Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 11, 2014

အင်္ဂလန်လူငယ်ကစားသမားလေးတွေရဲ့ စကားပြောနေသော တက်တူးများ

အင်္ဂလန်လူငယ်ကစားသမားလေးတွေရဲ့ စကားပြောနေသော တက်တူးများ
.................................................................
ဝေဘုန်းလူ
အင်္ဂလန်ရဲ့လူငယ်ကစားသမားတွေဟာ ဘရာဇီးမှာ အသင်းအတွက် တရားဝင် ဓါတ်ပုံတွေရိုက်ကူး ပေးရာမှာ အင်္ကျီလက်တိုတွေဝတ်ဆင်ပြီး သူတို့ရဲ့ တက်တူးတွေကို ဖော်ပြခဲ့ကြပါတယ်။ အင်္ဂလန်နဲ့ မန်ယူ ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းလိုပဲ နိုင်ငံရဲ့ အနာဂါတ်မျိုးဆက်သစ်တွေကလည်း ဘောလုံးအပြင် body art လို့ခေါ်ကြတဲ့ ဆေးမင်ကြောင် ထိုးခြင်းကို ဘယ်လောက် စိတ်ဝင်စားတယ်ဆိုတဲ့အကြောင်း အသီးသီးထုတ် ဖော်ခဲ့ကြတာဆိုရင်လည်း မှားမယ်မထင်ပါဘူး။

အသက် ၂၀ သာရှိသေးတဲ့ ကွင်းလယ်ကစားသမား ရော့စ်ဘာကလေကတော့ သူ့ရဲ့ဘယ်ဘက်လက် မောင်းမှာ တိုင်းတပါးအမှတ်အသားတွေကို ထိုးထားပါတယ်။ ဒါ့အပြင် ဂရိဧကရာဇ် အလဇန္ဒားရဲ့ဆရာ တွေးခေါ်ပညာရှင် အရစ္စတိုတယ် ပြောဆိုခဲ့တဲ့ အဆိုအမိန့်ကိုလည်း ရေးသားထားပါတယ်။

အရိုးခေါင်းပုံစံရဲ့ အောက်မှာရေးထားတဲ့ အဲဒီစာသားကို အနီးစပ်ဆုံးဘာသာပြန်ရရင်တော့ 'မကောင်းမှုနည်းနည်းလုပ်ရင် မသိသာပေမယ့် များလာရင်တော့ ဒုက္ခရောက်လိမ့်မယ်' လို့ အဓိပ္ပါယ်ရပါလိမ့်မယ်။ အဲဗာတန်နဲ့စတင်ပွဲထွက်ခွင့်ရတဲ့ သြဂုတ်လ ၂၀ ရက် ၂၀၁၁ ခုနှစ်ဆိုတာကိုလည်း ရောမအက္ခရာနဲ့ ရေးသားထားပါသေးတယ်။

ယုံကြည်သက် ၀င်မှုနဲ့ဆိုင်တဲ့ တရုတ်စကားလုံးကိုလည်း ရေးထိုးထားပါသေးတယ်။ တက်တူးခြောက်မျိုးထိုးတာတာဖြစ်ပြီး အရစ္စတိုတယ်ရဲ့အဆိုအမိန့်၊ အရိုးခေါင်းနှစ်ခု၊ အနီရောင်နှင်းဆီနှစ်ပွင့်၊ ရောမစာသား၊ အနီရောင်ကြယ်တစ်ပွင့် နဲ့ တရုတ်စာသားတို့ပဲ ဖြစ်ကြပါတယ်။

အသက် ၂၂ နှစ်ရှိ ၀ီလ်ရှိုင်းယားကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက သူ့ရဲ့ မိသားစုနဲ့ ပတ်သက်တဲ့ တက်တူးတွေ ထိုးလာခဲ့သူပါ။ အာဆင်နယ်ကွင်းလယ်လူရဲ့ ညာဘက်လက်မောင်းမှာတော့ မိသားစုချစ်မေတ္တာ၊ သူ့ကလေးနှစ်ယောက်အမည်နဲ့ မွေးရက်၊ အဖေနဲ့အမေလို့အဓိပ္ပါယ်ရတဲ့ လက်တင်ဘာသာ စကား၊ ညီမ ရိုစီကိုရည်ညွှန်းတဲ့ နှင်းဆီတစ်ပွင့် စတာတွေကို ရေးထိုးထားပါတယ်။ နောက်ပြီး ၀မ်းနည်းစရာ ကောင်းတဲ့ အမှတ်အသားတစ်ခုအဖြစ် အသက် ၁၆ နှစ်အရွယ်မှာ ကားမတော်တဆမှုကြုံပြီး ဆုံးပါးသွားတဲ့ ဦးလေး ဂျိမ်းစ်မာရှယ်ရဲ့ အမည်အတိုကောက် ဂျေအမ်နဲ့ ၁၉၉၀-၂၀၀၆ ဆိုတဲ့ စာသားလဲ ထိုးထားပါသေးတယ်။

တက်တူးထိုးရခြင်းကို ခုံမင်မှုအပေါ် သူက " ဒေးဗစ်ဘက်ခမ်းတက်တူးထိုးထားတာတွေ့ပြီးနောက် ကျွန်တော် ကြိုက်သွားတယ်။ ဘောလုံးလောကမှာ အကောင်းဆုံးတက်တူးပိုင်ရှင်ကတော့ ဘက်ခမ်းပဲ။ သူလဲ ကျွန်တော့် လိုပဲလို့ထင်တယ်။ စထိုးတုန်းက နည်းနည်းလေးကနေ အခုတော့ သူ့မှာ အပြည့်ဖြစ်သွားပြီ" လို့ ပြီးခဲ့တဲ့ နှစ်က ပြောခဲ့ပါတယ်။ဝီလ်ရှိုင်းယားက သူ့အနေနဲ့ လက်မောင်အပြည့်ထိုးဖို့နဲ့ ရင်ဘတ်အထိ ဆက်ဖို့ရှိနေကြောင်း ကို လည်း အရိပ်အမြွက်ပြောခဲ့ပါသေးတယ်။

အသက် ၁၉ နှစ်အရွယ်ရှိ စတာလင်ကတော့ သူရဲ့ မျိုးရိုးနိမ့်ကျမှုကိုရော ဘောလုံးသမားတစ်ယောက် အဖြစ် ရည်မှန်းချက်ထားရှိပုံ ကိုပါ တက်တူးထိုးထားပါတယ်။ သူဟာ လန်ဒန်မြောက်ပိုင်း ၀င်ဘလေကွင်းနားက အရပ်မှာ ခက်ခဲကြမ်းတမ်းတဲ့ဘ၀နဲ့ ကြီးပြင်းလာပြီး သူ့ရဲ့ ဘယ်လက်မောင်းမှာ ကျော်ကြားတဲ့ အားကစားကွင်း ကြီးပုံသာမက မြေအောက်ရထားဘူတာရုံပုံစံကို ပါ ဆေးမင်ထိုးထားပါတယ်။

လီဗာပူးလ်ကစားသမား ကြိုးစားတဲ့ ဆယ်ကျော်သက်လေးရဲ့ လက်မောင်းမှာ "နာကျင်မှုဝေဒနာတွေခံစားရတဲ့ကြားက သားကို ကိုးလလွယ် ဆယ်လဖွားပေးခဲ့လို့ ကျေးဇူးတင်ပါတယ် မေမေ" လို့ ရေးထိုးထားပါတယ်။ သူ့ရဲ့မိခင် နက်ဒိုင်းဟာ ဂျမေကာက ဗြိတိန်ကိုပြောင်းလာပြီးနောက် တစ်ယောက်တည်းရုန်းကန်နေတဲ့ဘ၀နဲ့ စတာလင်ကို မွေးဖွားခဲ့တာပါ။ လက်မောင်းထိပ်မှာတော့ ၂၀၁၂ မှာမွေးဖွားတဲ့ စတာလင်ရဲ့သမီးလေး မယ်လိုဒီရို့စ်အမည်နဲ့ မျက်နှာကို ဆေးမင်ထိုးထားပါတယ်။
အင်္ဂလန်အသင်းသာကမ္ဘာ့ဖလားဗိုလ်စွဲနိုင်ရင်တော့ သူတို့ဆီမှာ တက်တူးတွေတိုးပွားလာဦးတော့မှာ သေချာနေပါတယ်။
ရည်ညွှန်း ဒေးလီးမေးလ်
 (5 photos)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။