်း စိန်များကို အိမ်နီးချင်း မိုဇမ်ဘစ်နိုင်ငံသို့ မှောင်ခိုသွင်း ခြင်း၊ စိန်တွင်းများတွင် စနစ်တကျ လူ့အ ခွင့်အရေးများ ချိုးဖောက်ခြင်းတို့ကို ပြုလုပ် နေသည်ဟု စွပ်စွဲခြင်း ခံထားရသည်။
စိန်လုပ်ငန်းတွင် ပွင့်လင်းမြင်သာ မှုရှိစေရန်နှင့် တာဝန်ယူမှုကို မြှင့်တင်ရန် ဟုဆိုကာ အစိုးရက ၂ဝ၁၄ ခုနှစ်တွင် နိုင်ငံ အတွင်းရှိ စိန်တူးဖော်ရေး ကုမ္ပဏီများအား လုံးကို Zembabwe Consolidated Diamond ကုမ္ပဏီဟူသော အမည်အောက် တွင် တစ်ခုတည်း ပေါင်းစည်းသည်ဟု ကြေ ညာခဲ့သည်။ ထိုပေါင်းစည်းမှုသည် ယခုနှစ် တွင် အဆုံးသတ်မည်ဟု ယူဆရပြီး အစိုးရ နှင့် ပုဂ္ဂလိကကုမ္ပဏီများ ၅ဝ၊ ၅ဝ စီ ပိုင် ဆိုင်မှုတွင် ယင်းသည်လည်း ဇင်ဘာဘွေ နိုင်ငံသားများကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင် ခဲ့ခြင်း မရှိသေးပေ။
ကုန်းတွင်းပိတ် ဇင်ဘာဘွေနိုင်ငံတွင် သဘာဝသယံဇာတများ ခန်းခြောက် လာပြီဖြစ်ကာ မိုးခေါင်ရေရှားမှုကြောင့် နိုင်ငံ့လူဦးရေ၏ ၂ ဒသမ ၄၄ သန်းသည် ဝမ်း မီးများ တောက်လောင်လျက်ရှိသည်။ လက်ရှိအချိန်သည် ဇင်ဘာဘွေနိုင်ငံအတွက် များစွာ နောက်ကျနေပြီဖြစ်သော်လည်း လိုအပ် သော ပြုပြင်ပြောင်းလဲမှုများကို အဆောတလျင် မချမှတ်နိုင်ပါက ဇင်ဘာဘွေသား များ၏ ဆာလောင်မှု ဝမ်းမီးများမှာ ဆက်လက် တောက်လောင်လျက် ရှိနေဦးမည် သာ။ ။
(Flower News Journal, 12-7)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။