Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 9, 2016

မီဒီယာ ဂုဏော အနန္တော

မီဒီယာ ဂုဏော အနန္တော

|| စိုပြေ - သရော်စာ ||

ကမ္ဘာပေါ်မှာ အခြားလူတွေကို ဆဲခြင်သလောက်ဆဲ။
ရန်ဖြစ်ခြင်သပဆိုရင်လည်း ဖြစ်။ ဘာမှ မဖြစ်ဘူး။ မသကာ တရားဆွဲခံရရုံ။ ထောင်ထဲရောက်ရုံလောက်ပဲ။
အဲ...။ ဒါပေမဲ့ မီဒီယာတွေကိုတော့ ဘယ်တော့မှ မဆဲနဲ့။ ဘယ်တော့မှ ရန်သွားမဖြစ်လေနဲ့။
မီဒီယာတွေနဲ့ ရန်သွားဖြစ်လို့ကတော့......ဟင်း..ဟင်း....။

အခုပဲကြည့်လေ။
ဦးဝင်းထိန်။ မီဒီယာနဲ့ အင်တာဗျုးတစ်ခုမှာ တစ်မိနစ်ကျော်လေး မီဒီယာကို ကြိမ်းမောင်းလိုက်တာ။
အခုဘာဖြစ်နေသလဲ။ အကျိုးနဲကုန်ပြီလေ။ အဆဲခံနေရပြီလေ။
ဦးဝင်းထိန်ဆိုတာက NLD က ပြောခွင့်ရ ပုဂ္ဂိုလ်။ ဗိုလ်ကြီးဟောင်း။
စစ်သားဖြစ်ခဲ့ဖူးသူဆိုတော့ စကားပြောတာက ပြတ်တယ်။ ရင့်တယ်။

ဟို ၀န်ကြီးတွေ သမ္မတတွေလည်း စစ်သားဖြစ်ခဲ့ဖူးတာပဲ။ ဦးဝင်းထိန်လိုမဟုတ်ပါလားလို့ ပြန်ထောက်ကြလိမ့်မယ်။
မတူဘူး။ ဦးဝင်းထိန်က ဗိုလ်ကြီးအထိပဲ ဖြစ်ခဲ့ဖူးတာ။ ဟိုဝန်ကြီးတွေ သမ္မတတွေက ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ကြီးတွေအထိဖြစ်ခဲ့တာ။
အဲ့တော့ မတူဘူး။ ရာထူးကြီးတော့ သင်တန်းပိုတတ်ရတယ်။
ယဉ်ကျေးလိမ်မာ သင်တန်းတို့ ဘာတို့ပေါ့။
အဲ့တော့ ရာထူးကြီးရင် ပိုပြီး ယဉ်ယဉ်ကျေးကျေး ပြောတတ်တယ်။
ဒီလောက် ယဉ်ကျေးလိမ်မာ သင်တန်းတတ်ထားသူတွေတောင် ပါးရိုက်မယ်တို့။ ထမင်းတနပ်လျှော့စားတို့။ ပြောတတ်သေးတာပဲ။

ထားပါတော့လေ။
ဦးဝင်းထိန်နဲ့ မီဒီယာဆိုတာတကယ်တော့ လင်မယားလိုပဲ။ ဘယ်သူက မယားလဲတော့ မသိဘူး။
အဲ....ဦးဝင်းထိန်က ကြိမ်း တာ့ဆိုတော့ သူက လင်ဖြစ်ဖို့ များတယ်။
ပြောခြင်တာက အမြဲရန်ဖြစ်တတ်တယ်။ အရင်တုန်းကတော့ မီဒီယာသမားတွေက မယားဆိုတဲ့အတိုင်း သည်းခံပါတယ်။
လမ်းကြောင်းက တူနေတာကို။ အစိုးရကို တိုက်မယ်။ ဒီမိုကရေစီအောင်ရမယ်။

အခုတော့ ဒီမိုကရေစီတိုက်ပွဲ အောင်ပြီ။ အဲ့တော့ ဦးဝင်းထိန်တို့ NLD လည်း မကြာခင်မှာ အစိုးရဖြစ်တော့မယ်။
မီဒီယာဆိုတာက အစိုးရနဲ့ ဆို အမြဲရန်ဖြစ်နေကြ။
ချွေးမနဲ့ ယောက္ခမ၊ သမက်နဲ့ ယောက္ခထီး လိုပဲ။ တခါတလေ တည့်ခြင်ယောင်ဆောင်နေပေမဲ့ အတွင်းစိတ်မှာ ဘယ်လို တီးလိုက်ရမလဲဆိုပြီး ချောင်းနေကြတာ။
ဂွင်ရတွေ့တာနဲ့ ဆော်တာပဲ။ မီဒီယာသမားကတော့ ရေးတာပေါ့။ အစိုးရကရေးလို့မရတော့ ထောင်ထဲထည့်ပစ်တတ်တာ။

အစတုန်းကတော့ မီဒီယာတွေက NLDကို အတိုက်အခံပါတီ။ ဒီမိုကရေစီအတွက် တိုက်နေတာလို့မြင်တယ်။
အဲ့တော့ တော်ရုံအမှားလေးတွေဆို ဘာမှ မပြောဘူး။ လင်မယားလိုပဲ ဆိုတော့ ချစ်ကြတာပေါ့။
အဲ.... အခုတော့ မဟုတ်တော့ဘူး။ အစိုးရဖြစ်တော့မှာ။ ဒီဘဲတွေ အစိုးရဖြစ်ရင်ဘယ်လိုနေမလဲ ဆိုတဲ့ သံသယစိတ်လေးဝင်လာပြီ။
သိပ်မကြည်တော့ဘူး။
အရင်က လင်မယား။ မတည့်လည်း ပေါင်းနေရမှာပေါ့။
အခုတော့ လင်မယားဘ၀က စုတေပြီ။
မကြာခင်မှာ NLD ဟာ မီဒီယာတွေရဲ့ ယောက္ခမဖြစ်တော့မယ်။
အခုတော့ ယောက္ခမလောင်းပေါ့။

သမက်တို့ ထုံးစံအတိုင်း ယောက္ခမကိုဆို မခန့်လေးစားနဲ့ပေါ့။ ခင်ဗျားသမီးနဲ့ ဘယ်တော့ ပေးစားမှာလဲ ဆိုပြီး မေးသလိုပေါ့။ သူ့ဟာ ပေးစားခြင် ပေးမယ်။ မပေးစားခြင် မပေးစားဘူး။
မီဒီယာက ဘာမေးလဲဆိုရင် “NLD အစိုးရအဖွဲ့ထဲမှာ ဘယ်သူတွေ ပါမလဲ။ ဘယ်တော့ ထုတ်ပြန်မလဲ”
အဲ့တော့ ဦးဝင်းထိန်က “မပြောနိုင်သေးဘူး။ ထုတ်ပြန်တဲ့အထိစောင့်ကြ။ ဘယ်တော့ ထုတ်ပြန်မလဲ ဆိုတာလည်းမသိဘူး”
မီဒီယာ။` ။ ကျေးဇူးတင်ပါတယ်။
ဦးဝင်းထိန်။ ။ ကျေးဇူးတင်မနေနဲ့။ မေးခွန်းတွေ စဉ်းစဉ်းစားစားမေးကြ။
ဒါကတော့ အတိုချုံးထားတာပါ။

အရင်လင်မယား ဘ၀တုန်းကဆို အဲ့လို ပြောတာလေးများ နားဝင်တောင်ချိုသေး။
ဟီးဟီးဟဲဟဲ.... နဲ့ပေါ့။ ဦးက သိပ်နောက်တာပဲ။ ချစ်စရာကြီး ဘာညာ။
အခုတော့ အဲ့လိုမဟုတ်ပေါင်။
အွန်လိုင်းမှာ ဖြန့်လိုက်တယ်လေ။ အဲ့တော့ လူတွေက ဦးဝင်းထိန်ကို စကားမပြောတတ်တဲ့လူကြီး။ ရင်းသီးတဲ့ လူကြီး။ ပီအာကို နားမလည်တဲ့လူကြီး။
ဘာညာ သရကာ ဆဲဆိုကြပါလေရော။

သူများတွေကတော့ ပြောကြပါရဲ့။ မီဒီယာသမားဆိုတာ ကျီးကန်းလိုပဲတယ်။ ကိုယ့်အချင်းချင်းသာ မတည့်တာ။
ကိုယ့်အထဲအကောင် တစ်ကောင်ကို ထိတာနဲ့ ၀ိုင်းအာတာပဲတဲ့။
ဟုတ်လည်း ဟုတ်ပါရဲ့။ အခုပဲကြည့်။ မီဒီယာသမားတစ်ယောက်ကို ထိတာနဲ့ ၀ိုင်းဆော်ကြတာ။ စာမျက်နှာပေါ်မှာရော။ အွန်လိုင်းပေါ်မှာရော။
အဲ့လို ဆော်လေတော့ ဦးဝင်းထိန် ခမြာ လွှတ်တော်တောင် မတတ်နိုင်။ ဖုန်းပိတ်ပြီး နေရလေတော့တယ်။

ဒီလူကြီးနဲ့ ဘယ်လို ရှေ့ဆက် နှစ်ပါးသွားရမှာလဲ။ အစိုးရအဖွဲ့အထဲသာ ပါရင် ပြသနာပါပဲဆိုပြီး မီဒီယာ အဆင်းဘီးတပ်ပေးကြလေရဲ့။
ဟိုးအရင်တပတ်ကမှ ဦးဝင်းထိန်က ဒေါ်စုဆီမှာ ၀န်ကြီးတနေရာ ပေးဖို့ တောင်းတယ်ဆိုတဲ့ အသံကလည်း ထွက်လာသေးတယ်။
အဲ့တော့ ဒီလို အပြောအဆို မတတ်တဲ့လူကြီး ၀န်ကြီးခန့်ရင် ပြသနာပါပဲဆိုတော့.....ကာ...
အမှန်တကယ်ဆို ဦးဝင်းထိန်ကိုလည်း ပြည်သူတွေက ၀န်ကြီး တနေရာလောက် မှန်းထားတာ။
အခုဆို ၀န်ကြီး ဖြစ်ဖို့ ခက်သွားပြီ။
ဝန်ကြီးဖြစ်ရင် ၀ိုင်းပြီး ဝေဖန်ကြဦးမယ်လေ။
ဒါက သိပ်တော့ မရိုးသားဘူး။ ဦးဝင်းထိန်ကို ၀န်ကြီးနေရာ မပေးခြင်လို့ ဒေါ်စုနဲ့ မီဒီယာ ပေါင်းကြံလိုက်သလားပဲ။

တကယ်တော့ မီဒီယာတွေနဲ့ ပြသနာတတ်လို့ အကျိုးနည်းကုန်တဲ့လူတွေ မနည်းပါဘူး။
လက်ရှိ ၀န်ကြီးတွေ။ ပြည်ပရောက် တတ်ကြွလှုပ်ရှားသူတွေ၊
နောက်ပြီး ဇာဂနာ။ ဇာဂနာတုန်းကလည်း လေဆိပ်မှာ ရှုပ်နေတဲ့ မီဒီယာသမားတွေကို ဆဲလိုက်ရာက စလို့ မီဒီယာသမားတွေက သူ့ကို သိပ်အဖက်မလုပ်ကြတော့ဘူးလေ။
အစိုးရဘက်တော်သာ ဘာညာ တံဆိပ်ကပ်ပလိုက်တယ်။ တကယ်လည်း အစိုးရဘက်ရောက်သွားလာတော့မသိဘူးပေါ့။
အဲ့တော့ ဂျာနယ်တွေသိပ်မပါတော့ဘူး။ ဂျာနယ်ထဲ မပါတော့ နာမည်မကြီးတော့ဘူးပေါ့။
နောက်ဇေကမ္ဘာဦးခင်ရွှေ လည်း မီဒီယာသမားတွေထမင်းကျွေးတဲ့ ကိစ္စနဲ့ ပြသနာတတ်ဖူးတယ်။ အဲ့တော့ အခုထိ သူလည်း လူကောင်းမဖြစ်ရှာတော့ဘူး။

အခြား၊ အခြားသော မီဒီယာနဲ့ ပြသနာတတ်လို့ အကျိုးနဲကုန်ကြသူလည်းမနည်းပါဘူး။
အဲ့ဒါကြောင့် မီဒီယာနဲ့ တည့်အောင်ပေါင်းပါ။
မီဒီယာကို မဆဲနဲ့။ ရန်မဖြစ်နဲ့။
မီဒီယာကို ရိုသေပါ။ မီဒီယာကို လေးစားပါ။

မီဒီယာဂုဏော အနန္တော ဆိုပြီးကိုးကွယ်ပါ။ ဆည်းကပ်ပါ။

စိုပြေ

The Ladies News Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။