Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 10, 2015

ကျူရှင်အလာဂျီ

Jupiter Myanmar Education feeling thoughtful.
ကျူရှင်အလာဂျီ
“ကျူရှင်” လို့ ကြားလိုက်လျှင် အလာဂျီထလေ့ရှိကြသည်။ အဖြူအစိမ်းဆရာတွေ ကျူရှင်ပြန်ပေးသည်ဆိုလျှင် နှာခေါင်းများ အော်တိုရှုံ့သွားတတ်ကြတယ်။ မြန်မာပြည် ပညာရေးရပ်ဝန်း၌ ရွေ့လျားမှု လားရာများကို ခွဲကြည့် ဖြဲကြည့် ဆွဲကြည့် စိကြည့်လိုက်လျှင် အာဏာရှင်နိုင်ငံရေး လောင်းရိပ်များအောက် လူးလူးလွန့်လွန့်ဖြင့် ဟိုးတိုးသည်တိုး တိုးမိတိုးရာ တိုးနေကြသည်ကို မြင်တွေ့နိုင်သည်။ တီကောင်များ သကဲ့သို့။

ထိုစဉ် ကျူရှင်ယဉ်ကျေးမှု ထွန်းကားလာခဲ့သည်။ ယနေ့ထိတိုင် ကျူရှင်ယဉ်ကျေးမှု အရှိန်အဟုန်ကောင်းနေသလို ဝေဖန်သံများလည်း ဆူညံလျက် ရှိနေလေသည်။ ကျူရှင်ယူသည့် ဓလေ့သည် ၁ တန်းမှစ၍ မာစတာတန်းထိ ဖြစ်သည်ဟု တွေ့ရှိရသည်။
ယေဘုယျ (၁)။ ၁ တန်းမှ ၉ တန်းထိ ကျူရှင်ယူသော ကလေးများကို ပုံစံ နှစ်မျိုးဖြင့် ခွဲကြည့်နိုင်သည်။ အတန်းပိုင်ဆရာဖြင့် ကျူရှင်ပြန်ယူသော အုပ်စုသည် အတန်းပုံမှန်တက်ရန် (သို့) ဆရာ၏ ဦးစားပေးချစ်ခင်မှုကို ရယူရန် (သို့) အဆင့် ကောင်းကောင်းရရှိရန် စသည်တို့ကြောင့်ဖြစ်သည်။ ချွင်းချက်တစ်ချို့လည်း ရှိနိုင်ပါသည်။ ပြင်ပဆရာများဖြင့် ကျူရှင်ယူသော အုပ်စုကတော့ ရှင်းသည်၊ အခြေခံ တကယ်ကောင်းချင်သောကြောင့် ဖြစ်သည်ဟု ကောက်ချက် ချရပေလိမ့်မည်။
ယေဘုယျ (၂)။ ဆယ်တန်းရောက်သည့်အခါ ကျူရှင်ယူသည့် ရည်ရွယ်ချက်များ တူသွားကြသည်။ အစိုးရစစ်ကြီးကို ကျော်လွှားနိုင်ရန် ထိထိရောက်ရောက် အကူအညီပေးနိုင်သည့် ဆရာများထံ ကိုယ်ယုံကြည်ရာအတိုင်း ပြေးဝင်ဆည်းကပ်ကြတော့သည်။
ယေဘုယျ (၃)။ တက္ကသိုလ်ရောက်သည့်အခါ ရည်ရွယ်ချက် ပြောင်းသွားကြပြန်သည်။ အများစုမှာ ခုံနံပါတ်ပေးရန် ဖြစ်သည်။ မိုးရွာတုန်း ရေခံတတ်သော ဆရာများမှာ ကင်ဆာဖြစ်ခဲ့လျင်တောင် သက်တောင့်သက်သာ အသက်ထွက်နိုင်ရန် ဖူလုံသွားကြသည်။ ကျင့်ဝတ်နှင့်အညီ ရိုးရိုးကျင့် မြင့်မြင့်ကြံတတ်သော ဆရာများမှာမူ ရေတစ်မှုတ်ကွမ်းတစ်ယာဖြင့် အိမ်လခပေးလိုက်လျင် ကုန်သွားနိုင်သည့် အစိုးရကချီးမြှင့်မြှောက်စားထားသော လစာဖြင့်သာ အသက်ဆက်ကြသည်။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်လျှင် ဆယ်တန်းအတွက် ကျူရှင်ယူကြသော ရည်ရွယ်ချက်မှလွဲ၍ အခြားအတန်းများ၌ ဖြစ်ပေါ်လျှက်ရှိသော ရည်ရွယ်ချက်များသည် နိုင်ငံအရေးအရ တည်ဆောက်ထားသော အနင်းချေခံပညာရေးစံနစ်ကြောင့်သာ ဖြစ်ပေသည်။
ကျူရှင်ယူခြင်း ကျူရှင်ပေးခြင်းသည် တစ်ကမ္ဘာလုံး၌ရှိသည်။ အဝေးကြီးကို မကြည့်ဘဲ ‘ရွှေ’ တို့ကြိုက်တဲ့ ‘စ’ ကို တစ်ချက်လောက် တီးခေါက်ကြည့်ကြစို့။ အရှေ့တောင်အာရှတွင် ပညာရေးအကောင်းဆုံးဘွဲ့ခံ စင်ကာပူသည် ကျူရှင်နိုင်ငံတော်ဖြစ်သည်။ Straits Times သတင်းစာ၏ ၂၀၀၈ ခုနှစ် စစ်တမ်းကောက်ယူမှုအရ ကျောင်းသားအယောက် ၁၀၀ ကို အင်တာဗျူးခဲ့ရာ ၃ ယောက်သာလျှင် ကျူရှင်လုံးဝမယူသူများဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ကျူရှင်ယူကြသူတို့၏ အဓိကရည်ရွယ်ချက်သည် သူတို့အားနည်းသော သင်ခန်းစာများကို တိုးတက်မှုရှိလာစေရန်ဖြစ်သည်။
ဤတွင် စင်ကာပူနိုင်ငံ၏ ပေါ်လစီကို ပြန်ကြည့်ရလိမ့်မည်။ မည့်သည့်သဘာဝ သယံဇာတမှ မထွက်သော နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့အလည် တင့်တယ်စေရန်အလို့ငှာ Man Power ခေါ် လူ့စွမ်းအားကို ဟိုး … အမြင့်ဆုံးထိ မြှင့်ယူသုံးဆွဲနိုင်ရေးသည် ‘စ’ ၏ ပကတိနိုင်ငံရေးပေါ်လစီဖြစ်သည်။ လူ့စွမ်းအားဖြင့် နိုင်ငံကို မောင်းနှင်လည်ပတ်နိုင်ရန် အရည်အသွေးမှီသော ပညာစွမ်းအင်ရရှိမှဖြစ်မည်။ ထို့ကြောင့် ကျောင်းသားဘဝတစ်လျောက် ရရှိလာသော Grade များကို ထိုကျောင်းသား၏ တက္ကသိုလ်ဝင်ခွင့်၊ အထူးပရိုဂရမ်ဝင်ခွင့်နှင့် အလုပ်လျောက်သည့်အခါတို့၌ အလွန်အရေးကြီးသည့် အရာများအဖြစ် လက်ခံအကဲဖြတ်လေ့ရှိကြသည်။
ကျူရှင်ယူသူများတွင် ရိုးရှင်းသော ရည်ရွယ်ချက်ရှိသည့်အလျောက် ကျူရှင်ပေးသူတို့တွင်လည်း ပရိုဖက်ရှင်နယ်စိတ်ဓာတ် ရှိကြသည်။ ဆိုလိုသည်မှာ ကျင့်ဝတ်နှင့်အညီ ရှာဖွေစားသောက်တတ်ကြသည်။
စင်ကာပူပညာရေးဝန်ကြီးဌာန၏ တရားဝင် ရပ်တည်ချက်မှာ အစိုးရကျောင်းဆရာတွေအနေနဲ့ ကျူရှင်ကို မထောက်ခံသင့်ဖူးလို့ ဆိုထားသော်လည်း၊ အစိုးရရပ်တည်ချက်တွင် ကလေးမိဘတွေ၏ သူတို့ကလေးတွေကို အကောင်းဖြစ်စေချင်သော ဆန္ဒကိုနားလည်ကြောင်းနှင့် ကျူရှင်ထားခြင်း မထားခြင်းဆိုသည်မှာ မိဘတွေ၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်ဟု ဆိုထားပါသည်။
နိကုံးချုပ်ရလျှင် --
(၁) မြန်မာတို့၏ ကျူရှင်ယူသော ကျူရှင်ပေးသော ရည်ရွယ်ချက်သည် စင်ကာပူတို့နှင့် ယှဉ်ကြည့်လျှင် သိသိသာသာ ခြားနားလျက်ရှိသည်။
(၂) ထိုသို့ဖြစ်ရခြင်းမှာ Philosophy of Education မတူသောကြောင့်ဖြစ်သည်။
(၃) ဤသို့ဆိုလျှင် ကျူရှင်တွေကြောင့် မြန်မာပြည်ပညာရေး ပျက်စီးရတာပါ ဟုဆိုသော ကျူရှင်အလာဂျီများ ပပျောက်ရန် လက်ရှိလည်ပတ်နေသော ပညာရေးယန္တရားကြီးကို Reform အရင်လုပ်ရပါလိမ့်မည်။

မှတ်ချက်။ ကျူရှင်မသင်ရဟု အမိန့်သော်လည်းကောင်း၊ ဥပဒေသော်လည်းကောင်း တစ်စုံတစ်ခုပေါ်ထွက်လာပါက လူ့အခွင့်အရေးကို ဆန့်ကျင်ရာရောက်၏။ ဥပမာ -- အသည်းအထူးကု ဆရာဝန်ကြီးတစ်ယောက်က အစိုးရဆေးရုံမှာ ထိုင်ပြီးလို့ Duty ထွက်ပြီး ကိုယ်ပိုင်အချိန်မှာ အပြင်ဆေးခန်း ထိုင်တယ်ဆိုရင် အပြစ်ရှိသလား။ ……. လူနာနဲ့ တူတဲ့ ကျောင်းသားတွေက ကိုယ့်မှာရှိနေတဲ့ ရောဂါတွေ တကယ်ပျောက်ဖို့ ရည်ရွယ်လာသလို၊ ဆရာဝန်နဲ့တူတဲ့ ဆရာတွေဘက်ကလည်း ထိရောက်တဲ့ သင်ကြားနည်းတွေနဲ့ စေတနာထားပြီး ကုသပေးလိုက်ဖို့ပဲ လိုပါတယ်။ ဒီနေရာမှာ ကျင့်ဝတ်သာလျှင် အရေးကြီးဆုံး ဖြစ်ပါတယ်။
အောင်ကြီး
(02:03, Dec 9, 2015)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။