နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှုကို အစဉ်ဆန့်ကျင်ခဲ့သော ဗိုလ်မှူးကြီး ကြည်မောင်
===================
===================
နိုင်ငံရေးဟာ စစ်ရေးနယ်ပယ်ရဲ့ ပြင်ပမှာ တည်ရှိပါတယ်။ ဒါကြောင့် ကိုယ်နဲ့မသက်ဆိုင်တဲ့ နယ်ပယ်အတွင်းသို့ စစ်ဗိုလ်တွေ ၀င်ရောက်လာရင် သူတို့ရဲ့ မူလ တာဝန်တွေ၊ သူတို့ရဲ့ စစ်ရေးကျွမ်း ကျင်မှုအရည်အချင်းတွေ ဆုံးရှုံး နစ်နာစေခြင်းကို ဖြစ်ပေါ်စေပါ လိမ့်မယ်။ စစ်တပ်ကို အုပ်ချုပ်နေသူတစ်ဦးဟာ နိုင်ငံရေးမှာ လက်ဦးမှု ရယူဖို့အတွက် ၀င်ရောက် စွက်ဖက်မယ်ဆိုရင် သူ့ရဲ့ထက်မြက်တဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ စွမ်းရည်ကိုကွေ့ကောက်သွားစေ ပါလိမ့်မယ်။
(သီရိပျံချီ ဗိုလ်မှူးကြီးဟောင်း ကြည်မောင်၊ BC-၃၅၁၆)
ကျွန်တော်နှင့်အတူ သမဂ္ဂ အမှုဆောင်ကိုကြည်မောင် (ယခု ဗိုလ်မှူးကြီး)တို့သည် အာဏာဖီ ဆန်သော ကျောင်းသားထု တပ်မ ကြီးထိပ်မှ နေကြရသည်။...ကို ကြည်မောင်မှာ ဘေးသို့ ပြေးထွက် ကာ လူစီတန်းစည်းကမ်းကျအောင် အော်ပြောနေရသည်။ ကျောင်းသားများ၏ နယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံကို ကြားရသောအခါ လှိုက်ဖိုကာ တက်ကြွမိလေသည်။...ပရိသတ်ထဲမှ လက်သီးလက်မောင်းတန်းကာ ‘‘သခင်မျိုးဟေ့ ဒို့ဗမာ၊ အရေးတော်ပုံ အောင်ပါစေ’’ဟု ကြွေးကြော်ကာ ကျောင်းသားများကို အားပေးကြသည်။...သံချပ်ကာ စစ်ပုလိပ်များ ဘီးလှိမ့်သံကြားရသည်။ ကျောင်းသားများ၏ အသံကားယခင်ထက်မြည်ဟည်း၍လာသည်။ ကိုကြည်မောင်က ‘‘ကျွန်တော်တို့စည်းကမ်းသိ ပ်ကောင်းတယ်။ ဘာမှကြောက်စရာမလိုဘူး’’ ဟု တက်ကြွသော လေသံဖြင့် ပြောလိုက်သည်။
(ဗိုလ်အောင်ကျော်ကျဆုံးသည့် ၁၉၃၈ ကျောင်းသားသပိတ်ကြီး မြင်ကွင်း။ ဒဂုန်တာရာ၏ ဒဂုန်တာရာစာအုပ်မှ)
ဦးကြည်မောင်ကို ညောင် တုန်းမြို့ ရန်ကင်းစံရာရွာတွင်အဘဦးဖိုးသိန်း၊ အမိ ဒေါ်ငွေခင်တို့က ၁၉၁၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်ကပင် မိဘနှစ်ပါး ကွယ်လွန်သွား၍ အစ်ကိုကြီးဖြစ်သူ အိုင်စီအက်စ်ဦးကြင်၏ စောင့် ရှောက်မှုဖြင့် ပညာဆက်လက်သင် ကြားခဲ့သည်။ ၁၉၃၆ တွင် ဆယ် တန်းအောင်မြင်ပြီး ရန်ကုန်တက္က သိုလ်၌ တက်ရောက်ခဲ့သည်။ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်းနှင့် ကိုလှရွှေတို့၏ အောက်တွင် သမဂ္ဂအဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။ ထို့နောက် ကျောင်းသားခေါင်း ဆောင်ဗိုလ်အောင်ကျော်ကျဆုံး သည့် ၁၉၃၈ ကျောင်းသားသပိတ် ကြီးတွင် ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ရာ စစ်ပုလိပ်တို့၏ ရိုက် နှက်မှုကြောင့် ဦးခေါင်း၌ ဒဏ်ရာ ရခဲ့သည်။ တက္ကသိုလ်တွင် ဘီအေ နောက်ဆုံးနှစ်အထိ တက်ရောက် ခဲ့သည်။
တပ်မတော်သို့ ၀င်ခြင်း
ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွား လာပြီး ဂျပန်တို့နှင့်အတူ ဗိုလ်ချုပ် အောင်ဆန်း အပါအ၀င် ရဲဘော် သုံးကျိပ် ပြည်တော်ဝင်လာသည့် အခါ ၁၉၄၁ ဧပြီလတွင် ဘီအိုင် အေတပ်ထဲသို့ဝင်ကာ ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်း(ပထမ ပတ်) တက်ရောက်ခဲ့သည်။ ထိုစဉ် က တပ်မတော်သို့ဝင်ရခြင်းနှင့် ပတ်သက်၍ ‘‘တပ်မတော်ထဲ ကျွန် တော်ဝင်ခဲ့တဲ့တစ်ခုတည်းသော အကြောင်းက လွတ်လပ်ရေးအ တွက်ပဲ။ ကျွန်တော်တို့ဟာ လမ်း ဘေးက ရွက်ကြွေတွေလိုပဲ။ တော် လှန်ရေးဆိုတဲ့ လေပြင်းကြီးတိုက် လာရင် လွင့်ပါးသွားကြရတယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိ ဘူး။ လွတ်လပ်ရေးအတွက် တိုက် ပွဲဝင်ခဲ့ရတယ်’’ဟု နောင်တစ်ချိန် တွင် ပြန်လည်ပြောပြခဲ့သည်။ မင်္ဂလာဒုံ စစ်သင်တန်းပြီးဆုံးသော် လည်း မနားရသေး။ ၁၉၄၃မှ ၄၅ ခုနှစ်အထိ ဂျပန်နိုင်ငံသို့ စေလွှတ် ခံရကာ ဘုရင့်စစ်တက္ကသိုလ်၌ တက်ရောက် သင်ကြားရပြန်သည်။
ထို့နောက် မြန်မာပြည်သို့ ပြန်လာကာ ဗမာ့တပ်မတော်တပ် ရင်း (၅)၌ ပြန်တမ်းဝင်အရာရှိအ ဖြစ် ခန့်အပ်ခံရသည်။
တစ်ဖန် ၁၉၄၇ တွင် ဗြိတိန် နိုင်ငံသို့ သွားရောက်ကာ စစ်သင် တန်းတက်ရပြန်သည်။ ဗြိတိန်မှ ပြန်လာပြီးနောက်တပ်ရင်း (၁)နှင့် (၅)တို့၏ တပ်ရင်းမှူးအဖြစ် ထမ်း ဆောင်ရသည်။ လွတ်လပ်ရေးရ ပြီး ပြည်တွင်းစစ်ကြီးဖြစ်ပွားလာ သောအခါ ရန်ကုန်မြို့ကြီးကိုကယ် တင်သည့် နာမည်ကျော် အင်းစိန် တိုက်ပွဲ၌ တိုင်းမှူးဗိုလ်ချုပ် ကျော် ဇောနှင့် တွဲဖက်ကာ စစ်ဦးစီး (ပထမ)တန်းအဖြစ် ဦးဆောင် တိုက်ပွဲဝင်ခဲ့သည်။ ထူးချွန်မှုများ ကြောင့် နိုင်ငံတော်က ချီးမြှင့်သော သီရိပျံချီဘွဲ့တံဆိပ် ရရှိခဲ့သည်။ ပြည်တွင်းစစ်မီး အတော်အတန် ငြိမ်သက်သွားပြီးနောက် ၁၉၅၅-၅၆ တွင် အမေရိကန်ပြည်ထောင်စု သို့ သွားရပြန်၏။ ဖို့ဒ်လဲဗင်းဝပ်ရှိ ကွပ်ကဲမှုနှင့် စစ်တက္ကသိုလ်၌ အဆင့်မြင့်စစ်ပညာများကို ဆည်း ပူးရပြန်သည်။ အမေရိကန်မှ အ ပြန်တိုင်းပြည်တွင် နိုင်ငံရေးအခြေ အနေရှုပ်ထွေးစပြုနေလေပြီ။ သို့ သော် ဗိုလ်မှူးကြီး ကြည်မောင် သည် နိုင်ငံရေး သမားများနှင့် မပတ်သက်အောင်အတတ်နိုင်ဆုံး နေခဲ့ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ် ဖွဲ့စည်းသောအခါ ပထမဆုံး တိုင်းမှူးဖြစ်လာသည်။ ပုသိမ်မြို့တွင် တာဝန်ထမ်းဆောင် နေစဉ် ၁၉၆၂ မတ်လ ၂ရက်၌ ဗိုလ်ချုပ်ကြီး နေ၀င်း၏ အာဏာ သိမ်းမှုပေါ်ပေါက်ခဲ့သည်။ အဖွဲ့ ၀င် (၁၇)ဦးပါဝင်သော တော်လှန် ရေးကောင်စီတွင် ပါဝင်လာခြင်း နှင့်စပ်လျဉ်း၍ ပုသိမ်မြို့ရပ်မိရပ်ဖ များက မေးမြန်းသည့်အခါ ‘‘ခင် ဗျားတို့ ကြားသလိုကျွန်တော်လည်း အခုမှပဲ ကြားရတာဖြစ်ပါတယ်။ ခုမှပဲ ကိုယ့်ဟာကိုယ်တော်လှန် ရေးကောင်စီဝင်ဖြစ်နေတာ သိရ ပါတယ်’’ဟု ပြန်လည်ဖြေရှင်းခဲ့ရ သည်။ နဂိုကတည်းက ဗိုလ်ချုပ် ကြီးနေ၀င်းနှင့် အကြောမတည့် သော ဗိုလ်မှူးကြီးကြည်မောင် သည် တော်လှန်ရေးကောင်စီက ကြီးမှူးကျင်းပသည့် လူထုစည်း ဝေးပွဲများ၊ နှီးနှောဖလှယ်ပွဲများသို့ မတက်ရောက်ဘဲနေလေရာ စစ် ကောင်စီနှင့် အယူအဆချင်းကွဲ ပြားရာမှ ၁၉၆၃ ဖေဖော်ဝါရီတွင် တပ်မှလုံးဝ အနားယူခဲ့ရသည်။ တာဝန်လွှဲပြောင်းရမည့်သူမှာ ဗိုလ်မှူးကြီးတင်ဦး (နောင်ကာ ကွယ်ရေးဦးစီးချုပ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ)ြ ဖစ်နေ ပါသည်။ ထိုသို့ ရာထူးနေရာလွှဲ ပြောင်းခဲ့စဉ်က ‘‘ကိုတင်ဦး အာ ဏာသိမ်းလိုက်တဲ့ ကျုပ်တို့ဟာ လွဲပြီ။ မှားပြီ။ဒီအမှား၊ ဒီတစ်သက် တာဟာ ကျွန်တော်တို့ ခံရပြီပေါ့’’ ဟု အလေးအနက်ထားပြောဆို လေသည်။
တပ်မှ အနားယူပြီးနောက် အာဏာသိမ်းအစိုးရ၏ ပါတီ၊ ကောင်စီအစရှိသည့် မဆလနိုင်ငံ ရေးနှင့် ရှင်းရှင်းနေခဲ့သလို မည် သည့် ကော်ပိုရေးရှင်းများသို့လည်းဝင်ရောက်လုပ်ကိုင်ခြင်းမရှိဘဲ ပင်စင်လစာလေးဖြင့်သာ ရပ်တည်ခဲ့သည်။ ထိုအတောအတွင်းနှစ်ကြိမ်တိုင် ဖမ်းဆီး ထောင်ချခံရသေးသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်
၁၉၈၈ သြဂုတ် ၈ ရက်တွင် ဒီိမိုကရေစီအရေးတော်ပုံကြီး ပေါ် ပေါက်လာပြီး စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းပြီးနောက် စက် တင်ဘာ ၂၇ ရက်၌ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် စတင်ပေါ်ပေါက် လာပါသည်။ ဦးကြည်မောင်သည် ဦးအောင်ကြီးနှင့်အတူ အဖွဲ့ချုပ် တွင် ပါဝင်ခဲ့ပြီး အလုပ်အမှုဆောင် အဖြစ် တာဝန်ယူခဲ့သည်။ ထို့ နောက် ‘ပါတီတွင်း ကွန်မြူနစ်များ ရှိသည်’ဟု စွပ်စွဲသည့်ကိစ္စ မဲခွဲဆုံး ဖြတ်ရာ၌ ဦးကြည်မောင်သည် ဦးအောင်ကြီးကို ဆန့်ကျင်၍ ဒီ ချုပ်နှင့်အတူ ရပ်တည်ခဲ့သည်။ ထို အချိန်မှစ၍ ဒေါ်အောင်ဆန်းစု ကြည်၊ သူရဦးတင်ဦး၊ ဦးကြည် မောင်နှင့် ဦးအောင်ရွှေတို့ ဦး ဆောင်သော ဒီချုပ်သည် စစ်အာ ဏာရှင်တို့၏ မျက်မုန်းကျိုးမှုခံရ ကာ အဓိကအတိုက်အခံဖြစ်လာ သည်။ ထို့နောက် ဦးကြည်မောင် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့ ထိန်းသိမ်းခံရစဉ် အတွင်း ပါတီကို ဦးဆောင်ကာ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲသို့ဝင် ရောက်ယှဉ်ပြိုင်လေသည်။ ပြည် သူကား ညီလှသည်။ ခမောက် ပုံးထဲသို့သာ မဲများ ရောက်ကုန်ကြ သည်။ ဦးကြည်မောင်၏ ဦး ဆောင်မှုအောက် ညီညွတ်စွာ ရွေး ကောက်ပွဲဝင်ခဲ့သော ဒီချုပ်သည် မဲဆန္ဒနယ် ၄၄၇ နေရာ၌ ၃၉၆ နေ ရာရရှိကာ ၉၀ ရာခိုင်နှုန်းကျော်ဖြင့် တစ်ခဲနက်ရွေးကောက်ခံရသည်။
တစ်ဖက်တွင်ကား စစ်အစိုး ရသည် ညစ်ပတ်ဖို့ရာ အသင့်ပြင် ထား၏။ ရွေးကောက်ပွဲရလဒ်ကို မသိကျိုးကျွန်ပြုကာ နိုင်ငံရေးသေ လေအောင်ပြုမူထားလိုက်၏။ ဤ တွင် ဦးကြည်မောင်နှင့် ဖမ်းဆီးမခံ ရသေးသော ဒီချုပ်ခေါင်းဆောင် များက ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များကို စုစည်းကာ ဗိုလ်အောင်ကျော်လမ်း ဂန္ဒီခန်းမ၌ ညီလာခံကျင်းပပြီး န၀တစစ်အစိုး ရကို ၁၉၉၀ စက်တင်ဘာအတွင်း လွှတ်တော်ခေါ်ယူပေးရေး ကြေ ညာချက်ထုတ်ပြန်ခဲ့သည်။ ဤ သည်ကို နာမည်ကျော် ဂန္ဒီစာတမ်း ဟုတွင်လေသည်။ ထိုအခါအပြင်း ထန်ဆုံးထိပ်တိုက်တွေ့လာသော ဒီချုပ်အပါအ၀င် နိုင်ငံရေးအင် အားစုများကို န၀တက နည်းမျိုးစုံ သုံး၍ အကြမ်းဖက်ဖြိုခွဲခဲ့သည်။ ဦးကြည်မောင်ကိုယ်တိုင် ၁၉၉၀ စက်တင်ဘာတွင် စစ်ခုံရုံးတင်ခံရ ပြီး ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ ၏။ သို့သော် ဦးကြည်မောင်သည် အင်းစိန်ထောင်တွင် ငါးနှစ်ခန့်သာ နေရပြီး ၁၉၉၅ မတ်လ ၁၅ ရက်၌ ပြန်လည် လွတ်မြောက်လာပါသည်။ ၎င်းနှင့်အတူ ရှေ့ဆင့် နောက်ဆင့် လွတ်လာသော ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးတင်ဦးတို့နှင့် ပြန်လည်လက်တွဲကာ ဒီချုပ် ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြန်သည်။နိုင်ငံရေးသံသရာ ကားဆုံးအံ့မထင်။ဤတွင်တက္ကသို လ်ရိပ်သာလမ်းဟောပြောပွဲများ စတင် နိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးတင်ဦးနှင့် ဦးကြည်မောင်တို့သည်စနေ၊ တနင်္ဂနွေရက်များတွင် တက္ကသိုလ်ရိပ်သာလမ်းနေ အိမ်ရှေ့၌ လူထုနှင့်တွေ့ဆုံကာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများ ဟောပြော ဆွေးနွေးခဲ့ကြသည်။ မြန်မာတစ်ပြည်လုံးတွင်ထိုနေ ရာတစ်ကွက်တည်းသာ လွတ်လပ်စွာပြောဆို ဆွေးနွေးခွင့်ရ သည့်နေရာဖြစ်လာ၏။ အာဏာပိုင်တို့က ပွဲဖျက်ရန် ကျိတ်ကြံနေကြသည်။ ထို့နောက် ၁၉၉၆ နိုဝင်ဘာ ၆ ရက်ညနေတွင် ဗဟန်း ဦးချစ်မောင်လမ်းသို့ ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးတင်ဦးနှင့် ဦးကြည်မောင်တို့ ယာဉ်တန်း အကြမ်းဖက် တိုက်ခိုက်ခံရပြီး တက္ကသိုလ်ရိပ်သာလမ်းကိုလည်း ပိတ်ထားလိုက်ရာ လူထုတွေ့ဆုံပွဲများ မပြုလုပ်နိုင်တော့ချေ။
မြန်မာပြည်နိုင်ငံရေးကား သဲ ကြီးမဲကြီး မိုးမှောင်တုန်းပင်။ စစ် အစိုးရ၏ ဖိနှိပ်မှုများက ပိုမိုဆိုးရွား လာ၏။ သို့သော် ဦးကြည်မောင်အ ပါအ၀င် ဒီမိုကရေစီလှုပ်ရှားသူ များက မမှု။ တိုင်းပြည်သည်လည်း ပိုမိုချွတ်ခြုံကျလာကာ နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများမြင့်တ က် လာ၏။ စစ်အာဏာရှင်များကို ဦးကြည်မောင် လုံးလုံးမမှုသော် လည်း ဇရာကိုကား အန်တုမပြိုင် နိုင်။ အသက်အရွယ်ရလာပြီဖြစ် ၍ ကျန်းမာရေး ကျဆင်းလာပြီး ပါတီတာဝန်များကို ယခင်လိုကိုယ် ဖိရင်ဖိ မလုပ်နိုင်တော့။ သို့သော် အရေးကြီးသည့် အလုပ်များကိုမူ တစ်ဦးတည်းရွေးချယ်လုပ်ကိုင်ခဲ့ ပါသည်။ ယင်းမှာ ၁၉၉၇မှစ၍ ဒီချုပ်အဖွဲ့ဝင် လူငယ်များအား ပညာမျှဝေပေးခြင်းနှင့် စာတမ်းပြု စုခြင်းများကို တစိုက်မတ်မတ်ပြု လုပ်ခဲ့ခြင်းဖြစ်သည်။ အုပ်ချုပ်ပိုင် ခွင့် (Political Legitimacy)၊ နိုင်ငံ တော်နှင့် စစ်မှုထမ်း (Soldier and The State) စာတမ်းများကို ရေး သားပြုစုခဲ့ပြီး တစ်ဖက်တွင်လည်း ‘မြန်မာ့တပ်မတော်သမိုင်း’ ကို သု တေသနပြုနေခဲ့သည်။ ထိုသို့ဖြင့် ဘ၀၏နောက်ဆုံးအချိန် ရောက် လာပါသည်။ ဦးကြည်မောင်သည် ၂၀၀၄ သြဂုတ် ၁၉ ရက်တွင် နှ လုံးရောဂါဖြင့် ကွယ်လွန် သွားပါသည်။ ကွယ်လွန်ချိန်တွင် (၈၆) နှစ်ရှိပြီဖြစ်သည်။
ဦးကြည်မောင်သည် ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး၊ တိုင်းပြည် လွတ်လပ်ရေး၊ စစ်အာဏာရှင် စနစ် ဆန့်ကျင်ခြင်းနှင့် ဒီမိုကရေစီ ထွန်းကားရေးတို့တွင် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး ၎င်း၏ နိုင်ငံ ရေး ဆောင်ရွက်မှုများ၌ တပ်မ တော်ကို ပရော်ဖက်ရှင်နယ်ပီပီ သီးခြားရပ်တည်စေရန် ရေးသား ပြောဆိုလုပ်ကိုင်ခဲ့သူဖြစ်၏ ။ မ ဆုတ်မနစ်သော ခံယူချက်ကြောင့် စစ်အာဏာရှင်များ လက်ထက် တွင် ထောင်လေးကြိမ်ကျခဲ့ပြီး ထောင်အတွင်း ဆယ့်တစ်နှစ်ကြာ နေထိုင်ခဲ့ရသည်။
လူပုဂ္ဂိုလ်အားဖြင့်မူ ဟာသ ဉာဏ်အလွန်ရွှင်ပြီး အခက်အခဲ မည်မျှကြုံကြုံ အရယ်အပြုံးမပျက် တည်ငြိမ်စွာ ရင်ဆိုင်နိုင်သူဖြစ်၏။ ဂီတနှင့် စာပေအနုပညာကို လေး စားမြတ်နိုးသူဖြစ်ပြီး အထူးသဖြင့် ပြဇာတ်စာပေ၌ မွေ့လျော်သူတစ် ဦးဖြစ်ပါသည်။ အောက်ဖော်ပြပါ စကားများသည် မကွယ်လွန်မီရေး သားခဲ့သော စာတမ်းများနှင့် တွေ့ ဆုံခန်းတို့မှ ကောက်နုတ်ချက်များ ဖြစ်ပြီး ဦးကြည်မောင်၏ ဘ၀ ဒဿနလည်းဖြစ်ပေသည်။
ဥပေက္ခာပြုသူများ
သမိုင်းပေးသင်ခန်းစာများ ကို ပေယျာလကန် ပြုသူများသည် အတိတ်က အမှားများကို ထပ်မံ ကျူးလွန်ရဖွယ်ရှိသည်။
စစ်ရေးနှင့် နိုင်ငံရေး တာဝန်ခွဲခြားမှု
စစ်တပ်ကို အရပ်သားအစိုးရ ရဲ့ အုပ်ချုပ်မှုအောက်မှာ ထားခြင်း ဟာ စစ်တပ်ရဲ့ အရည်အသွေး တောက်ပြောင်မှုအတွက် လိုအပ် ချက်ဖြစ်တယ်။ ပြည်တွင်းနိုင်ငံရေး လွန်ဆွဲပွဲတွေနဲ့ စစ်ဗိုလ်တပ်ဖွဲ့တို့ မရောယှက်မဆက်နွှယ်ဖို့က အ ရေးကြီးတဲ့ကိစ္စဖြစ်တယ်။
စစ်ဗိုလ်တစ်ဦးရဲ့ တာဝန်
ပြည်သူလူထုနဲ့ ဆက်ဆံရာ မှာ လိုက်နာကျင့်သုံးရမယ့် တာ ၀န်ကိုမဖွယ်မရာ ကိုယ်ကျိုးစီးပွား အတွက် အသုံးပြုခဲ့ရင် လူ့အဖွဲ့ အစည်းကို ဖျက်ဆီးရာ ကျရောက် လိမ့်မယ်လို့ သတိထားကြရပါလိမ့် မယ်။ စစ်အရာရှိဟာ ကြေးစား အငှားလိုက်သူမဟုတ်၊ သူဟာ ခေတ္တခဏ တာဝန်ထမ်းဆောင်ဖို့ သာ တာဝန်ယူရတဲ့ အရပ်သားစစ် သားလည်းမဟုတ်၊ သူ့စိတ်အလို အရ သူလုပ်နေတဲ့ စစ်မှုထမ်းဘ၀ ကို ပျော်ပိုက်နှစ်ခြိုက်ခြင်း၊ တခြား အလုပ် မလုပ်လိုလို့ သူလုပ်နေတဲ့ ပြည်သူအတွက် သူပေးနိုင်စွမ်းရှိ တဲ့အလုပ်တစ်ခုဖြစ်တဲ့ စစ်မှုထမ်း ခြင်းကို ခိုင်ခိုင်မာမာရွေးချယ်ခြင်း ပဲဖြစ်ရပါမယ်။
န၀တစစ်အစိုးရအပေါ် သဘောထားမှတ်ချက်
မြန်မာနိုင်ငံမှာ နျူရင်ဘတ် လို စစ်ခုံရုံးမျိုးမလိုအပ်ပါဘူး။
နိုင်ငံရေး
ဒါဟာ ကစားပွဲတစ်ခုပါ။ ကျွန်တော်တို့က အဲဒီကစားပွဲထဲက ကစားသမားတွေဖြစ်တယ်။ ဒါဆို အတ္တမကြီးဘဲ အဓိပ္ပာယ်ရှိရှိကစား ကြရအောင်ပါ။
အကျဉ်းထောင်
ထောင်ဟာ ကျွန်တော့်ရဲ့ စိတ်ဓာတ်ကို ဘယ်တော့မှ ပျော့ ညံ့သွားအောင်မလုပ်နိုင်ဘူး။ ကျွန် တော့်ရဲ့ သန္နိဋ္ဌာန်ကိုတောင် ပိုမိုခိုင်မာလာစေတယ်။ ထောင်ထဲ ရောက်ပြီး သုံးရက်မြောက်နေ့မှာ ဆုံးရှုံးခြင်းဆိုတဲ့ ခံစားမှုကို ဖျတ် ခနဲကျော်လွှားနိုင်ခဲ့တယ်။ ‘မင်းရဲ့ လက်ရှိအခြေအနေဟာ အထီး ကျန်စဉ်းစားတွေးခေါ်ဖို့ အခြေခံ တရားဖြစ်တဲ့အကြောင်းခြင်းရာ အားလုံး ငြင်းပယ်ခံထားရတယ်။ ဒီတော့မင်းဟာ ကိုယ့်ဘ၀အပျက် မခံနိုင်ဘူးလို့ ဆုံးဖြတ်ထားရင်ဘာ ကိုမှ ထွေထွေထူးထူးလုပ်တွေးမ နေနဲ့’... အဲဒီအချိန်ကစပြီး နေ သာထိုင်သာရှိသွားတယ်။ ကိုယ့် ဘ၀ကိုယ် ထိန်းလာနိုင်တယ်။
အပစ်အခတ်ရပ်စဲမှု
အပစ်အခတ်ရပ်စဲရေးလုပ် နေတယ်ဆိုတာ နှစ်ဖက်နားပြီး အားမွေးနေကြတာပဲ။ ဒါထက်မပို ပါဘူး။
ရန်သူအပေါ်သဘောထားမှု
ရန်သူနဲ့ စကားပြောဆိုတိုင်း ကျွန်တော်တို့မှာ ထားအပ်တဲ့ စိတ် ရင်းစေတနာကတော့ သူတို့ကို မပျက်စီးစေရေးပဲ။ ဒါဟာနှစ်ဦး နှစ်ဖက်ဆက်ဆံရေးပဲ။ အပြန်အ လှန်ရှိရမယ်။ အပေးအယူရှိရ မယ်။ တစ်ဖက်သတ်ဖြစ်လို့မရပါ ဘူး။ ကိုယ့်အကျိုးစီးပွားကို ရှေ့ တန်းတင်သလို ရန်သူ့အကျိုးစီး ပွားကိုလည်း ရှေ့တန်းတင်ရပါ မယ်။ တည်ကြည်ရိုးဖြောင့်မှုဟာ အခရာပါ။ တည်ကြည်ရိုးဖြောင့် ခြင်းဟာ ပွင့်လင်းမှုကို ဖြစ်စေ တယ်။ တစ်ဖက်လူစကားကို နား ထောင်တတ်တဲ့ စိတ်ရင်းစေတနာ ရင်းကို လိုအပ်တယ်။ မိမိအမြင်နဲ့ ဆန့်ကျင်ခြားနားတဲ့ အယူအမြင် ကို တုံ့ပြန်လက်ခံနိုင်ပါတယ်။
မျိုးဆက်သစ်အတွက် အရေးကြီးဆုံးနှစ်ခု
နောင်မျိုးဆက်သစ်တွေကို တော့အရေးကြီးဆုံးနှစ်ခု တိုက် တွန်းခဲ့ချင်တယ်။ ပညာရေးနဲ့ သမိုင်းအသိကြွယ်ဝအောင် လုပ် ဖို့ပါ။ အသိပညာဟာ မရှိမဖြစ်လို အပ်သလို သမိုင်းကို ကောင်း ကောင်းသိခြင်းဟာ ကျိုးကြောင်း ဆက်သွယ်ယှက်နွှယ်နေတဲ့ အ ရေးကြီးတရားကို သိခြင်းပဲ။
ဘ၀ဒဿန
ဘ၀မှာ ဘာတစ်ခုမှ ချန်မ ထားချင်ဘူး။ ဘာမှတ်တိုင်၊ ဘာ အုတ်ဂူ၊ ဘာစာအုပ်၊ ဘာတစ်ခုမှ ချန်မထားချင်ဘူး။ ရေထဲပျံတက် လာတဲ့ ငှက်တစ်ကောင်လိုပေါ့။ ဘာခြေရာလက်ရာမှ မကျန်ဘူး။ မီးပဲ သင်္ဂြိုဟ်ခံချင်တယ်။ လူသူမ သိတဲ့ နေရာမှာပဲ မြှုပ်နှံခံချင် တယ်။ ခင်ဗျားကို ဖြစ်ဖြစ်၊ တခြား တစ်ဦးအတွက်ဖြစ်ဖြစ် ဘာမက် ဆေ့ခ်ျမှ မထားရစ်ချင်ဘူး။ ကိုယ့် ဘ၀ကိုယ်ကြည့်လိုက်ပါ။ ရယ် စရာကြီးပါ... လူအရိုးပုံပေါ်မှာ အထိမ်းအမှတ်ကြီးတစ်ခုဆောက် လုပ်တာ ပိုလို့တောင်ရယ်စရာ ကောင်းပါတယ်ဗျာ။ ။
ရည်ညွှန်း
၁။ နိုင်ငံတော်နှင့် စစ်မှုထမ်း
(ဦးကြည်မောင်)
၂။ ဦးကြည်မောင်၏ နှစ်ကိုယ်ကြား ပြောစကား (ဝေးသာလွန်း)
၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရက်စွဲမှတ်တမ်း (မုံရွာအောင်ရှင်)
၎။ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော)
============
7Day News Journal
http://7daydaily.com/ story/45633
===================
===================
နိုင်ငံရေးဟာ စစ်ရေးနယ်ပယ်ရဲ့ ပြင်ပမှာ တည်ရှိပါတယ်။ ဒါကြောင့် ကိုယ်နဲ့မသက်ဆိုင်တဲ့ နယ်ပယ်အတွင်းသို့ စစ်ဗိုလ်တွေ ၀င်ရောက်လာရင် သူတို့ရဲ့ မူလ တာဝန်တွေ၊ သူတို့ရဲ့ စစ်ရေးကျွမ်း ကျင်မှုအရည်အချင်းတွေ ဆုံးရှုံး နစ်နာစေခြင်းကို ဖြစ်ပေါ်စေပါ လိမ့်မယ်။ စစ်တပ်ကို အုပ်ချုပ်နေသူတစ်ဦးဟာ နိုင်ငံရေးမှာ လက်ဦးမှု ရယူဖို့အတွက် ၀င်ရောက် စွက်ဖက်မယ်ဆိုရင် သူ့ရဲ့ထက်မြက်တဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ စွမ်းရည်ကိုကွေ့ကောက်သွားစေ
(သီရိပျံချီ ဗိုလ်မှူးကြီးဟောင်း ကြည်မောင်၊ BC-၃၅၁၆)
ကျွန်တော်နှင့်အတူ သမဂ္ဂ အမှုဆောင်ကိုကြည်မောင် (ယခု ဗိုလ်မှူးကြီး)တို့သည် အာဏာဖီ ဆန်သော ကျောင်းသားထု တပ်မ ကြီးထိပ်မှ နေကြရသည်။...ကို ကြည်မောင်မှာ ဘေးသို့ ပြေးထွက် ကာ လူစီတန်းစည်းကမ်းကျအောင် အော်ပြောနေရသည်။ ကျောင်းသားများ၏ နယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံကို ကြားရသောအခါ လှိုက်ဖိုကာ တက်ကြွမိလေသည်။...ပရိသတ်ထဲမ
(ဗိုလ်အောင်ကျော်ကျဆုံးသည့်
ဦးကြည်မောင်ကို ညောင် တုန်းမြို့ ရန်ကင်းစံရာရွာတွင်အဘဦးဖို
တပ်မတော်သို့ ၀င်ခြင်း
ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွား လာပြီး ဂျပန်တို့နှင့်အတူ ဗိုလ်ချုပ် အောင်ဆန်း အပါအ၀င် ရဲဘော် သုံးကျိပ် ပြည်တော်ဝင်လာသည့် အခါ ၁၉၄၁ ဧပြီလတွင် ဘီအိုင် အေတပ်ထဲသို့ဝင်ကာ ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်း(ပထမ ပတ်) တက်ရောက်ခဲ့သည်။ ထိုစဉ် က တပ်မတော်သို့ဝင်ရခြင်းနှင့်
ထို့နောက် မြန်မာပြည်သို့ ပြန်လာကာ ဗမာ့တပ်မတော်တပ် ရင်း (၅)၌ ပြန်တမ်းဝင်အရာရှိအ ဖြစ် ခန့်အပ်ခံရသည်။
တစ်ဖန် ၁၉၄၇ တွင် ဗြိတိန် နိုင်ငံသို့ သွားရောက်ကာ စစ်သင် တန်းတက်ရပြန်သည်။ ဗြိတိန်မှ ပြန်လာပြီးနောက်တပ်ရင်း (၁)နှင့် (၅)တို့၏ တပ်ရင်းမှူးအဖြစ် ထမ်း ဆောင်ရသည်။ လွတ်လပ်ရေးရ ပြီး ပြည်တွင်းစစ်ကြီးဖြစ်ပွားလာ
တပ်မှ အနားယူပြီးနောက် အာဏာသိမ်းအစိုးရ၏ ပါတီ၊ ကောင်စီအစရှိသည့် မဆလနိုင်ငံ ရေးနှင့် ရှင်းရှင်းနေခဲ့သလို မည် သည့် ကော်ပိုရေးရှင်းများသို့လည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချ
၁၉၈၈ သြဂုတ် ၈ ရက်တွင် ဒီိမိုကရေစီအရေးတော်ပုံကြီး
တစ်ဖက်တွင်ကား စစ်အစိုး ရသည် ညစ်ပတ်ဖို့ရာ အသင့်ပြင် ထား၏။ ရွေးကောက်ပွဲရလဒ်ကို မသိကျိုးကျွန်ပြုကာ နိုင်ငံရေးသေ လေအောင်ပြုမူထားလိုက်၏။ ဤ တွင် ဦးကြည်မောင်နှင့် ဖမ်းဆီးမခံ ရသေးသော ဒီချုပ်ခေါင်းဆောင် များက ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များကို စုစည်းကာ ဗိုလ်အောင်ကျော်လမ်း ဂန္ဒီခန်းမ၌ ညီလာခံကျင်းပပြီး န၀တစစ်အစိုး ရကို ၁၉၉၀ စက်တင်ဘာအတွင်း လွှတ်တော်ခေါ်ယူပေးရေး ကြေ ညာချက်ထုတ်ပြန်ခဲ့သည်။ ဤ သည်ကို နာမည်ကျော် ဂန္ဒီစာတမ်း ဟုတွင်လေသည်။ ထိုအခါအပြင်း ထန်ဆုံးထိပ်တိုက်တွေ့လာသော ဒီချုပ်အပါအ၀င် နိုင်ငံရေးအင် အားစုများကို န၀တက နည်းမျိုးစုံ သုံး၍ အကြမ်းဖက်ဖြိုခွဲခဲ့သည်။ ဦးကြည်မောင်ကိုယ်တိုင် ၁၉၉၀ စက်တင်ဘာတွင် စစ်ခုံရုံးတင်ခံရ ပြီး ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ ၏။ သို့သော် ဦးကြည်မောင်သည် အင်းစိန်ထောင်တွင် ငါးနှစ်ခန့်သာ နေရပြီး ၁၉၉၅ မတ်လ ၁၅ ရက်၌ ပြန်လည် လွတ်မြောက်လာပါသည်။ ၎င်းနှင့်အတူ ရှေ့ဆင့် နောက်ဆင့် လွတ်လာသော ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးတင်ဦးတို့နှင့် ပြန်လည်လက်တွဲကာ ဒီချုပ် ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြန်သည်။နု
မြန်မာပြည်နိုင်ငံရေးကား သဲ ကြီးမဲကြီး မိုးမှောင်တုန်းပင်။ စစ် အစိုးရ၏ ဖိနှိပ်မှုများက ပိုမိုဆိုးရွား လာ၏။ သို့သော် ဦးကြည်မောင်အ ပါအ၀င် ဒီမိုကရေစီလှုပ်ရှားသူ များက မမှု။ တိုင်းပြည်သည်လည်း ပိုမိုချွတ်ခြုံကျလာကာ နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများမြင့်တ
ဦးကြည်မောင်သည် ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး၊ တိုင်းပြည် လွတ်လပ်ရေး၊ စစ်အာဏာရှင် စနစ် ဆန့်ကျင်ခြင်းနှင့် ဒီမိုကရေစီ ထွန်းကားရေးတို့တွင် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး ၎င်း၏ နိုင်ငံ ရေး ဆောင်ရွက်မှုများ၌ တပ်မ တော်ကို ပရော်ဖက်ရှင်နယ်ပီပီ သီးခြားရပ်တည်စေရန် ရေးသား ပြောဆိုလုပ်ကိုင်ခဲ့သူဖြစ်၏
လူပုဂ္ဂိုလ်အားဖြင့်မူ ဟာသ ဉာဏ်အလွန်ရွှင်ပြီး အခက်အခဲ မည်မျှကြုံကြုံ အရယ်အပြုံးမပျက် တည်ငြိမ်စွာ ရင်ဆိုင်နိုင်သူဖြစ်၏။ ဂီတနှင့် စာပေအနုပညာကို လေး စားမြတ်နိုးသူဖြစ်ပြီး အထူးသဖြင့် ပြဇာတ်စာပေ၌ မွေ့လျော်သူတစ် ဦးဖြစ်ပါသည်။ အောက်ဖော်ပြပါ စကားများသည် မကွယ်လွန်မီရေး သားခဲ့သော စာတမ်းများနှင့် တွေ့ ဆုံခန်းတို့မှ ကောက်နုတ်ချက်များ ဖြစ်ပြီး ဦးကြည်မောင်၏ ဘ၀ ဒဿနလည်းဖြစ်ပေသည်။
ဥပေက္ခာပြုသူများ
သမိုင်းပေးသင်ခန်းစာများ ကို ပေယျာလကန် ပြုသူများသည် အတိတ်က အမှားများကို ထပ်မံ ကျူးလွန်ရဖွယ်ရှိသည်။
စစ်ရေးနှင့် နိုင်ငံရေး တာဝန်ခွဲခြားမှု
စစ်တပ်ကို အရပ်သားအစိုးရ ရဲ့ အုပ်ချုပ်မှုအောက်မှာ ထားခြင်း ဟာ စစ်တပ်ရဲ့ အရည်အသွေး တောက်ပြောင်မှုအတွက် လိုအပ် ချက်ဖြစ်တယ်။ ပြည်တွင်းနိုင်ငံရေး လွန်ဆွဲပွဲတွေနဲ့ စစ်ဗိုလ်တပ်ဖွဲ့တို့ မရောယှက်မဆက်နွှယ်ဖို့က အ ရေးကြီးတဲ့ကိစ္စဖြစ်တယ်။
စစ်ဗိုလ်တစ်ဦးရဲ့ တာဝန်
ပြည်သူလူထုနဲ့ ဆက်ဆံရာ မှာ လိုက်နာကျင့်သုံးရမယ့် တာ ၀န်ကိုမဖွယ်မရာ ကိုယ်ကျိုးစီးပွား အတွက် အသုံးပြုခဲ့ရင် လူ့အဖွဲ့ အစည်းကို ဖျက်ဆီးရာ ကျရောက် လိမ့်မယ်လို့ သတိထားကြရပါလိမ့် မယ်။ စစ်အရာရှိဟာ ကြေးစား အငှားလိုက်သူမဟုတ်၊ သူဟာ ခေတ္တခဏ တာဝန်ထမ်းဆောင်ဖို့ သာ တာဝန်ယူရတဲ့ အရပ်သားစစ် သားလည်းမဟုတ်၊ သူ့စိတ်အလို အရ သူလုပ်နေတဲ့ စစ်မှုထမ်းဘ၀ ကို ပျော်ပိုက်နှစ်ခြိုက်ခြင်း၊
န၀တစစ်အစိုးရအပေါ် သဘောထားမှတ်ချက်
မြန်မာနိုင်ငံမှာ နျူရင်ဘတ် လို စစ်ခုံရုံးမျိုးမလိုအပ်ပါဘူ
နိုင်ငံရေး
ဒါဟာ ကစားပွဲတစ်ခုပါ။ ကျွန်တော်တို့က အဲဒီကစားပွဲထဲက ကစားသမားတွေဖြစ်တယ်။ ဒါဆို အတ္တမကြီးဘဲ အဓိပ္ပာယ်ရှိရှိကစား ကြရအောင်ပါ။
အကျဉ်းထောင်
ထောင်ဟာ ကျွန်တော့်ရဲ့ စိတ်ဓာတ်ကို ဘယ်တော့မှ ပျော့ ညံ့သွားအောင်မလုပ်နိုင်ဘူး။
အပစ်အခတ်ရပ်စဲမှု
အပစ်အခတ်ရပ်စဲရေးလုပ် နေတယ်ဆိုတာ နှစ်ဖက်နားပြီး အားမွေးနေကြတာပဲ။ ဒါထက်မပို ပါဘူး။
ရန်သူအပေါ်သဘောထားမှု
ရန်သူနဲ့ စကားပြောဆိုတိုင်း ကျွန်တော်တို့မှာ ထားအပ်တဲ့ စိတ် ရင်းစေတနာကတော့ သူတို့ကို မပျက်စီးစေရေးပဲ။ ဒါဟာနှစ်ဦး နှစ်ဖက်ဆက်ဆံရေးပဲ။ အပြန်အ လှန်ရှိရမယ်။ အပေးအယူရှိရ မယ်။ တစ်ဖက်သတ်ဖြစ်လို့မရပါ ဘူး။ ကိုယ့်အကျိုးစီးပွားကို ရှေ့ တန်းတင်သလို ရန်သူ့အကျိုးစီး ပွားကိုလည်း ရှေ့တန်းတင်ရပါ မယ်။ တည်ကြည်ရိုးဖြောင့်မှုဟာ အခရာပါ။ တည်ကြည်ရိုးဖြောင့် ခြင်းဟာ ပွင့်လင်းမှုကို ဖြစ်စေ တယ်။ တစ်ဖက်လူစကားကို နား ထောင်တတ်တဲ့ စိတ်ရင်းစေတနာ ရင်းကို လိုအပ်တယ်။ မိမိအမြင်နဲ့ ဆန့်ကျင်ခြားနားတဲ့ အယူအမြင် ကို တုံ့ပြန်လက်ခံနိုင်ပါတယ်။
မျိုးဆက်သစ်အတွက် အရေးကြီးဆုံးနှစ်ခု
နောင်မျိုးဆက်သစ်တွေကို တော့အရေးကြီးဆုံးနှစ်ခု တိုက် တွန်းခဲ့ချင်တယ်။ ပညာရေးနဲ့ သမိုင်းအသိကြွယ်ဝအောင် လုပ် ဖို့ပါ။ အသိပညာဟာ မရှိမဖြစ်လို အပ်သလို သမိုင်းကို ကောင်း ကောင်းသိခြင်းဟာ ကျိုးကြောင်း ဆက်သွယ်ယှက်နွှယ်နေတဲ့ အ ရေးကြီးတရားကို သိခြင်းပဲ။
ဘ၀ဒဿန
ဘ၀မှာ ဘာတစ်ခုမှ ချန်မ ထားချင်ဘူး။ ဘာမှတ်တိုင်၊ ဘာ အုတ်ဂူ၊ ဘာစာအုပ်၊ ဘာတစ်ခုမှ ချန်မထားချင်ဘူး။ ရေထဲပျံတက် လာတဲ့ ငှက်တစ်ကောင်လိုပေါ့။ ဘာခြေရာလက်ရာမှ မကျန်ဘူး။ မီးပဲ သင်္ဂြိုဟ်ခံချင်တယ်။ လူသူမ သိတဲ့ နေရာမှာပဲ မြှုပ်နှံခံချင် တယ်။ ခင်ဗျားကို ဖြစ်ဖြစ်၊ တခြား တစ်ဦးအတွက်ဖြစ်ဖြစ် ဘာမက် ဆေ့ခ်ျမှ မထားရစ်ချင်ဘူး။ ကိုယ့် ဘ၀ကိုယ်ကြည့်လိုက်ပါ။ ရယ် စရာကြီးပါ... လူအရိုးပုံပေါ်မှာ အထိမ်းအမှတ်ကြီးတစ်ခုဆောက် လုပ်တာ ပိုလို့တောင်ရယ်စရာ ကောင်းပါတယ်ဗျာ။ ။
ရည်ညွှန်း
၁။ နိုင်ငံတော်နှင့် စစ်မှုထမ်း
(ဦးကြည်မောင်)
၂။ ဦးကြည်မောင်၏ နှစ်ကိုယ်ကြား ပြောစကား (ဝေးသာလွန်း)
၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
၎။ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော)
============
7Day News Journal
http://7daydaily.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။