Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 9, 2015

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးအကြောင်း စာအုပ်ရေးသားသော မြန်မာ့အရေးလေ့လာသူ ဘန်းဒစ်ရော်ဂျာနှင့် တွေ့ဆုံခြင်း



‘‘ကျုပ်နိုင်ငံမှာ လူဦးရေ ၅၄ သန်းရှိတဲ့အထဲမှာ ဘာကြောင့်လူတစ်ယောက်တည်းကိုပဲ အဓိကထားပြောနေတာလဲ’’ဟု ဒေါ်အောင်ဆန်းစုကြည်နာမည်ကို ကြားတိုင်းမကျေမချမ်း မေးခွန်းထုတ်တတ်ခဲ့သူမှာ
မြန်မာနိုင်ငံကို ဆယ်စုနှစ်နှစ်ခုကြာ အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေဖြစ်လေသည်ဟု ဘန်းဒစ်ရော်ဂျာက သူရေးသောစာအုပ်တွင် ဖော်ပြခဲ့သည်။ ထိုစာအုပ်ကို နိုင်ဦးက ‘‘စစ်အာဏာရှင်တစ်ဦးကို မျက်နှာဖုံးချွတ်ခွာခြင်း’’
အမည်ဖြင့် မြန်မာဘာသာပြန်ထုတ်ဝေထားပြီးဖြစ်သည်။

ဦးသန်းရွှေနှင့် ၎င်း၏ မြန်မာ ပြည်အပေါ် အုပ်ချုပ်ပုံအကြောင်းတို့ကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်၊ မြန်မာ့အရေးလေ့လာသူလည်းဖြစ်သည့် ဘန်းဒစ်ရော်ဂျာက ‘Than Shwe: Unmasking Burma’s Tyrant’ အမည်ဖြင့် စာအုပ်ရေးသားခဲ့သည်။

Christian Solidarity World Wide ၏ အရှေ့အာရှအဖွဲ့ခေါင်းဆောင်ဖြစ်သော မစ္စတာရော်ဂျာသည်
နိုင်ငံတကာသတင်းစာစောင်များတွင် ဆောင်းပါးများစွာ ရေးသားနေသူလည်းဖြစ်သည်။ ထို့အပြင် ကရင်တိုင်းရင်းသားများ
အပေါ် စစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း A Land Without Evil: stopping the genocide of Burma’s Karen People စာအုပ်ကို ရေးသားခဲ့သည်။

ရွေးကောက်ပွဲအလွန်ကာလ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေတို့ တွေ့ဆုံချိန်တွင် မစ္စတာရော်ဂျာသည်
မြန်မာနိုင်ငံသို့ ရောက်ရှိနေသဖြင့် ၎င်းနှင့်အင်တာဗျူးထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေကို ရက်စက်ဖိနှိပ်သူ အာဏာရှင်အဖြစ် ရေးပြီးတဲ့နောက်မှာ မြန်မာပြည်ထဲဝင်ဖို့ အခက်အခဲကြုံရတာမျိုးရှိလား။ အစိုးရကဗီဇာကို အနှောင့်အနှေးမရှိ ခွင့်ပြုပေးလား။

လွန်ခဲ့တဲ့ သုံးနှစ်တာမှာ ကျွန်တော်ဘာပြဿနာမှ မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံကို ကျွန်တော်ပုံမှန် အလည်အပတ်လာနိုင်ခဲ့ပြီး အဲဒီအတွက်လည်း ကျေနပ်မိပါတယ်။

မစ္စတာရော်ဂျာ သိတဲ့အတိုင်းပဲ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မကြာခင်က တွေ့ဆုံခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ‘အနာဂတ်ခေါင်းဆောင်’လို့ သူက ပြောပါတယ်တဲ့။ သူ့အကြောင်း စာအုပ်ရေးခဲ့တဲ့အချိန်နဲ့ အခုအချိန်ကြားမှာ တစ်ခုခုကွဲပြားထူးခြားလာတာမျိုး မြင်မိပါသလား။ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေရဲ့ အနေအထားနဲ့ သူ့ရဲ့လွှမ်းမိုးမှုကိုကော ဘယ်လိုတွေ့ရပါလဲ။

ဒီတွေ့ဆုံဆွေးနွေးမှုနဲ့ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်မှာ အခုအထိ လှမ်းလာတဲ့ခြေလှမ်းတွေဟာ ရာဇဝင်တွင်ပါတယ်။ နောက်ပြီး အင်မတန်မှကို အပြုသဘောဆောင်ပြီး အားတက်စေတယ်။ ဦးသန်းရွှေဟာ အံ့သြစရာကောင်းလောက်တဲ့ စရိုက်အ ပြောင်းအလဲတစ်ခုကို ပြသလိုက်ပုံပေါ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီမျှော်လင့်ချက်တွေ အပေါ်ထားခဲ့တဲ့ သူ့ရဲ့ အရင်ကသဘောထား တင်းမာတဲ့ အတိုက်အခံချဉ်းကပ်နည်း အပြောင်းအလဲကိုလည်း ပြသလိုက်ပုံပေါက်တယ်။ သတင်းအစီရင်ခံမှုတွေက မှန်ကန်ရင်၊ သူ့ရဲ့သဘောထားက ဟန်ဆောင်မှုမရှိ ရိုးသားရင်၊ ဖုံးကွယ်ထားတဲ့ နောက်ကွယ်အစီအစဉ်တွေ မရှိဘူးဆိုရင် မြန်မာ့နိုင်ငံရေးအသွင်
ကူးပြောင်းမှုအတွက် အင်မတန်မျှော်လင့်ချက်ထားရာ အကြောင်းပြချက်တွေ ရှိပါတယ်။

ဒါပေမဲ့ ဘယ်လိုပင် ဆိုစေဦးတော့ အစိုးရအဖွဲ့မှာ တပ်မတော်ရဲ့အခန်းကဏ္ဍဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆက်ရှိနေဦးမှာပဲဆိုတာကိုလည်း အမှတ်ရတန်ကောင်းပါတယ်။ နောက်ပြီး ဒါကြောင့်ပဲ တပ်မတော်က NLDဦးဆောင်တဲ့ အစိုးရကို အကူးအပြောင်းပေးဖို့ ငြင်းပယ်စရာမရှိ လိုလိုလားလားဖြစ်နေရတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်နေနိုင်တယ်။ ဒါပေမဲ့လည်းပေါ့ဗျာ။ မြန်မာဟာ နောက်ဆုံးမှာတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကာလတစ်ခုနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဆီ ဝင်ရောက်လာနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရှေ့မှာစိန်ခေါ်မှုတွေ အများကြီးရှိလိမ့်မယ်။ ဒါပေမဲ့ ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား တွေ့ဆုံမှုဟာ စိတ်အားတက်စေတဲ့ အစပျိုးမှုတစ်ခုဖြစ်ပုံပေါ်ပါတယ်။

ဦးသန်းရွှေကို ရက်စက်ဖိနှိပ်သူ စစ်အာဏာရှင်တစ်ဦးလို့ ရေးခဲ့တဲ့ စာရေးဆရာတစ်ယောက်အနေနဲ့ အခုအချိန်မှာကော သူ့ကို ဘယ်လိုဖွဲ့ဆိုသရုပ်ဖော်ချင်ပါသလဲ။ အရင်လိုအတူတူပဲလား။

အင်မတန်ရက်စက်တတ်ပြီး သဘောထားတင်းမာတဲ့ အပြုအမူလုပ်ဆောင်တတ်တဲ့ အာဏာရှင်တစ်ယောက်အနေနဲ့ ဒီအချိန် သူ့ရဲ့ချဉ်းကပ်မှုက ထူးခြားကွဲပြားမှုတစ်ခု၊ အသစ်အဆန်းတစ်ခုရယ်လို့ မှတ်ကျောက်တင်ပါတယ်။ အကြောင်းပြချက်တွေကတော့ မ ရှင်းလင်းလှပါဘူး။ မြန်မာပြည်သူလူထုဟာ အပြောင်းအလဲကို လိုချင်တယ်ဆိုတာကို သူနောက်ဆုံးမှာ အသိအမှတ်ပြုမိလာလို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဆုတ်မနစ် ဇွဲသတ္တိအပြည့်ကြိုးပမ်းမှု၊ ရဲရင့်မှုခွန်အားတွေကို ဦးသန်းရွှေက လေးစားမိလာလို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်။

သူ့ကိုယ်သူ ဟန်မပျက်ထိန်းထားရေးအပေါ် အာရုံစိုက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မြေကြီးလက်ခတ်မလွဲ
ရှောင်လွှဲမရမုချ ဖြစ်လာတော့မယ့် အကူးအပြောင်းမှာ သူ့ပုဂ္ဂလိကချမ်းသာ ကြွယ်ဝမှု၊ သူ့မိသားစု၊ သူ့ခရိုနီတွေနဲ့ တပ်မတော်ကိုအကာအကွယ်ပေးထားတယ်ဆိုတာကို သေချာအောင်လို့ပေါ့။ ဝဋ်လည်တာမျိုး၊ ပြစ်ဒဏ်ပြန်ခံရတာမျိုး
မရှိအောင်၊ အတိတ်ကရာဇဝတ်မှုတွေအတွက် သူတို့ကို တာဝန်ယူခိုင်းမှာမျိုးမဖြစ်အောင် အာရုံစိုက်နေတာလည်း
ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီအကြောင်းရင်းခံတွေအားလုံးရောပေါင်းထားတဲ့ ချဉ်းကပ်မှုတစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။

သူ့ဘဝရဲ့ အခုလိုနောက်ဆုံးအချိန်နှစ်ကာလတွေမှာ သူ့ရဲ့ဦးစားပေးအရာက အငြိမ်းစားဘဝနဲ့ လုံလုံခြုံခြုံသာသာယာယာနေထိုင်ဖြတ်သန်းသွားဖို့ဆိုတာကို သူရိုးရိုးစင်းစင်းအသိအမှတ်ပြုလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကသာလျှင် ရှေ့ဆက်သွားစရာ နည်းလမ်းဆိုပြီး သူ့ရဲ့နက္ခတ်ဗေဒင်ဆရာတွေက အကြံပေးကြလို့လည်းဖြစ်နိုင်တယ်။
ဖြစ်နိုင်ခြေတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ ဒီအချိန်သူ့ရဲ့အပြုအမူဟာ သူအာဏာကိုင်ထားတုန်းက အပြုအမူနဲ့ တော်တော်ကွာခြားတယ်ဆိုတာကတော့ထင်ရှားပါတယ်။

ဦးသန်းရွှေရဲ့ လတ်တလောခြေလှမ်းဟာ တခြားနိုင်ငံတွေက တခြားအာဏာရှင်တွေအတွက် သတင်းစကားတစ်ခွန်း ဒါမှမဟုတ် နမူနာတစ်ခုရယ်လို့ မြင်လား။

သူ့ရဲ့ (ဦးသန်းရွှေ) လတ်တလောချဉ်းကပ်မှုကသာ ဟန်ဆောင်မှုမရှိ ပွင့်လင်းရိုးစင်းပြီး သတင်းတွေအတိုင်း ဟုတ်တယ်ဆိုရင်တော့ မှန်ပါတယ်။ ဒါဟာ ကမ္ဘာတစ်ဝန်းက တခြားအာဏာရှင်တွေအတွက် သတင်းစကားတစ်ခွန်းပါ။ နောက်ဆုံးမှာ လူထုက ပြောကြားမှာဖြစ်ပြီး အုပ်ချုပ်သူတွေက နားထောင်ရမယ်ဆိုတဲ့ သတင်းစကားပေါ့။ တခြားအာဏာရှင်တွေအနေနဲ့ ဒီမိုကရေစီစနစ်တစ်ခုဆီဒီလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြောင်းတဲ့ဥပမာကို လိုက်လုပ်ကြမယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်။

ဦးသန်းရွှေနဲ့ မြန်မာအကြောင်း နောက်ထပ်စာအုပ်ရေးဖို့ရှိပါသေးလား။

မရှိပါဘူး။ တစ်အုပ်တည်း လုံလောက်ပါပြီ။

နောက်ထပ်ဖြည့်စွက်ပြီး ပြောချင်တာများရှိရင် လွတ်လွတ်လပ်လပ်ဖြည့်ပြောနိုင်ပါတယ် မစ္စတာရော်ဂျာ။

ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်ဒါလေးလည်း ရိုးရိုးလေးထပ်ဖြည့်ချင်ပါတယ်။ ကျွန်တော့်မှာ အင်မတန်မှကို ရိုးရှင်းတဲ့ယုံကြည်ချက်တစ်ခုရှိတယ်။ အစိုးရတစ်ရပ်ဒါမှမဟုတ် လူတစ်ယောက်က အမှားလုပ်ရင် ကျွန်တော်တို့ဟာ အဲဒါကို အမြန်မီးမောင်းထိုးပြပြီး ပြောင်းလဲဖို့ တောင်းဆိုသင့်ပါတယ်။ အစိုးရတစ်ရပ်(ဒါမှမဟုတ်) လူတစ်ယောက်က ပြောင်းလဲပြီး မှန်ကန်တာကိုလုပ်ရင် ကျွန်တော်တို့ဟာ အဲဒါကို မြန်မြန်ဆန်ဆန်ပဲ အသိအမှတ်ပြု တန်ဖိုးထားပြီး အားပေးတိုက်တွန်း
သင့်ပါတယ်။

ခွင့်လွှတ်မှုအကြောင်းပြောဖို့ဆိုတာ နိုင်ငံခြားသားတစ်ယောက်အနေနဲ့၊ ကျွန်တော့်အနေနဲ့ပြောရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ တပ်မတော်ရဲ့ အတိတ်ကအမှားတွေကို ခွင့်လွှတ်ဖို့ လူတွေကိုတောင်းဆိုတာဟာ မှန်ကန်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒါဟာ မြန်မာပြည်သူလူထု ဆုံးဖြတ်ရမယ့်အချက်
တစ်ခုဖြစ်တယ်။ တိုင်းရင်းသားပြည်နယ်တွေနဲ့ အထူးသဖြင့် တိုက်ရိုက်ခံစားခဲ့ရသူတွေအတွက်ချရမယ့် ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သတိထားစရာရှိပါတယ်။ ခွင့်လွှတ်မှုနဲ့ပြန်လည်သင့်မြတ်မှုကို နောက်ထပ်မှားယွင်းတဲ့
အပြုအမူ၊ နောက်ထပ်ညှဉ်းပန်းနှိပ်စက်မှု၊ နောက်ထပ်အကြမ်းဖက်မှုနဲ့ မတရားမှုတွေလုပ်နိုင်ရေးအတွက် မီးစိမ်းပြမှုတစ်ခုအဖြစ် မမှတ်ယူသင့်ပါဘူး။ ဖိနှိပ်မှု၊ အဓမ္မကျင့်မှု၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သားတွေ၊ အရပ်သားအတွေအပေါ် တိုက်ခိုက်မှုတွေ၊ ထင်တိုင်းကြဲ အတ္တနောမတိ ဆုံးဖြတ်ဖမ်းဆီးမှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှု၊
မြေယာသိမ်းဆည်းမှု၊ ဘာသာရေးဆိုင်ရာ သည်းမခံနိုင်မှုနဲ့ တခြားနှိပ်စက်မှုတွေကို အဆုံးသတ်ဇာတ်သိမ်းပစ်ရမယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ရမယ့်အချိန်ပါ။ တပ်မတော်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ဖို့၊ မြန်မာပြည်သူလူထုအနေနဲ့ ပြန်လည်သင့်မြတ်ကြဖို့အတွက် လူတိုင်းလူတိုင်းရဲ့ နှလုံးသားမှာ အပြောင်းအလဲလုပ်ကြဖို့အချိန်ပဲဖြစ်ပါတယ်။

အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Search Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။