အားနည်းချက်မှ အားသာချက်သို့
-------------------------- --------
တစ်ခါတုန်းက ဂျူဒိုပညာကိုအလွန်ဝါသနာကြီး တဲ့ကောင်လေးတစ်ယောက်ဟာ ကားမတော်တဆဖြစ်ရပ်တစ်ခုမှာ ဘယ်ဖက်လက်ဆုံးရှုံးခဲ့ရတဲ့အတွက် သူ့ဝါသနာကိုစွန့်လွှတ်ရတော့မ လိုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်ကောင်လေးဟာ အလွန်ဝါသနာကြီးတာကြောင့် တတ်နိုင်သမျှကြိုးစားသင်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။
.
ကောင်လေးဟာ အသက်ကြီးပြီးဖြစ်တဲ့ ဂျပန်ဝါရင့်ဂျူဒိုပညာရှင်ကြီးတစ်ယောက်ဆီမှာ ပညာတွေကိုကြိုးကြိုးစားစားနဲ့ စတင်သင်ယူပါတယ်။ ဒါပေမယ့် ကောင်လေးနားမလည်နိုင်တာတစ်ခုတော့ရှိပါတယ်။ အဲ့ဒါဘာလဲဆိုတော့ ဂျူဒိုဆရာကြီးဟာ သူ့ကို တိုက်ကွက်တစ်ကွက်တည်းကိုပဲ ထပ်ခါတလဲလဲလေ့ကျင့်စေတာပဲဖြ စ်ပါတယ်။ ဒါပေမယ့် ကောင်လေးဟာ ဆရာကြီးကိုယုံကြည်တာကြောင့် ဘာမှမေးခွန်းမထုတ်ပဲ တိုက်ကွက်တစ်ကွက်တည်းကိုပဲ အပြင်းအထန်လေ့ကျင့်ပါတယ်။
.
ဒီလိုနဲ့သင်ယူရင်း ၃လလောက်ကြာတဲ့အထိလည်း ဒီတစ်ကွက်တည်းကိုပဲ ဆက်လက်လေ့ကျင့်စေပါတယ်။ နောက်ဆုံးမှာတော့ ကောင်လေးလည်း ဆရာကြီးကိုမေးမြန်းပါတော့တယ်။
" ဆရာကြီး ကျွန်တော်နောက်ထပ်အကွက်တွေ ထပ်သင်ယူဖို့မသင့်တော်သေးဘူး"
" အေး ဒီအကွက်ဟာမင်းသိသင့်တဲ့တစ်ခုတည်းသောအကွက်ဖြစ်ပြီး မင်းတကယ်အမြဲတမ်းလိုအပ်မယ့် အကွက်ဖြစ်တယ်" လို့ပြန်ပြောပါတယ်။
.
ကောင်လေးအနေနဲ့ ဆရာကြီးဆိုလိုတာကို အပြည့်အ၀နားမလည်ပေမယ့် ဆရာကြီးကိုယုံကြည်တဲ့အတွက်ဆ က်ပြီးကြိုးစားသင်ယူပါတယ်။ လပေါင်းများစွာကြာပြီးနောက် မှာတော့ ဆရာကြီးဟာ ကောင်လေးကိုပထမဆုံးပြိုင်ပွဲကိုဝင်ပြိုင်စေပါတယ်။
.
ပြိုင်ပွဲအစပိုင်းမှာပဲ ကောင်လေးဟာ ပြိုင်ဖက်နှစ်ယောက်ကို အလွယ်တကူပဲအနိုင်ရခဲ့ပါတယ်။ ကောင်လေးလည်း သူ့ကိုယ်သူတော်တော်လေးကို အံ့အားသင့်နေပါတယ်။ တတိယမြောက်ပြိုင်ဖက်ကတော့ ပိုပြီးအနိုင်ယူဖို့ခက်ခဲလာ ပါတယ်။ ဒါပေမယ့် ကောင်လေးဟာ သူကျွမ်းကျင်ပိုင်နိုင်တဲ့ အကွက်နဲ့ပဲတိုက်ခိုက်ပါတယ်။ သူ့ရဲ့ပြိုင်ဖက်လည်း စိတ်မရှည်ဖြစ်ကာ သည်းမခံနိုင်တော့ပဲ ကောင်လေးရဲ့အကွက်အောက်မှာ ရှုံးနိမ့်သွားပါတော့တယ်။
ဒီလိုနဲ့ ကောင်လေး နောက်ဆုံးဗိုလ်လုပွဲကို ရောက်ရှိလာပါတော့တယ်။
.
ဗိုလ်လုပွဲမှာ သူယှဉ်ပြိုင်ရမယ့်ပြိုင်ဖက် က ပိုပြီးသန်မာထွားကြိုင်းပြီး အတွေ့အကြုံလည်းပိုများတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဗိုလ်လုပွဲနေ့ကိုရောက်လာတဲ့ အခါမှာတော့ ကောင်လေးဟာ ပြိုင်ဖက်ရဲ့တိုက်ခိုက်မှုကို အလူးအလဲခံရပါတော့တယ်။
နောက်ဆုံးကောင်လေးဟာ ပြိုင်ဖက်ရဲ့တိုက်ခိုက်မှုအောက်မှာလဲကျသွားပြီး ဒိုင်လူကြီးက ခဏအနားပေးဖို့ ပြိုင်ပွဲကိုခဏရပ်ပါတယ်။ ဒိုင်လူကြီးက အရှုံးပေးတော့မလားမေးမြန်းပေ မယ့် ဆရာကြီးကတော့ "သူဆက်ပြိုင်ပါလိမ့်မယ်" လို့သာ ပြန်ပြောပါတယ်။
.
ပြိုင်ပွဲပြန်စတာနဲ့ ကောင်လေးရဲ့ပြိုင်ဖက်ဟာ အာရုံစူးစိုက်မှုလျော့နည်းသွားပြီး
စိတ်အေးလက်အေးယှဉ်ပြိုင်ကာ ခုခံကာကွယ်မှုတွေလည်း လျှော့ချပစ်လိုက်ပါတယ်။
ကောင်လေးလည်း ပြိုင်ဖက်အလစ်အငိုက်မှာ ချက်ချင်းဆိုသလို
သူ့ရဲ့အကျွမ်းအပိုင်နိုင်ဆုံး တိုက်ကွက်နဲ့ ပြိုင်ဖက်ကို မနားတမ်းတရစပ်တိုက်ခိုက်ပြီး ပြိုင်ပွဲကိုအနိုင်ရရှိသွား ပါတော့တယ်။
သူချန်ပီယံဖြစ်ခဲ့ပါပြီ။
အိမ်အပြန်လမ်းမှာ ကောင်လေးနဲ့ဆရာကြီးဟာ ပြိုင်ပွဲတစ်လျှောက်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲတွေအကြောင်းကို ပြန်လည်သုံးသပ်ပြောဆိုနေကြရ င်း ကောင်လေးက အရဲစွန့်ပြီး ဆရာကြီးမေးမြန်းလိုက်ပါတယ်။
" ဆရာကြီး ကျွန်တော်ဒီတိုက်ကွက်တစ်ခုတ ည်းနဲ့ ဘာကြောင့်ချန်ပီယံဖြစ်ခဲ့တာ လဲ" လို့မေးမြန်းလိုက်ပါတယ်။
ဆရာကြီးက " မင်းနိုင်သွားရတဲ့အကြောင်းရ င်း ၂ ခုရှိတယ်။ပထမတစ်ချက်ဟာ ဂျူဒိုမှာအခက်ခဲအနက်နဲဆုံးတိုက်ကွက်တစ်ခုကို မင်းဟာကျွမ်းကျင်တဲ့အဆင့်ထိ ရောက်အောင်တတ်မြောက်ထားလို့ ဒုတိယတစ်ချက်ကတော့ ဒီမင်းကျွမ်းကျင်ထားတဲ့တိုက်ကွက်ကို ပြိုင်ဖက်ကကာကွယ်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ မင်းရဲ့ဘယ်ဖက်ကိုဖမ်းချုပ်လိုက်တာပဲ"
.
ဘယ်ဖက်လက်ဆုံးရှုံးထားရတဲ့ကာ င်လေးရဲ့အားနည်းချက်ဟာ သူ့အတွက်အကောင်းဆုံးအားသာချ က်ဖြစ်သွားခဲ့ပါတယ်။
.
(တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အားနည်းချက်တွေအတွက်
ကိုယ့်ကိုကိုယ်အပြစ်တင်မယ်၊ ဘုရားသခင်ကိုလည်း အပြစ်တင်မိမယ်။
ဒါပေမယ့် အားနည်းချက်ဟာ တစ်နေ့မှာအားသာချက်ဖြစ်လာနိုင်တယ်ဆိုတာကို ကျွန်တော်တို့သတိမထားမိခြဲ့ ကဘူး။
အဲ့ဒါကြောင့် သင့်အနေနဲ့ ကိုယ့်မှာ အားနည်းချက်တစ်ခုခုရှိနေတယ် လို့ ဘယ်တော့မှမတွေးသင့်ပါဘူး)
____________
ဘာသာပြန်
လင်းထက်မော်
( Focus Youth E-magazine )
--------------------------
တစ်ခါတုန်းက ဂျူဒိုပညာကိုအလွန်ဝါသနာကြီး
.
ကောင်လေးဟာ အသက်ကြီးပြီးဖြစ်တဲ့ ဂျပန်ဝါရင့်ဂျူဒိုပညာရှင်ကြ
.
ဒီလိုနဲ့သင်ယူရင်း ၃လလောက်ကြာတဲ့အထိလည်း ဒီတစ်ကွက်တည်းကိုပဲ ဆက်လက်လေ့ကျင့်စေပါတယ်။ နောက်ဆုံးမှာတော့ ကောင်လေးလည်း ဆရာကြီးကိုမေးမြန်းပါတော့တယ
" ဆရာကြီး ကျွန်တော်နောက်ထပ်အကွက်တွေ ထပ်သင်ယူဖို့မသင့်တော်သေးဘူ
" အေး ဒီအကွက်ဟာမင်းသိသင့်တဲ့တစ်ခ
.
ကောင်လေးအနေနဲ့ ဆရာကြီးဆိုလိုတာကို အပြည့်အ၀နားမလည်ပေမယ့် ဆရာကြီးကိုယုံကြည်တဲ့အတွက်ဆ
.
ပြိုင်ပွဲအစပိုင်းမှာပဲ ကောင်လေးဟာ ပြိုင်ဖက်နှစ်ယောက်ကို အလွယ်တကူပဲအနိုင်ရခဲ့ပါတယ်။
ဒီလိုနဲ့ ကောင်လေး နောက်ဆုံးဗိုလ်လုပွဲကို ရောက်ရှိလာပါတော့တယ်။
.
ဗိုလ်လုပွဲမှာ သူယှဉ်ပြိုင်ရမယ့်ပြိုင်ဖက်
နောက်ဆုံးကောင်လေးဟာ ပြိုင်ဖက်ရဲ့တိုက်ခိုက်မှုအေ
.
ပြိုင်ပွဲပြန်စတာနဲ့ ကောင်လေးရဲ့ပြိုင်ဖက်ဟာ အာရုံစူးစိုက်မှုလျော့နည်းသွ
သူချန်ပီယံဖြစ်ခဲ့ပါပြီ။
အိမ်အပြန်လမ်းမှာ ကောင်လေးနဲ့ဆရာကြီးဟာ ပြိုင်ပွဲတစ်လျှောက်ယှဉ်ပြိ
" ဆရာကြီး ကျွန်တော်ဒီတိုက်ကွက်တစ်ခုတ
ဆရာကြီးက " မင်းနိုင်သွားရတဲ့အကြောင်းရ
.
ဘယ်ဖက်လက်ဆုံးရှုံးထားရတဲ့ကာ
.
(တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အားနည်းချက
ကိုယ့်ကိုကိုယ်အပြစ်တင်မယ်၊
ဒါပေမယ့် အားနည်းချက်ဟာ တစ်နေ့မှာအားသာချက်ဖြစ်လာနိ
အဲ့ဒါကြောင့် သင့်အနေနဲ့ ကိုယ့်မှာ အားနည်းချက်တစ်ခုခုရှိနေတယ်
____________
ဘာသာပြန်
လင်းထက်မော်
( Focus Youth E-magazine )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။